Categories
Breakdown Marvel MCU

Doctor Strange In The Multiverse of Madness Teaser Trailer Breakdown

No Way Home လိုပဲ Rumors တွေ Fan Theory တွေ အများကြီးနဲ့ hype ရမယ့် Doctor Strange In The Multiverse of Madness ရဲ့ Official Teaser ထွက်ရှိလာခဲ့ပါတယ် ။ ဒီအတွက်ကြောင့် အသစ်ထွက်လာတဲ့ Teaser နဲ့ ပတ်သက်ပြီး easter eggs လေးတွေ reference တွေကို breakdown အဖြစ် တင်ဆက်ပေးချင်ပါတယ်။

Spoiler Alert ♦️

တကယ်လို No Way Home မကြည့်ရသေးဘူးဆို ဒီ breakdown ကို မဖတ်စေချင်ပါဘူး ။ Spoilers တွေ များစွာ ပါဝင်နေတဲ့အတွက်ကြောင့်ပါ ။

#Weasel #ZEUS

Don’t Cast That Spell

Trailer စစချင်းမှာပဲ background speech အနေနဲ့ No Way Home First Teaser ထဲက dialogue တွေကို ပြန်ကြားရပါတယ် ။ Peter ရဲ့ identity ကို ဖုံးဖိုအတွက် Dr.Strange က spell တစ်ခု cast ဖို လုပ်နေတာကို Wong က အဲ့ spell ဟာ တအားအန္တရာယ်များတာကြောင့် မလုပ်ဖို တားနေတဲ့ dialogue နဲ့ Doctor က Multiverse အကြောင်း Peter ကို ပြောပြနေတဲ့ dialogue တွေကို နောက်ခံအသံအနေနဲ့ ဒီ trailer မှာ အသုံးပြုထားပါတယ်။ ဒါပေမယ့် ထူးဆန်းတဲ့ အချက်က Wong နဲ့ Strange ကြားက spell မ cast ဖို ပြောနေတဲ့ dialogue ဟာ တကယ့် No Way Home ရုပ်ရှင်ထဲမှာ မပါဝင်လာခဲ့ပါဘူး ။ deleted scene တစ်ခုဖြစ်ဖိုများပါတယ်။

ဘာကြောင့် ဒီ dialogue ကို ပြန်ထည့်ထားရသလဲဆိုတာ ကတော့ Strange ရဲ့ spell မှားယွင်းသွားမှုကလည်း Multiverse madness ဖြစ်မှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေလိုပါ ။ No Way Home အဆုံးသတ်မှာ Multiverse က villain တွေ ရောက်လာမှာကို တားဆီးနိုင်ခဲ့ပေမယ့် Loki နဲ့ Wandavision ဖြစ်ရပ်တိုကြောင့် Multiverse အတွင်း တစ်ခုခု မှားယွင်းသွားပုံပါပဲ ။ No Way Home အဖြစ်အပျက်အပြီး တစ်ကမ္ဘာလုံးက Peter နဲ့ ပတ်သက်ခဲ့သမျှ အကြောင်း အရာတွေအားလုံးမေ့ပျောက်သွားတာကြောင့် Strange ကိုယ်တိုင်လည်း Multiverse ကို ဖွင့်ခဲ့မိတဲ့ Spell ကို cast ခဲ့မိကြောင်း မေ့သွားပါတယ်။

ကွဲအက်နေတဲ့ နာရီ

Strange ဟာ ပထမ movie မှာ Christine အပေါ် အတော်လေး ခက်ထန်ခဲ့ပေမယ့် စိတ်ထဲမှာတော့ သူ့ကို တန်ဖိုးထားပါတယ် ။ What If? Episode 4 မှာဆို Christine ကို Strange ဘယ်လောက်ချစ်ကြောင်း တွေ့မြင်နိုင်မှာပါ။ ဒီနာရီလေးဟာ Christine က Strange ကို လက်ဆောင်ပေးခဲ့တဲ့ နာရီလေးဖြစ်ပြီး နာရီအနောက်မှာ “Time will tell how much I love you” လို ရေးထိုးထားပါတယ်။

2016 movie အရ Strange ဟာ သူ့ဆီမှာ ဘာငွေကြေးဥစ္စာမှ မရှိတော့ဘဲ မွဲသွားတာတောင် ဒီနာရီလေးကို သူအမြဲတမ်း ဝတ်ထားတာကို တွေ့ရပါတယ်။ Kamar Taj ကို သူလိုက်ရှာနေတုန်းလူမိုက်တွေ သူ့နာရီကို လုဖို ကြိုးစားရာမှာလည်း ဒီနာရီအတွက် သူ့အသက်ပါ ရင်းပြီး ကာကွယ်ခဲ့တာကိုလည်း မြင်ခဲ့ရမှာပါ။ Sorcerer Supreme ဖြစ်လာတဲ့အချိန်ထိကို ဒီနာရီကို မချွတ်ခဲ့တဲ့ Strange ဟာ ဒီ trailer မှာတော့ နာရီကို ချွတ်ထားပါတယ် ။ ဘာလိုလဲတော့ သေချာမသိပါဘူး။

Trailer ရဲ့ နောက်တစ် scene မှာ Christine ရဲ့ wedding ကိုလည်း မြင်ရတော့ Strange တစ်ယောက် Christine ကိုမေ့ပြီး ရှေ့ဆက်သင့်ပြီလို တွေးနေတာလည်း ဖြစ်နိုင်ပါတယ် ။ နာရီက အက်ကွဲကြောင်းတွေကတော့ သူ car accident ဖြစ်တုန်းက ကွဲထားတာတွေပါ ။ ဒီလို အက်ကွဲနေတဲ့ နာရီရဲ့ မှန်မှာ Strange ရဲ့ reflection ကို မြင်ရတာဟာ အချိန်စီးကြောင်းတွေ အက်ကွဲလာတာကို ရည်ညွန်းပါတယ်။

Infinity Stone 6 ခုရှိတဲ့ အနက် Strange ဟာ Time Stone ရဲ့ စောင့်ရှောက်သူဖြစ်ခဲ့ပြီး ပထမ movie မှာလည်း အချိန်နဲ့ ဆိုင်တဲ့ concept တွေကို ပြသွားခဲ့ပါတယ်။ အခုတော့ Strange မှာ time stone လည်းမရှိတော့ပါဘူး ။ အက်ကွဲနေတဲ့ နာရီကတော့ Multiverse အတွင်းရှိ မတူညီတဲ့ timeline တွေ ရောယှက်ပျက်စီးလာတာကို ပြောချင်တာ ဖြစ်နိုင်ပါတယ်။

ပျက်စီးစပြုလာတဲ့ Reality

Trailer ထဲက စကားသံတွေကို သေချာအာရုံစိုက်နားထောင်
ကြည့်ရင် အသံတွေထပ်နေတာကို သတိထားမိမှာပါ ။ ဒါကတော့ Multiverse ထဲက variant တွေရှိကြောင်းကို ပြချင်တာ ဖြစ်ပါတယ်။

Trailer ရဲ့ scene တစ်ခုမှာ Strange တစ်ယောက် တစ်နေရာကနေ ထွက်လာတာကို တွေ့ရပြီး သူ့ပတ်ပတ်လည်က Reality ကြီးကလည်း Dark Forces တွေနဲ့ ပျက်စီးယိုယွင်း နေပါတယ် ။ ဒီ scene ကို ကြည့်ရတာ What If? Episode 4 ကိုတောင် သွားသတိရစေမိပါတယ် ။ ဖြစ်နိုင်တာကတော့ What If? ထဲကလို တစ်စုံတစ်ယောက်က ပြောင်းလဲမရနိုင်တဲ့ Absolute Point of Time ကို ပြင်ဆင်မိလိုက်ပုံပါပဲ ။ ဒီနေရာမှာ သတိထားစရာတစ်ခုက Strange ရောက်နေတဲ့ Reality က MCU ရဲ့ mainstream reality မဟုတ်ပါဘူး ။ တခြားပျက်စီးသွားတဲ့ Reality တစ်ခုကို ရောက်သွားတာလည်း ဖြစ်နိုင်သလို Multiverse ကြီးရဲ့ အန္တရာယ်နဲ့ ပတ်
သက်ပြီး အနာဂတ်ကို ကြိုမြင်မိတာလည်း ဖြစ်နိုင်ပါတယ် ။

အဲ့ scene ရဲ့ နောက်ခံအသံအနေနဲ့ Mordo ရဲ့ အသံကို ကြားရပြီး ‘ reality ကို ပျက်စီးစေမှုတွေအတွက် မင်းကတော့ ဘာအပြစ်မှ ပေးခံရမှာမဟုတ်ဘူး ‘ လို ပြောလိုက်ပါတယ် ။ ဒါဟာ Strange နဲ့ ပတ်သက်ပြီး Mordo ပြောနေတာလည်း ဖြစ်နိုင်သလို တခြားတစ်ယောက်အကြောင်းကို ပြောနေတာလည်း ဖြစ်နိုင်ပါတယ် ။

It was the only way

ဒီနောက် Strange ရဲ့ အသံကို ထပ်ကြားလိုက်ရပြီး သူ ဒီအရာတွေကို ဖြစ်လာဖို မရည်ရွယ်ခဲ့ကြောင်းနှင့် သူ့မှာ ရွေးချယ်စရာမရှိခဲ့ကြောင်း ပြောနေပါတယ် ။ ဒါဟာ ကျွန်တော်တို သိထားတဲ့ Strange ဟုတ်ချင်မှ ဟုတ်မှာပါ ။ Rumors တွေအရ ဒီဇာတ်ကားမှာ Strange နဲ့ တခြား ဇာတ်ကောင်တွေရဲ့ variant တွေ အများကြီး ပါဝင်မှာဖြစ်ပြီး Multiverse concept ကိုလည်း သေချာပြသသွားမှာဖြစ်ပါတယ် ။ ဒီတော့ အခုလို ပြောနေတာဟာ Trailer အဆုံးသတ်မှာပါတဲ့ Evil Strange ဖြစ်နိုင်ပါတယ်။

ဒီ background voice နဲ့အတူ ပြသွားတဲ့ scene မှာ Strange ဟာ Sanctum Santorum ရဲ့ လှေကားထစ်တွေကို တက်နေတာတွေ့ရပြီး Sanctum ကြီးကလည်း မှောင်မိုက်ပြီး ကြောက်စရာကောင်းနေပါတယ် ။ ဖြစ်နိုင်ခြေရှိတာကတော့ ဒါဟာ တခြား reality က Alternate Sanctum ဖြစ်ပြီး Evil Strange နေထိုင်နေတဲ့ Sanctum လည်း ဖြစ်နိုင်ပါတယ်။

Wanda

အဲ့နောက်တော့ ကျွန်တော်တိုရဲ့ Wanda လေးကို တစ်ဖျတ်
လောက် မြင်တွေ့လိုက်ရပါတယ် ။ ကြည့်ရတာတော့တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေပုံပါပဲ။ ဝတ်ဆင်ထားတာကတော့ သာမန်အဝတ်အစားသာဝတ်ဆင်ထားပြီး scarlet witch costume နဲ့တော့ မဟုတ်ပါဘူး။

ဒီနောက် Trailer အလယ်လောက်မှာ Wanda ကို Scarlet Witch costume အပြည့်အစုံနဲ့ ထပ်မံတွေ့ရှိရပါတယ် ။ Wandavision တုန်း က costume နဲ့တော့ မဟုတ်တော့ပါဘူး ။ အကျီလည်း လက်ပြတ်ကနေ လက်ရှည်ဖြစ်လာပြီး Crown နဲ့ Costume ရဲ့ pattern အချိူလည်း ပြောင်းလဲထားပါတယ် ။ Wanda ကို ကြည့်ရသလောက်တော့ အန္တရာယ်များတဲ့ Ritual တစ်ခုကို ပြုလုပ်နေဟန်ရှိပြီး သူ့လက်ထိပ်လေးတွေလည်း အနက်ရောင်ဖြစ်နေပါတယ် ။ Wandavision ထဲက Agatha ဟာလည်း သူ့ witch form မှာ လက်ထိပ်အမည်းရောင်တွေဖြစ်နေတာပါပဲ။ ဒီအတွက်ကြောင့် Wanda ဟာ darkhold ကို ထဲထဲဝင်ဝင် လေ့လာနေတာ ဖြစ်ပြီး အခု ပြုလုပ်မယ့် Ritual ဟာလည်း Darkhold ထဲက ဖြစ်နိုင်ပါတယ်

