Categories
Marvel MCU News

Doja Cat , The Weeknd , Solange , Stormzy တို့ ပါဝင်လာတဲ့ Black Panther 2 soundtrack

Black Panther (2018) ရဲ့ soundtrack ကိုလည်း award-winning rapper တစ်ယောက်ဖြစ်တဲ့ Kendrick Lamar ကိုယ်တိုင် producer အဖြစ်ပါဝင်ခဲ့ပီး The Weenknd , Travis Scott , Khalid , SZA တို့ featured ပါဝင်ခဲ့ပါတယ်။

Kendrick Lamar ရဲ့ Black Panther soundtrack ထဲက ” All the Stars ” “Pray for me” “King’s Dead စတဲ့ သီချင်းတွေကလည်း Top Charts တွေမှာ ရက်ပေါင်းများ ထိပ်ဆုံးထိရောက်ဆီခဲ့ပီး အောင်မြင်မှုရရှိခဲ့ပါတယ်။

အခုလည်း 2022 November မှာ ရုံတင်ပြသမဲ့ Black Panther : Wakanda Forever ရဲ့ soundtrack မှာ သီဆိုဖို့ Top Rapper Artists တချို့ကို စုစည်းနေတယ်လို့ သိရပါတယ်။

Metro news ရဲ့ report တွေကအရ အရင် Album မှာ ပါဝင်ခဲ့တဲ့ The Weeknd လည်းပြန်လည်ပါဝင်ခဲ့ပီး Line up မှာတော့
The Weeknd
Doja Cat
Solange
Stormzy တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ Kendrick Lamar ကတော့ သူရဲ့ နောက်ထပ်album အသစ်ကြောင့် အခုထိ မပါဝင်လာသေးဘူးလို့သိရပါတယ်။

အစောပိုင်းသတင်းတွေအရ Canadian rapper တစ်ယောက်ဖြစ်တဲ့ Tory Lanez လည်းပါဝင်လာနိုင်ပီး အရင် Album မှာ singer 24 ယောက်အထိ team up လုပ်ခဲ့တာကြောင့် နောက်ထပ် rapper တွေကိုလည်း စုစည်းနေတယ်လို့သိရပါတယ်။

Black Panther: Wakanda Forever soundtrack ကိုတော့ ရုံတင်ပြသတဲ့ November 11, 2022 ကျမှသာ release လုပ်မှာပဲဖြစ်ပါတယ်။

#Normage #ZEUS

Categories
Comic fact Marvel MCU

The Multiverse Of Madness မှာ X-Men တွေနဲ့ချိတ်ဆက်ဖို့ရှိ မရှိ?

Doctor Strange: The Multiverse Of Madness trailer ထွက်ပြီးတဲ့နောက် Wanda ရဲ့ multiverse နဲ့ reality အပေါ်ဝင်ရောက်စွက်ဖက်မှုကြောင့်ဖြစ်လာမယ့်အကျိုးဆက်တွေကို Dr. Strange တစ်ယောက်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာလူအများစိတ်ဝင်စားနေကြတာအသိပါပဲ။

ပိုအရေးကြီးတာက Marvel movies တွေရဲ့ထုံး‌စံအတိုင်းတစ်ကားနဲ့တစ်ကားအချိတ်အဆက်မိမိလက်တွဲသွားမှာဖြစ်တဲ့အတွက် ဘယ်သူတွေနဲ့ဘယ်လိုချိတ်ဆက်သွားမလဲဆိုတာပါ။ အစပိုင်းကို No Way Home နဲ့ချိတ်ဆက်ထားပြီးနောက်အဆုံးပိုင်းနဲ့ credit scene တွေမှာကော ဘယ်သူတွေကိုမြင်ရပါ့မလဲ?

Cameo တွေအတွက်သတင်းကတော့အတော်လေးထွက်နေပြီး Loki, Professor X, Agatha တို့ကတော့အတော်လေးပါဝင်နိုင်ချေမြင့်တဲ့ character တွေပဲဖြစ်ပါတယ်။

ဒါ့အပြင် အသိသာဆုံးအချက်ကတော့ Fox ရဲ့ X-Men တွေနဲ့ချိတ်ဆက်ဖို့ဖြစ်ပြီး mutant နှစ်ယောက်ဖြစ်တဲ့ Quicksilver နဲ့ Wanda ကိုတော့ MCU မှာမိတ်ဆက်ခဲ့တာကြာခဲ့ပါပြီ။

ဒါနဲ့ပတ်သက်ပြီးဟိုးအရင်ကကျွန်တော်ပြန်လည်ဝေမျှဘူးတဲ့ theory တစ်ခုကိုပြန်ပြီးသတိရလာတဲ့အတွက်ထပ်ပြီးဖော်ပြလိုက်ရပါတယ်။

X-Men တွေကိုချိတ်ဆက်သွားမယ်ဆိုရင် Wanda နဲ့ပတ်သက်ပြီးဆက်စပ်သွားရမှာဖြစ်တဲ့အတွက် Multiverse Of Madness ဟာ X-Men တွေကို MCU ထဲထည့်သွင်းဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲ။

MCU ဟာ detail အသေးစားတွေမှာကအစ Pixar လိုအမြဲဂရုတစိုက်ထားတတ်တဲ့အတွက် fan တွေရဲ့မျက်စိဒေါက်ထောက်ရှာဖွေမှုတွေကြား Wolverine နဲ့ Wanda ရဲ့ဆက်သွယ်မှုတစ်ခုကိုတွေ့ခဲ့ပါတယ်။

House Of M event မှာ Wanda ရဲ့ No more mutants ဆိုတဲ့စကားတစ်ခွန်းကြောင့် reality တစ်ခုလုံးဇောက်ထိုးဖြစ်ခဲ့ကာ mutant တွေအကုန်ဒုက္ခရောက်ခဲ့ရတာသိကြမယ်ထင်ပါတယ်။

Multiverse Of Madness မှာလည်း Wanda ဟာသူ့ရဲ့သားနှစ်ယောက်ကိုအာရုံခံမိရာက multiverse ကိုပြောင်းပြန်လှန်တဲ့အခါ House Of M ထဲကလို Professor X ကများလာတားမလား?

ဒါ့အပြင် House of M event မှာ Wanda reality warp တာကြောင့် Logan တစ်ယောက်မှတ်ဉာဏ်ပြန်ရလာပြီးသူ့ရဲ့နာမည်အရင်းကိုမှတ်မိခဲ့တာပါ။

Live-action Logan ဟာလည်းအတိတ်မေ့နေသူဖြစ်ပေမယ့် Days Of The Future Past ထဲမှာဆိုရင် time travel လုပ်ပြီးပြီးချင်း 1973 မှာကောင်မလေးတစ်ယောက်ဘေးနိုးလာတာမှတ်မိကြဦးမှာပါ။

အဲ့ကောင်မလေးကသူ့ကို Logan လို့မခေါ်ဘဲနာမည်အရင်းဖြစ်တဲ့ James Howlett ကိုအဖျားဆွတ်ကာ Jimmy လို့ခေါ်ခဲ့တာပါ။ ဒါဆို Logan ကအဲ့ကောင်မလေးကိုသူ့နာမည်ပြောပြခဲ့တာဖြစ်ပြီး နာမည်အရင်းကိုမှတ်မိနေပြီဖြစ်ကာ ဒါဟာ Wanda နဲ့ Logan တွေ့ဆုံပြီးခဲ့တာဖြစ်ကြောင်း 2020 June လတုန်းက reddit မှာအတော်လေးရေပန်းစားခဲ့ပါတယ်။

အခုဆိုရင်တော့အချက်အလက်တွေအကုန်ပေါင်းကြည့်လိုက်ရင် Multiverse Of Madness မှာ X-Men တွေကိုမြင်ရဖို့အတော်လေး chance များနေတာပဲဖြစ်ပါတယ်။

#Takezō #ZEUS

Categories
Breakdown Marvel MCU

Doctor Strange In The Multiverse of Madness Teaser Trailer Breakdown

No Way Home လိုပဲ Rumors တွေ Fan Theory တွေ အများကြီးနဲ့ hype ရမယ့် Doctor Strange In The Multiverse of Madness ရဲ့ Official Teaser ထွက်ရှိလာခဲ့ပါတယ် ။ ဒီအတွက်ကြောင့် အသစ်ထွက်လာတဲ့ Teaser နဲ့ ပတ်သက်ပြီး easter eggs လေးတွေ reference တွေကို breakdown အဖြစ် တင်ဆက်ပေးချင်ပါတယ်။

Spoiler Alert ♦️

တကယ်လို No Way Home မကြည့်ရသေးဘူးဆို ဒီ breakdown ကို မဖတ်စေချင်ပါဘူး ။ Spoilers တွေ များစွာ ပါဝင်နေတဲ့အတွက်ကြောင့်ပါ ။

#Weasel #ZEUS

Don’t Cast That Spell

Trailer စစချင်းမှာပဲ background speech အနေနဲ့ No Way Home First Teaser ထဲက dialogue တွေကို ပြန်ကြားရပါတယ် ။ Peter ရဲ့ identity ကို ဖုံးဖိုအတွက် Dr.Strange က spell တစ်ခု cast ဖို လုပ်နေတာကို Wong က အဲ့ spell ဟာ တအားအန္တရာယ်များတာကြောင့် မလုပ်ဖို တားနေတဲ့ dialogue နဲ့ Doctor က Multiverse အကြောင်း Peter ကို ပြောပြနေတဲ့ dialogue တွေကို နောက်ခံအသံအနေနဲ့ ဒီ trailer မှာ အသုံးပြုထားပါတယ်။ ဒါပေမယ့် ထူးဆန်းတဲ့ အချက်က Wong နဲ့ Strange ကြားက spell မ cast ဖို ပြောနေတဲ့ dialogue ဟာ တကယ့် No Way Home ရုပ်ရှင်ထဲမှာ မပါဝင်လာခဲ့ပါဘူး ။ deleted scene တစ်ခုဖြစ်ဖိုများပါတယ်။

ဘာကြောင့် ဒီ dialogue ကို ပြန်ထည့်ထားရသလဲဆိုတာ ကတော့ Strange ရဲ့ spell မှားယွင်းသွားမှုကလည်း Multiverse madness ဖြစ်မှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေလိုပါ ။ No Way Home အဆုံးသတ်မှာ Multiverse က villain တွေ ရောက်လာမှာကို တားဆီးနိုင်ခဲ့ပေမယ့် Loki နဲ့ Wandavision ဖြစ်ရပ်တိုကြောင့် Multiverse အတွင်း တစ်ခုခု မှားယွင်းသွားပုံပါပဲ ။ No Way Home အဖြစ်အပျက်အပြီး တစ်ကမ္ဘာလုံးက Peter နဲ့ ပတ်သက်ခဲ့သမျှ အကြောင်း အရာတွေအားလုံးမေ့ပျောက်သွားတာကြောင့် Strange ကိုယ်တိုင်လည်း Multiverse ကို ဖွင့်ခဲ့မိတဲ့ Spell ကို cast ခဲ့မိကြောင်း မေ့သွားပါတယ်။

ကွဲအက်နေတဲ့ နာရီ

Strange ဟာ ပထမ movie မှာ Christine အပေါ် အတော်လေး ခက်ထန်ခဲ့ပေမယ့် စိတ်ထဲမှာတော့ သူ့ကို တန်ဖိုးထားပါတယ် ။ What If? Episode 4 မှာဆို Christine ကို Strange ဘယ်လောက်ချစ်ကြောင်း တွေ့မြင်နိုင်မှာပါ။ ဒီနာရီလေးဟာ Christine က Strange ကို လက်ဆောင်ပေးခဲ့တဲ့ နာရီလေးဖြစ်ပြီး နာရီအနောက်မှာ “Time will tell how much I love you” လို ရေးထိုးထားပါတယ်။

