Categories
Animé Fact Naruto

Akatsuki Rings Review

Naruto Franchiseထဲက Akatsuki Team Memberတွေ ၀တ်ဆင်ကြတဲ့ လက်စွပ်တွေအကြောင်း Reviewပေါ့ဗျာ။ဒီလက်စွပ်တွေက နည်းနည်းစိတ်၀င်စားစရာကောင်းလို့ ရေးလိုက်တာပါ။
ကဲ ကြည့်ရအောင်…

Everything We Know About These Rings

လက်စွပ် ၁၀ခုရှိတယ်။Memberတစ်ယောက်ချင်းဆီကို လက်စွပ် တစ်ခုဆီ ပေးထားတယ်။၀တ်ဆင်ရတဲ့ လက်ချောင်းနေရာက တစ်ယောက်နဲ့တစ်ယောက်မတူဘူး။
လက်စွပ်တွေမှာ Kanjiစာလုံးတွေ ထွင်းထားတယ်။လက်စွပ်တွေတစ်ခုနဲ့တစ်ခုက အဲ့ထွင်းထားတဲ့ Kanjiစာလုံးတွေ မတူတဲ့အပြင် အရောင်တွေလည်း မတူဘူး။

Zetus၀တ်တဲ့လက်စွပ်အရောင်က အစိမ်းရောင်
ထွန်းထားတဲ့Kanjiစာလုံးက Gai(Sign of the boar)
၀တ်ရတဲ့လက်ချောင်းက ညာဘက်လက်သန်း

Itachi၀တ်တဲ့လက်စွပ်အရောင်က အနီရောင်
ထွန်းထားတဲ့Kanjiစာလုံးက Shu(Scarlet)
၀တ်ရတဲ့လက်ချောင်းက ညာဘက်လက်သူကြွယ်

Konan၀တ်တဲ့လက်စွပ်အရောင်က အဖြူရောင်
ထွန်းထားတဲ့Kanjiစာလုံးက Byaku,Haku(White)
၀တ်ရတဲ့လက်ချောင်းက ညာဘက်လက်ခလယ်

Diedara၀တ်တဲ့လက်စွပ်အရောင်က စိမ်းပြာရောင်
ထွန်းထားတဲ့Kanjiစာလုံးက Ao,Sho(Blue,Green)
၀တ်ရတဲ့လက်ချောင်းက ညာဘက်လက်ညှိုး

Pain၀တ်တဲ့လက်စွပ်အရောင်က ခရမ်းနဲ့မီးခိုးရောင်စပ်ကြား
ထွန်းထားတဲ့Kanjiစာလုံးက Rei(Zero)
၀တ်ရတဲ့လက်ချောင်းက ညာဘက်လက်မ

Sasori,Tobi၀တ်တဲ့လက်စွပ်အရောင်က ပန်းရောင်
ထွန်းထားတဲ့Kanjiစာလုံးက Gyoku(Jewel)
၀တ်ရတဲ့လက်ချောင်းက ဘယ်ဘက်လက်မ

Hidan၀တ်တဲ့လက်စွပ်အရောင်က လိမ္မော်ရောင်
ထွန်းထားတဲ့Kanjiစာလုံးက San(Three)
၀တ်ရတဲ့လက်ချောင်းက ဘယ်ဘက်လက်ညှိုး

Kakuzu၀တ်တဲ့လက်စွပ်အရောင်က အစိမ်းရင့်ရောင်
ထွန်းထားတဲ့Kanjiစာလုံးက Hoku(North)
၀တ်ရတဲ့လက်ချောင်းက ဘယ်ဘက်လက်ခလယ်

Kisame,Juzo၀တ်တဲ့လက်စွပ်အရောင်က အဝါရောင်
ထွန်းထားတဲ့Kanjiစာလုံးက Nan(South)
၀တ်ရတဲ့လက်ချောင်းက ဘယ်ဘက်လက်သူကြွယ်

Orochimaru၀တ်တဲ့လက်စွပ်အရောင်က အပြာနဲ့မီးခိုးရောင်စပ်ကြား
ထွန်းထားတဲ့Kanjiစာလုံးက Ku(Void)
၀တ်ရတဲ့လက်ချောင်းက ဘယ်ဘက်လက်သန်း

ဒီလက်စွပ်တွေက နည်းနည်းဆန်းတယ်။

Akatsuki Memberတစ်ယောက် သေသွားရင် နောက်တစ်ယောက် ပြန်အစားထိုးတယ်။
ဒါပေမဲ့ Orochimaruက လက်စွပ်တစ်ခု ယူပြီး Akatsukiအဖွဲ့ကနေ ထွက်သွားတော့ ပြန်အစားမထိုးဘူးဗျ။

ပြီးတော့ Diedaraက သူလက်ပြတ်သွားတော့ ပြတ်သွားတဲ့လက်ထက် ဒီလက်စွပ်ရှာတွေ့ဖို့ကိစ္စကိုဘဲ အာရုံရောက်နေတယ်။ဒါ့အပြင်ကို Sasoriသေသွားတော့ Sasoriရဲ့အလောင်းထက် Tobiက လက်စွပ်ကိုဘဲ အသည်းအသန်ရှာနေတယ်။အဲ့တော့ လက်စွပ်တွေက အရေးကြီးတဲ့ပုံပေါက်တယ်။