Christine’s Wedding

Strange ရဲ့ ရည်းစားဟောင်း Christine ကိုတော့ သတိုသမီး ဝတ်စုံနဲ့ Wedding တစ်ခုမှာ မြင်တွေ့ရပါတယ် ။ Strange ကတော့ သတိုသားမဟုတ်ပါဘူး ။ Blip ဖြစ်နေတဲ့ ငါးနှစ်အတွင်းမှာ Christine ဟာ အသက်ရှင်ကျန်တဲ့ လူဦးရေ တစ်ဝက်ထဲ ပါဝင်ခဲ့ပြီး ချစ်ရမယ့်သူတစ်ယောက်ကို ရှာတွေ့ခဲ့တာ ဖြစ်နိင်ပါတယ် ။ ဒါဆို ပထမ movie တုန်းက Christine နဲ့ date နေတယ်ဆိုတဲ့ Dr.Nick West များလားဆိုတော့လည်း
မဟုတ်ပြန်ပါဘူး ။ Dr.West ကို Strange ဘေးမှာ ရပ်နေတာ တွေ့ရပါတယ် ။ ဒါဆို Christine ဟာ ဘယ်သူနဲ့ လက်ထပ်သွားတာလဲဆိုတာတော့ တွေးစရာပါ ။ ဘယ်သူနဲ့ ဖြစ်ဖြစ်ပါ Strange မျက်နှာကတော့ မကောင်းပါဘူး ။ သူချစ်ရတဲ့သူကို သူ့ရှေ့တင် တခြားတစ်ယောက်နဲ့ ကြည်နူးနေတာ
မြင်တွေ့ရတော့ စိတ်မကောင်းဖြစ်နေပုံပါပဲ ။

ဒါပေမယ့် ဒီ Wedding ဟာ ပျက်မယ့် အနေအထားမှာ ရှိနေပါတယ် ။ Wedding လုပ်နေတုန်း Multiversal Chaos ဖြစ်ပြီး monster တွေ ရောက်လာမယ့်ပုံပါပဲ ။ Christine ဟာလည်း ဒီ movie မှာ အရေးပါမယ့် role တစ်ခုကနေ ပါဝင်လာမှာဖြစ်ပြီး No Way Home ထဲက MJ လို ဖြစ်လာမှာပါ ။

Trailer ရဲ့ scene တစ်ခုမှာလည်း Christine ကို hero suit တစ်ခုနဲ့အတူ Dr.Strange,America Chavez တိုနဲ့ Dimension တွေ ဖြတ်ကူးနေတာ တွေ့ရပါတယ်

Crows and Ravens

Multiverse of Madness ကို ရိုက်ကူးမယ့် ဒါရိုက်တာဟာ Horror ရုပ်ရှင်တွေ အရိုက်များတဲ့ Sam Raimi ဖြစ်ပြီး MOM ဟာလည်း Horror genre နဲ့ လာမှာပါ ။ Trailer မှာတင် တော်တော် dark ဖြစ်ပြီး background tone တွေကအစ Creepy ဖြစ်တဲ့ ခံစားချက်ကို ရစေပါတယ်။

Trailer မှာ ရုတ်တရက်မြင်တွေ့လိုက်ရတဲ့ ကျီးကန်းနဲ့ ပတ်သက်ပြီး ပြောရရင် အနောက်တိုင်း pagan witchcraft လောကမှာ Crows တွေ Ravens တွေကို မကောင်းတဲ့ နိမိတ်တစ်ခုလို ယူဆကြပြီး ဒါဟာ စုန်းတွေကို ရည်ညွန်းတာလည်းဖြစ်ပါတယ်။ ဒီ ကျီးကန်းတွေဟာ ဝိညာဥ်လောကနဲ့ လူ့လောက ကမ္ဘာနှစ်ခုကြား သွားလာ နေတဲ့ guide တွေလိုလည်း ယုံကြည်ကြပြီး အစွမ်းထက်တဲ့ Spell တွေ Ritual တွေပြုလုပ်တဲ့အခါမှာလည်း ဒီငှက်တွေကို အသုံးပြုပါတယ် ။ ဒီတော့ ဒီငှက်တွေက ဘာကို tease သလဲဆိုရင် အစွမ်းကြီးတဲ့ စုန်းမတစ် ယောက်ကို tease တာဖြစ်နိုင်ပါတယ် ။ သူကတော့ ဘယ်သူလဲဆိုတာ fan တွေအားလုံးလည်း သိလောက်မှာပါ။

America Chavez

ဒီနောက် main cast တွေထဲက တစ်ယောက်ဖြစ်တဲ့ Ms.America (America Chavez) ကို မြင်လိုက်ရပါတယ် ။ ပုံစံကတော့ လုံးဝ comic accurate ပါပဲ။

သူ့အကြောင်း တစ်ချက်ပြောရရင် သူက Utopian Parallel လိုခေါ်တဲ့ အချိန်နဲ့ အာကာသအပြင်ဖက်က pocket realm တစ်ခုထဲမှာ မွေးဖွားခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့် သူတို realm ကြီးက အန္တရာယ်တွေ ပျက်စီးမှုတွေ ကြုံလာရတဲ့အချိန်မှာ သူ့အစွမ်းသုံးပြီး Marvel earth-616 ကို ထွက်ပြေးလာခဲ့တယ်။ ဒီနောက် Young Avengers တွေနဲ့ တွေ့ပြီး Young Avenger တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ အခု MCU ကလည်း phase 4 ရဲ့ show တွေ movie တွေတစ်ခုစီတိုင်းမှာ Young Avengers တွေကို ချပြနေပြီဆိုတော့ ဒီအဖွဲကိုလည်း မဝေးတော့တဲ့ MCU အနာဂတ်မှာ မြင်ရပါတော့မယ်။

America Chavez ရဲ့ ability ကို ပြောရရင် သူက သူ လက်သီးနဲ့ ထိုးလိုက်သမျှ နေရာတွေမှာ ကြယ်ပုံစံ portal တွေ ဖွင့်ပြီး Multiverse ကို ဖြတ်ကူးသွားလာနိုင်ပါတယ် ။ Trailer ထဲမှာလည်း သူ့ star portal တစ်ခုကို ပြသွားပါသေးတယ် ။ Leaked ထားတဲ့ plot အရတော့ Chavez ဟာ သူ့ realm မှာ အေးဆေးနေနေတုန်း ရုတ်တရက် multiversal chaos ဖြစ်ပြီး သူ့ realm ပျက်စီးသွားတာကြောင့် MCU reality ကို ထွက်ပြေးလာပြီး Strange တိုနဲ့
တွေ့မှာဖြစ်ပါတယ်။

Wong in Trouble

Blip ကြောင့် Strange ပျောက်ကွယ်နေစဥ် မှော်ပညာဆိုင်ရာ အရေးကိစ္စတွေကို တာဝန်ယူဖိုအတွက် Strange အစား Sorcerer Supreme ဖြစ်လာခဲ့တဲ့ Wong ကတော့ ဒီရုပ်ရှင်မှာ အသက်ဘေးနဲ့ ကြုံရမယ့်ပုံပါပဲ ။ Wong ကို ကြည့်ရတာ အတော်လေး ထိခိုက်ဒဏ်ရာရထားပြီး တစ်ခုခုကို တားဆီးနေပုံပေါ်ပါတယ် ။ ကျွန်တော့် theory အရတော့ Wong ဟာ ဒီကားမှာ သေဆုံးပြီး Sorcerer Supreme mantle ဟာ Strange ဆီ ရောက်မယ့် ပုံစံပါပဲ။

Another Strange Variant

America Chavez ရဲ့ portal နဲ့အတူ Strange variant နောက်တစ်ကောင်ကိုလည်း မြင်လိုက်ရပါတယ် ။ ဆံပင်အရှည်နဲ့ပါပဲ ။ Marvel Legends Toys ကနေ ထုတ်ထားတဲ့ Defender Strange ဖြစ်မယ်လိုတော့ ယူဆရပါတယ် ။ ဒါမှမဟုတ်လည်း တခြား reality က variant တစ်ယောက်ယောက်ပါပဲ ။ Portal ထဲက တစ်ခုခုက ဆွဲယူသွားသလို portal ထဲကို အသံနက်ကြီးနဲ့ အော်ပြီး ပါသွားတာကို တွေ့ရတဲ့အတွက် Strange varient တစ်ယောက် အဖမ်းခံလိုက်ရတာ ဖြစ်မှာပါ။

New Intro

Marvel Studios ဆိုပြီး စာတန်းထိုးတဲ့ နေရာမှာ ပြသွားတဲ့ animation က တော်တော်လှပါတယ် ။ Marvel ရဲ့ အရင် phase 1 and 2 ရုပ်ရှင်တွေတုန်းက အသုံးပြုခဲ့တဲ့ comic ပုံတွေနဲ့ Intro ရယ် phase 3 ကနေ ယခု phase 4 အထိ အသုံးပြု နေတဲ့ movie scenes တွေနဲ့ Intro ရယ် အရင်က Marvel နဲ့ In association လုပ်ထားခဲ့တဲ့ Fox တို Sony တိုရဲ့ intro ရယ် သုံးခုပေါင်းပြီး collide ဖြစ်သွားခဲ့တာပါ ။ ဖြစ်သွားပုံကလည်း what if? ထဲက intro theme လို prism တစ်ခု ကွဲအက်သွားတဲ့ multiverse concept နဲ့ ဖန်တီးထားတာပါ။

ဒါဟာ ဘာကို ဆိုလိုချင်သလဲဆို Multiverse ကို ပြချင်တာဖြစ်ပြီး Fox တို Sony တိုက ထုတ်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်ကောင်တွေအားလုံးဟာ canon ဖြစ်သွားပြီဆိုတဲ့ သဘောပါပဲ ။ X-men,Fantastic Four,Netflix’s Marvel Characters အစရှိသဖြင့် ဇာတ်ကောင်တွေအားလုံးကို မကြာခင် မြင်တွေ့ရဖို potential တွေအများကြီး ရှိလာပါပြီ

Wanda ဆီ အကူအညီသွားတောင်းတဲ့ Strange

Strange ကတော့ ဒီလို ပြဿနာတွေ ဖြစ်လာတာကြောင့်
သူတစ်ယောက်ထဲ မနိုင်တော့လို Wanda ဆီ သွားအကူအညီ
တောင်းပါတော့တယ် ။ Wanda ကတော့ အဖြူရောင်သစ်တောအုပ်တစ်ခုထဲမှာ ရှိနေတာကို တွေ့ရပါတယ် ။ ဒီ သစ်ပင်တွေနဲ့ ပတ်သက်ပြီး ပြောရရင် ဒီလို အဖြူရောင် သစ်ပင်တွေဟာ Spiritualism ပိုင်းအရ ကစဥ့်ကလျားဖြစ်စဥ်တွေနဲ့ ပျက်စီးမှုတွေရဲ့ ဆန့်ကျင်ဘက် တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပါတယ်။

တစ်နည်းအားဖြင့် ဆိုရရင် Wanda ဟာ Strange မရောက်လာခင်အထိ သူ့ဟာသူ ကိုယ်ပိုင် ငြိမ်းချမ်းမှုကို ရှာတွေ့ပြီး နေနေခဲ့တာပါ ။ ဒါပေမယ့် Strange ရဲ့ အကူအညီတောင်းတာကို ကူညီပေးရာကနေ Multiverse က သူ့ကလေးတွေကို အာရုံခံမိပြီး သောင်းကျန်းမယ်ထင်ပါတယ် ။ Trailer ထဲမှာ ဒီလိုပြနေလို Wanda ကို villain မဟုတ်ဘူးလို ပြောမရပါဘူး ။ Marvel က သိတဲ့အတိုင်း fan တွေကို ဂျင်းထည့်နေကျပါ ။ ဒီတော့ Evil Strange က main villain မဟုတ်နိုင်ဘဲ Wanda က villain ဖြစ်လာမယ်ထင်ပါတယ် ။

Nexus of All Realities

Strange,America Chavez နဲ့ Christine တိုဟာ တံခါးတစ်ခုကို ဖွင့်လိုက်ရာကနေ အပျက်အစီးတွေနဲ့အတူ ထူးခြားတဲ့ နေရာကြီးတစ်ခုကို မြင်တွေ့လိုက်ရပါတယ် ။ ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ် ။ ပထမတစ်ခုက Strange တိုဟာ ပျက်စီးသွားပြီဖြစ်တဲ့ Realm တစ်ခုထဲ ရောက်သွားတာဖြစ်နိုင်သလို ဒါဟာ America Chavez လာခဲ့တဲ့ Utopian Realm လည်း ဖြစ်နိုင်ပါတယ် ။

နောက်တစ်ချက်ကတော့ Nexus of All Realities ပါပဲ ။ ဒါဟာ Multiverse ကြီးတစ်ခုလုံးမှာ ရှိနေသမျှ Realities တွေ Dimensions တွေအားလုံးနီးပါးကြားက gateway တစ်ခုဖြစ်ပြီး Dimension တွေအားလုံးနဲ့လည်း ချိတ်ဆက်ထားပါတယ် ။

Karl Mordo

Doctor Strange ပထမ ရုပ်ရှင်တုန်းက Strange ရဲ့ တွဲဖက်နဲ့ ဆရာဖြစ်ခဲ့ဖူးတဲ့ Mordo ကို ပြန်မြင်ရပါတယ် ။ Mordo ဟာ Doctor Strange (2016) movie ရဲ့ credit scene အရ villain ဖြစ်လာမှာဖြစ်ပြီး sorcerer တွေကို လိုက်သုတ်သင်နေတာလည်းဖြစ်ပါတယ် ။ ဒါပေမယ့် အခုတွေ့ရတဲ့ Mordo ကတော့ Strange ကို တောင်းပန်ကြောင်း ပြောနေပြီး သူ့လုပ်ရပ်တွေကို နားလည်ဖို ပြောနေပါတယ် ။ ဒါက variant Mordo လည်းဖြစ်နိုင်သလို main reality က Mordo လည်းဖြစ်နိုင်ပါတယ် ။

