Categories
Seven Deadly Sins

Seven Deadly Sins – Sacred Treasures Explained

Sacred Treasureတွေကို ဘယ်သူလုပ်ထားတာ ဘာညာ ဆိုတဲ့နောက်ကြောင်းတွေ သိပ်မသိရဘူး။King Bartra Lionesက Seven Deadly sins(SDS)အဖွဲ့စဖွဲ့တော့ memberတွေကို ပေးထားတာဆိုတာဘဲ သိရတယ်။SDSအဖွဲ့ပျက်သွားတော့ အချို့memberတွေက သူတို့ရဲ့Sacred Treasureတွေ ပျောက်သွားတယ်။
နောက်တော့ ပြန်ရှာတွေ့ပါတယ်လေ။
Sacred Treasureတွေက SDSအဖွဲ့၀င်တွေရဲ့ powerကို Full potentialအထိ ထုတ်ပေးတယ်။SDSအဖွဲ့၀င်တွေရဲ့powerက ရေကန်ထဲကရေလောက်များတယ်ဆိုပါဆို့။Sacred Treasureမပါဘဲ ဒီတိုင်းထုတ်သုံးရင် လက်နှစ်ဖက်နဲ့ ရေခတ်သလိုဘဲ powerနည်းနည်းဘဲ ထုတ်သုံးနိုင်တယ်။Sacred Treasureသုံးလိုက်ရင် ရေခွက်နဲ့ ရေခတ်သလို powerအများကြီးထုတ်သုံးနိုင်တယ်။Sacred Treasureတွေက SDSအဖွဲ့၀င်တွေရဲ့abilityနဲ့ကိုက်အောင် သွန်းလုပ်ထားတာမို့ SDSအဖွဲ့၀င်တွေကလွဲရင် ဘယ်သူမှ မသုံးနိုင်ဘူး။အခြားသူတွေက Sacred Treasureကို သုံးရင် ပုံမှန်လက်နက်တွေထက် ပိုမာတာကလွဲရင် ဘာမှ ထူးခြားမလာဘူး။Sacred Treasureတွေရဲ့full powerကို သုံးချင်ရင် Sacred Treasure Releaseဆိုပြီး ပြောရတယ်။SDSအဖွဲ့၀င်တွေကလွဲရင် ဒီpowerကို မသုံးနိုင်ကြဘူး။
Sacred Treasure (7)ခုရှိတယ်။
တစ်ခုချည်းဆီ ကြည့်လိုက်ရအောင်

Demon Sword Lostvayne

ဒီဓားတိုကို ကိုင်တဲ့သူက SDSအဖွဲ့ခေါင်းဆောင် Meliodas
ဒီဓားတိုက သာမန်ဆိုရင် ငွေရောင်နဲ့အစိမ်းရင့်ရောင်ရှိပေမဲ့ Meliodas Assault modeဖွင့်ထားတုန်း သုံးရင် အနီရောင်ပြောင်းသွားတယ်။SDSအဖွဲ့ပျက်သွားတုန်းက Meliodasက Boar hatဘီယာဆိုင်ထောင်ဖို့ ဒီဓားကို ရောင်းလိုက်တယ်။(Note:တော်တော်နောက်တဲ့ကောင် sacred treasureရောင်းပြီး ဘီယာဆိုင်ထောင်ရတယ်လို့)

နောက်တော့ Merlinက ဆိုင်တစ်ဆိုင်မှာ တွေ့တာနဲ့ ၀ယ်ထားလိုက်ပြီး နောက်တော့ Meliodasကို ပြန်ပေးလိုက်တယ်။