2016 movie အရ Strange ဟာ သူ့ဆီမှာ ဘာငွေကြေးဥစ္စာမှ မရှိတော့ဘဲ မွဲသွားတာတောင် ဒီနာရီလေးကို သူအမြဲတမ်း ဝတ်ထားတာကို တွေ့ရပါတယ်။ Kamar Taj ကို သူလိုက်ရှာနေတုန်းလူမိုက်တွေ သူ့နာရီကို လုဖို ကြိုးစားရာမှာလည်း ဒီနာရီအတွက် သူ့အသက်ပါ ရင်းပြီး ကာကွယ်ခဲ့တာကိုလည်း မြင်ခဲ့ရမှာပါ။ Sorcerer Supreme ဖြစ်လာတဲ့အချိန်ထိကို ဒီနာရီကို မချွတ်ခဲ့တဲ့ Strange ဟာ ဒီ trailer မှာတော့ နာရီကို ချွတ်ထားပါတယ် ။ ဘာလိုလဲတော့ သေချာမသိပါဘူး။

Trailer ရဲ့ နောက်တစ် scene မှာ Christine ရဲ့ wedding ကိုလည်း မြင်ရတော့ Strange တစ်ယောက် Christine ကိုမေ့ပြီး ရှေ့ဆက်သင့်ပြီလို တွေးနေတာလည်း ဖြစ်နိုင်ပါတယ် ။ နာရီက အက်ကွဲကြောင်းတွေကတော့ သူ car accident ဖြစ်တုန်းက ကွဲထားတာတွေပါ ။ ဒီလို အက်ကွဲနေတဲ့ နာရီရဲ့ မှန်မှာ Strange ရဲ့ reflection ကို မြင်ရတာဟာ အချိန်စီးကြောင်းတွေ အက်ကွဲလာတာကို ရည်ညွန်းပါတယ်။

Infinity Stone 6 ခုရှိတဲ့ အနက် Strange ဟာ Time Stone ရဲ့ စောင့်ရှောက်သူဖြစ်ခဲ့ပြီး ပထမ movie မှာလည်း အချိန်နဲ့ ဆိုင်တဲ့ concept တွေကို ပြသွားခဲ့ပါတယ်။ အခုတော့ Strange မှာ time stone လည်းမရှိတော့ပါဘူး ။ အက်ကွဲနေတဲ့ နာရီကတော့ Multiverse အတွင်းရှိ မတူညီတဲ့ timeline တွေ ရောယှက်ပျက်စီးလာတာကို ပြောချင်တာ ဖြစ်နိုင်ပါတယ်။

ပျက်စီးစပြုလာတဲ့ Reality

Trailer ထဲက စကားသံတွေကို သေချာအာရုံစိုက်နားထောင်
ကြည့်ရင် အသံတွေထပ်နေတာကို သတိထားမိမှာပါ ။ ဒါကတော့ Multiverse ထဲက variant တွေရှိကြောင်းကို ပြချင်တာ ဖြစ်ပါတယ်။

Trailer ရဲ့ scene တစ်ခုမှာ Strange တစ်ယောက် တစ်နေရာကနေ ထွက်လာတာကို တွေ့ရပြီး သူ့ပတ်ပတ်လည်က Reality ကြီးကလည်း Dark Forces တွေနဲ့ ပျက်စီးယိုယွင်း နေပါတယ် ။ ဒီ scene ကို ကြည့်ရတာ What If? Episode 4 ကိုတောင် သွားသတိရစေမိပါတယ် ။ ဖြစ်နိုင်တာကတော့ What If? ထဲကလို တစ်စုံတစ်ယောက်က ပြောင်းလဲမရနိုင်တဲ့ Absolute Point of Time ကို ပြင်ဆင်မိလိုက်ပုံပါပဲ ။ ဒီနေရာမှာ သတိထားစရာတစ်ခုက Strange ရောက်နေတဲ့ Reality က MCU ရဲ့ mainstream reality မဟုတ်ပါဘူး ။ တခြားပျက်စီးသွားတဲ့ Reality တစ်ခုကို ရောက်သွားတာလည်း ဖြစ်နိုင်သလို Multiverse ကြီးရဲ့ အန္တရာယ်နဲ့ ပတ်
သက်ပြီး အနာဂတ်ကို ကြိုမြင်မိတာလည်း ဖြစ်နိုင်ပါတယ် ။

အဲ့ scene ရဲ့ နောက်ခံအသံအနေနဲ့ Mordo ရဲ့ အသံကို ကြားရပြီး ‘ reality ကို ပျက်စီးစေမှုတွေအတွက် မင်းကတော့ ဘာအပြစ်မှ ပေးခံရမှာမဟုတ်ဘူး ‘ လို ပြောလိုက်ပါတယ် ။ ဒါဟာ Strange နဲ့ ပတ်သက်ပြီး Mordo ပြောနေတာလည်း ဖြစ်နိုင်သလို တခြားတစ်ယောက်အကြောင်းကို ပြောနေတာလည်း ဖြစ်နိုင်ပါတယ် ။

It was the only way

ဒီနောက် Strange ရဲ့ အသံကို ထပ်ကြားလိုက်ရပြီး သူ ဒီအရာတွေကို ဖြစ်လာဖို မရည်ရွယ်ခဲ့ကြောင်းနှင့် သူ့မှာ ရွေးချယ်စရာမရှိခဲ့ကြောင်း ပြောနေပါတယ် ။ ဒါဟာ ကျွန်တော်တို သိထားတဲ့ Strange ဟုတ်ချင်မှ ဟုတ်မှာပါ ။ Rumors တွေအရ ဒီဇာတ်ကားမှာ Strange နဲ့ တခြား ဇာတ်ကောင်တွေရဲ့ variant တွေ အများကြီး ပါဝင်မှာဖြစ်ပြီး Multiverse concept ကိုလည်း သေချာပြသသွားမှာဖြစ်ပါတယ် ။ ဒီတော့ အခုလို ပြောနေတာဟာ Trailer အဆုံးသတ်မှာပါတဲ့ Evil Strange ဖြစ်နိုင်ပါတယ်။

ဒီ background voice နဲ့အတူ ပြသွားတဲ့ scene မှာ Strange ဟာ Sanctum Santorum ရဲ့ လှေကားထစ်တွေကို တက်နေတာတွေ့ရပြီး Sanctum ကြီးကလည်း မှောင်မိုက်ပြီး ကြောက်စရာကောင်းနေပါတယ် ။ ဖြစ်နိုင်ခြေရှိတာကတော့ ဒါဟာ တခြား reality က Alternate Sanctum ဖြစ်ပြီး Evil Strange နေထိုင်နေတဲ့ Sanctum လည်း ဖြစ်နိုင်ပါတယ်။

Wanda

အဲ့နောက်တော့ ကျွန်တော်တိုရဲ့ Wanda လေးကို တစ်ဖျတ်
လောက် မြင်တွေ့လိုက်ရပါတယ် ။ ကြည့်ရတာတော့တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေပုံပါပဲ။ ဝတ်ဆင်ထားတာကတော့ သာမန်အဝတ်အစားသာဝတ်ဆင်ထားပြီး scarlet witch costume နဲ့တော့ မဟုတ်ပါဘူး။

ဒီနောက် Trailer အလယ်လောက်မှာ Wanda ကို Scarlet Witch costume အပြည့်အစုံနဲ့ ထပ်မံတွေ့ရှိရပါတယ် ။ Wandavision တုန်း က costume နဲ့တော့ မဟုတ်တော့ပါဘူး ။ အကျီလည်း လက်ပြတ်ကနေ လက်ရှည်ဖြစ်လာပြီး Crown နဲ့ Costume ရဲ့ pattern အချိူလည်း ပြောင်းလဲထားပါတယ် ။ Wanda ကို ကြည့်ရသလောက်တော့ အန္တရာယ်များတဲ့ Ritual တစ်ခုကို ပြုလုပ်နေဟန်ရှိပြီး သူ့လက်ထိပ်လေးတွေလည်း အနက်ရောင်ဖြစ်နေပါတယ် ။ Wandavision ထဲက Agatha ဟာလည်း သူ့ witch form မှာ လက်ထိပ်အမည်းရောင်တွေဖြစ်နေတာပါပဲ။ ဒီအတွက်ကြောင့် Wanda ဟာ darkhold ကို ထဲထဲဝင်ဝင် လေ့လာနေတာ ဖြစ်ပြီး အခု ပြုလုပ်မယ့် Ritual ဟာလည်း Darkhold ထဲက ဖြစ်နိုင်ပါတယ်

Christine’s Wedding

Strange ရဲ့ ရည်းစားဟောင်း Christine ကိုတော့ သတိုသမီး ဝတ်စုံနဲ့ Wedding တစ်ခုမှာ မြင်တွေ့ရပါတယ် ။ Strange ကတော့ သတိုသားမဟုတ်ပါဘူး ။ Blip ဖြစ်နေတဲ့ ငါးနှစ်အတွင်းမှာ Christine ဟာ အသက်ရှင်ကျန်တဲ့ လူဦးရေ တစ်ဝက်ထဲ ပါဝင်ခဲ့ပြီး ချစ်ရမယ့်သူတစ်ယောက်ကို ရှာတွေ့ခဲ့တာ ဖြစ်နိင်ပါတယ် ။ ဒါဆို ပထမ movie တုန်းက Christine နဲ့ date နေတယ်ဆိုတဲ့ Dr.Nick West များလားဆိုတော့လည်း
မဟုတ်ပြန်ပါဘူး ။ Dr.West ကို Strange ဘေးမှာ ရပ်နေတာ တွေ့ရပါတယ် ။ ဒါဆို Christine ဟာ ဘယ်သူနဲ့ လက်ထပ်သွားတာလဲဆိုတာတော့ တွေးစရာပါ ။ ဘယ်သူနဲ့ ဖြစ်ဖြစ်ပါ Strange မျက်နှာကတော့ မကောင်းပါဘူး ။ သူချစ်ရတဲ့သူကို သူ့ရှေ့တင် တခြားတစ်ယောက်နဲ့ ကြည်နူးနေတာ
မြင်တွေ့ရတော့ စိတ်မကောင်းဖြစ်နေပုံပါပဲ ။

ဒါပေမယ့် ဒီ Wedding ဟာ ပျက်မယ့် အနေအထားမှာ ရှိနေပါတယ် ။ Wedding လုပ်နေတုန်း Multiversal Chaos ဖြစ်ပြီး monster တွေ ရောက်လာမယ့်ပုံပါပဲ ။ Christine ဟာလည်း ဒီ movie မှာ အရေးပါမယ့် role တစ်ခုကနေ ပါဝင်လာမှာဖြစ်ပြီး No Way Home ထဲက MJ လို ဖြစ်လာမှာပါ ။

Trailer ရဲ့ scene တစ်ခုမှာလည်း Christine ကို hero suit တစ်ခုနဲ့အတူ Dr.Strange,America Chavez တိုနဲ့ Dimension တွေ ဖြတ်ကူးနေတာ တွေ့ရပါတယ်