Mordo က villain သာဆိုပေမယ့် ပထမကားထဲက Ancient One ရဲ့ အတော်ဆုံးနဲ့ စည်းကမ်းအလိုက်နာဆုံး တပည့်တစ်ယောက်ပါ ။ သူလည်း လမ်းမှားကို ရောက်သွားခဲ့ပေမယ့် Multiverse madness ဖြစ်တဲ့ ကိစ္စကြီးကိုတော့ မလိုလားဘူးထင်ပါတယ် ။ ဒါပေမယ့် သူ Strange ဆီ ရောက်လာတဲ့ အချိန်မှာ သူ အမှားတစ်ခုခုကို လုပ်ခဲ့ပြီးပါပြီ ။ ဒါကြောင့် Strange ကို သူ့ plan မှာ ပူးပေါင်းဖို လာပြောတာဖြစ်နိုင်ပါတယ် ။ နောက် scene တစ်ခုမှာ Strange နဲ့ Mordo တို fight နေတာလည်း တွေ့ရတော့
Strange ဟာ Mordo ရဲ့ အကြံကို ငြင်းလိုက်တာကြောင့် fight ကြတာလည်း ဖြစ်နိုင်ပါတယ် ။ သိုမဟုတ်လည်း Strange ဟာ တခြား reality က Mordo နဲ့ တွေ့ပြီး သဘောထားမတိုက်ဆိုင်တာကြောင့် battle ဖြစ်တာလည်း ဖြစ်နိုင်ပါသေးတယ် ။ ဘာပဲဖြစ်ဖြစ် Mordo ရဲ့ uniform ကတော့ အရင်ကားထက်စာရင် comic accurate အတော်လေး ဖြစ်လာပါတယ် ။

အတိုက်ခိုက်ခံနေရတဲ့ Kamar Taj

Kamar Taj ကို မြူခိုးတွေ ဖုံးအုပ်သွားပြီး Wong တိုတွေလည်း ပေါက်ကွဲမှုတွေကြားထဲ အသားကုန် တိုက်ခိုက်နေကြပါတယ် ။ အပေါ်မှာပြောခဲ့တဲ့အတိုင်း ဒီ scene ရဲ့ background ဟာ Wong ဒဏ်ရာရပြီး တစ်ခုခုကို အံ့သြစွာ ကြည့်နေတဲ့ scene ရဲ့ background နဲ့ အတူတူဖြစ်ပါတယ် ။ ဒီတော့ Strange တို အုပ်စု Multiverse ကို ပတ်ကာ ခရီးထွက်နေတုန်း Kamar Taj အတိုက်ခံရပြီး Wong သေမှာ ဖြစ်နိုင်ပါတယ် ။

Rintrah

Kamar Taj ကို တိုက်နေတဲ့ အခန်းမှာ Rintrah အမည်ရ minotaur ကြီးကိုလည်း တစ်ဖျတ်လောက် မြင်လိုက်ရပါတယ် ။ Rintrah ဟာ extradimensional being တစ်ကောင် ဖြစ်ပြီး လူဆိုးတော့ မဟုတ်ပါဘူး ။ Strange ကိုလည်း mission တစ်ချိူမှာ ကူညီပေးခဲ့ဖူးပါတယ် ။ အခုကြည့်ရတာလည်း Rintrah ကို Strange က Kamar Taj ကို ကာကွယ်ဖို ဆင့်ခေါ်ထားခဲ့တာဖြစ်နိုင်သလို multiverse က ရောက်လာတဲ့ villain လည်း ဖြစ်သွားနိုင်ပါတယ် ။ MCU က ဘာလုပ်မလဲ ပြောမရပါဘူး။

Chaos Magic သုံးနေတဲ့ Strange

Multiverse of Madness ဟာ What If? Episode 4 နဲ့ အတော်ကို ဆင်ပါတယ် ။ What If? မှာလည်း Strange ဟာ Christine ကို ပြန်ခေါ်ဖို Chaos Magic ကို သုံးခဲ့ဖူးပါတယ် ။ Strange တို သုံးနေကျက Eldritch Magic ပါ ။

ဒီတော့ Strange Chaos Magic ထုတ်သုံးရတဲ့ အချက်နှစ်ချက် ရှိပါတယ် ။ ပထမတစ်ချက်က Chaos Magic အသုံးပြုတဲ့ Wanda ကို တိုက်ရာမှာ Eldritch Magic ပဲ သုံးနေရင် မနိုင်နိုင်မှန်းသိလို level တူသွားအောင် တန်းညှိလိုက်တဲ့ သဘောပါ ။ ဒါမှမဟုတ် တစ်ခုခုကို ပြန်ပြင်ချင်လို Strange တစ်ယောက် Chaos Magic သုံးပြီး Reality ကို ပြောင်းလဲမယ့် ပုံပါ ။

What If? ထဲက နဂါးများ

ပြောခဲ့တဲ့အတိုင်း What If? နဲ့ တော်တော့်ကို တူပါတယ် ။ What If? တုန်းကလည်း Strange ကိုယ်ထဲကနေ နဂါးတွေကို ထုတ်ပြီး တိုက်ခိုက်ခဲ့သလို ဒီမှာလည်း အဲ့အကွက်ကို ပြန်သုံးထားပါတယ်။

No Way Home တုန်း က Ned နဲ့ MJ တို Sanctum ရောက်နေတုန်း Strange ရဲ့ ရေခဲသေတ္တာကို ဖွင့်လိုက်ရာမှာ အထဲမှာ alien တွေ monster တွေကို တွေ့ခဲ့ရပါတယ် ။ လူတစ်ယောက်ဟာ မှော်စွမ်းအားတအားကြီးလာရင် သာမန်အစားအစာတွေက အားအင်တွေမပေးစွမ်းနိုင်တော့တဲ့အတွက်
monster တွေကို စားနေရတာပါ ။ ဒါကလည်း comic reference တစ်ခုပါပဲ။ ဒီအတွက်ကြောင့်လည်း Strange ဟာ သူ့ကိုယ်ထဲကနေ monster တွေကို ထုတ်နိုင်တာဖြစ်ပါတယ် ။

Gargantos

New York မြိုလယ်ခေါင်မှာ ရေဘဝဲပုံစံ Interdimensional monster ကြီးရောက်ချလာပြီး Strange နဲ့ America Chavez တို ရင်ဆိုင်တိုက်ခိုက်နေရပါတယ် ။ ဒီကောင်ကြီးကို Shuma-Gorath လို ထင်ကြပေမယ့် မဟုတ်ပါဘူး။ Shuma က ဒီထပ် ပိုကြမ်းပြီး ပိုကြီးပါတယ်။ ဒီကောင်ကြီးဟာ Gargantos အမည်ရ sea monster ကြီးတစ်ကောင်ပါ ။ ကြည့်ရတာတော့ Wanda ရဲ့ darkhold ritual ကြောင့် ရောက်လာပုံရပါတယ်။

Comic ထဲမှာတော့ Gargantos ဟာ Namor ရဲ့ ရန်သူပါ ။ Endgame မှာထဲက easter egg ပါခဲ့တဲ့ Namor ကို Rumor တွေထွက်ထားတဲ့အတိုင်း ဒီဇာတ်ကားမှာ debut လုပ်သွားမလားကတော့ စိတ်ဝင်စားစရာပါပဲ ။

Strange Supreme or Evil Variant?

ဒီ scene ကတော့ တကယ်ကြက်သီးထစရာကြီးပါ ။ What If? ထဲက Strange Supreme ပြန်လည်ပါဝင်လာတယ်လိုတော့ ပြောကြပါတယ် ။ ကျွန်တော်ကတော့ Strange Supreme လို မထင်ပါဘူး ။ Strange Supreme က လူကောင်းတစ်ယောက်ပါ ။ ဟိုးအပေါ်မှာ ရှင်းထားခဲ့တဲ့
အတိုင်း absolute point of time ကို တစ်ယောက်ယောက်က ချိူးဖောက်လိုက်မိတဲ့အတွက် Evil Doppelgänger တစ်ခု ကွဲထွက်သွားတယ်လိုပဲ ထင်ပါတယ် ။ ဒီဇာတ်ကားအတွင်း Strange ရဲ့ variant များစွာ မြင်တွေ့
ရမှာဖြစ်တဲ့အတွက် ဒါဟာ Evil Variant တစ်ကောင်ဖြစ်နိုင်ပါ
တယ် ။

သိုမဟုတ်လည်း ပါမယ်လို Rumors တွေထွက်နေတဲ့ Nightmare သိုမဟုတ် Mephisto လို Evil being တစ်ကောင်ကောင်က Strange ယောင်ဟန်ဆောင်ပြီး chaos တွေ ဖြစ်အောင် လိုက်မွှေနေတာပေါ့ဗျာ ။

စာအရှည်ကြီးကို အချိန်ပေးဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ် ။ နောက်လည်း ဒီလို Superhero တွေနဲ့ ပတ်သက်တဲ့ content တွေ breakdown တွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ ZEUS ကို follow လုပ်ထားဖို ပြောချင်ပါတယ် ။

ဒါဟာ Teaser သာရှိသေးတဲ့အတွက် ဇာတ်လမ်းကို ခန့်မှန်းဖို
တော့ တော်တော်ခက်ပါတယ် ။ ဒါပေမယ့်လည်း teaser မှာတင် စိတ်ဝင်စားဖို တအားကောင်းနေပါပြီ ။ Multiverse of Madness ကတော့ No Way Home ထက်တောင် ပို hype ရမှာ အမှန်ပါပဲ ။

ကျွန်တော်တို No Way Home တုန်းက တခြားနိုင်ငံတွေနဲ့
တန်းတူ ရုံမှာ ကြည့်ရှုခွင့်ကို ဆုံးရှုးခဲ့ရပါတယ် ။ နိုင်ငံခြားက တခြားသူတွေ တအား hype နေကြတဲ့အချိန် ကျွန်တော်တိုကတော့ အိမ်မှာပဲ ရုံခိုးရိုက်လေးကြည့်ပြီး ကျေနပ်ခဲ့ရပါတယ် ။ ဒါကြောင့် Multiverse of Madness ကို ရုံမှာ ကြည့်ပြီး hype ချငိတယ်ဆိုရင်တော့ များများ click ပေးကြပါ ။ ကျွန်တော်တို page က click တွေ တင်သာမက တခြားသော click to donate page တွေအားလုံးကို click ပေးခြင်းဖြင့် support ပေးကြပါ ။ ကျွန်တော်တို နိုင်မှ ဖြစ်ပါမယ် ။

ဒီအတွက် အားလုံးလည်း ဒီတော်လှန်ရေးကြီးမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်တတ်နိုင်တဲ့ဖက်က ပါဝင်ကြပါ ။ Multiverse of Madness ကို ရုံမှာ မပြခင် အချိန် 5 လကျော်ရှိပါတယ် ။ ဒီအချိန်အတွင်းမှာ ကျွန်တော်တို စိတ်ဓာတ်ကျမနေဘဲ အကောင်းဆုံးရှင်သန်ရှေ့ဆက်ပြီး ဒီတော်လှန်ရေးကြီးကို အောင်မြင်အောင် ပံ့ပိုးပေးမှ ရပါမယ် ။ တစ်နေ့တော့ ကျွန်တော်တို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ Endgame ကြည့်ခဲ့ရတုန်းကလို ရုံထဲမှာ ပြန်ဆုံချင်ပါတယ် ။ ဒီကာလအတွင်း အားလုံးလည်း ဂရုစိုက်ကြပါ။

#Weasel #ZEUS

(Zeusmyanmar.com မှ Content များကို
ပြန်လည်ကူးယူဖော်ပြခွင့် မပြုပါ။)
Categories
Breakdown Marvel MCU

Moon Knight Teaser Breakdown

တနေ့က Disney+ ရဲ့ DisneyPlusDay မှာကြေညာသွားတဲ့ moon knight ရဲ့ Teaser Trailer လေးကို Breakdown လုပ်ပေးလိုက်ပါတယ်။ အရင်ဆုံး teaser အကြောင်းမပြောခင် Moon Knight ဆိုတာ ဘယ်သူလဲ အရင်မိတ်ဆက်ပေးပါမယ် ။

Character Info

Moon Knight ရဲ့ နာမည်အရင်းက Marc Spector ဖြစ်ပြီး CIA agent ဟောင်းတစ်ယောက်ဖြစ်ပါတယ် ။ Moon Knight ဘယ်လိုဖြစ်လာသလဲ ဆိုတာကတော့ Marc Spector ဟာ CIA အလုပ်ကထွက်ပြီး နိုင်ငံလှည့် ကြေးစားလုပ်နေတုန်း Raul Bushman ဆိုသူနဲ့တွေ့ကာ Egypt က ဘုရင်တစ်ပါးရဲ့ အုတ်ဂူကို တူးဖော်ရှာဖွေဖို့ mission ပေးခံခဲ့ရပါတယ် ။

ဒါပေမယ့် Raul Bushman ဟာ အဖွဲ့ကို သစ္စာဖောက်ကာ သုတေသနပညာရှင် Peter Alraune ကိုလည်း သတ်ပစ်လိုက်တဲ့အပြင် Marc ကိုလည်း မသေရုံတမယ် အုတ်ဂူထဲမှာထားထားခဲ့ပါတယ် ။ အဲ့ချိန်မှာပဲ Marc ဟာ သူမျောနေတုန်း အီဂျစ်လဘုရား Khonshu နဲ့တွေ့ဆုံပြီး အပေးအယူတစ်ခုပြုလုပ်ကာ Moon Knight ဖြစ်လာပါတော့တယ် ။