ဒီဓားက သာမန်အားဖြင့် ပုံမှန်ဓားလိုဘဲဆိုပေမဲ့ Sacred Treasure Releaseလို့ ပြောလိုက်ရင် Cloneပွားလို့ရတဲ့abilityပေးတယ်။
Cloneက ၄ယောက်အထိ ပွားလို့ရတယ်။(Note:Movieထဲမှာတော့ ၆ယောက်အထိ ပွားထားတယ်။ဒါပေမဲ့Movieက non-cannonဆိုတော့ မပြောတော့ဘူး)
Cloneတွေက meliodasလို personality,appearanceရှိတယ်။ဒါပေမဲ့ meliodasထက် ပိုweakတယ်။
ပြီးတော့ Cloneများများပွားလေ Cloneရဲ့powerက ပိုweakလေ။
Meliodasရဲ့powerက 3370ရှိတယ်ဆိုပါဆို့။

Cloneတစ်ကောင်ထဲပွားလိုက်ရင် အဲ့cloneရဲ့powerက 1685ရှိမယ်။Clone(4)ကောင်ပွားရင်တော့ Cloneတစ်ကောင်ချင်းဆီက power 420ဘဲ ရှိမယ်။
ဒါပေမဲ့ Cloneတွေက Full counterသုံးနိုင်တဲ့အတွက် တော်တော်အဆင်ပြေတယ်။

Holy Staff Courechouse

ဒီနံကျပ်ကူလိုလို ဘာလိုလို Sacred Treasureကို ကိုင်တဲ့သူက Ban
Banထောင်ထဲ၀င်သွားတော့ ဒီနံကျပ်ကူလည်း ပျောက်သွားတယ်။Merlinကဘဲ တွေ့ပြီး Banကို ပြန်ပေးလိုက်တယ်။

ဒီနံကျပ်ကူရဲ့ Sacred Treasure Release full powerကို Seriesပြီးခါနီးမှ ပြတယ်။Full Concentrationလို့ခေါ်တယ်။Banရဲ့Physicalနဲ့Mental abilityတွေကို ဂိတ်ဆုံးအထိကို မြှင့်တင်ပေးတယ်။ဒါ့အပြင် ဒီနံကျပ်ကူက ထောင်ပေါင်းများစွာသောenemyတွေကို အဝေးကနေ တအားမြန်တဲ့speedနဲ့ directionအမျိုးမျိုးကနေ တိုက်ခိုက်နိုင်တယ်။Induraတွေကို အဝေးကနေ ခနလေးနဲ့ ဗျင်းပြသွားတာကိုဘဲ ကြည့်။

Divine Axe Rhitta

ဒီပုဆိန်ကို သုံးတဲ့သူက Escanor
ဒီပုဆိန်က တော်တော်ကြီးကို လေးတယ်။Sacred Treasureတွေမှာ အလေးဆုံးဘဲ။
ဒီပုဆိန်က ဘယ်နေရာရောက်ရောက် Escanorခေါ်လိုက်လို့ရှိရင် Escanorဆီကို ပျံလာတယ်။Thorတူလိုဘဲ။
ဒီပုဆိန်မှာ Charge and Emitဆိုတဲ့ Abilityရှိတယ်။Escanorဆီက ထွက်တဲ့အပူစွမ်းအင်တွေကို သိမ်းဆည်းထားနိုင်တာဘဲ။
Escanorက Sacred Treasure Releaseလို့ ပြောရင် သိမ်းထားတဲ့ အပူစွမ်းအင်တွေကို ပြန်ထုတ်လို့ရတယ်။
အပူစွမ်းအင်အလုံအလောက်သာ သိမ်းထားရင် ညအချိန်မှာတောင် Escanorကို သူ့ရဲ့Dayformပြောင်းစေနိုင်တယ်။

Morning star Aldan

ဒီနဂါးလဥလေး အဲမှားလို့ မှန်ဘောလုံးလေးကို ကိုင်တဲ့သူက Merlin
ဒီမှန်ဘောလုံးက Merlinရဲ့magic attackတွေ magic spellတွေကို ပိုအားကောင်းအောင်လုပ်ပေးတယ်။
Merlinကြည့်ချင်တဲ့ နေရာက မြင်ကွင်းကို ပြပေးတယ်။
Merlinရဲ့ခန္ဓာကိုယ် တစ်ခုခုဖြစ်ရင် Merlinက သူ့ရဲ့soulကို ဒီမှန်ဘောလုံးထဲ ထည့်ပြီး အသက်ဆက်ရှင်နိုင်တယ်။
Merlinက Sacred Treasure Releaseဆိုပြီး ထုတ်သုံးတာတော့ မမြင်ဖူးသေးဘူး။