Crows and Ravens

Multiverse of Madness ကို ရိုက်ကူးမယ့် ဒါရိုက်တာဟာ Horror ရုပ်ရှင်တွေ အရိုက်များတဲ့ Sam Raimi ဖြစ်ပြီး MOM ဟာလည်း Horror genre နဲ့ လာမှာပါ ။ Trailer မှာတင် တော်တော် dark ဖြစ်ပြီး background tone တွေကအစ Creepy ဖြစ်တဲ့ ခံစားချက်ကို ရစေပါတယ်။

Trailer မှာ ရုတ်တရက်မြင်တွေ့လိုက်ရတဲ့ ကျီးကန်းနဲ့ ပတ်သက်ပြီး ပြောရရင် အနောက်တိုင်း pagan witchcraft လောကမှာ Crows တွေ Ravens တွေကို မကောင်းတဲ့ နိမိတ်တစ်ခုလို ယူဆကြပြီး ဒါဟာ စုန်းတွေကို ရည်ညွန်းတာလည်းဖြစ်ပါတယ်။ ဒီ ကျီးကန်းတွေဟာ ဝိညာဥ်လောကနဲ့ လူ့လောက ကမ္ဘာနှစ်ခုကြား သွားလာ နေတဲ့ guide တွေလိုလည်း ယုံကြည်ကြပြီး အစွမ်းထက်တဲ့ Spell တွေ Ritual တွေပြုလုပ်တဲ့အခါမှာလည်း ဒီငှက်တွေကို အသုံးပြုပါတယ် ။ ဒီတော့ ဒီငှက်တွေက ဘာကို tease သလဲဆိုရင် အစွမ်းကြီးတဲ့ စုန်းမတစ် ယောက်ကို tease တာဖြစ်နိုင်ပါတယ် ။ သူကတော့ ဘယ်သူလဲဆိုတာ fan တွေအားလုံးလည်း သိလောက်မှာပါ။

America Chavez

ဒီနောက် main cast တွေထဲက တစ်ယောက်ဖြစ်တဲ့ Ms.America (America Chavez) ကို မြင်လိုက်ရပါတယ် ။ ပုံစံကတော့ လုံးဝ comic accurate ပါပဲ။

သူ့အကြောင်း တစ်ချက်ပြောရရင် သူက Utopian Parallel လိုခေါ်တဲ့ အချိန်နဲ့ အာကာသအပြင်ဖက်က pocket realm တစ်ခုထဲမှာ မွေးဖွားခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့် သူတို realm ကြီးက အန္တရာယ်တွေ ပျက်စီးမှုတွေ ကြုံလာရတဲ့အချိန်မှာ သူ့အစွမ်းသုံးပြီး Marvel earth-616 ကို ထွက်ပြေးလာခဲ့တယ်။ ဒီနောက် Young Avengers တွေနဲ့ တွေ့ပြီး Young Avenger တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ အခု MCU ကလည်း phase 4 ရဲ့ show တွေ movie တွေတစ်ခုစီတိုင်းမှာ Young Avengers တွေကို ချပြနေပြီဆိုတော့ ဒီအဖွဲကိုလည်း မဝေးတော့တဲ့ MCU အနာဂတ်မှာ မြင်ရပါတော့မယ်။

America Chavez ရဲ့ ability ကို ပြောရရင် သူက သူ လက်သီးနဲ့ ထိုးလိုက်သမျှ နေရာတွေမှာ ကြယ်ပုံစံ portal တွေ ဖွင့်ပြီး Multiverse ကို ဖြတ်ကူးသွားလာနိုင်ပါတယ် ။ Trailer ထဲမှာလည်း သူ့ star portal တစ်ခုကို ပြသွားပါသေးတယ် ။ Leaked ထားတဲ့ plot အရတော့ Chavez ဟာ သူ့ realm မှာ အေးဆေးနေနေတုန်း ရုတ်တရက် multiversal chaos ဖြစ်ပြီး သူ့ realm ပျက်စီးသွားတာကြောင့် MCU reality ကို ထွက်ပြေးလာပြီး Strange တိုနဲ့
တွေ့မှာဖြစ်ပါတယ်။

Wong in Trouble

Blip ကြောင့် Strange ပျောက်ကွယ်နေစဥ် မှော်ပညာဆိုင်ရာ အရေးကိစ္စတွေကို တာဝန်ယူဖိုအတွက် Strange အစား Sorcerer Supreme ဖြစ်လာခဲ့တဲ့ Wong ကတော့ ဒီရုပ်ရှင်မှာ အသက်ဘေးနဲ့ ကြုံရမယ့်ပုံပါပဲ ။ Wong ကို ကြည့်ရတာ အတော်လေး ထိခိုက်ဒဏ်ရာရထားပြီး တစ်ခုခုကို တားဆီးနေပုံပေါ်ပါတယ် ။ ကျွန်တော့် theory အရတော့ Wong ဟာ ဒီကားမှာ သေဆုံးပြီး Sorcerer Supreme mantle ဟာ Strange ဆီ ရောက်မယ့် ပုံစံပါပဲ။

Another Strange Variant

America Chavez ရဲ့ portal နဲ့အတူ Strange variant နောက်တစ်ကောင်ကိုလည်း မြင်လိုက်ရပါတယ် ။ ဆံပင်အရှည်နဲ့ပါပဲ ။ Marvel Legends Toys ကနေ ထုတ်ထားတဲ့ Defender Strange ဖြစ်မယ်လိုတော့ ယူဆရပါတယ် ။ ဒါမှမဟုတ်လည်း တခြား reality က variant တစ်ယောက်ယောက်ပါပဲ ။ Portal ထဲက တစ်ခုခုက ဆွဲယူသွားသလို portal ထဲကို အသံနက်ကြီးနဲ့ အော်ပြီး ပါသွားတာကို တွေ့ရတဲ့အတွက် Strange varient တစ်ယောက် အဖမ်းခံလိုက်ရတာ ဖြစ်မှာပါ။

New Intro

Marvel Studios ဆိုပြီး စာတန်းထိုးတဲ့ နေရာမှာ ပြသွားတဲ့ animation က တော်တော်လှပါတယ် ။ Marvel ရဲ့ အရင် phase 1 and 2 ရုပ်ရှင်တွေတုန်းက အသုံးပြုခဲ့တဲ့ comic ပုံတွေနဲ့ Intro ရယ် phase 3 ကနေ ယခု phase 4 အထိ အသုံးပြု နေတဲ့ movie scenes တွေနဲ့ Intro ရယ် အရင်က Marvel နဲ့ In association လုပ်ထားခဲ့တဲ့ Fox တို Sony တိုရဲ့ intro ရယ် သုံးခုပေါင်းပြီး collide ဖြစ်သွားခဲ့တာပါ ။ ဖြစ်သွားပုံကလည်း what if? ထဲက intro theme လို prism တစ်ခု ကွဲအက်သွားတဲ့ multiverse concept နဲ့ ဖန်တီးထားတာပါ။

ဒါဟာ ဘာကို ဆိုလိုချင်သလဲဆို Multiverse ကို ပြချင်တာဖြစ်ပြီး Fox တို Sony တိုက ထုတ်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်ကောင်တွေအားလုံးဟာ canon ဖြစ်သွားပြီဆိုတဲ့ သဘောပါပဲ ။ X-men,Fantastic Four,Netflix’s Marvel Characters အစရှိသဖြင့် ဇာတ်ကောင်တွေအားလုံးကို မကြာခင် မြင်တွေ့ရဖို potential တွေအများကြီး ရှိလာပါပြီ

Wanda ဆီ အကူအညီသွားတောင်းတဲ့ Strange

Strange ကတော့ ဒီလို ပြဿနာတွေ ဖြစ်လာတာကြောင့်
သူတစ်ယောက်ထဲ မနိုင်တော့လို Wanda ဆီ သွားအကူအညီ
တောင်းပါတော့တယ် ။ Wanda ကတော့ အဖြူရောင်သစ်တောအုပ်တစ်ခုထဲမှာ ရှိနေတာကို တွေ့ရပါတယ် ။ ဒီ သစ်ပင်တွေနဲ့ ပတ်သက်ပြီး ပြောရရင် ဒီလို အဖြူရောင် သစ်ပင်တွေဟာ Spiritualism ပိုင်းအရ ကစဥ့်ကလျားဖြစ်စဥ်တွေနဲ့ ပျက်စီးမှုတွေရဲ့ ဆန့်ကျင်ဘက် တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပါတယ်။

တစ်နည်းအားဖြင့် ဆိုရရင် Wanda ဟာ Strange မရောက်လာခင်အထိ သူ့ဟာသူ ကိုယ်ပိုင် ငြိမ်းချမ်းမှုကို ရှာတွေ့ပြီး နေနေခဲ့တာပါ ။ ဒါပေမယ့် Strange ရဲ့ အကူအညီတောင်းတာကို ကူညီပေးရာကနေ Multiverse က သူ့ကလေးတွေကို အာရုံခံမိပြီး သောင်းကျန်းမယ်ထင်ပါတယ် ။ Trailer ထဲမှာ ဒီလိုပြနေလို Wanda ကို villain မဟုတ်ဘူးလို ပြောမရပါဘူး ။ Marvel က သိတဲ့အတိုင်း fan တွေကို ဂျင်းထည့်နေကျပါ ။ ဒီတော့ Evil Strange က main villain မဟုတ်နိုင်ဘဲ Wanda က villain ဖြစ်လာမယ်ထင်ပါတယ် ။

Nexus of All Realities

Strange,America Chavez နဲ့ Christine တိုဟာ တံခါးတစ်ခုကို ဖွင့်လိုက်ရာကနေ အပျက်အစီးတွေနဲ့အတူ ထူးခြားတဲ့ နေရာကြီးတစ်ခုကို မြင်တွေ့လိုက်ရပါတယ် ။ ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ် ။ ပထမတစ်ခုက Strange တိုဟာ ပျက်စီးသွားပြီဖြစ်တဲ့ Realm တစ်ခုထဲ ရောက်သွားတာဖြစ်နိုင်သလို ဒါဟာ America Chavez လာခဲ့တဲ့ Utopian Realm လည်း ဖြစ်နိုင်ပါတယ် ။

နောက်တစ်ချက်ကတော့ Nexus of All Realities ပါပဲ ။ ဒါဟာ Multiverse ကြီးတစ်ခုလုံးမှာ ရှိနေသမျှ Realities တွေ Dimensions တွေအားလုံးနီးပါးကြားက gateway တစ်ခုဖြစ်ပြီး Dimension တွေအားလုံးနဲ့လည်း ချိတ်ဆက်ထားပါတယ် ။

Karl Mordo

Doctor Strange ပထမ ရုပ်ရှင်တုန်းက Strange ရဲ့ တွဲဖက်နဲ့ ဆရာဖြစ်ခဲ့ဖူးတဲ့ Mordo ကို ပြန်မြင်ရပါတယ် ။ Mordo ဟာ Doctor Strange (2016) movie ရဲ့ credit scene အရ villain ဖြစ်လာမှာဖြစ်ပြီး sorcerer တွေကို လိုက်သုတ်သင်နေတာလည်းဖြစ်ပါတယ် ။ ဒါပေမယ့် အခုတွေ့ရတဲ့ Mordo ကတော့ Strange ကို တောင်းပန်ကြောင်း ပြောနေပြီး သူ့လုပ်ရပ်တွေကို နားလည်ဖို ပြောနေပါတယ် ။ ဒါက variant Mordo လည်းဖြစ်နိုင်သလို main reality က Mordo လည်းဖြစ်နိုင်ပါတယ် ။

