Halloween အတွက် Disney + ကနေပြီးတော့ Halloween အမှီဇာတ်လမ်းတွဲတစ်ခုထွက်လာပါတယ်။ Comedy/ Horror အမျိုးအစားဖြစ်ပြီးတော့ Creeped out တို့ Creep show တို့ကိုကြိုက်တဲ့ သူတွေအတွက် သဘောကျစေမယ့် ဇာတ်လမ်းလို့ပဲ ထင်ပါတယ်။
Creeped out လိုပဲ အပိုင်းတစ်ပိုင်းစီမှာ မတူညီတဲ့ ဇာတ်လမ်းလေးတွေနဲ့ ကလေးတွေရဲ့ Adventure တွေကို ပြထားပါတယ်။ အားလုံးပဲ Halloween မှာ စိတ်ဝင်စားဖွယ် ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုအဖြစ်မိတ်ဆက်ပေးပါတယ်။
ဇာတ်လမ်းမှာ အပိုင်း၈ ပိုင်းပါဝင်ပါတယ်။
1. Leave them kids alone
2. Parents are from Mars, kids are from Venus
3. Which witch ?
4. My Monster
5. Unfiltered
6. We’ve got spirits, yes we do
7. Standing up for yourself
8. The treehouse
Episode တစ်ခုချင်းစီရဲ့ ခေါင်းစဉ်တွေက Sci Fi, Thriller ကြိုက်တဲ့သူတွေအတွက်တောင် စိတ်ဝင်စားစရာကောင်းနေမှာပါ။ ကိုယ့်အနေနဲ့ကတော Leave them kids alone, My Monster နဲ့ Unfiltered တို့ကိုအကြိုက်ဆုံးပဲ။ ကလေးတွေရဲ့ Adventure တွေကိုပဲပြတာ မဟုတ်ပဲ တချို့ Episode တွေမှာ တကယ်ရင်ထဲထိအောင် ပြနိုင်တာမျိုးတွေလည်းပါပါတယ်။
၁ ပိုင်းကို မိနစ် 30 လောက်ပဲ ပါတာမို့ အချိန်လည်း သိပ်မကုန်ပါဘူး။ 90s show တွေကို အခုခေတ်မှာကြည့်ရသလို Vibe ရတယ်။ ယုတ္တိမရှိတာတွေကိုက ကြည့်လို့ကောင်းနေတာမျိုးဖြစ်နေတယ်။ 90s show တွေကလည်း အဲ့လိုအထာတွေချည့်ပါပဲ။
IMDb Rating က 5.9 သာရထားပေမယ့် Rotten Tomatoes ကတော့ 100% အထိရထားပါတယ်။ ကလေးတွေရော လူလတ်ပိုင်းအထိ ကြည့်လို့ကောင်းမယ့် Series မို့လို့ Review ပေးထားပါတယ်။ Halloween မှာ Just Beyond လေးကြည့်ပီး Creeped out ဖြစ်ကြပါစေ ။
#Zeus #Thor