Twin Bow Herritt

ဒီလေးမြှားကို ကိုင်တဲ့သူက Gowther
ဒီလေးမြှားကို Energyတွေနဲ့ လုပ်ထားတာဘဲ။
Gowtherရဲ့Magic attackဖြစ်တဲ့ Invasionကို ပိုပြင်းစေတဲ့အပြင် Rangeလည်း ကျယ်စေတယ်။
၃မိုင်ပတ်လည်အတွင်း Spirit power 400အောက်ရှိတဲ့သူတွေကို မေ့သွားအောင် လုပ်ပစ်လို့ရတယ်။
လူတွေအများကြီးရဲ့memoryကို ချက်ချင်းပြင်လို့ရစေနိုင်တယ်။
ပြီးတော့ Targetကို မမှန်မချင်း လိုက်တဲ့ Automatic Tracking Modeလည်း ရှိသေးတယ်။
Gowtherက Sacred Treasure Releaseဆိုပြီး ထုတ်သုံးတာတော့ မမြင်ဖူးသေးဘူး။

Spirit Spear Chastiefol

ဒီလှံကို ကိုင်တဲ့သူက King
Fairy Realmမှာဘဲ ရှိတဲ့ Sacred Treeကနေ သွန်းလုပ်ထားတာ
ဒီလှံက နည်းနည်းတော့ စားတယ်။အပိုင်းပိုင်းကျိုးသွားတောင် ပြန်ဆက်တယ်။လက်နဲ့ကိုင်စရာမလိုဘူး။စိတ်နဲ့ ထိန်းချုပ်လို့ရတယ်။ပြီးတော့ formတွေအများကြီး ပြောင်းလို့ရတယ်။
အဲ့Formတွေက
Form One:Chasteifol
(ဒီformက အသုံးများဆုံး Formဘဲ။လှံပုံစံရှိတယ်။အဝေးကနေ စိတ်နဲ့ထိန်းချုပ်ပြီး သုံးတာများတယ်)
Form Two:Guardian
(လက်လေးဖက်နဲ့ ၀က်ဝံပုံစံရှိတယ်။Sacred Treeမှာ ပေါက်တဲ့ShapeShifting mossနဲ့ လုပ်ထားတာမို့ ပျော့ပြီး Physical attackတွေဆီက ပြင်းအားကို စုတ်ယူနိုင်တယ်။ဒါကြောင့် Defenceအနေနဲ့ သုံးတာများတယ်။Attackအနေနဲ့လည်း သုံးတတ်တယ်။
အပူစွမ်းအင်ကို ခံနိုင်ရည် ရှိတယ်။ဒါပေမဲ့ အအေးစွမ်းအင်ကိုတော့ ခံနိုင်ရည်မရှိဘူး)
Form Three:Fossilization
(အခွနှစ်ဖက်ပါတဲ့ ခက်ရင်ခွလို ပုံစံရှိတယ်။အဲဒါနဲ့အထိုးခံရတဲ့သူက ကျောက်ရုပ်ဖြစ်သွားတယ်)
Form Four:Sunflower
(နေကြာပင်အကြီးကြီးပုံစံပေါ့။Energy Beamတွေ ပစ်နိုင်တယ်)
Form Five:Increase
(Kunaiတွေအများကြီးဖြစ်သွားတာပေါ့။အဲ့Kunaiတွေကို စိတ်နဲ့လိုသလို ထိန်းချုပ်နိုင်တယ်)
Form Six:Yggdra Cloth
(Full body Armorပုံစံပါ။Kingက အဲဒါကို ၀တ်ပြီး Defenceတိုးပါတယ်။လက်မှာ ဓားလို အချွန်တွေပါတဲ့အတွက် attackလည်း လုပ်လို့ရပါတယ်)
Form Seven:Luminosicity
(အလင်းရောင်ဖြာထွက်နေတဲ့ Sphereပုံစံပါ။အလင်းထွက်တဲ့တွက် မီးအိမ်အဖြစ်သုံးပါတယ်)
Form Eight:Pollen Garden
(Barrierပုံစံပါ။Defenceလည်း မြင့်သလို Barrierအတွင်းရှိနေတဲ့သူတွေက ဒဏ်ရာရနေရင် ဒဏ်ရာအမြန်ကျက်စေပါတယ်)
Form Nine:Pillow
(ခေါင်းအုံးပုံစံပါ။Defenceအနည်းငယ်ရှိတာကလွဲရင် ဘာမှ သုံးမရပါဘူး။Kingက ဒီပေါ်အိပ်နေတာ များပါတယ်)
ဒါတွေအပြင် Kingက Sacred Treasure Releaseလို့ပြောလိုက်တာနဲ့ အပေါ်က ပြောခဲ့တဲ့ Formရဲ့upgrade version Formတွေကို သုံးလို့ရလာပါတယ်။သို့သော် အဲ့လို့သုံးတာက Kingဒဏ်ရာရစေပြီး အသုံးများရင် သေစေနိုင်ပါတယ်။
ဒါပေမဲ့ Kingဟာ တောင်ပံပေါက်လာပြီးနောက်ပိုင်းမှာတော့ ဒီSacred Treasure Release Formထက် ပိုကြမ်းတဲ့ Formတွေကို ထုတ်သုံးလာနိုင်ပြီး ဘာဘေးထွက်ဆိုးကျိုးမှမရှိဘဲ သုံးချင်တိုင်း သုံးလို့ရနိုင်လာပါတယ်။