Mordo က villain သာဆိုပေမယ့် ပထမကားထဲက Ancient One ရဲ့ အတော်ဆုံးနဲ့ စည်းကမ်းအလိုက်နာဆုံး တပည့်တစ်ယောက်ပါ ။ သူလည်း လမ်းမှားကို ရောက်သွားခဲ့ပေမယ့် Multiverse madness ဖြစ်တဲ့ ကိစ္စကြီးကိုတော့ မလိုလားဘူးထင်ပါတယ် ။ ဒါပေမယ့် သူ Strange ဆီ ရောက်လာတဲ့ အချိန်မှာ သူ အမှားတစ်ခုခုကို လုပ်ခဲ့ပြီးပါပြီ ။ ဒါကြောင့် Strange ကို သူ့ plan မှာ ပူးပေါင်းဖို လာပြောတာဖြစ်နိုင်ပါတယ် ။ နောက် scene တစ်ခုမှာ Strange နဲ့ Mordo တို fight နေတာလည်း တွေ့ရတော့
Strange ဟာ Mordo ရဲ့ အကြံကို ငြင်းလိုက်တာကြောင့် fight ကြတာလည်း ဖြစ်နိုင်ပါတယ် ။ သိုမဟုတ်လည်း Strange ဟာ တခြား reality က Mordo နဲ့ တွေ့ပြီး သဘောထားမတိုက်ဆိုင်တာကြောင့် battle ဖြစ်တာလည်း ဖြစ်နိုင်ပါသေးတယ် ။ ဘာပဲဖြစ်ဖြစ် Mordo ရဲ့ uniform ကတော့ အရင်ကားထက်စာရင် comic accurate အတော်လေး ဖြစ်လာပါတယ် ။

အတိုက်ခိုက်ခံနေရတဲ့ Kamar Taj

Kamar Taj ကို မြူခိုးတွေ ဖုံးအုပ်သွားပြီး Wong တိုတွေလည်း ပေါက်ကွဲမှုတွေကြားထဲ အသားကုန် တိုက်ခိုက်နေကြပါတယ် ။ အပေါ်မှာပြောခဲ့တဲ့အတိုင်း ဒီ scene ရဲ့ background ဟာ Wong ဒဏ်ရာရပြီး တစ်ခုခုကို အံ့သြစွာ ကြည့်နေတဲ့ scene ရဲ့ background နဲ့ အတူတူဖြစ်ပါတယ် ။ ဒီတော့ Strange တို အုပ်စု Multiverse ကို ပတ်ကာ ခရီးထွက်နေတုန်း Kamar Taj အတိုက်ခံရပြီး Wong သေမှာ ဖြစ်နိုင်ပါတယ် ။

Rintrah

Kamar Taj ကို တိုက်နေတဲ့ အခန်းမှာ Rintrah အမည်ရ minotaur ကြီးကိုလည်း တစ်ဖျတ်လောက် မြင်လိုက်ရပါတယ် ။ Rintrah ဟာ extradimensional being တစ်ကောင် ဖြစ်ပြီး လူဆိုးတော့ မဟုတ်ပါဘူး ။ Strange ကိုလည်း mission တစ်ချိူမှာ ကူညီပေးခဲ့ဖူးပါတယ် ။ အခုကြည့်ရတာလည်း Rintrah ကို Strange က Kamar Taj ကို ကာကွယ်ဖို ဆင့်ခေါ်ထားခဲ့တာဖြစ်နိုင်သလို multiverse က ရောက်လာတဲ့ villain လည်း ဖြစ်သွားနိုင်ပါတယ် ။ MCU က ဘာလုပ်မလဲ ပြောမရပါဘူး။

Chaos Magic သုံးနေတဲ့ Strange

Multiverse of Madness ဟာ What If? Episode 4 နဲ့ အတော်ကို ဆင်ပါတယ် ။ What If? မှာလည်း Strange ဟာ Christine ကို ပြန်ခေါ်ဖို Chaos Magic ကို သုံးခဲ့ဖူးပါတယ် ။ Strange တို သုံးနေကျက Eldritch Magic ပါ ။

ဒီတော့ Strange Chaos Magic ထုတ်သုံးရတဲ့ အချက်နှစ်ချက် ရှိပါတယ် ။ ပထမတစ်ချက်က Chaos Magic အသုံးပြုတဲ့ Wanda ကို တိုက်ရာမှာ Eldritch Magic ပဲ သုံးနေရင် မနိုင်နိုင်မှန်းသိလို level တူသွားအောင် တန်းညှိလိုက်တဲ့ သဘောပါ ။ ဒါမှမဟုတ် တစ်ခုခုကို ပြန်ပြင်ချင်လို Strange တစ်ယောက် Chaos Magic သုံးပြီး Reality ကို ပြောင်းလဲမယ့် ပုံပါ ။

What If? ထဲက နဂါးများ

ပြောခဲ့တဲ့အတိုင်း What If? နဲ့ တော်တော့်ကို တူပါတယ် ။ What If? တုန်းကလည်း Strange ကိုယ်ထဲကနေ နဂါးတွေကို ထုတ်ပြီး တိုက်ခိုက်ခဲ့သလို ဒီမှာလည်း အဲ့အကွက်ကို ပြန်သုံးထားပါတယ်။

No Way Home တုန်း က Ned နဲ့ MJ တို Sanctum ရောက်နေတုန်း Strange ရဲ့ ရေခဲသေတ္တာကို ဖွင့်လိုက်ရာမှာ အထဲမှာ alien တွေ monster တွေကို တွေ့ခဲ့ရပါတယ် ။ လူတစ်ယောက်ဟာ မှော်စွမ်းအားတအားကြီးလာရင် သာမန်အစားအစာတွေက အားအင်တွေမပေးစွမ်းနိုင်တော့တဲ့အတွက်
monster တွေကို စားနေရတာပါ ။ ဒါကလည်း comic reference တစ်ခုပါပဲ။ ဒီအတွက်ကြောင့်လည်း Strange ဟာ သူ့ကိုယ်ထဲကနေ monster တွေကို ထုတ်နိုင်တာဖြစ်ပါတယ် ။

Gargantos

New York မြိုလယ်ခေါင်မှာ ရေဘဝဲပုံစံ Interdimensional monster ကြီးရောက်ချလာပြီး Strange နဲ့ America Chavez တို ရင်ဆိုင်တိုက်ခိုက်နေရပါတယ် ။ ဒီကောင်ကြီးကို Shuma-Gorath လို ထင်ကြပေမယ့် မဟုတ်ပါဘူး။ Shuma က ဒီထပ် ပိုကြမ်းပြီး ပိုကြီးပါတယ်။ ဒီကောင်ကြီးဟာ Gargantos အမည်ရ sea monster ကြီးတစ်ကောင်ပါ ။ ကြည့်ရတာတော့ Wanda ရဲ့ darkhold ritual ကြောင့် ရောက်လာပုံရပါတယ်။

Comic ထဲမှာတော့ Gargantos ဟာ Namor ရဲ့ ရန်သူပါ ။ Endgame မှာထဲက easter egg ပါခဲ့တဲ့ Namor ကို Rumor တွေထွက်ထားတဲ့အတိုင်း ဒီဇာတ်ကားမှာ debut လုပ်သွားမလားကတော့ စိတ်ဝင်စားစရာပါပဲ ။

Strange Supreme or Evil Variant?

ဒီ scene ကတော့ တကယ်ကြက်သီးထစရာကြီးပါ ။ What If? ထဲက Strange Supreme ပြန်လည်ပါဝင်လာတယ်လိုတော့ ပြောကြပါတယ် ။ ကျွန်တော်ကတော့ Strange Supreme လို မထင်ပါဘူး ။ Strange Supreme က လူကောင်းတစ်ယောက်ပါ ။ ဟိုးအပေါ်မှာ ရှင်းထားခဲ့တဲ့
အတိုင်း absolute point of time ကို တစ်ယောက်ယောက်က ချိူးဖောက်လိုက်မိတဲ့အတွက် Evil Doppelgänger တစ်ခု ကွဲထွက်သွားတယ်လိုပဲ ထင်ပါတယ် ။ ဒီဇာတ်ကားအတွင်း Strange ရဲ့ variant များစွာ မြင်တွေ့
ရမှာဖြစ်တဲ့အတွက် ဒါဟာ Evil Variant တစ်ကောင်ဖြစ်နိုင်ပါ
တယ် ။

သိုမဟုတ်လည်း ပါမယ်လို Rumors တွေထွက်နေတဲ့ Nightmare သိုမဟုတ် Mephisto လို Evil being တစ်ကောင်ကောင်က Strange ယောင်ဟန်ဆောင်ပြီး chaos တွေ ဖြစ်အောင် လိုက်မွှေနေတာပေါ့ဗျာ ။

စာအရှည်ကြီးကို အချိန်ပေးဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ် ။ နောက်လည်း ဒီလို Superhero တွေနဲ့ ပတ်သက်တဲ့ content တွေ breakdown တွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ ZEUS ကို follow လုပ်ထားဖို ပြောချင်ပါတယ် ။

ဒါဟာ Teaser သာရှိသေးတဲ့အတွက် ဇာတ်လမ်းကို ခန့်မှန်းဖို
တော့ တော်တော်ခက်ပါတယ် ။ ဒါပေမယ့်လည်း teaser မှာတင် စိတ်ဝင်စားဖို တအားကောင်းနေပါပြီ ။ Multiverse of Madness ကတော့ No Way Home ထက်တောင် ပို hype ရမှာ အမှန်ပါပဲ ။

ကျွန်တော်တို No Way Home တုန်းက တခြားနိုင်ငံတွေနဲ့
တန်းတူ ရုံမှာ ကြည့်ရှုခွင့်ကို ဆုံးရှုးခဲ့ရပါတယ် ။ နိုင်ငံခြားက တခြားသူတွေ တအား hype နေကြတဲ့အချိန် ကျွန်တော်တိုကတော့ အိမ်မှာပဲ ရုံခိုးရိုက်လေးကြည့်ပြီး ကျေနပ်ခဲ့ရပါတယ် ။ ဒါကြောင့် Multiverse of Madness ကို ရုံမှာ ကြည့်ပြီး hype ချငိတယ်ဆိုရင်တော့ များများ click ပေးကြပါ ။ ကျွန်တော်တို page က click တွေ တင်သာမက တခြားသော click to donate page တွေအားလုံးကို click ပေးခြင်းဖြင့် support ပေးကြပါ ။ ကျွန်တော်တို နိုင်မှ ဖြစ်ပါမယ် ။

ဒီအတွက် အားလုံးလည်း ဒီတော်လှန်ရေးကြီးမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်တတ်နိုင်တဲ့ဖက်က ပါဝင်ကြပါ ။ Multiverse of Madness ကို ရုံမှာ မပြခင် အချိန် 5 လကျော်ရှိပါတယ် ။ ဒီအချိန်အတွင်းမှာ ကျွန်တော်တို စိတ်ဓာတ်ကျမနေဘဲ အကောင်းဆုံးရှင်သန်ရှေ့ဆက်ပြီး ဒီတော်လှန်ရေးကြီးကို အောင်မြင်အောင် ပံ့ပိုးပေးမှ ရပါမယ် ။ တစ်နေ့တော့ ကျွန်တော်တို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ Endgame ကြည့်ခဲ့ရတုန်းကလို ရုံထဲမှာ ပြန်ဆုံချင်ပါတယ် ။ ဒီကာလအတွင်း အားလုံးလည်း ဂရုစိုက်ကြပါ။

