Categories
COMIC Preview

Crimson Hill ( 2021 ) Preview

#Ray #ZEUS 

Comic Preview | Crimson Hill

Comic Review က မတင်ဖြစ်တာကြာခဲ့ပါပြီ။ အခုတစ်ခါမှာတော့ ထူးထူးခြားခြားဖြစ်သွားအောင် Local Comic တစ်ခုကို Preview လုပ်ပေးထားပါတယ်။ ဒါ့အပြင် မြန်မာ့ရုပ်ပြလောကအကြောင်းကိုပါ အကြမ်းဖျင်းတင်ဆက်ပေးလိုက်ပါတယ်။

Introduction to Yoke Pya | Local Comic

2019 ခုနှစ်မှာ NDSP ကနေဦးဆောင်ပြီး 2020 ရုပ်ပြစီမံကိန်းဆိုတဲ့ အရာတစ်ခုကိုအကောင်အထည်ဖော်ခဲ့ပါတယ်။ ဝုန်း၊ ဒိုင်း၊ ကြဲ Series, Pixel Brush ရဲ့ Dubaddha series တို့ကို အခြေပြုကာ မြန်မာ့ Comic ဈေးကွက်ကို တစ်ခေတ်ပြန်ပေါ်လာအောင်ကြိုးစားခဲ့ကြပါတယ်။ ဒီစီမံကိန်းအပြီးမှာတော့ Local Artist တော်တော်များများအတွက် မျှော်လင့်ချက်တစ်ခုရလာခဲ့ပါတယ်။ လှမ်းမြင်နေရတ‌ဲ့ လမ်းစတစ်ခုကို မြန်မာနိုင်ငံရဲ့ Artist တွေဟာ လက်လွှတ်မခံပဲ အဘက်ဘက်ကနေ Support ပြီးပါဝင်လာကြတော့ပါတယ်။

ဒီလိုနဲ့ပဲ တစ်ဖြည်းဖြည်း Pencil Studio ရဲ့ နိုးနိုးနဲ့ရုပ်က္ခစိုး Comic, PCS ရဲ့ မဖဲဝါ Comic, Artist Wa Lone ရဲ့ The Ghost City Comic , Drunken Finger ရဲ့ ပါဂျောင်စတဲ့ Comic တွေတစ်ဆတစ်ဆ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်းမှုကြောင့် အရှိန်အဟုန်မြင့်တက်နေတဲ့ မြန်မာ့ရုပ်ပြလောကြီးဟ ချက်ချင်းဆိုသလိုရပ်တန့်ခဲ့ရပါတယ်။ တကယ်တန်းက ရုပ်ပြလောကတင်မဟုတ်ပါဘူး။ နယ်ပယ်ပေါင်းများစွာက ဒီကပ်ဆိုးကြီးကြောင့် အကုန်အကြပ်အတည်းရောက်ခဲ့ရပါတယ်။

Crimson Hill တော်လှန်ရေးကိုပုံဖော်ခြင်း
———————————————

ဒီလိုအကြပ်အတည်းထဲရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအခြေအနေကို အခြေခံပြီး‌ရေး‌ဆွဲထားတဲ့ Tale Machine Studio ရဲ့ Crimson Hillအမည်ရ‌ Comic တစ်ခုရဲ့ Teaser ဟာမကြာသေးခင်ကထွက်ရှိလာခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း
——————————–

ဖေဖော်ဝါရီလ တစ်ရက်နေ့ အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာ ပထမအဆင့် သပိတ်မှောက် ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ အဲ့ဒီနောက် စစ်အာဏာရှင်တွေက ပိုပိုဆိုးရွားလာခဲ့ပြီး အကြမ်းဖက်မှုတေ‌ွလုပ်လာခဲ့တာကြောင့် ပြည်သူတွေကလည်း လက်နက်ကိုင်တော်လှန်ဖို့လမ်းစဉ်ကိုရွေးချယ်ခဲ့ပါတယ်။ Crimson Hill ကတော့ ရောင်နီကုန်းဆိုတဲ့ မြို့ငယ်လေးမှာ လူတစ်စုရဲ့ သူတို့ထက်အင်အားသာလွန်သူ စစ်ကောင်စီကို တွန်းလှန်ကြမယ် ဇာတ်လမ်းဖြစ်ပါလိမ့်မယ်။

Review

Teaser လည်းထွက်လာခဲ့ပြီးတာကြောင့် Tale Machine ရဲ့ Art တွေကတော့ မြန်မာလက်ရာလို့မထင်ရလောက်အောင်ကိုကောင်းလွန်းပါတယ်။ ဖတ်ရှုပြီးချိန်မှာလည်း နွေဦးတော်လှန်ရေးရဲ့ အစကိုသွားသတိရမိစေပါတယ်။ Production နဲ့ပတ်သတ်လို့ပြောရရင် Inking Style နဲ့ Panel strip တွေက Western style လုပ်ထားခဲ့ပြီး Colouring style ဟာတော့ Painterly Style နဲ့ဖန်တီးထားတာကိုတွေ့ရပါတယ်။ Concept ပိုင်းကိုကြည့်မယ်ဆိုရင်တော့ ဒါဟာ အရမ်းရိုးရှင်းလွန်း‌နေပါတယ်။ လက်တွေ့ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုပေါ်အကုန်အခြေခံပြီး စိတ်ကူးရင်တော်လှန်ရေးတပ်ဖွဲ့လေးတစ်ဖွဲ့လေးအကြောင်းကိုရေးထားတာပါ။ ‌ဒါပေမယ့် Plots ပိုင်းက ဘယ်လိုအလှည့်အပြောင်းရှိမလဲဆိုတာမသိရသေးပါဘူး။ မည်သို့ပင်ဖြစ်စေကာမူ ဒီကာလမှာ ထွက်ရှိလာခဲ့တဲ့ဒီလို တော်လှန်ရေး Comic ဟာလုံးဝ လက်မလွှတ်သင့်တဲ့ Comic တစ်ခုဖြစ်ပါလိမ့်မယ်။ ဖန်တီးသူတို့ရဲ့ပြောကြားချက် E-Book ရောင်းရငွေတွေကိုလည်း လိုအပ်‌တဲ့နေရာတွေမှာ လှူဒါန်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ Tale Machine ရဲ့ Crimson Hill ရုပ်ပြအကြောင်းပိုမိုသိရှိချင်တယ်ဆိုရင်တော့ သူတို့ရဲ့ Facebook Page ဖြစ်တဲ့ Tale Machine မှာဝင်ရောက်ဆုံစမ်းနိုင်ပါတယ်။ နောက်ပြီး Preorder လည်းမှာယူလို့ရနေပြီလို့သိရပါတယ်။

The Day Of A Night

ဒါကတော့ ZEUS ကနေ Produceပေးထားပြီး ထွက်ရှိလာတော့မယ့် Dawn Art Studio ရဲ့ One Shot Comic တစ်ခုဖြစ်ပါတယ်။ ZEUS ရဲ့ Website နဲ့ Dawn Art Studio ရဲ့ Facebook Page တို့မှာ Version နှစ်မျိုးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

The Day Of A Night Coming Soon