War Hammer Giden

ဒီတူကို သုံးတဲ့သူက Diane
ဒီတူကို SDSအဖွဲ့ပျက်သွားပြီးနောက် ပျောက်သွားပေမဲ့ Vaizel Fight Festivalမှာ ပြန်တွေ့တယ်။
ဒီတူက Dianeအတွက် လုပ်ထားတာဆိုတော့ တအားကြီးပြီး 2200ပေါင် အလေးချိန်ရှိတယ်။
ဒီတူက Dianeရဲ့ Earth Manipulation ability(မြေသားကို ထိန်းချုပ်နိုင်စွမ်း)ကို ပိုတိုးပေးတယ်။
ဒီတူမှာ abilityနောက်တစ်ခုရှိသေးတယ်။အဲဒါကို Lightning Rodလို့ခေါ်တယ်။အဲဒါက Dianeကို တိုက်ခိုက်တဲ့ Magic Attackတွေကို စုတ်ယူပြီး မြေကြီးထဲကို အဲ့attackတွေ ပို့နိုင်တာဘဲ။Magic AttackကDianeကို မထိတော့ဘဲ မြေကြီးကိုဘဲ ထိတော့တာပေါ့။ဒါပေမဲ့ Dianeက အဲ့abilityကို သုံးရတာ မကြိုက်ဘူး။ဘာလို့လဲဆိုတော့ Magic attackထိတဲ့မြေကြီးနေရာက ပျက်ဆီးသွားပြီး အဲ့နေရာမှာ နေတဲ့သက်ရှိတွေကို သေစေလို့ဘဲ။
Dianeက Sacred Treasure Releaseဆိုပြီး သုံးတာမတွေ့ရဘူး။

My opinion about Sacred Treasures

ပြောရရင် ကောင်းပါတယ်။SDSတွေကို power buffပေးတာဘဲ။Kingရဲ့Sacred Treasureကတော့ ဟိုKing bartraပေးထားတာတော့ ဟုတ်မယ်မထင်ဘူး။
Kingက Sacred Treasureမရှိရင် စောက်နုလေးဖြစ်နေတာတော့ စိတ်ထဲသိပ်အားမရဘူး။ကျန်တာအကုန်ကောင်းပါတယ်။Power buffထားပုံတွေ မိုက်တယ်။