ဒီဘဲကို တော်တော်များများက Marvel Batman လို့ ခေါ်ကြပေမယ့် origin ရော ဇာတ်ကောင်စရိုက်ရောအပြင် abilities တွေကအစ အကွာကြီးပါ ။ Moon Knight ရဲ့ abilities တွေအားဖြင့်တော့ Healing factor ကိုပိုင်ဆိုင်ထားသလို Khonshu ရဲ့ အစွမ်းနဲ့လည်း သေသွားရင်တောင် အသက်ပြန်ရှင်
လာနိုင်ပါတယ် ။ ပြီးတော့ Moon knight ဟာ လရောင်အောက်ညဖက်မှာဆို ပိုကြမ်းပြီး Moon knight ဟာ
Taskmaster တိုက်ကွက် copy ကူးမရတဲ့ လူတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

Multiple Personalies Concept

Teaser ရဲ့ ပထမဆုံး scene မှာတော့ Marc Spector ဟာ အိပ်မက်တစ်ခုကနေ နိုးထလာတဲ့ပုံပေါ်ပြီး background voice အနေနဲ့ ” ငါ နိုးထနေရတာနဲ့ အိပ်မက်မက်နေတာက ဘာကွာလဲဆိုတာတောင် မပြောနိုင်တော့ဘူး ‘ လို့ ပြောလိုက်ပါတယ် ။

ဒီနောက် သူ မှန်ထဲကို ကြည့်လိုက်တဲ့အချိန် သူ့ရဲ့ reflection တွေက နှစ်ခုကွဲထွက်နေတဲ့အပြင် သူတစ်ဖက်ကို လမ်းလျှောက်သွားတဲ့တိုင်အောင် အဲ့ reflection တွေက သူ့ကို လိုက်ကြည့်နေတုန်းပါ ။

ဒါတွေက ဘာကို ရည်ညွန်းသလဲဆို moon knight ရဲ့အထင်ကရ အချက်တစ်ခုဖြစ်တဲ့ DID စိတ်ရောဂါကို ညွန်းထားတာဖြစ်ပါတယ် ။ DID ဆိုတာကတော့ လူတစ်ကိုယ်ထဲနဲ့ စိတ်တွေအများကြီးကွဲထွက်နေတဲ့ mental illness တစ်မျိူးဖြစ်ပြီး ဒီ show ဟာလည်း moon knight ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို focus လုပ်သွားဖို့ များပါတယ် ။

Moon knight နေရာသရုပ်ဆောင်တဲ့ Oscar Isaac ကတော့ Moon knight show ဟာ MCU ထဲမှာ တော်တော်လေး dark and wild အဖြစ်ဆုံး တစ်ခုဖြစ်မယ်လို့ ပြောထားပြီး Moon knight ကို ရိုက်ကူးရတာကလည်း သူ့အနုပညာလမ်းကြောင်းမှာ အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံး လို့ပါ ပြောထားပါသေးတယ် ။

Teaser မှာ ပြသွားတာတွေအရတော့ moon knight ဟာ DC ဆန်ပြီး deep and dark မယ့် ပုံစံမျိူး သွားဖို့ရှိနေပါတယ် ။ အဲ့ပြင် black swan နဲ့ shutter island တို့လို psychological thriller vibes မျိူးလည်း ရပါသေးတယ် ။ ဒါပေမယ့် marvel ကဆိုတော့ pg-13 ပါပဲ ။ :3

အဲ့နောက် marc ဟာ ဗီရိုမှန်ကို ဆွဲကြည့်လိုက်တဲ့အခါမှာလည်း နောက်ထပ်ကွဲထွက်နေတဲ့ personalities တွေကို ထပ်မြင်တွေ့ရပြန်ပါတယ် ။ Moon knight တစ်နည်းအားဖြင့် marc မှာ personality တွေ ဆယ်ခုကျော်ရှိပေမယ့် ဒီ series အတွင်း ဖော်ပြသွားမယ်လို့လည်း မျှော်လင့်ရသလို marc spector ရဲ့ အထင်ရှားဆုံး persona 5 ခုရှိပါတယ် ။

ပထမကတော့ ကြေးစား CIA agent ဟောင်း Marc Spector သူကိုယ်တိုင်ပါ ။ နောက်တစ်ယောက်က Jake Lockley အမည်ရ taxi ကားမောင်းသမားတစ်ယောက်ဖြစ်ပြီး ဘယ်နေရာမှာ ဘာဖြစ်နေလဲ စသဖြင့် မှုခင်းသတင်းတွေကို ရယူပါတယ် ။ Steven Grant ဆိုသူကတော့ Tony Stark လို billionarie တစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုရှိသလို smart ကျကျဝတ်စားတတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ် ။

နောက်ထပ် persona တစ်ခုကတော့ သူ့ကို အစွမ်းပေးခဲ့တဲ့ Khonshu ဖြစ်ပြီး marc ရဲ့ personalities တွေတိုင်းကို အကြံဉာဏ်တွေပေးတဲ့အပြင် မကောင်းတဲ့အရာ တစ်ခုခုကို လုပ်ဖို့ တိုက်တွန်းလေ့ရှိတဲ့ သူတစ်ယောက်ပါ ။ နောက်ဆုံးကတော့ အဓိက ဇာတ်ကောင်ကြီးဖြစ်တဲ့ Anti-hero ကြီး Moon Knight ပါပဲ ။

ကိုယ့်ရဲ့ မသိစိတ်ကနေ ထွက်ပြေးနေရတဲ့ Marc Spector

နောက် scene တစ်ခုမှာ marc ဟာ အဖြူရောင်လက်အိတ်ကြီးဝတ်ပြီး ကားပြတင်းပေါက်ကို လှမ်းထိလိုက်တာတွေ့ရပါတယ်။ အနောက်မှာရှိနေတဲ့ လူတွေကလည်း marc ဒီလိုဖြစ်သွားတာကို ကြောက်လန့်နေကြတာကြောင့် ဒါဟာ marc တစ်ယောက် moon knight အဖြစ် အသွင်ပြောင်းဖို့ သူ့ရဲ့ အသိစိတ်နဲ့ မသိစိတ်ကြား ရုန်းကန်နေရပုံပေါ်ပါတယ် ။ အပေါ်မှာ marc ပြောခဲ့တဲ့ စကားအရ marc ဟာ သူ moon knight ဖြစ်သွားတဲ့အချိန် လုပ်ခဲ့သမျှကို အိပ်မက်လို့ ထင်မှတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကွဲထွက်နေတဲ့ စိတ်တွေနဲ့ သူ့သိစိတ်ကြား အိပ်မက်လား reality လားမခွဲခြားနိုင်ဖြစ်နေတာပါ ။

အဲ့နောက် ပြတိုက်တစ်ခုထဲမှာ အသံမထွက်မိသွားအောင် ပါးစပ်ကို ပိတ်ထားပြီး တစ်ခုခုလက်ထဲက ပုန်းနေတာကို မြင်ရပါတယ်။ ပုံစံကလည်း တော်တော်ကြောက်နေပုံပေါ်တော့ moon knight အဖြစ် သောင်းကျန်းတုန်းက သောင်းကျန်းထားပြီး marc ပြန်ဖြစ်သွားတဲ့အချိန်မှာ villain လက်ထဲက ပုန်းရှောင်နေရတာဖြစ်နိုင်သလို သူ့ကိုယ်တိုင်ရဲ့ ပုံရိပ်တွေ အသံတွေကနေ ထွက်ပြေးနေရတာလည်းဖြစ်နိုင်ပါတယ်။

နောက် storage ဂိုထောင်တစ်ခုထဲမှာ အိတ်ကြီးတစ်အိတ်ကိုင်ထားတဲ့ marc ကို မြင်ရပြီး သူ ဘာကြောင့် ဒီရောက်နေသလဲဆိုတာကို စိတ်ရှုပ်နေတဲ့ပုံနဲ့တူပါတယ် ။ ကျွန်တော့်ခန့်မှန်းချက်ကတော့ အဲ့အိတ်က moon knight ရဲ့ costume နဲ့ လက်နက်တွေ ထည့်ထားတဲ့အိတ်ဖြစ်ပြီး marc ဟာ သူအိပ်မက်တွေထဲ လုပ်မိလိုက်တဲ့ အရာတွေနောက်လိုက်ရင်း ဂိုထောင်ထဲ ရောက်သွားပုံပါပဲ။

ဒီနောက် သူ့ကို တစ်ခုခုက လိုက်နေလို့ အိတ်ကြီးပိုက်ကာ ဂိုထောင်ထဲမှာ သည်းကြီးမဲကြီး ထွက်ပြေးနေပုံနဲ့ တူသလိုရှိပါတယ် ။ ဒါကလည်း အပေါ်မှာပြောခဲ့တဲ့အတိုင်း ဒီ series ရဲ့ main villain က moon knight ကို လိုက်နေတာဖြစ်နိုင်သလို သူ့ရဲ့ တခြား personalities တွေဆီကနေ ကြောက်အားလန့်အားနဲ့ ထွက်ပြေးနေတာလည်းဖြစ်နိုင်ပါတယ်။

Trailer ရဲ့ နောက်တစ် scene မှာလည်း marc ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ လူတွေအများကြီးကို တိုက်ခိုက်လိုက်နိုင်တာတွေ့ရပြီး သူ့ကိုယ်သူတောင် အံ့သြနေပါတယ် ။ သူ့ဘေးက လူတွေကတော့ marc ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကြောင့် ကြောက်နေကြပါတယ်။

Hero မဆန်တဲ့ Moon Knight

ဒီနောက် ‘who’s in your head devours you’ ဆိုပြီး တခြားသူတစ်ယောက်က ပြောလိုက်တဲ့အသံကြားလိုက်ရပြီး moon knight ဟာ တစ်နေရာမှာ လူတစ်ယောက်ကို သေလောက်အောင် ရိုက်နှက်နေပါတယ် ။ ဒီနေရာမှာ ပြောလိုက်တဲ့ နောက်ကွယ်က အသံကတော့ marc ရဲ့ persona တစ်ခုသို့မဟုတ် show ရဲ့ တခြား character တစ်ခုဖြစ်လောက်မှာပါ ။ ကျွန်တော်ကတော့ သူ့စိတ်ထဲက သူဖန်တီးထားတဲ့ khonshu လို့ထင်ပါတယ်။

ရိုက်နှက်တဲ့ scene နဲ့ ပတ်သက်ပြီးက moon knight ကတော့ anti-hero ဆိုတဲ့အတိုင်းပါပဲ comic ထဲမှာ ဒီထက်ပိုကြမ်းတာတွေတောင်လုပ်ဖူးပါတယ် ။ လူတွေကို နှိပ်စက်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲ ။ လူတွေကို တစ်ချက်ထဲနဲ့ သတ်တာမဟုတ်ဘဲ စိမ်ပြေနှပြေနှိပ်စက်ညှဥ်းဆဲပြီးမှ သွေးအေးအေးနဲ့ သတ်တာပါ ။ သတ်ပြီးရင်လည်း လူတွေရဲ့ နဖူးမှာ လခြမ်းပုံအမှတ်အသားလေး ထွင်းပြီး ချန်ထားလေ့ရှိပါတယ် ။ moon knight ဟာ marvel ရဲ့ dark ဖြစ်တဲ့ ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် သူ့ဇာတ်လမ်းကတော့ mcu နဲ့တောင်မတူဘဲ dark ဖြစ်နေမှာပါပဲ ။ ဒါမှသာ Moon knight ရဲ့ theme ပေါ်လွင်မှာပါ ။

Moon Knight ဆိုတဲ့အတိုင်းပါပဲ သူ တံတားပေါ်မှာ ပြေးသွားပြီး တိုက်ပေါ်က ခုန်လိုက်တဲ့ scene တွေ ရဲ့background မှာ ရေထဲက လရဲ့ Reflection တွေ ကောင်းကင်ပေါ်က လခြမ်း background တွေလည်း ထည့်ပေးထားပါတယ်။

Main villain tease လုပ်ခြင်း

ဒီနောက် စားသောက်ဆိုင်ပေါက်ကွဲသွားတာကို မြင်ရပြီး moon knight ရဲ့ ဝတ်စုံကိုလည်း အနီးကပ်မြင်တွေ့လိုက်ရပါတယ် ။ moon knight ကတော့ သူ့အရှုပ်ထုပ်အပြင် တခြားအမှုတစ်ခုကိုပါ ရှင်းရတော့မယ့်ပုံပါပဲ ။ trailer ရဲ့ အဆုံးသတ်မှာလည်း မိန်းကလေးတစ်ယောက်ရဲ့ အော်သံနဲ့အတူ ထူးဆန်းတဲ့လူတစ်ယောက်က ဂူတစ်ဂူထဲ ဆွဲသွင်းသွားတာကိုတွေ့ရတဲ့အတွက် ဒါဟာ series ရဲ့ main villain ကို tease တာဖြစ်ပါတယ်။