#Weasel #ZEUS

(Zeusmyanmar.com မှ Content များကို
ပြန်လည်ကူးယူဖော်ပြခွင့် မပြုပါ။)
Categories
Marvel MCU News

Doctor Strange In The Multiverse of Madness နှင့်ပတ်သက်၍ Rumors များ

Marvel Cinematic Universe ကြီးဟာ phase တွေ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ခရီးဆန့်လာခဲ့ရာမှာ ယခုအခါ စတုတ္ထမြောက် phase ကို ရောက်ရှိလာပြီ ဖြစ်သလို cinematic universe ကြီးဟာလည်း ဇာတ်ကောင်အသစ်တွေ story အသစ်တွေနဲ့အတူ တော်တော်ကြီး ကျယ်ပြန့်လာခဲ့ပါပြီ။

ဒီလို ကျယ်ပြန့်လာတာနဲ့အမျှ Marvel ဟာလည်း ရှိပြီးသား ဇာတ်ကောင်တွေအပြင် အသစ်တွေကိုပါ debut လုပ်ကာ ချပြလာခဲ့ပြီး အခု phase မှ စတင်လို့ ပထမ saga ရဲ့ အဆုံးသတ် Endgame ထက်တောင် ပိုကြီးမားမယ့် Event ကြီးတစ်ခုဆီ ဦးတည်သွားဖို့ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ Phase 4 saga အတွင်း Loki တို့ No Way Home တို့ What If? တို့လို ဇာတ်လမ်းတွေမှာ Multiverse လို့ခေါ်တဲ့ အပြိုင်စကြဝဋ္ဌာတွေ ရှိကြောင်းကို ပြသခဲ့ပြီး အဆိုပါဇာတ်ကားတွေဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ အားလုံးကို မထွက်ခင်ထဲက သိမ်းယူထားနိုင်ခဲ့ပါတယ်။

အထူးသဖြင့်ကတော့ No Way Home ပါပဲ ။ ရုံမတင်ခင် တစ်နှစ်လောက်အလိုထဲက rumors တွေ theory တွေနဲ့ Fan တွေကို မျှော်လင့်ချက်တွေပေးပြီး hype စေခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။ ဒါပေမယ့် No Way Home ရဲ့ rumors တွေဆိုတာ နောက်နှစ်အတွင်း ထွက်ရှိတော့မယ့် Multiverse of Madness နဲ့ ယှဥ်လိုက်ရင် အသေးအမွှားသာသာပဲ ရှိပါတော့တယ် ။ ဘာ ကြောင့်ဆို Multiverse of Madness ဟာ Multiverse of Rumors လို့ ဆိုရလောက်မယ့်အထိကို ကောလဟာလတွေ တအားများလို့ပါပဲ။

ဇာတ်ကောင်တွေဟာလည်း Endgame တို့ Infinity War တို့နီးနီးကို များပါတယ်။ အဲ့အပြင် Multiverse of Madness ရဲ့ MCU အပေါ် အကြီးအမား impact ဖြစ်စေမယ့် ဇာတ်ကားတစ်ခုဖြစ်ပြီး Multiverse ကိုလည်း သေချာ ကွက်ကွက်ကွင်းကွင်းကြီးကို မြင်တွေ့ရမယ့် ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီကားဟာ Wandavision နဲ့ No Way Home ဖြစ်ရပ်တွေအပြီး အကျိူးဆက်တွေကြောင့် ဖြစ်ပေါ်လာမှာဖြစ်သလို Marvel ရဲ့ Multiverse တောက်လျှောက်က ဇာတ်ကောင်အသစ်တွေ အများကြီးကိုလည်း debut လုပ်သွားမှာ ဖြစ်ပါတယ်။

လတ်တလော ထွက်ရှိလာတဲ့ သတင်းအချိူ့အရလည်း Multiverse of Madness ဟာ Reshoot တွေ ပြန်လုပ်နေပြီး multiverse မှာရှိနေတဲ့ ဇာတ်ကောင်တွေကို cameo သဘောနဲ့ ထည့်ချင်တာကြောင့် အဆိုပါ reshoot တွေ ပြန်လုပ်နေရတယ်လို့ ဆိုပါတယ် ။ ဒီအတွက်ကြောင့် Multiverse of Madness မှာ ပါဝင်လာမယ့် character တွေထဲက confirmed ပြီးသား ဇာတ်ကောင်တွေနဲ့ rumor ထွက်နေတဲ့ ဇာတ်ကောင်တွေကို ပြောပြပေးချင်ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုပေးပါ။

– Benedict Cumberbatch as Doctor Strange [Confirmed ✔]

– Wanda Maximoff/Scarlet Witch [Confirmed ✔]

– Benedict Wong as Wong [Confirmed ✔]

– Xochitl Gomez as America Chavez [Confirmed ✔]

– Chiwetel Ejiofor as Karl Mordo [Confirmed ✔]

– Rachel McAdams as Dr.Christine Palmer [Confirmed ✔]

– Michael Stuhlbarg as Dr.Nicodemus West [Confirmed ✔]

– Adam Hugill as Rintrah [Confirmed ✔]

– Gargantos [Confirmed ✔]

– Shuma-Gorath [Confirmed ✔]

– Bruce Campbell as a Unknown Character [Confirmed ✔]

– Tom Hiddleston as Loki [Rumored ☑] – Sophia Di Martino as Sylvie [Rumored ☑]

– Owen Wilson as Agent Mobius [Rumored ☑]

– Jonathan Majors as Kang the Conqueror [Rumored ☑]

– Patrick Stewart as Professor X [Rumored ☑]

– Hugh Jackman as Logan/Wolverine [Rumored ☑]

– Ryan Reynolds as Deadpool [Rumored ☑]

– Andrew Garfield as Peter Parker/Spider-Man [Rumored ☑]

– Fox’s X-men characters [Rumored ☑]

– The Illuminati [Rumored ☑]

– Mr.Fantastic [Rumored ☑]

– Hayley Atwell as Captain Carter [Rumored ☑]

– Iron Man Variant [Rumored ☑]

– Clea [Rumored ☑]

– Balder the Brave [Rumored ☑]

– Brother Voodoo [Rumored ☑]

– Agatha Harkness [Rumored ☑]

– Ancient One [Rumored ☑]

– Nightmare [Rumored ☑]

– Namor the Sub-mariner [Rumored ☑]

– Mephisto [Rumored ☑]

– Chthon [Rumored ☑]

– Marvel Zombies [Rumored ☑]

အပေါ်မှာ ပြောထားခဲ့တဲ့အတိုင်းပါပဲ Rumor ထွက်ထားတဲ့ character တွေကတော့ Marvel comic ထဲက အထင်ကရ ဇာတ်ကောင်ကြီးတွေချည်းဖြစ်တဲ့အပြင် No Way Home ထက်တောင် Rumored character များပါသေးတယ် ။ Fan တွေရဲ့ ဆန္ဒကို အမြဲလိုက်လေ့ရှိပြီး Fan Service ကောင်းတဲ့ Marvel ကတော့ ဒီ rumored list ထဲက အကုန်မဟုတ်ရင်တောင် တော်တော်များများတော့ ထည့်သွင်းမိတ်ဆက်သွားဖို့ များပါတယ်။

Tobey Maguire ရဲ့ Original Spider-Man Trilogy ကို ရိုက်ခဲ့တဲ့ Director Sam Raimi ကပဲ Multiverse of Madness ကို ညွန်ကြား ရိုက်ကူးပေးသွားမှာ ဖြစ်ပြီး MCU ရဲ့ ပထမဦးဆုံးသော Horror ရုပ်ရှင်တစ်ခု ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ဒီပုံစံအတိုင်းဆို Multiverse of Madness ဟာလည်း 2022 ခုနှစ်အတွင်း Fan တွေ အစောင့်မျှော်ရဆုံး ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်လာဦးမှာပါ ။ ပရိသတ်ကြီးရော ဒီ rumored list ထဲက ဘယ်ဇာတ်ကောင်ကို live action အဖြစ် မြင်တွေ့ချင်သလဲဆိုတာ ဖြေသွားကြပါဦး။

#Weasel #ZEUS

Categories
Comic fact Explain Marvel MCU

Shang-Chi မှ Comic နှင့်ကွဲပြားချက်တစ်ချို့နှင့်Detailများ

Warning 🚨 Shang-Chi 2021 flim ကြည့်ပြီးမှသာဆက်ဖတ်ကြပါ။

ဒီတစ်ခါတော့ Blu-Ray Leaked ဖြစ်ထားတဲ့ Shang-Chi Movie ထဲမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေ comic ထဲက detailတွေနဲ့မတူညီတာတွေရယ် Ester Eggs နဲ့ Detail တွေကို ဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

#skullmask #ZEUS

Ten Rings ရဲ့မူလအစ MCU vs Marvel Comics

Mandarinရဲ့ Ten Rings ကိုဇာတ်လမ်းစစချင်းမှာတင် Originပြောသွားတာကိုတွေ့မြင်ရမှာပါ။
Mandarin Rings တွေကို မီးတောင် သို့မဟုတ် ဂူတစ်ဂူထဲကနေရခဲ့ပြီး သူ့ကို ထာဝရအသက်ရှင်ခြင်း‌ဆိုတာကိုပေးတယ်ဆိုတာကိုပေါ့။

Comic ထဲမှာတော့ Mandarinဟာ ဒီလက်စွပ်ဆယ်ကွင်းကို valley of Spiritဆိုတဲ့ ဂူကြီးတစ်ခုထဲမှာရှိတဲ့ alien space ship ထဲမှရရှိခဲ့တာဖြစ်ပါတယ်။
Space-Ship ထဲမှာ Axonn-Karr ဆိုတဲ့ alien ကိုသတ်ပြီး လက်စွပ်တွေကိုရယူခဲ့တာဖြစ်ပါတယ်။

လက်စွပ်တွေကို Mukluan Rings လို့ခေါ်ပါတယ်။ ဒီလက်စွပ်တွေကို လွန်ခဲ့သောနှစ်သန်းပေါင်းများစွာတုန်းကတည်ရှိခဲ့တဲ့ cosmic warrior တွေရဲ့ spirit တစ်ခုချင်းစီနဲ့ဖန်တီးထားတာဖြစ်ပါတယ်။

Cosmic Energy တွေစီးဆင်းနေတဲ့ Space Rings တွေလို့ပြောလို့ရပါတယ်။

Xu Wenwu ရဲ့တည်ရှိမှုသက်တမ်း

Xu Wenwuဟာ Marvel ရဲ့ Functional Characterနှစ်ယောက်ကိုပေါင်းပြီးဖန်တီးထားတာဖြစ်ပါတယ်။
တစ်ယောက်ကတော့ marvel comics ထဲမှ Shang-Chi ရဲ့အဖေဖြစ်သူ Fumanchu ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Ten Rings ပိုင်ရှင်ကြီး Mandarin ပဲဖြစ်ပါတယ်။

Xu Wenwuရဲ့ Early Life ဟာ Fumanchu ကိုအခြေခံထားတာဖြစ်ပါတယ်။ ဒါပေမဲ့ marvel comics ထဲမှာ Shang-Chiအဖေဖြစ်သူ Fumanchuဟာ ten rings ကိုတစ်ခါမှအသုံးမပြုဖူးပါဘူး။
Mandarinနှင့် သူ့ရဲ့သားကသာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

