The Suicide Squad (2016) မှာ DCEU အတွင်း စတင်မိတ်ဆက်ခဲ့တဲ့ Flash ဟာတော့ နောက်နှစ်မှာပဲ Solo Film ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ Flash film ဟာ Development ကာလအတွင်းမှာတင် Director အပြောင်းအလဲ Writer အပြောင်းအလဲနဲ့အတော်လေးကြာလာခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်မှာပဲ DC FanDome ကနေ Reales Date နဲ့ Sneak Peek Teaser တစ်ခုထွက်လာပြီးဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာတော့ The Flash ရဲ့ Director က ပရိတ်သတ်တွေစိတ်လှုပ်ရှားစရာ Suprise တွေမျှော်လင့်နိုင်မယ်ဖြစ်ကြောင်းကိုအခုလိုပြောခဲ့ပါတယ်။
” ကျွန်တော်တို့ Suprise တွေရှိတာကိုတော့ပြောပြနိုင်တယ်, ဘာတွေလဲဆိုတာတော့ပြောပြလို့မဖြစ်ဘူး။ဒါပေမယ့် အဲ့ဟာတွေက ခင်ဗျားတို့ကိုတော်တော်လေးအံ့အားသင့်စေမှာတော့အမှန်ပဲ။ ပိတ်ကားပေါ်မှာ ခင်ဗျားတို့မမြင်ရသေးခင်အထိတော့ ဒီအရာတွေမသိသေးတာပိုကောင်းပါလိမ့်မယ် “
Ezra Miller ရဲ့ The Flash (2021) Film ဟာတော့ Director Andy Muschietti ရိုက်ကူးထားတာဖြစ်ပြီး 90s Batman ဖြစ်တဲ့ Michael Keaton, Ben Affleck, စတဲ့ သရုပ်ဆောင်ပေါင်းများစွာက သူတို့ရဲ့ Iconic Role တွေကနေပါဝင်လာကြမှာပဲဖြစ်ပါတယ်။ Release Date ကတော့ November 4, 2022 ပဲဖြစ်ပါတယ်။
#ZEUS #RAY