Main villain နေရာ ကိုတော့ နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ Ethan hawke က သရုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ် role ဖြစ်မလဲကတော့ မကြေညာသေးပါဘူး ။ ဒါပေမယ့် moon knight လို လူမျိူးနဲ့ ယှဥ်ဖို့ကတော့ နှယ်နှယ်ရရ ဇာတ့ကောင်ထဲက မဖြစ်နိုင်ဘူး လို့ ထင်မိပါတယ် ။ သဘာဝလွန်အစွမ်းရထားတဲ့ villain တစ်ကောင်ကောင်ဖြစ်လောက်မှာပါ ။ moon knight ဆိုတာကလည်း comic ထဲမှာ Supernatural အရာတွေကို အမဲလိုက်ခြင်းအားဖြင့် လူသိများပါတယ် ။ မကြာခင် disney + မှာလာဖို့ သတင်းထွက်နေတဲ့ werewolf by the night နဲ့တောင် တိုက်ခိုက်ခဲ့ဖူးပါတယ်။

Moon Knight ရဲ့ Look ကို Teaser ထဲဘာမှမပြသွားပေမယ့် အောက်ပါပုံကတော့ Teaser မထွက်ခင်ထဲက Leaked ထားတဲ့ Moon Knight ရဲ့ Suit ပုံစံဖြစ်ပါတယ်။ အစကတော့ မသေချာသေးပေမယ့် Teaser ထဲက Scene နဲ့ တိုက်ကြည့်တဲ့အခါမှာ Background ကအစတူနေတာတွေ့ရပါတယ်။

တချို့ကတော့ ထို look ကိုသိပ်သဘောမကျပေမယ့် ကျွန်တော့်အနေနဲ့ဆိုရင်တော့ Badass ဖြစ်ပြီး သွားထားတာနဲ့ လိုက်ဖက်တယ်လို့မြင်ပါတယ်။ MCU ရဲ့ အထာကလဲ Character တွေကို Suit Upgrade လုပ်တာမျိုးတွေများတာဆိုတော့ နောက်ထပ်ပုံစံ ၁ မျိုးနဲ့လဲ ထပ်မြင်ရနိုင်သေးတာမို့ စောင့်ကြည့်ရပါမယ်။

အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒါကတော့ Moon knight teaser နဲ့ ပတ်သက်ပြီး Info နဲ့ breakdown လေးပဲ ဖြစ်ပါတယ်။ ဒီ Series ကတော့ release date အတိအကျ မသိရသေးပေမယ့် 2022 အတွင်း ထွက်ရှိသွားမှာဖြစ်ပါတယ်။

#Weasel #ZEUS

(Zeusmyanmar မှ Content များကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။)

Categories
Breakdown Marvel

2D World ထဲမှာချခဲ့ကြတဲ့ Miles Morales နဲ့ SpiderMan 2099

Spider-Man Across The Spider-Verse teaser trailerဟာ ယနေ့မှာထှကျရှိလာခဲ့ပါတယျ.























#Zzerk #ZEUS

————————————————————————————

[ZawGyi]

Spider-Man Across The Spider-Verse teaser trailerဟာ ယနေ့မှာထွက်ရှိလာခဲ့ပါတယ်.

Teaser trailerအတွင်းမှာဆိုရင်လည်း titleနဲ့လိုက်အောင်ပင် Dimensionတွေကိုဖြတ်သန်းသွားလာပြီး တိုက်ခိုက်နေကြပုံတွေကိုလည်းတွေ့ခဲ့ရပါတယ်.

ဒီpostမှာပြောပြသွားမဲ့အရာကတော့ trailerအတွင်းမှာတွေ့ခဲ့ရတဲ့ Milesနဲ့2099တို့တိုက်ခိုက်နေခဲ့ကြတဲ့နေရာဖြစ်တဲ့ 2 Dimensional Worldအကြောင်းဖြစ်ပါတယ်.

Trailerရဲ့အစပိုင်းမှာဆိုရင် Miles Moralesစီ Gwen Stacyက portalတစ်ခုဖွင့်ပြီးရောက်ရှိလာခဲ့တာကိုမြင်ခဲ့ရပါတယ်. ပထမ Spider-Man Into The Spider-Verseနဲ့မတူညီတဲ့အချက်ကတော့ trailerအရဆိုရင် ဒီAcross The Spider-Verse movieမှာတော့ Gwenက watchတစ်ခုကိုအသုံးပြုပြီး Milesရဲ့Realityကိုရောက်ရှိလာခဲ့တဲ့ပုံပါပဲ.

Comicအရဆိုရင်တော့ Gwen Stacyစီမှာတွေ့ရတဲ့watchက Dimensional Travel Watchလို့အမည်ရပါတယ်. ဒီDimensional Travel Watchကို Earth 50101က Spider-Man (Pavitr Prabhakar)က တီထွင်ခဲ့တာပါ. ဒီWatchကြောင့်ပဲ တစ်ခြားRealityတွေ Earthတွေ Dimensionတွေကိုဖြတ်သန်းသွားလာနိုင်ကြတယ်လို့ယူဆပါတယ်.

Across The Spider-Verse animated movieမှာတော့ ဒီWatchရဲ့Originကဘယ်လိုလာမလဲဆိုတာကိုတော့movieထွက်လာမှပဲသေချာသိရမှာပါ.

Miles Moralesနဲ့ Spider-Man 2099တို့ရဲ့fight sceneမှာဆိုရင်လည်း Spider-Man 2099စီမှာ Watchတစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်.comicအရဆိုရင်တော့ ဒီWatchတွေကြောင့်ပဲSpider-Gwen, Miles Moralesတို့ Spider-Man 2099တို့ဟာ Dimensionတွေကိုကူးသန်းသွားလာနိုင်ကြတာဖြစ်ပါတယ်.

Across The Spider-Verseမှာသူတို့Dimensionတွေကိုဘယ်လိုဖြတ်သန်းသွားလာကြမလဲ ရှင်းပြပြီးတဲ့နောက်မှာတော့ postရဲ့လိုရင်းဖြစ်တဲ့ Mile Moralesနဲ့ Spider-Man 2099တို့ရဲ့ Battle sceneမှာမြင်တွေ့ခဲ့ရတဲ့ 2 dimensional worldအကြောင်းကိုဆက်လက်ပြီးပြောပြပေးသွားပါမယ်.

Dimensional Travel Watchကိုcomic refrenceယူထားသလို trailerအတွင်းမြင်တွေ့ခဲ့ရတဲ့ 2 Dimensional Worldဟာလည်းပဲ Spider-Man comicအတွင်းမှပဲ refrenceယူထားတာဖြစ်ပါတယ်.

Dimensional Travel Watchကို Spider-Man(Pavitr Prabhakar)က တီထွင်ခဲ့တာဖြစ်ပြီး Web Warriors 2015 comicမှာစတင်ပါလာခဲ့တာဖြစ်ပါတယ်.ဒီcomicအတွင်းမှာပဲ Different realityက Spider-Manတွေစုံတွေ့ခဲ့ကြပြီး Web-Warriors teamကိုဖွဲ့စည်းခဲ့ကြပါတယ်.ဒီcomicအတွင်းမှာပဲ Web-Warriors teamက Dimensional Travel Watchကိုအသုံးပြုပြီး different realityက Spider-Man villainတွေကိုလိုက်ရှင်းရင်းနဲ့မှပဲ 2 Dimensional Worldထဲကို ရောက်ခဲ့ရတာကိုပါမြင်တွေ့ခဲ့ရပါတယ်.

Trailerထဲမှာမြင်တွေ့ခဲ့ရတဲ့ 2 Dimensional Worldဟာcomicထဲမှာလည်းတည်ရှိနေတာဖြစ်ပြီး Across The Spider-Verse animated movieဟာ Web-Warrior comicကိုrefrenceများစွာယူထားတယ်လို့မြင်မိပါတယ်.

comicအတွင်းမှာတော့ 2 Dimensional Worldဟာထင်တာထက်ပိုရှုပ်ပါတယ်. comicတွေဟာ 2Dအဖြစ်ရေးဆွဲပုံဖော်ထားကြတယ်,ကျွန်တော်တို့တစ်ကယ့်ပြင်ပလူတွေရဲ့အမြင်မှာ2Dတွေဖြစ်နေတယ်ဆိုပေမဲ့လည်း သူတို့comic worldအတွင်းမှာပဲ အလျားအနံသာရှိတဲ့ ပြင်ညီ 2 Dimensional Worldတွေရှိနေသေးတာကိုဆိုလိုပါတယ်.

Web-Warriors comicအရဆိုရင်တော့ Different realityတွေကSpider-Manတွေဟာ Dimensional Travel Watchကိုအသုံးပြုပြီး 2 Dimensional World ကိုအလွယ်တကူaccessပြုလုပ်ခဲ့တာကိုမြင်တွေ့ရပါတယ်.ဒါဟာလည်းဒီwatchရဲ့ abilityအရမ်းကောင်းလွန်းလို့ထင်ပါတယ်.

အစောပိုင်းMarvel Comicတွေအရဆိုရင် 2 Dimensional World ကိုaccessပြုလုပ်နိုင်တာက Nexus Of All Realitiesလို့ခေါ်တဲ့ နေရာတစ်ခုသာရှိခဲ့ပါတယ်. ဒီNexus Of All Realities ဆိုတာဟာ Multiverse, Alternate Reality, Dimension, planeတွေအကုန်လုံးကိုချိတ်ဆက်ထားတဲ့ ကြားခံနယ်မြေ inter-dimensionတစ်ခုဖြစ်ပါတယ်.

ဒီNexus Of All Realities Dimension ကနေ အထက်ကပြောခဲ့တဲ့ Multiverse တွေ,Different Universe တွေ, တစ်ခြား Dimension တွေ ကြိုက်တဲ့နေရာကိုကြိုက်သလိုဝင်ထွက်လို့ရပါတယ်.

Comic ထဲမှာဖော်ပြချက်အရဆိုရင် Nexus Of All Realities ကြောင့် Marvel Universe အတွင်းမှာ 2 Dimensional world တင်မကပဲ marvel universe နဲ့ဘာမှကိုမဆိုင်တဲ့universeတွေ, multiverse တွေဟာ possibilities ပေါင်းစုံနဲ့ အဆုံးအစမရှိပဲ infinite ဖြစ်နေတာကို သိရှိနိုင်ပါတယ်.

ဒီ Nexus Of All Realityကို Living Tribunal လို Cosmic Entiry တွေနဲ့ အစွမ်းအစအလွန်ကြီးမားသူတွေသာ access ပြုလုပ်နိုင်ပါတယ်. တစ်ကယ်တော့ Nexus Of All Realities ကို ကျွန်တော်တို့အားလုံးလိုလိုရင်းရင်းနှီးနှီးမြင်တွေ့ခဲ့ကြပြီးဖြစ်ပါတယ်.

ဘာကြောင့်ဆို Nexus Of All Realitiesဟာ Disney plusရဲ့ What If seriesမှာပါဝင်လာခဲ့ပြီးပြီဖြစ်လို့ပါ.

ဟုတ်ပါတယ်ဗျ.What If seriesမှာ UATU The Watcherကြီးတည်ရှိနေတဲ့နေရာက Nexus Of All Realities Dimensionဖြစ်ပါတယ်.

ဒီDimension ကနေပဲ မတူညီတဲ့ဖြစ်ရပ်တွေနဲ့ Multiverse ပေါင်းစုံက What If event တွေကိုထိုင်ကြည့်နေခဲ့တာဖြစ်ပါတယ်. ဒီ Dimension ကြောင့်ပဲ Reality ပေါင်းစုံကိုမြင်တွေ့နိုင်ခဲ့တာပေါ့. အဲ့ Dimension ကိုပဲ Infinity Stone တွေရဲ့အစွမ်းကြောင့်သတိထားမိခဲ့တဲ့ Ultron က access ပြုလုပ်နိုင်ခဲ့တယ်. Ultron နဲ့ UATU တို့  Battle ဖြစ်ခဲ့ကြပြီး Multiverse ရဲ့အကာအရံတွေပါကျိုးပေါက်ခဲ့ပြီး reality ပေါင်းစုံဖြတ်သန်းတိုက်ခိုက်ကြတာကိုမြင်တွေ့ခဲ့ရပါတယ်.

ယနေ့ထွက်ရှိလာခဲ့တဲ့ Spider-Man Across The Spider-Verse first look teaser trailerမှ Mile Moralesနဲ့ Spider-Man 2099တို့ရဲ့ Dimensional fight sceneဟာလည်း What Ifက UATU နဲ့ Ultron တို့ရဲ့battle ကို ပြန်လည်အမှတ်ရစေပါတယ်.

Nexus Of All Realities နဲ့ချိတ်ဆက်မှုရှိမယ်လို့တော့မထင်မိဘူးဗျ. တူညီတဲ့ concept တစ်မျိုးမျိုးနဲ့မြင်တွေ့နိုင်မယ်လို့တော့ထင်မိပါတယ်.