MCU mandarin verisonဖြစ်တဲ့ Xu Wenwu ဟာ ဒီ Character နှစ်ယောက်ရဲ့ story ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ MCU Mandarinရဲ့တည်ရှိမှုသက်တမ်းကထောင်နဲ့ချီပြီဖြစ်ပြီး Ten Rings အဖွဲ့ရဲ့ကြီးစိုးမှုကလည်းတော်တော်ကိုကြာခဲ့ပြီဖြစ်ပါတယ်။

Ta Lo Realm

Ta Lo Realm ကတော့ Shang-Chiအမေဖြစ်သူနေထိုင်တဲ့ Realm ဖြစ်ပါတယ်။

MCU တွင်လည်း Ta Lo ကို earth ကမဟုတ်ပဲ dimensionတစ်ခုအနေနဲ့ဖော်ပြထားပါတယ်။

Marvel Comic မှာလည်း Ta Lo Realm ဟာ Pocket Dimensionတစ်ခုဖြစ်ပါတယ်။ Toaist God (သို့မဟုတ်) တရုတ်နတ်ဘုရားတွေရဲ့ သုခဘုံတစ်ခုဖြစ်ပါတယ်။

Shang-Chi Movie ထဲကလို Mythical Creatures တွေ ဟာလည်း ထို Realm မှာတည်ရှိပါတယ်။ Shang-Chi Movieထဲတွင်လည်း တွေ့မြင်ခဲ့ရပါတယ်။
မီးတောက်နေတဲ့ Phoenix Like Creature ဖြစ်တဲ့ Fenghuang ငှက်မျိုးနွယ်များ၊Haetae /Shishi သို့မဟုတ် Guardian Lions လို့ခေါ်တဲ့ ကြီးမားတဲ့ lion like creatureတွေ Quilin Beast တွေ nine tale fox တည်ရှိပါတယ်။

Ta Lo Realmမှာ ဒီလို Creature တွေအပြင် God Power , Energy Source တွေရှိပြီး life-Force ပါရှိတဲ့ နတ်ဘုရားတွေရဲ့ ဘုံတစ်ခုပါပဲ။
Celestial Invasionကြောင့် Asgardianနတ်ဘုရားတွေ အကုန်နီးပါးသတ်ခံခဲ့ရချိန်မှာ Thor ဟာ Ta Lo ကို သွားပြီး Sky Father Yu Haung နတ်ဘုရားစီသွားရောက်ပြီး life energyကို‌သွားရောက်တောင်းဖူးခဲ့ပါတယ်။

MCU Ta Lo ကတော့ Ta Lo မျိုးနွယ်စုတွေနေထိုင်တာဖြစ်ပြီး earth နဲ့ dark dimensionကို ကာကွယ်ထားတဲ့ Dimensionတစ်ခုအဖြစ်တည်ရှိပါတယ်။

Shang-Chiရဲ့အမေ

Shang-Chiရဲ့အမေဟာ MCU version သက်သက်ဖြစ်ပါတယ်။ နာမည်ကတော့ Ying Li ပဲဖြစ်ပြီး Ta-Lo Realm ရဲ့ကာကွယ်စောင့်ရှောက်သူတစ်ယောက်ပဲဖြစ်ပါတယ်။

Comic ထဲတွင်မူ Shang-Chiရဲ့အမေဖြစ်သူကဟာJiang Li ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

Comic ထဲမှ Shang-Chi ရဲ့အမေရဲ့ Storyဟာတော့ MCU နဲ့ဘာမှမဆိုင်တာပါ။ Ta Lo ကလည်းမဟုတ်သလို Earth ကလည်းမဟုတ်ပါဘူး။ သူမကို ယောကျာ်းဖြစ်သူ Fumanchu က marvel ရဲ့ ရန်အများဆုံး dimensionဖြစ်တဲ့ Negative Zoneကိုပို့ခဲ့တာပါ။

Shang-Chiရဲ့အမေဟာ နှစ်ပေါင်းများစွာ Negative Zone မှာပိတ်မိခဲ့ပြီး Negative Zone မှာရှိတဲ့ အကောင်တွေရဲ့ရန်က‌နေအသက်ကိုရှင်အောင်မွေးပြီးနေခဲ့ရတာပါ။
ထို့နောက်သူမဟာ တခြား Dimensionတစ်ခုကနေလာတဲ့သူဖြစ်ပါတယ်။အတိအကျ‌တော့မသိရသေးပါဘူး။

ဒီတော့ MCU နဲ့ marvel comics ကတော့ အပြောင်းအလဲတွေအများကြီးပါပဲ။

Kung Fu Hustle Poster

ဒါကတော့ Shang-Chiရဲ့အခန်းထဲမှာတွေ့မြင်ရတဲ့ Kung Fu Hustle Posterလေးပဲဖြစ်ပါတယ်။
ဟောင်ကောင်မင်းသားကြီး စတီဗင်ချောင်ရဲ့နာမည်ကြီး action/comedy ကားဖြစ်တဲ့ Kung Fu Hustle ကိုတော့လူတိုင်းကြည့်ဖူးကြမှာပါ။

Shang-Chi ရဲ့အခန်းထဲမှာတော့ Kung Fu Hustleရဲ့ Official Poster ကို‌ကပ်ထားတာတွေ့မြင်ရမှာပါ။

Fan Boi ..

The Warriors Poster

Shang-Chiအခန်းထဲမှာကပ်ထားတဲ့ နောက်ထပ် Poster တစ်ခုကတော့ The Warriors ရုပ်ရှင်ဇာတ်ကားရဲ့ Poster ပဲဖြစ်ပါတယ်။

The Warriors ဇာတ်ကားဟာ 1979ခုနှစ်မှာထွက်ရှိခဲ့တဲ့နာမည်ကြီး gang အဖွဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ဇာတ်ကားရဲ့ အောင်မြင်မှုအရှိန်နဲ့ Sony ရဲ့ Play Station 2 မှာလည်း video game ထွက်ရှိခဲ့ပြီး နာမည်ကြီးခဲ့ပါသေးတယ်။

Ps2 gameသမားတွေရင်းနှီးတဲ့ဂိမ်းပါပဲ။

Jackie Chan ရဲ့ Fight Sceneများနှင့်ဆင်တူနေခြင်း

Shang-Chi Director Destin Daniel Cretton ဟာ Shang-Chi Movie ရဲ့ action-packed တွေဟာ Jackie Chan Movie တွေကို inspired လုပ်ထားတယ်ဆိုတာကိုပြောကြားထားပြီးသားပါပဲ။
သေသေချာချာကွက်ကွက်ကွင်းကွင်း တွေ့မြင်ခဲ့ရတဲ့ inspired လုပ်ထားတဲ့ ချကွက်ကတော့ လက်နက်အနေနဲ့ အဝတ်အစားကိုအသုံးချသွားတဲ့ Bus ပေါ်က ချခန်းပါပဲ။

ဒီချခန်းဟာ Jackie Chanရဲ့ Rumble in the Bronx ဇာတ်ကားထဲက momentတွေကိုယူထားတာဖြစ်ပါတယ်။

ဒီလိုချတတ်အောင်လည်း Stunt Team ကို legendsတွေနဲ့အနီးကပ်အတူရှိပြီး experience ပြည့်ဝနေတဲ့ Andy Cheng နှင့် Brad Allan တို့ကိုခေါ်ယူသုံးပြီး Shang-Chiမင်းသားကို လပေါင်းများစွာ‌လေ့ကျင့်ပြီး ဂျက်ကီချမ်းရဲ့ ချကွက်တွေကို Inspiredယူခဲ့ပါတယ်။

Rush Hour 2 ကို အခြေခံထားတဲ့ Fight Scene

Andy Cheng နှင့် Brad Allan တို့ဟာလည်း Jackie Chan ရဲ့နာမည်ကြီး Action Movieတစ်ခုဖြစ်တဲ့ Rush Hour မှာ Stunt ပါခဲ့တဲ့သူတွေဖြစ်ပါတယ်။

ဒီတော့ Shang-Chi မှာလည်း Stunt အနေနှင့် ပါဝင်Train ပေးတဲ့သူတွေဖြစ်သည့်အလျှောက် Shang-Chiဇာတ်ကားတွင် Rush Hour 2 ထဲကလို တိုက်မှာကပ်ထားတဲ့တိုင်‌တွေပေါ်မှာချတဲ့ အခန်းကို inspiredလုပ်ထားပါတယ်။
ချခန်းတွေကို ပိုမိုအထာကျ လှပအောင် တစ်ဖန် Modifiedလုပ်ထားခဲ့ပါတယ်။

တကယ် Jackie Chanနဲ့တွဲလုပ်ခဲ့တဲ့ လူတွေဆိုတဲ့အတိုင်း Action ခန်းကိုအထာကျကျဖန်တီးနိုင်ကြပါတယ်။

Comic Accurateပိုဖြစ်လာတဲ့ Abomination

Incredible Hulk movie မှာပါပြီးကတည်းကပျောက်သွားတဲ့ Hulk ရဲ့ရန်သူတော်ကြီး Abominationကို Shang-Chi ထဲမှာထပ်မံ‌တွေ့မြင်ရပါတော့တယ်။ မကာအို ရဲ့ သတ်ပွဲထဲမှာ Wong နဲ့ကြိတ်နေတာကိုတွေ့မြင်ရမှာပါ။
Abominationကြီးဟာ ပိုပြီး comic accurateဖြစ်လာတာကိုပါတွေ့မြင်ရပါတယ်။

နားရွက်တွေ body ဖွဲ့စည်းပုံတွေဟာ comic verisonနဲ့ဆင်တူဖြစ်လာပါတယ်။

Xu Wenwu ပြောတဲ့ ‘Master Khan’

Xu Wenwuဟာ ညစာစားတဲ့အခန်းမှာ သူ့ကိုနာမည်အမျိုးမျိုးခေါ်တဲ့အထဲမှာမှ ‘Master Khan’ လို့ပြောသွားတာကိုတွေ့မြင်ရမှာပါ။

Master Khan ဆိုတာ ဒီတိုင်းခေါ်လိုက်တာမျိုးမဟုတ်ပါဘူး။
Marvel Comic ထဲမှာ Shang-Chiရဲ့အဖေ Fu Manchuဟာ legendary စစ်ဘုရင်ကြီး Genghis Khanရဲ့ Direct Bloodline ဖြစ်ပါတယ်။
Khan မျိုးနွယ်ဖြစ်တာကြောင့် Fumanchuကို Master Khan လို့ခေါ်ကြပါတယ်။
The most Dangerous Man on earth ဆိုတာလည်း သူ့ကိုပဲပြောတာပါ။

ဒါကြောင့် Shang-Chiဟာလည်း မွန်ဂိုစစ်ဘုရင်ကြီး Genghis Khanရဲ့ သွေးသားစစ်စစ်ဖြစ်ခဲ့ပါတယ်။
Marvel Universeမှာတော့ စစ်ဘုရင်ကြီး Genghis Khanဟာ ထိုခေတ်က Iron Fist တစ်ကြောင့်လက်ချက်ကြောင့်သေဆုံးခဲ့ရပါတယ်။

MCU ရဲ့ Mandarinဟာ လက်စွပ်တွေကြောင့်သာ mandarinဖြစ်နေပေမဲ့ ဇာတ်ကြောရိုးတစ်ခုလုံးက Fumanchuပါပဲ။

MCU မှာလည်း Master Khanကိုသုံးထားတဲ့အတွက် Genghis Khanရဲ့မျိုးဆက်အစစ်အမှန်ပဲလားဆိုတာပါပဲ။

Kung Fu Hustlee ထဲမှ Landlord

Kung Fu Hustleဇာတ်ကားထဲမှ Landlord Role ကိုသရုပ်ဆောင်တဲ့မင်းသားကြီး Yuen Wah ဟာလည်း Ta-Lo ရဲ့ ကာကွယ်သူတစ်ဦးအနေနဲ့ပြနိလည်ပါဝင်လာခဲ့ပါတယ်။ Master Guang Bo Role ပဲဖြစ်ပါတယ်။
တည်လွန်းတော့ မှတ်တောင်မမှတ်မိဘူးအစက xD

Dweller-in-darkness And Soul-Eaters

Soul-Eaters Species တွေကိုတော့ Marvel Comics ထဲတွင် Sixth Dimension မှာတွေ့မြင်ရတဲ့ Creatures တွေပဲရှိပါတယ်။

MCU မှာတော့ Ta Lo ရဲ့တစ်ဖက်ခြမ်းက Dark Dimensionမှာ နေတဲ့ အကောင်တွေပဲဖြစ်ပါတယ်။ Dweller-in-darkness ကတော့ mega soul eater ကြီးဖြစ်ပြီး Soul-Eaters တွေရဲ့ Leaderပါ။

Comic နဲ့ MCU ကွဲပြားချက်ကတော့ soul-eater တွေရဲ့ body ဖွဲ့စည်းပုံမတူပါဘူး။ Comic Soul-Eaters များဟာ Humanoid Speciesဖြစ်ပြီး Shang-Chi Movieမှာတော့ bird-like Creatures ဖြစ်ပါတယ်။

လက်စွပ်တွေကဘယ်သူ့ကိုအချက်ပြနေတာလဲ?