ဒီ့အပြင်ကို တိုက်ဆိုင်တာလား ဘာလားတော့ မသိဘူး။
Gedo Stauteထဲကို Tailed Beastတွေ Sealတဲ့အခါမှာ Akatsuki Memberတွေက Gedo Stauteရဲ့လက်ချောင်းတွေပေါ် Hand Signတစ်ခုလုပ်ပြီး ရပ်နေရတယ်။အဲ့ရပ်နေတဲ့လက်ချောင်းနဲ့ သူတို့လက်စွပ်၀တ်ထားတဲ့လက်ချောင်းနဲ့က အတူတူဖြစ်နေတယ်။ဒါ့အပြင်ကို Hand Signလုပ်လိုက်တာနဲ့ Gedo Stauteရဲ့လက်သည်းတွေက Kanjiစာလုံးတွေ ပါတဲ့ အစိမ်းရောင်အလင်းတွေ ထွက်လာတယ်။အဲ့ထွက်လာတဲ့ Kanjiစာလုံးနဲ့ လက်စွပ်မှာ ထွင်းထားတဲ့ Kanjiစာလုံးက တူတူဘဲ။

Theories About These Rings

အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဒီလက်စွပ်တွေက နည်းနည်းဆန်းတော့ Theoriesတွေ အများကြီးထုတ်ကြတယ်ပေါ့ဗျာ။အဲ့ထဲက ကျွန်တော့်အမြင် ဖြစ်နိုင်ချေများတဲ့Theoriesတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1)ဒီလက်စွပ်တွေက Akatsuki Memberဖြစ်ကြောင်းသက်သေတွေ။ဒီလက်စွပ်မပါဘဲ Akatsukiအဖွဲ့ထဲ ၀င်လို့မရဘူး။

ဒီTheoriesက မှန်လောက်တယ်ဗျ။ဘာလို့ဆို Obitoက Sasoriသေပြီးမှ လက်စွပ်ယူပြီး Tobiအနေနဲ့၀င်လာတာ
Obitoက Akatsuki Team Leaderကြီးလေ။
Orochimaruထွက်သွားကတည်းက ၀င်လိုက်ရင် ရတာဘဲ။တကယ်ဆို Sasoriသေတဲ့အထိ စောင့်စရာမလိုဘူးလေ။
လက်စွပ်ကို Orochimaruက ယူသွားလို့ ၀င်မရတာဆိုရင် နည်းနည်းအဓိပ္ပာယ်ရှိတယ်။ဒီTheoryအရဆိုရင် Orochimaruက လက်စွပ်ရှိသေးတဲ့အတွက် Akatsuki Memberဖြစ်တုန်းဘဲလို့ ပြောလို့ရတယ်။

(2)Gedo Stauteထဲ Tailed Beastတွေ Sealတဲ့Jutsuသုံးဖို့အတွက်အရေးပါလို့

ဒါကလည်း ဟုတ်ချင်ဟုတ်လောက်တယ်။မဟုတ်ရင် အပေါ်က ကျွန်တော်ပြောခဲ့တဲ့ နောက်ဆုံးအချက်က အဖြေမရှိဘဲ ဒီတိုင်း တိုက်ဆိုင်တာဘဲ ဖြစ်နေလိမ့်မယ်။အဲ့လိုကြီးတော့ မဖြစ်စေချင်ဘူး။

(3)Memberအချင်းချင်း ဆက်သွယ်တဲ့နေရာမှာ သုံးဖို့

Akatsuki Memberတွေ meetingထိုင်တဲ့အခါမှာ လူကိုယ်တိုင် တိုက်ရိုက်မလာဘဲ projectionတွေနဲ့ meetingထိုင်ကြတယ်။အဲ့ဒါကို ဘယ်လိုလုပ်လဲဆိုတာ ရှငိးပြမထားဘူး။ဒီTheoriesကကျ ဘာပြောလဲဆိုတော့ ဒီလက်စွပ်တွေက အဲ့projectionထုတ်တာလည်း ဖြစ်နိုင်တယ်။ဒါမှမဟုတ် အဲ့projectionထုတ်တဲ့jutsuသုံးဖို့အတွက် အရေးပါတာလည်း ဖြစ်နိုင်တယ်ဆိုပြီး ပြောတယ်ပေါ့ဗျာ။

(4)Nagatoက လက်စွပ်ထဲကို Black Receiverတွေထည့်ပြီး Memberတွေကို စောင့်ကြည့်နေတာ

Orochimaruကို Sasukeသတ်လိုက်ပြီး မကြာခင်ဘဲ Painက Meetingမှာ Oroသေပြီဆိုတဲ့အကြောင်းပြောတယ်။ဒါက သိဖို့ခက်မဲ့ကိစ္စဘဲ။ဘာလို့ဆို Oroက သူ့မြေအောက်စခန်းထဲမှာ သေသွားတာဘဲ။ဘယ်လိုသိလဲ။
ပြီးတော့ Kakuzuတို့သေပြီးပြီးချင်းဘဲ သေတဲ့အကြောင်း meetingမှာပြောတယ်။ဘယ်လိုလုပ် ချက်ချင်းသိလဲ။Zetsuကဘဲ စောင့်ကြည့်နေပြီး Nagatoကို ပြောပြတာလည်း ဖြစ်နိုင်တယ်။ဒီTheoryအတိုင်း ဖြစ်နေတာလည်း မှန်လောက်တယ်။အချို့ကလည်း လက်စွပ်တွေက projectionထုတ်နိုင်တာဟာ Black Receiverတွေ ထည့်ထားလို့ ဆိုပြီး အပေါ်က theoryနဲ့ ပေါင်းပြောတယ်ပေါ့ဗျာ။

My Opinion About These Rings

ဒီလက်စွပ်တွေကို နောက်ပိုင်းမှာ မသုံးဘဲ ပစ်ထားတာတော့ မကြိုက်ဘူးဗျာ။Theoryတွေနဲ့ ဒီမှာ Fanတွေက Hypeနေတာကို ပုတ်ချသလိုကြီး ခံစားရတယ်ဗျာ။