Spider-Man Across The Spider-Verse first look teaser trailerမှာမြင်တွေ့ခဲ့ရတဲ့ Miles Moralesနဲ့ Spider-Man 2099တို့ရဲ့battleအတွင်းမြင်တွေ့ခဲ့ရတဲ့ 2 Dimensionalအကြောင်းကို comicနဲ့ဆက်စပ်ပြီး ရှင်ူပြပေးခဲ့တာဖြစ်ပါတယ်.အတုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးပါ.
#Zzerk #ZEUS

Categories
Breakdown Explain Marvel MCU

ETERNALS frame by frame trailer breakdown

မနေ့ညက Eternals နဲ့ပတ်သက်ပီး Freaturette , Promotion teaser အများကြီးထွက်လာခဲ့ပါတယ်။

အဲ့ဒီထဲမှာ ပါလာတဲ့ Eternals တွေရဲ့ တချို့ scene အသစ်တွေနဲ့ တွေ့ရတဲ့ Ancient Cities တွေ Civilization တွေကို တစ်ချက်လောက် fram by fram Breakdown လေးဖတ်ရင်း ကြည့်လိုက်ရအောင်လားဗျာ။

ပထမဆုံး Eternals ထဲပြသမဲ့ Civilization တွေကို မပြောခင် ကမ္ဘာပေါ်မှာ Mesopotamia , Misoamerica , Ancient Peru , Ancient Egypt , Ancient India , Ancient China ဆိုပီး အဓိက လူသားတွေ ယဥ်ကျေးမှု စတင်ထွန်းကားလာတဲ့နေရာကြီး ခြောက်နေရာ ရှိခဲ့ပါတယ်။ အဲ့ဒီနေရာတွေထဲမှာမှ Mesoamerica , Mesopotamia , Ancient Peru နဲ့ Ancient India ကို Eternals ထဲမှာ အဓိကပြသွားမှာဖြစ်ပါတယ်။
Eternals တွေက ကမ္ဘာကို နှစ်ပေါင်း 7000 ကျော်လောက်က ရောက်ခဲ့တယ်လို့ သူတို့ပြောထားတဲ့အတိုင်း သူတို့တွေ့ရတဲ့ လူသားမျိုးနွယ်ဟာ Neolithic Revolution ဆိုတဲ့ လူမှုယဉ်ကျေးမှုတိုးတက်မှုရဲ့အခြေခံလို့ ခေါ်လို့ရတဲ့ စိုက်ပျိုးမွေးမြူရေးဆိုတဲ့ age တစ်ခုကိုတော့ စတင်ရောက်ရှိလို့တော့နေပါပီ။

ပုံမှာကြည့်ရတဲ့အတိုင်း Deviant တစ်ကောင်ဟာ ရေထဲကတက်လာပီး human ကောင်လေးတစ်ယောက်ကို အန္တရာယ်ပြုတော့မဲ့ပုံပါပဲ comic အတိုင်းဆို သူ့တို့ deviants တွေရဲ့ ရေအောက်ရောက်သွားတဲ့ Luminia မြို့ကနေ တက်လာတဲ့လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ MCU ဟာ comic story နဲ့မတူတက်တော့ Eternals တွေနဲ့ Deviants တွေအတူတူရောက်ရှိခဲ့လည်းဖြစ်နိုင်ပါတယ်။

Thena နဲ့ Makkari တို့ နှစ်ယောက် cosmic energy နဲ့ suit ကိုပြောင်းဝတ်လိုက်တာ တွေ့ရမှာဖြစ်ပီး စစချင်းသူတို့ရဲ့ယာဥ်ပျံထဲမှာလို့ ယူဆလို့ရပါတယ်။

ဒီအခန်း ဟာ Babylon ရဲ့ Garden မှာ Ajak တစ်ယောက် ဒုတိယtrailer မှာတွေ့ရတဲ့ သူ့ရဲ့ရင်ဘတ်က cosmic energy orb ကိုထုတ်သုံးပီး တစ်ခုခုကိုကူညီတည်ဆောက်ပေးနေတာတွေ့ရပါတယ်။ Eternals တွေဟာ တဖြည်းဖြည်း နဲ့ လူသားတွေရဲ့ civilization ကို တိုးတက်အောင်ကူညီရင်း Mesopotamia ဒေသမှာ Babylon Empire ကြီးကိုတည်ထောင်ခဲ့တာတွေ့ရမှာပဲဖြစ်ပါတယ်။

Babylon မြို့ရဲ့နာမည်ကျော် Istar Gate မှာ deviant တစ်ကောင်တိုက်ခိုက်မှုကို ကာကွယ်ပေးနေတဲ့ Gilgamesh (Don Lee) ကိုတွေ့ရမှာဖြစ်ပီး Strongest Eternals လို့ပြောတဲ့အတိုင်း တစ်ချက်ထဲနဲ့ ထိုးပစ်လိုက်တာကိုတွေ့ရပါတယ်။

ဒါကတော့ Eternals ထဲပါမယ့် Aztecs Empire ဖြစ်ပီး Mesoamerica ရဲ့ နာမည်ကျော် architectural ဖြစ်တဲ့ pyramids တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။

ဒါကတော့ Aztecs Empire ရဲ့ကျဆုံးမှုဖြစ်ပီး ကလေးမလေးတစ်ယောက် တိုက်ပွဲရဲ့ကြားထဲကို ရောက်နေတဲ့ပုံပါပဲ။

Eternals တွေကို family တစ်ခုအနေနဲ့ချစ်စရာကောင်းစွာ မြင်တွေ့ရမှာဖြစ်ပီး ဒါဟာ အခု present day မဟုတ်ဘဲ Ancient India ရဲ့ Golden Age တင်စားထားတဲ့ အကြွယ်ဝဆုံး Gupta Empire ဖြစ်ပီး သူရဲ့ မြို့တော်ကတော့ Pataliputra ဆိုတဲ့ မြို့မှာပဲဖြစ်ပါတယ်။

တကယ့်ကို ကြီးကြီးမားမား တစ်မြို့လုံး ပျက်စီမှုကြီးတစ်ခုကိုတွေ့ရမှာဖြစ်ပီး Mosopotamia ဒေသရဲ့ မြို့တစ်ခု လို့ပဲ ထင်မိတယ် ဘာလို့လဲဆိုတော့ mosopotamia ဆိုတာ မြစ်နှစ်စီးရဲ့အလယ်မှာရှိတဲ့ Land တစ်ခုမလို့ပါ ပုံကိုသေချာကြည့်ရင်လည်း မြို့ရဲ့ဘေးက မြစ်တစ်ခုကိုတွေ့ရမှာပါ။

Makkkari ရဲ့ cosmic power ကိုတွေ့ရမှာပါ. Deviants တစ်ကောင်တိုက်ခိုက်တာကို သူရဲ့ speed ကထွက်တဲ့ Sonic Boom တစ်ခုနဲ့ deviant ကိုဝင်တိုက်လိုက်တာပဲဖြစ်ပါတယ်။

Deviant တစ်ကောင်ကို Ikaris က အရှိန်နဲ့ ဝင်ထိုးလိုက်တာကိုတွေ့ရမှာပါ။Ikaris ဟာ သူ့ရဲ cosmic eyes beam နဲ့ Deviant တစ်ကောင်ကို လှမ်းပစ်လိုက်တာပဲဖြစ်ပါတယ်။

အရင် trailerမှာတော့ Kro က Thena ကိုဖမ်းချုပ်ထားတာဖြစ်ပီး အခု အခန်းမှာတော့ Thena က Kro ကိုပြန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

Makkari နဲ့ Druig တို့ရဲ့ ကြည်နူးစရာကောင်းတဲ့ scene လေးပါပဲ ။

Kingo ဟာ present အချိန်မှာ Bollywood ရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်တာမို့ သူရဲ့ Bollywood Dance scene ကို တွေ့ရတာပဲဖစ်ပါတယ်။

Phasto ရဲ့ အကြမ်းစား weapon creation ကို တွေ့ရမှာပါ. Phasto ဟာ သူ့စိတ်ကူးနဲ့တွေးသမျှ လက်နက်မှန်သမျှကို ထုတ်လုပ်နိုင်ပါတယ်။

သူတို့ရဲ့ ယာဥ်ပျံကြီး ကမ်းခြေကို ပျက်ကျလာတာကို တွေ့ရမှာဖြစ်ပီး Makkari ဟာ သူ့ရဲ့ super speed နဲ့ Serisi ကို လက်မတင်လေး ကယ်လိုက်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

Phasto , Seris နဲ့ Thena တို့ကို အတူတူတွေ့ရမှာဖြစ်ပီး ပေါက်ကွဲတော့မဲ့ မီးတောင်ကြီးကို ကြည့်နေကြတာ တွေ့ရမှာပါ သူတို့ရဲ့ဘေးမှာတော့ ပျက်စီးနေတဲ့ သူတို့ယာဥ်ပျံအပိုင်းအစတွေကို တွေ့ရမှာပါ။

London မြို့ရဲ့ညရှုခင်းကို တွေရမှာဖြစ်ပီး Sprite ရဲ့ cosmic energy အစွမ်းနဲ့ Ikaris, Dane Whiteman, Sersi, တို့ကို invisible ဖြစ်သွာအောင် cloaking လုပ်ပေးလိုက်ပါတယ်.

Present Day မှာ Eternals တွေက Thena ကို လာခေါ်ကြတာကို တွေ့ရပီး Thena နဲ့ Gilgamesh တို့ ရဲ့ fight scene အနည်းငယ်ကို တွေ့ရမှာပါ

Sprite တစ်ယောက် အပျက်အစီးတွေကြားထဲ တစ်ခုခုကို ဝမ်းနည်းနေတဲ့ပုံပါပဲ. ဒါဟာ ခုနက ပြောတဲ့ valcano ပေါက်ကွဲတဲ့နေရာနဲ့ အတူတူပဲလိုထင်မိတယ်။

Makkari တစ်ယောက် ပင်ကယ်ကမ်းစပ်တစ်ခုမှာ သူတို့ cosmic energy ပုံစံ Map လိုမျိုးအရာကိုကိုင်ထားပီး တစ်ခုခုကို အံသြနေတဲ့ပုံစံပါပဲ။ နောက်မှာလည်း ship ပုံစံ အရာသုံးခုလည်းရှိနေပါတယ်။

Sersi ရဲ့ တစ်ခုခုကို ထိတ်လန့်နေတဲ့ပုံစံကိုတွေ့ရပါတယ်။ Deviants တွေတော့လည်း ဖြစ်နိုင်ပေမဲ့ ဒီထက်ကြီးမားတဲ့ thread တစ်ခုတော့ ပါဝင်ဦးမှာပါ။

မီးတောက်တွေရဲ့ ကြားထဲ Thena တစ်ယောက် သူ့ရဲ့လက်နက်ကို ထုတ်ပီး တိုက်ခိုက် ဖို့ အလှဆုံး ခုန်ကူးသွားတာပဲဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးခဲ့ကြလို့ ကျေးဇူးပါ။ နောက်ထပ် ပိုကောင်းတဲ့ Content တွေနဲ့ ပြန်လာခဲ့ပါ့မယ်။

#Normage #ZEUS 

Categories
Breakdown Explain Marvel MCU

Eternals ရဲ့ Frame by frame Teaser Breakdown

မနေ့ညက #Eternals movie ရဲ့ Team ဆိုတဲ့ promo teaser လေး ၁ ခုထွက်ရှိခဲ့ပါတယ်။ ထို video clip ထဲမှာ #Eternals တွေရဲ့ power တွေနဲ့ Battle တွေကို သေချာမြင်ခဲ့ရပါတယ်။

ဆိုတော့ အဲ့ဒီ့ Video clip ထဲမှာပါလာတဲ့ သိရတဲ့အချက်တွေကို ကျွန်တော်နဲ့အတူ frame by frame breakdown ဖတ်ရင်း ကြည့်လိုက်ကြရအောင်လား ခင်ဗျာ…

ပထမ Eternals Trailer Breakdown

စစခြင်း Bollywood star ဖြစ်တဲ့ Kingo ကိုမြင်ခဲ့ရပါတယ်။ ထို Scene မတိုင်မီရှေ့မှာလဲ Eternals ၅ ယောက်အတူလမ်းလျောက်နေကြတာဆိုတော့ အရင် Trailer breakdown တုန်းကပြောခဲ့သလိုပဲ ထို scene ဟာ Eternals movie persent timeline ရဲ့ သူတို့တွေ Deviants တွေရန်ကိုပြန်လည်ကာကွယ်ဖို့အတွက် နိုးထလာပြီး လူစစုနေတဲ့ အချိန်ဖြစ်ပါတယ်။ (နိုးထလာပါပြီ။)

နောက်မြင်ရတာကတော့ Phastos ကြမ်းနေတဲ့ပုံဖြစ်ပါတယ်။ Trailer တောက်လျောက် Phastos ကို သူတို့ Ship ပြန်ဖော်တာနဲ့ LGBT family ဘာညာကလွဲရင် သေသေချာချာမပြသေးပါဘူး။ အခုတော့ သူ့ရဲ့ Cosmic energy တွေကို ပုံဖော်ပြီးပစ်လိုက်တဲ့ scene ကိုမြင်ခဲ့ရပါတယ်။

Phastos ဟာ Comic ထဲမှာဆို 3rd generation eternal တစ်ယောက်ဖြစ်ပြီး Eternalတွေအတွက် စစ်လက်နက်တွေ တည်ဆောက်ပြုလုပ်ပေးသူဖြစ်ပါတယ်။

သူ့ရဲ့အဓိကလက်နက်က weaponsmith
ပါ။ သူကိုင်ဆောင်တဲ့လက်နက်တွေကဂေါ်လွန်းလို့ Greece ခေတ်တုန်းက Olympian god Hephaestus လို့တောင် အထင်လွဲခံခဲ့ရသူလဲ ဖြစ်ပါတယ်။