ကဲ Credit Scene လေးကိုတစ်ချက်ရှင်းကြည့်ပါမယ်။ Shang-Chiတို့စကားပြောနေချိန်မှာ Wong ကလာခေါ်ပြီး လက်စွပ်တွေကိုမေးမြန်းခဲ့ပါတယ်။
Captain Marvel , Brue Banner နှင့်အတူပေါ့။
သူတို့ပြောပုံအရရင်ဆိုရင် Ten Rings ရဲ့သက်တမ်းဟာ အတော်ကိုကြာနေပါပြီ။ ဒီ Galaxy မှာရှိတဲ့ Metal မျိုးလည်းမဟုတ်ပါဘူး။

ဒါဆို Tem Rings က ဘယ်လိုဟာမျိုးလဲ? သူ့ သတင်းပေးနေတဲ့ သူကရောဘယ်သူဖြစ်မလဲ?

တွေးကြည့်မယ်ဆိုရင် Ten Rings ဟာ နောက်ထပ် Galaxy တစ်ခုက စစ်ဘုရင်တစ်ယောက်ပိုင်တဲ့ လက်စွပ်တွေပါ။ ထိုစစ်ဘုရင်ကြီးက လက်စွပ်တွေကို အသုံးချပြီး များစွာသော alien race တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့ပါတယ်။

သူကတော့ Makluans Overlordကြီးပဲဖြစ်ပါတယ်။ Makluans ဆိုတာကတော့ alien race တစ်ခုဖြစ်ပြီး space dragon တွေပဲဖြစ်ပါတယ်။

Galaxyရဲ့ ကြမ်းတမ်းပြီး စွမ်းအားကြီးတဲ့နဂါးမျိုးနွယ်စုတွေပါ။

Marvel Comics ထဲမှာ Ten Rings ကို Makluans Rings လို့ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ Ten Rings ရဲ့ မူရင်း owner ဟာ Makluan မျိုးနွယ်ဝင် ဖြစ်လို့ပါပဲ။

MCU အနေနဲ့ Makluans Rings တွေကိုမတူညီတဲ့ပုံစံနဲ့ချပြထားပြီး လက်စွပ်တွေရဲ့စွမ်းအားကိုတောင်သေချာမပြသေးတာဖြစ်လို့ Ten Rings ကအချက်ပြနေတဲ့ သူကိုလည်း မတူညီတဲ့ ပုံစံနဲ့ချပြပါလိမ့်မယ်။

MCU ထဲမှာတည်ရှိပြီးသား Characterထဲကတစ်‌ယောက်လား MCU ထဲမှာ ထပ်မံပါဝင်မည့်သူလားဆိုတာ တွေးစရာပါပဲ။ လက်စွပ်ကအချက်ပြနေတာကရော ဘယ် Galaxy မှာတည်ရှိနေမလဲဆိုတာ မေးခွန်းတွေအများကြီးမေးစရာဖြစ်လာပါတယ်။

အပေါ်မှာ ကျနော်ပြောခဲ့သလိုပဲ။လက်စွပ်တွေအချက်ပြနေတာက လက်စွပ်ပိုင်ရှင်တစ်ယောက်မဟုတ်ရင် နောက်ထပ် လက်စွပ်စွမ်းအားကို လုယူမဲ့ စစ်ဘုရင် မဟုတ် စွမ်းအားရှင်တစ်ယောက်လားဆိုတာပါပဲခင်ဗျာ။

အဆုံးထိဖတ်ရှုပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါကတော့ Shang-Chi and the legend of ten rings ရဲ့ MCU verison vs Comic Verison နှင့် detail အချို့ပဲဖြစ်ပါတယ်ခင်ဗျာ။

ZEUS follower များအနေနဲ့ ထပ်သိချင်မရှင်းတာတွေများရှိသေးရင် comment sectionမှာထပ်မံမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Thanks For Reading Guys .

#skullmask #ZEUS

 

Categories
Breakdown Marvel MCU

Moon Knight Teaser Breakdown

တနေ့က Disney+ ရဲ့ DisneyPlusDay မှာကြေညာသွားတဲ့ moon knight ရဲ့ Teaser Trailer လေးကို Breakdown လုပ်ပေးလိုက်ပါတယ်။ အရင်ဆုံး teaser အကြောင်းမပြောခင် Moon Knight ဆိုတာ ဘယ်သူလဲ အရင်မိတ်ဆက်ပေးပါမယ် ။

Character Info

Moon Knight ရဲ့ နာမည်အရင်းက Marc Spector ဖြစ်ပြီး CIA agent ဟောင်းတစ်ယောက်ဖြစ်ပါတယ် ။ Moon Knight ဘယ်လိုဖြစ်လာသလဲ ဆိုတာကတော့ Marc Spector ဟာ CIA အလုပ်ကထွက်ပြီး နိုင်ငံလှည့် ကြေးစားလုပ်နေတုန်း Raul Bushman ဆိုသူနဲ့တွေ့ကာ Egypt က ဘုရင်တစ်ပါးရဲ့ အုတ်ဂူကို တူးဖော်ရှာဖွေဖို့ mission ပေးခံခဲ့ရပါတယ် ။

ဒါပေမယ့် Raul Bushman ဟာ အဖွဲ့ကို သစ္စာဖောက်ကာ သုတေသနပညာရှင် Peter Alraune ကိုလည်း သတ်ပစ်လိုက်တဲ့အပြင် Marc ကိုလည်း မသေရုံတမယ် အုတ်ဂူထဲမှာထားထားခဲ့ပါတယ် ။ အဲ့ချိန်မှာပဲ Marc ဟာ သူမျောနေတုန်း အီဂျစ်လဘုရား Khonshu နဲ့တွေ့ဆုံပြီး အပေးအယူတစ်ခုပြုလုပ်ကာ Moon Knight ဖြစ်လာပါတော့တယ် ။

ဒီဘဲကို တော်တော်များများက Marvel Batman လို့ ခေါ်ကြပေမယ့် origin ရော ဇာတ်ကောင်စရိုက်ရောအပြင် abilities တွေကအစ အကွာကြီးပါ ။ Moon Knight ရဲ့ abilities တွေအားဖြင့်တော့ Healing factor ကိုပိုင်ဆိုင်ထားသလို Khonshu ရဲ့ အစွမ်းနဲ့လည်း သေသွားရင်တောင် အသက်ပြန်ရှင်
လာနိုင်ပါတယ် ။ ပြီးတော့ Moon knight ဟာ လရောင်အောက်ညဖက်မှာဆို ပိုကြမ်းပြီး Moon knight ဟာ
Taskmaster တိုက်ကွက် copy ကူးမရတဲ့ လူတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

Multiple Personalies Concept

Teaser ရဲ့ ပထမဆုံး scene မှာတော့ Marc Spector ဟာ အိပ်မက်တစ်ခုကနေ နိုးထလာတဲ့ပုံပေါ်ပြီး background voice အနေနဲ့ ” ငါ နိုးထနေရတာနဲ့ အိပ်မက်မက်နေတာက ဘာကွာလဲဆိုတာတောင် မပြောနိုင်တော့ဘူး ‘ လို့ ပြောလိုက်ပါတယ် ။

ဒီနောက် သူ မှန်ထဲကို ကြည့်လိုက်တဲ့အချိန် သူ့ရဲ့ reflection တွေက နှစ်ခုကွဲထွက်နေတဲ့အပြင် သူတစ်ဖက်ကို လမ်းလျှောက်သွားတဲ့တိုင်အောင် အဲ့ reflection တွေက သူ့ကို လိုက်ကြည့်နေတုန်းပါ ။

ဒါတွေက ဘာကို ရည်ညွန်းသလဲဆို moon knight ရဲ့အထင်ကရ အချက်တစ်ခုဖြစ်တဲ့ DID စိတ်ရောဂါကို ညွန်းထားတာဖြစ်ပါတယ် ။ DID ဆိုတာကတော့ လူတစ်ကိုယ်ထဲနဲ့ စိတ်တွေအများကြီးကွဲထွက်နေတဲ့ mental illness တစ်မျိူးဖြစ်ပြီး ဒီ show ဟာလည်း moon knight ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို focus လုပ်သွားဖို့ များပါတယ် ။

Moon knight နေရာသရုပ်ဆောင်တဲ့ Oscar Isaac ကတော့ Moon knight show ဟာ MCU ထဲမှာ တော်တော်လေး dark and wild အဖြစ်ဆုံး တစ်ခုဖြစ်မယ်လို့ ပြောထားပြီး Moon knight ကို ရိုက်ကူးရတာကလည်း သူ့အနုပညာလမ်းကြောင်းမှာ အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံး လို့ပါ ပြောထားပါသေးတယ် ။

Teaser မှာ ပြသွားတာတွေအရတော့ moon knight ဟာ DC ဆန်ပြီး deep and dark မယ့် ပုံစံမျိူး သွားဖို့ရှိနေပါတယ် ။ အဲ့ပြင် black swan နဲ့ shutter island တို့လို psychological thriller vibes မျိူးလည်း ရပါသေးတယ် ။ ဒါပေမယ့် marvel ကဆိုတော့ pg-13 ပါပဲ ။ :3

အဲ့နောက် marc ဟာ ဗီရိုမှန်ကို ဆွဲကြည့်လိုက်တဲ့အခါမှာလည်း နောက်ထပ်ကွဲထွက်နေတဲ့ personalities တွေကို ထပ်မြင်တွေ့ရပြန်ပါတယ် ။ Moon knight တစ်နည်းအားဖြင့် marc မှာ personality တွေ ဆယ်ခုကျော်ရှိပေမယ့် ဒီ series အတွင်း ဖော်ပြသွားမယ်လို့လည်း မျှော်လင့်ရသလို marc spector ရဲ့ အထင်ရှားဆုံး persona 5 ခုရှိပါတယ် ။