နောက်မြင်ရတာကတော့ ဘီးကျဲ Ma Dong-Seok ကိုပါ။ ဘီးကျဲက ဒီထဲမှာတော့ Gilgamesh အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပြီး သူလဲရှေ့ Trailer တွေတုန်းက အားရလောက်အောင်သိပ်မပါခဲ့ပါဘူး။

Gilgamesh ဆိုတာကတော့ Eternal တွေထဲမှာ strength အကြီးမားဆုံးဖြစ်ပါတယ်။ သူ့ရဲ့ခွန်အားဗလကြီးမားမှုကြောင့် Hercules နဲ့တောင် အမှတ်မှားခဲ့ကြရပါတယ်။

အခု Eternals movie မှာတော့ Gilgamesh ကို Comic ထဲကထက် MCU Version နဲ့မြင်ရဖို့ပိုများပါတယ်။

MCU version ဖြစ်ဖို့များပေမယ့် Gilgamesh Character ဟာ Ma Dong-Seok ကြီးနဲ့တအားကိုလိုက်ဖက်နေလွန်းပါတယ်။

ထို Scene မှာဆို Deviants ကို One Punch ကျွေးသွားတာ အားရစရာကြီးပါ။

နောက်တော့ Makkari နဲ့ Thena ကိုမြင်ရပါတယ်။ Makkari ဝတ်စုံကိုကြည့်ရတာတော့ past timeline ကလို့ ယူဆရပါတယ်။ (မသေချာ)

MCU ရဲ့ Eternals movie ဟာ Run time ၂နာရီ ကျော်နဲ့လာမှာဖြစ်ပြီး Past နဲ့ Present ဆိုပြီး timeline ၂ ခုခွဲပြသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Makkari ဝတ်စုံ design ကာလာကိုကြည့်ပြီး ပြောတာဖြစ်ပါတယ်။

နောက်မြင်ရတာကတော့ Makkari ၁ ယောက် သာလွန် speed နဲ့ ပြေးနေတာပါပဲ။ ထို Scene ကတော့ Present timeline ဖြစ်ပါတယ်။ ဘာလို့ဆို သူမက suit အပေါ်မှာမှ Jacket ထပ်ဝတ်ထားတာမို့ပါ။

Comic ထဲမှာတော့ Makkari ဟာ Male character ဖြစ်ပြီး Superhuman speed ပိုင်ဆိုင်ထားတဲ့ Speedster တစ်ယောက်ဖြစ်ပါတယ်။ The fastest eternal alive ဖြစ်ပါတယ်။

Present timeline ဆိုတာကို Detail ထပ်ကြည့်ရမယ်ဆိုရင် သူမစီးထားတဲ့ ဖိနပ်က All star shoes ပုံစံဖြစ်ပါတယ်။

နောက်မြင်ရတာကတော့ ဝံပုလွေပုံစံ Deviants တွေနဲ့ တခြားပုံစံသေချာမပေါ်တဲ့ Deviants တွေ ရေခဲပြင်ကြီးအောက်မှာ ပြေးဝင်လာတဲ့ Scene ကို sec ပိုင်းလေး ပြသွားပါတယ်။

Comic ထဲမှာဆိုရင် Deviants တွေနေတဲ့ pacific ocean အောက်က lemuria kingdom ဆိုတဲ့ နေရာ ၁ ခုရှိပါတယ်။ ထို Scene နေရာပုံစံနဲ့ကျ တူတယ်လို့ဆိုရပေမယ့် တပ်အပ်တော့မပြောနိုင်ပါဘူး။

ဒါက Deviants တွေကို Eternals တွေနှစ်ပေါင်းများစွာပိတ်ထားတဲ့နေရာလား ဒါမှမဟုတ် Battle အတွင်းမှာမှ ရောက်သွားတဲ့ နေရာလားဆိုတာတွေကတော့ စဥ်းစားစရာပါပဲ။

နောက်မြင်ရတာကတော့ မီးတောင်ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ Thena, Seris နဲ့ Phastos တို့ကာကွယ်နေတာကိုတွေ့ရပါတယ်။

Comic ထဲမှာတော့ Sersi ဟာ 4th generation Eternal တစ်ယောက်ဖြစ်ပြီး Thanosနဲ့ cousin တွေလဲ ဖြစ်ပါတယ်။ Matter Transmutation ဆိုတဲ့ abality ကြောင့် သက်ရှိသက်မဲ့အရာဝတ္တုအားလုံးရဲ့ molecule form တွေကို ထိန်းချုပ်ပြောင်းလဲနိုင်ပြီး သူလုပ်ချင်သလိုလုပ် ပြောင်းလဲပြစ်လိုက်နိုင်ပါတယ်။ သူမကိုစုန်းမတစ်ယောက်လို့တောင် ထင်မှတ်ကြရပါတယ်။

အဲ့မှာ Sersi ရဲ့နောက်ထပ် ၁ ကွက်ကိုထပ်မြင်ခဲ့ရပါတယ်။ ဒါကတော့ ချော်ရည်ခဲတုန်းကြီး သူ့စီပစ်ဝင်လာတာကို လက်နဲ့တားပြီး ငှက်ခလေးတွေအဖြစ်ပြောင်းလိုက်တာပါ။ ဒီ scene ကိုမြင်တော့ Infinity war မှာ Thanos ပြစ်လိုက်တဲ့ beam ကို Doctor Strange ၁ ယောက် လိပ်ပြာလေးတွေဖြစ်အောင်ပြောင်းလိုက်တဲ့ scene ကို သတိရစေပါတယ်။

နောက်ဆုံးမြင်ရတာကတော့ Phastos ရဲ့ခလေးကိုထိန်းနေတဲ့ မမ Angelina Jolie (Thena) ရဲ့ ညှင်သာတဲ့ baby sitter moments လေးနဲ့အဆုံးသတ်ထားပါတယ်။

Phastos: “မင်းရဲ့ ခလေးထိန်းရမယ့် အထူးအခွင့်အရေးကို ပြန်ရုတ်သိမ်းပါပြီ။” 😆

အဆုံးထိဖတ်ပေးခဲ့လို့ကျေးဇူးပါ။ နောက်ထပ် Content အသစ်တွေနဲ့ပြန်လာခဲ့ပါ့မယ်။
Thanks for reading Guys!

#ZEUS

(zeusmyanmar.com မှ Content များကို ပြင်ပ Social media platform များသို့ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ။)

Categories
Breakdown Explain Marvel MCU

What If? Episode 4 (Breakdown)

#Weasel #ZEUS

မနေ့ကနေ့လည်ကပဲ What If Episode 4 ထွက်ရှိလာခဲ့ပါတယ် ။ ဒီအပိုင်းကတော့ ရေရေလည်လည်ကို မိုက်တဲ့ episode တစ်ခုလည်းဖြစ်သလို Dr.Strange 2 အတွက်လည်း အနည်းငယ် tease သွားပါသေးတယ်။

ဒီတော့ ဒီ အပိုင်းထဲမှာပါတဲ့ စိတ်ဝင်စားစရာအချက်အလက်တွေနဲ့
easter eggs လေးတွေကို breakdown လုပ်ပေးသွားပါမယ်။

🛑 Spoiler Alert 🛑

တကယ်လို့ Episode 4 ကို မကြည့်ရသေးဘူးဆိုရင် အောက်က link ထဲ ဝင်မဖတ်ပါနဲ့ဦး ။ Spoiler တွေများစွာ ပါဝင်တဲ့အတွက်ကြောင့် အရင်သွားကြည့်ပြီးမှ ပြန်လာဖတ်ဖို့ အကြံပြုချင်ပါတယ် ။ ကြည့်ပြီးပြီဆိုရင်တော့ link ကို နှိပ်ပြီး ဝင်ဖတ်နိုင်ပါပြီ ။

ပိုပြီး Romantic ဆန်လာတဲ့ Strange

Episode ရဲ့ အစပိုင်းမှာတော့ Dr.strange ဟာ သူ့ချစ်သူ Dr.Palmer ကို ကားနဲ့ လာခေါ်တာကနေ အစပြုထားပါတယ် ။
ဒီအခန်းမှာ ထူးဆန်းနေတဲ့အချက်ကတော့ Strange က 2016 movie ထဲကလိုမဟုတ်ဘဲ တအားကြင်နာတတ်လာပြီး romantic ဆန်တဲ့ လူတစ်ယောက်အဖြစ် မြင်တွေ့ရတာပါပဲ ။
2016 movie တုန်းက Strange ကတော့ Romantic ဆိုတာလည်း ဘာမှန်းသိပုံမရတဲ့ အပြင် သူ့တတ်ထားတဲ့ ပညာတွေ knowledge တွေ နဲ့မာနကြီးနေတဲ့ သူတစ်ယောက်ပါ ။ ဒါ
ကြောင့်ပဲ Dr.Palmer ကတောင် သူ့ဆီက စိတ်ဆိုးပြီး ထွက်သွားခဲ့ပါသေးတယ် ။ ဒီ what if? မှာတော့ movie ကနဲ့ မတူဘဲ Strange ကို မတူညီတဲ့ version အဖြစ် မြင်ရမှာ ဖြစ်ပါတယ် ။ ဒီလို Strange ရဲ့ ပုံစံက Romantic ဆန်နေတာကြောင့်ပဲ Dr.Palmer က Strange နဲ့အတူ event တက်ဖို့ လက်ခံခဲ့တာပါ ။ တကယ်တမ်း movie ထဲမှာတော့ Strange က သူနဲ့အတူ event တက်ဖို့ Dr.Palmer ကို ခေါ်တဲ့အခါမှာ ငြင်းခံခဲ့ရပါတယ်။

Sorcerer Supreme ဖြစ်လာခြင်း

ဒါကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး ။ Movie ထဲက scene တွေကို revisit တဲ့အနေနဲ့ ပြန်ပြလိုက်တာပါပဲ ။
Strange တစ်ယောက် စိတ်ညစ်ညစ်နဲ့ လျှောက်သွားရင်း
Kamar-Taj ရောက်တယ်… ဒီနောက် Ancient One နဲ့ တွေ့ပြီး Mystic Arts တွေကို လေ့ကျင့်တယ်.. Eye of Agamotto ကို သုံးဖို့ ကြိုးစားတယ်.. နောက်ဆုံး Dormammu ကို အနိုင်ရပြီး Sorcerer Supreme ဖြစ်လာတယ် ။ ဒါပါပဲ ။

မတူတဲ့အချက်တွေကတော့ ဒီ What if? မှာ သူ့လက်တွေ သုံးမရတော့လို့ kamar-taj ရောက်လာတာမဟုတ်ဘဲ သူ့ချစ်သူ
ဆုံးသွားလို့ လွမ်းဖျားလွမ်းနာကျပြီး ရောက်လာတာဖြစ်ပါတယ် ။
နောက်ပြီး ဒီ what if? universe က Kamar-Taj မှာ Karl Mordo ကိုလည်း မတွေ့ရပါဘူး။

ရှောင်လွှဲမရနိုင်သော ကံကြမ္မာ

Sorcerer Supreme ဖြစ်လာပေမယ့်လည်း Strange ကတော့ သူ့အတိတ်ကို မမေ့ပျောက်နိုင်သေးပါဘူး ။ ဒါကြောင့်
time stone ကို သုံးပြီး သူ့ချစ်သူကို သွားပြန်ကယ်ပါတယ် ။
ပြန်ကယ်တိုင်းလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ ပြန်သေတာပါပဲ ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား Strange ရဲ့ ကြိုးစားမှုတွေက အရာမထင်ပါဘူး ။

ဒါက ဘာကို သွားသတိရစေလဲဆိုတော့ တစ်ချိန်က ရေပန်းစားခဲ့တဲ့ Final Destination ဇာတ်ကားတွေကိုတောင် သွားမြင်ယောင်မိပါတယ် ။ အဲ့ကားတွေမှာဆိုရင်လည်း main character က လူတွေရဲ့ သေခြင်းကို ကြိုမြင်နိုင်တဲ့အတွက် တားဆီးဖို့ ကြိုးစားပေမယ့်လည်း လူတွေကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ သေကုန်ကြတာပါပဲ ။ ဘာမှ မလုပ်ဘဲနဲ့တောင် auto သေတာပါ ။ အဓိက ပြောချင်တဲ့ ဆိုလိုရင်းကတော့ သေကံ ပါလာရင် သေမှာပါပဲ ။ ဘယ်လောက်ပဲ စွမ်းအားကြီးတဲ့ လူဖြစ်ပါစေ သေခြင်းတရားကိုတော့ ရှောင်လွှဲလို့မရနိုင်ပါဘူး။

Absolute Point of Time

The Ancient One က Strange ကို ပြောခဲ့တဲ့ Absolute Point of Time ဆိုတာကတော့ အရှင်းဆုံး ပြောရရင် What if? ကို ပြောတာပါပဲ ။ Butterfly Effect ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ် ။ ဘာမဟုတ်တဲ့ ဖြစ်ရပ်သေးသေးလေးတစ်ခုကနေ အရမ်းကြီးမားတဲ့ event ကြီးတွေအထိပါ ဖြစ်သွားနိုင်တဲ့ science theory တစ်ခုဖြစ်ပါတယ် ။

ဒီမှာဆိုရင်လည်း ဒီလိုပါပဲ ။ တကယ်လို့သာ Dr.Palmer သာ မသေခဲ့ရင် သို့မဟုတ် movie ထဲကလို Strange ရဲ့ လက်တွေကိုသာ မဆုံးရှုံးသွားခဲ့ရင် Strange က ဘယ်တော့မှ Sorcerer Supreme တစ်ယောက်ဖြစ်လာမှာမဟုတ်သလို
Time stone ကိုင်ဆောင်သူလည်း ဖြစ်လာမှာ မဟုတ်တော့ပါဘူး ။ သာမန် ဆရာဝန်တစ်ယောက်အနေနဲ့သာ ရှိနေမှာ ဖြစ်ပါတယ် ။ ဒီလိုပဲ Infinity War တုန်းက Thanos သာ snap မလုပ်ခဲ့ရင်လည်း loki လည်း tva ကို ဘယ်တော့ကမှ ရောက်သွားမှာမဟုတ်သလို Wandavision တို့ Falcon and the Winter Soldier တို့ No Way Home တို့လည်း ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး ။ ဒီတော့ Thanos Snap ကလည်း ဖြစ်ကို ဖြစ်လာရမယ့် Absolute Point of Time တစ်ခု ဖြစ်ပါတယ် ။ ဒီ point of time တွေကို ဘယ်လောက်ပဲ စွမ်းအားကြီးတဲ့သူဖြစ်ပါစေ ပြန်ပြင်လို့မရနိုင်ပါဘူး ။ ပြန်ပြင်လိုက်တာနဲ့ timeline တွေ အများကြီး ကွဲထွက်ကုန်ပြီး multiversal war ကြီးဖြစ်ကာ universe ကြီးတစ်ခုလုံး
ပျက်စီးကုန်မှာပါ။

O-Bengh

Strange တစ်ယောက် Ancient one ပြောတာတွေကို
နားမထောင်ဘဲ Absolute Point of Time ကို ချိူးဖျက်ဖို့အတွက် Cagliostro ရဲ့ စာအုပ်ကို သွားရှာတဲ့အခါမှာ
စာကြည့်တိုက်စောင့်ဖြစ်တဲ့ O-Bengh ဆိုသူနဲ့ ဆုံတွေ့ခဲ့ပါတယ် ။

တကယ်တော့ O-Bengh က မှော်ဆရာ Cagliostro ကိုယ်တိုင်ပါပဲ ။ comic ထဲအရဆို Cagliostro ရဲ့ မှော်ဆရာဖြစ်မလာခင် နာမည်အရင်းက O-Bengh ဖြစ်ပါတယ်။

Book of Cagliostro

Library ထဲမှာ Cagliostro ရဲ့ စာအုပ်ကို Strange ရှာတွေ့တဲ့အခါမှာတော့ Movie ထဲက Kaecilius ခိုးသွားတဲ့ Cagliostro စာအုပ်နဲ့ cover ချင်းအတူတူဖြစ်နေတာကိုလည်း မြင်တွေ့ရပါတယ် ။ animation မှာတောင် Marvel ရဲ့ အသေးစိတ်က အစ detail ကျနိုင်မှုကိုတော့ သဘောကျမိပါတယ် ။

နောက်တစ်ချက်အနေနဲ့ စာအုပ်ကို လှန်လိုက်တဲ့အချိန်မှာ movie ထဲက Kaecilius ခိုးသွားတဲ့ စာရွက်တွေထဲက တစ်ရွက်ကို မြင်တွေ့ရပါတယ် ။ အဲ့ဒါကတော့ Dark dimension ကနေ energy ကို စုပ်ယူနိုင်တဲ့ ritual ကို ရေးထားတာဖြစ်ပါတယ် ။
ဒါကို ကြည့်ခြင်းအားဖြင့် ဒီ universe မှာ Kaecilius က Cagliostro စာအုပ်ကို ဘယ်တုန်းကမှ မခိုးသွားခဲ့ကြောင်းကို
ပြနေပါတယ် ။ ဒါမှမဟုတ် Kaecilius က ဘယ်တုန်းကမှ မှော်ပညာကို မလေ့ကျင့်ခဲ့ဘဲ ဒီ universe မှာ သာမန်လူအဖြစ်သာ နေနေခဲ့တာလည်း ဖြစ်နိုင်ပါသေးတယ်။

Shuma-Gorath?

Absolute Point of Time ကို ဖျက်ဖို့အတွက် mystic beings တွေကို ဆင့်ခေါ်ရာမှာတော့ Episode 1 တုန်းကမြင်ခဲ့ရတဲ့ monster ကြီးကို ပြန်လည်မြင်တွေ့ရပါတယ် ။ ဒါကတော့ comic books တွေထဲက Dr.strange ရဲ့ ရန်သူကြီး Shuma-Gorath ဖြစ်လောက်မယ်လို့ ထင်မိပါတယ် ။

ဒီကောင်ကြီးကလည်း DS2 မှာ ပါမယ်လို့ သတင်းတွေထွက်နေတော့ What if? ထဲမှာထဲက ကြို tease ထားတာဖြစ်နိုင်ပါတယ် ။ နောက်ပြီး ဒီအပိုင်းမှာ Strange က monster ကြီးရဲ့ လက်တံတွေကို ဖြတ်လိုက်ပြီး သူ့စွမ်းအင်တစ်ချိူ့ကို သူ့ကိုယ်ထဲ စုပ်ယူလိုက်တာကြောင့် episode 1 တုန်းက monster ကြီး weak သွားတာက Strange ကြောင့် ဖြစ်နိုင်ပါလိမ့်မယ်။

Karl Mordo ၏ ရည်ရွယ်ချက် ?

Mystic Beings တွေဆီက Magic Power တွေကို Strange စုပ်ယူနေတာဟာ Dr.strange solo movie credit scene ထဲက Karl Mordo ကိုတောင် အမှတ်ရမိစေပါတယ် ။

movie ထဲက Karl Mordo ဟာဆိုရင်လည်း kamar-taj ကို လာခဲ့ဖူးတဲ့ သူတွေဆီက magic energy တွေကို ပြန်စုပ်ယူနေတာကို မြင်ခဲ့ရတဲ့အတွက်ကြောင့် ဒီ episode က Strange Supreme ဟာ Karl Mordo ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းကို tease ထားတာလည်းဖြစ်ပါတယ် ။ တခြားသူတွေဆီက energy တွေကို စုပ်ယူပြီး evil ဖြစ်လာမယ့် Mordo ဟာ DS2 မှာလည်း ပြန်ပါဝင်သွားဖို့ confirm ထားပါတယ် ။

Two Dr.Strange

Strange ဟာ past ကို သွားပြီး Dr.Palmer ကို ကယ်ဖို့ အကြိမ်ကြိမ် ကြိုးစားတဲ့အပြင် Ancient One တားနေတဲ့ကြားက Absolute Point of Time ကို ချိူးဖောက်ဖို့ ကြိုးစားပါတယ် ။ ဒီတိုင်းသာ ဆက်သွားမယ်ဆို Strange ကို ဘယ်သူမှ
မတားနိုင်တော့ဘဲ universe ကြီးတစ်ခုလုံးကို ပျက်စီးစေမယ့်
chaos တွေ ဖြစ်ကုန်တော့မှာပါ ။ ဒါကြောင့် Ancient One ဟာ Strange ကို Strange ပဲ ပြန်တားနိုင်မယ်လို့ ယူဆပြီး
universe တစ်ခုထဲမှာပဲ အတိတ်နဲ့ ပစ္စုပ္ပန် timeline နှစ်ခု ခွဲပစ်လိုက်ပါတယ် ။ ပုံမှန်ဆို ဒီလိုကွဲထွက်မှုအတွက် TVA က
လာဖမ်းရမှာပါ ။ ဒါပေမယ့် ဘာမှ ဖြစ်မလာတဲ့အတွက် ဒီ series က loki series နောက်ပိုင်းလို့ ယူဆလို့ရပါတယ် ။
ဒါကိုတော့ အားလုံးလည်း သိပြီးလောက်မှာပါ ။

ထို့နောက်တော့ Present က Strange ကို Ancient One က Projection လွှတ်ပြီး လာသတိပေးပါတယ် ။ တစ်ဖက်မှာလည်း O-Bengh ပြောလို့ Strange Supreme ကလည်း
Present က Strange ကို တည်ရှိမှုကို သိသွားပြီး လာရှာပါတယ် ။

Another Same Characters Battle

ဒါကတော့ အခု နောက်ပိုင်း phase တွေမှာ MCU အသုံးများလာတဲ့ ဇာတ်ကွက် တစ်ခုဖြစ်ပါတယ် ။ တူညီတဲ့ ဇာတ်ကောင်
တစ်ကောင်နဲ့ သူ့ရဲ့ counterpart တို့ fight ကြတဲ့ scene တွေပေါ့ ။ ဒီ Episode မှာလည်း ဒီလိုပါပဲ Dr.Strange နှစ်ကောင် ဖိုက်ကြပါတယ် ။ Fight scenes တွေကတော့ တော်တော်ကြီးကို အားရဖို့ ကောင်းပါတယ် ။ ရှယ်ပါပဲ ။

MCU saga တစ်လျှောက် Same Characters Battle တွေ ကျွန်တော် မြင်မိသလောက်ကတော့
Captain America vs Captain America (Endgame)
Nebula vs Nebula (Endgame)
Vision vs White Vision (Wandavision)
Loki vs Other Loki variants (Loki) နဲ့
Dr Strange vs Strange Supreme (What if…?)
တို့ပဲဖြစ်ပါတယ် ။

Strange Chaos Magic များ သုံးလိုက်သလား ?

ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ Strange နှစ်ယောက် တစ်သားတည်းဖြစ်သွားပြီး Dr.Palmer ကို အသက်ပြန်သွင်းတဲ့အခါမှာ Strange သုံးတဲ့ magic အရောင်က နီညိုရောင်
ဖြစ်နေပါတယ် ။ ဒါဟာ Scarlet Witch ရဲ့ magic အရောင် နဲ့ သွားဆင်နေပါတယ် ။ Strange တို့ များသောအားဖြင့်
အသုံးပြုလေ့ရှိတဲ့ လိမ္မော်ရောင် magic ဟာ Eldritch Magic ဖြစ်ပြီး Reality ကို စိတ်တိုင်းကျ မပြုပြင်နိုင်ပါဘူး ။

Reality ကို လိုသလို control နိုင်တဲ့ magic ဆိုလို့ Marvel မှာ magic အမျိူးအစား တစ်မျိူးပဲ ရှိပါတယ် ။
အဲ့ဒါကတော့ Chaos Magic ပါ ။ ဒါပေမယ့် Chaos Magic ဟာ Reality ကို bend လိုက်တိုင်း cosmic ထဲမှာ chaos force တွေကို ဖြစ်စေပြီး ပျက်စီးမှုတွေကို ယူဆောင်လာစေပါတယ် ။ ဒီတော့ Strange Supreme ဟာ chaos force တွေ အများကြီး ကို ထုတ်လွှင့်မိလိုက်တဲ့အတွက်ကြောင့်
universe ကြီးတစ်ခုလုံး ပျက်သွားရတာဖြစ်ပါတယ် ။

What if? မှာ Dr Strange ရဲ့ role အဆုံးသတ်သွားပြီလား ?

အဖြေကတော့ မဟုတ်ပါဘူး ။ trailer ထဲအရဆို Captain Carter က Strange Supreme ရှိနေတဲ့ Mirror Dimension ထဲ ရောက်လာတာကို တွေ့ရပါတယ် ။ ပြီးတော့ t’challa star lord တို့ captain carter တို့လည်း တိုက်ပွဲတစ်ခုမှာ ပေါင်း တိုက်နေတာတွေ့ရတာအတွက် What if? Final Episode မှာ အရင်အပိုင်းတွေက characters တွေအကုန်ပေါင်းပြီး Guardians of The Multiverse ဖြစ်လာနိုင်ပါတယ် ။

Strange Supreme ကလည်း အခုချိန်မှာ နောင်တတွေရပြီး
လူကောင်းစိတ်ဝင်နေပြီဆိုတော့ နောက်ပိုင်းတွေမှာတော့ hero တစ်ယောက်အဖြစ် ပြန်မြင်ရဖို့ များပါတယ် ။ အစထဲကလည်း evil ဖြစ်ခဲ့တာမဟုတ်ဘဲ အချစ်ကြောင့် စုံလုံးကန်းပြီး villain လိုလို ဖြစ်သွားခဲ့တာဆိုတော့ ပြန်လူကောင်းဖြစ်လာနိုင်ပါသေး တယ် ။ အခန့်မသင့်ရင်တော့ strange ကို သွားခေါ်တဲ့အခန်းမှာ
captain carter တရားချလိုက်လို့ redemption ဝင်ပြီး hero တွေနဲ့ လာပေါင်းတာလည်း ဖြစ်နိုင်မှာပါ ။ ဘာဖြစ်မလဲကတော့ အတိအကျ ပြောမရသေးပါဘူး။

အချိန်ပေးပြီး အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးပါ ။
နောက်ထပ် breakdown တွေ review တွေ comic facts တွေနဲ့ ပြန်လာခဲ့ပါမယ် ။
Thanks for Reading,Guys!

#Weasel #ZEUS