ပထမကတော့ ကြေးစား CIA agent ဟောင်း Marc Spector သူကိုယ်တိုင်ပါ ။ နောက်တစ်ယောက်က Jake Lockley အမည်ရ taxi ကားမောင်းသမားတစ်ယောက်ဖြစ်ပြီး ဘယ်နေရာမှာ ဘာဖြစ်နေလဲ စသဖြင့် မှုခင်းသတင်းတွေကို ရယူပါတယ် ။ Steven Grant ဆိုသူကတော့ Tony Stark လို billionarie တစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုရှိသလို smart ကျကျဝတ်စားတတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ် ။

နောက်ထပ် persona တစ်ခုကတော့ သူ့ကို အစွမ်းပေးခဲ့တဲ့ Khonshu ဖြစ်ပြီး marc ရဲ့ personalities တွေတိုင်းကို အကြံဉာဏ်တွေပေးတဲ့အပြင် မကောင်းတဲ့အရာ တစ်ခုခုကို လုပ်ဖို့ တိုက်တွန်းလေ့ရှိတဲ့ သူတစ်ယောက်ပါ ။ နောက်ဆုံးကတော့ အဓိက ဇာတ်ကောင်ကြီးဖြစ်တဲ့ Anti-hero ကြီး Moon Knight ပါပဲ ။

ကိုယ့်ရဲ့ မသိစိတ်ကနေ ထွက်ပြေးနေရတဲ့ Marc Spector

နောက် scene တစ်ခုမှာ marc ဟာ အဖြူရောင်လက်အိတ်ကြီးဝတ်ပြီး ကားပြတင်းပေါက်ကို လှမ်းထိလိုက်တာတွေ့ရပါတယ်။ အနောက်မှာရှိနေတဲ့ လူတွေကလည်း marc ဒီလိုဖြစ်သွားတာကို ကြောက်လန့်နေကြတာကြောင့် ဒါဟာ marc တစ်ယောက် moon knight အဖြစ် အသွင်ပြောင်းဖို့ သူ့ရဲ့ အသိစိတ်နဲ့ မသိစိတ်ကြား ရုန်းကန်နေရပုံပေါ်ပါတယ် ။ အပေါ်မှာ marc ပြောခဲ့တဲ့ စကားအရ marc ဟာ သူ moon knight ဖြစ်သွားတဲ့အချိန် လုပ်ခဲ့သမျှကို အိပ်မက်လို့ ထင်မှတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကွဲထွက်နေတဲ့ စိတ်တွေနဲ့ သူ့သိစိတ်ကြား အိပ်မက်လား reality လားမခွဲခြားနိုင်ဖြစ်နေတာပါ ။

အဲ့နောက် ပြတိုက်တစ်ခုထဲမှာ အသံမထွက်မိသွားအောင် ပါးစပ်ကို ပိတ်ထားပြီး တစ်ခုခုလက်ထဲက ပုန်းနေတာကို မြင်ရပါတယ်။ ပုံစံကလည်း တော်တော်ကြောက်နေပုံပေါ်တော့ moon knight အဖြစ် သောင်းကျန်းတုန်းက သောင်းကျန်းထားပြီး marc ပြန်ဖြစ်သွားတဲ့အချိန်မှာ villain လက်ထဲက ပုန်းရှောင်နေရတာဖြစ်နိုင်သလို သူ့ကိုယ်တိုင်ရဲ့ ပုံရိပ်တွေ အသံတွေကနေ ထွက်ပြေးနေရတာလည်းဖြစ်နိုင်ပါတယ်။

နောက် storage ဂိုထောင်တစ်ခုထဲမှာ အိတ်ကြီးတစ်အိတ်ကိုင်ထားတဲ့ marc ကို မြင်ရပြီး သူ ဘာကြောင့် ဒီရောက်နေသလဲဆိုတာကို စိတ်ရှုပ်နေတဲ့ပုံနဲ့တူပါတယ် ။ ကျွန်တော့်ခန့်မှန်းချက်ကတော့ အဲ့အိတ်က moon knight ရဲ့ costume နဲ့ လက်နက်တွေ ထည့်ထားတဲ့အိတ်ဖြစ်ပြီး marc ဟာ သူအိပ်မက်တွေထဲ လုပ်မိလိုက်တဲ့ အရာတွေနောက်လိုက်ရင်း ဂိုထောင်ထဲ ရောက်သွားပုံပါပဲ။

ဒီနောက် သူ့ကို တစ်ခုခုက လိုက်နေလို့ အိတ်ကြီးပိုက်ကာ ဂိုထောင်ထဲမှာ သည်းကြီးမဲကြီး ထွက်ပြေးနေပုံနဲ့ တူသလိုရှိပါတယ် ။ ဒါကလည်း အပေါ်မှာပြောခဲ့တဲ့အတိုင်း ဒီ series ရဲ့ main villain က moon knight ကို လိုက်နေတာဖြစ်နိုင်သလို သူ့ရဲ့ တခြား personalities တွေဆီကနေ ကြောက်အားလန့်အားနဲ့ ထွက်ပြေးနေတာလည်းဖြစ်နိုင်ပါတယ်။

Trailer ရဲ့ နောက်တစ် scene မှာလည်း marc ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ လူတွေအများကြီးကို တိုက်ခိုက်လိုက်နိုင်တာတွေ့ရပြီး သူ့ကိုယ်သူတောင် အံ့သြနေပါတယ် ။ သူ့ဘေးက လူတွေကတော့ marc ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကြောင့် ကြောက်နေကြပါတယ်။

Hero မဆန်တဲ့ Moon Knight

ဒီနောက် ‘who’s in your head devours you’ ဆိုပြီး တခြားသူတစ်ယောက်က ပြောလိုက်တဲ့အသံကြားလိုက်ရပြီး moon knight ဟာ တစ်နေရာမှာ လူတစ်ယောက်ကို သေလောက်အောင် ရိုက်နှက်နေပါတယ် ။ ဒီနေရာမှာ ပြောလိုက်တဲ့ နောက်ကွယ်က အသံကတော့ marc ရဲ့ persona တစ်ခုသို့မဟုတ် show ရဲ့ တခြား character တစ်ခုဖြစ်လောက်မှာပါ ။ ကျွန်တော်ကတော့ သူ့စိတ်ထဲက သူဖန်တီးထားတဲ့ khonshu လို့ထင်ပါတယ်။

ရိုက်နှက်တဲ့ scene နဲ့ ပတ်သက်ပြီးက moon knight ကတော့ anti-hero ဆိုတဲ့အတိုင်းပါပဲ comic ထဲမှာ ဒီထက်ပိုကြမ်းတာတွေတောင်လုပ်ဖူးပါတယ် ။ လူတွေကို နှိပ်စက်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲ ။ လူတွေကို တစ်ချက်ထဲနဲ့ သတ်တာမဟုတ်ဘဲ စိမ်ပြေနှပြေနှိပ်စက်ညှဥ်းဆဲပြီးမှ သွေးအေးအေးနဲ့ သတ်တာပါ ။ သတ်ပြီးရင်လည်း လူတွေရဲ့ နဖူးမှာ လခြမ်းပုံအမှတ်အသားလေး ထွင်းပြီး ချန်ထားလေ့ရှိပါတယ် ။ moon knight ဟာ marvel ရဲ့ dark ဖြစ်တဲ့ ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် သူ့ဇာတ်လမ်းကတော့ mcu နဲ့တောင်မတူဘဲ dark ဖြစ်နေမှာပါပဲ ။ ဒါမှသာ Moon knight ရဲ့ theme ပေါ်လွင်မှာပါ ။

Moon Knight ဆိုတဲ့အတိုင်းပါပဲ သူ တံတားပေါ်မှာ ပြေးသွားပြီး တိုက်ပေါ်က ခုန်လိုက်တဲ့ scene တွေ ရဲ့background မှာ ရေထဲက လရဲ့ Reflection တွေ ကောင်းကင်ပေါ်က လခြမ်း background တွေလည်း ထည့်ပေးထားပါတယ်။

Main villain tease လုပ်ခြင်း

ဒီနောက် စားသောက်ဆိုင်ပေါက်ကွဲသွားတာကို မြင်ရပြီး moon knight ရဲ့ ဝတ်စုံကိုလည်း အနီးကပ်မြင်တွေ့လိုက်ရပါတယ် ။ moon knight ကတော့ သူ့အရှုပ်ထုပ်အပြင် တခြားအမှုတစ်ခုကိုပါ ရှင်းရတော့မယ့်ပုံပါပဲ ။ trailer ရဲ့ အဆုံးသတ်မှာလည်း မိန်းကလေးတစ်ယောက်ရဲ့ အော်သံနဲ့အတူ ထူးဆန်းတဲ့လူတစ်ယောက်က ဂူတစ်ဂူထဲ ဆွဲသွင်းသွားတာကိုတွေ့ရတဲ့အတွက် ဒါဟာ series ရဲ့ main villain ကို tease တာဖြစ်ပါတယ်။

Main villain နေရာ ကိုတော့ နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ Ethan hawke က သရုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ် role ဖြစ်မလဲကတော့ မကြေညာသေးပါဘူး ။ ဒါပေမယ့် moon knight လို လူမျိူးနဲ့ ယှဥ်ဖို့ကတော့ နှယ်နှယ်ရရ ဇာတ့ကောင်ထဲက မဖြစ်နိုင်ဘူး လို့ ထင်မိပါတယ် ။ သဘာဝလွန်အစွမ်းရထားတဲ့ villain တစ်ကောင်ကောင်ဖြစ်လောက်မှာပါ ။ moon knight ဆိုတာကလည်း comic ထဲမှာ Supernatural အရာတွေကို အမဲလိုက်ခြင်းအားဖြင့် လူသိများပါတယ် ။ မကြာခင် disney + မှာလာဖို့ သတင်းထွက်နေတဲ့ werewolf by the night နဲ့တောင် တိုက်ခိုက်ခဲ့ဖူးပါတယ်။

Moon Knight ရဲ့ Look ကို Teaser ထဲဘာမှမပြသွားပေမယ့် အောက်ပါပုံကတော့ Teaser မထွက်ခင်ထဲက Leaked ထားတဲ့ Moon Knight ရဲ့ Suit ပုံစံဖြစ်ပါတယ်။ အစကတော့ မသေချာသေးပေမယ့် Teaser ထဲက Scene နဲ့ တိုက်ကြည့်တဲ့အခါမှာ Background ကအစတူနေတာတွေ့ရပါတယ်။

တချို့ကတော့ ထို look ကိုသိပ်သဘောမကျပေမယ့် ကျွန်တော့်အနေနဲ့ဆိုရင်တော့ Badass ဖြစ်ပြီး သွားထားတာနဲ့ လိုက်ဖက်တယ်လို့မြင်ပါတယ်။ MCU ရဲ့ အထာကလဲ Character တွေကို Suit Upgrade လုပ်တာမျိုးတွေများတာဆိုတော့ နောက်ထပ်ပုံစံ ၁ မျိုးနဲ့လဲ ထပ်မြင်ရနိုင်သေးတာမို့ စောင့်ကြည့်ရပါမယ်။

အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒါကတော့ Moon knight teaser နဲ့ ပတ်သက်ပြီး Info နဲ့ breakdown လေးပဲ ဖြစ်ပါတယ်။ ဒီ Series ကတော့ release date အတိအကျ မသိရသေးပေမယ့် 2022 အတွင်း ထွက်ရှိသွားမှာဖြစ်ပါတယ်။

#Weasel #ZEUS

(Zeusmyanmar မှ Content များကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။)

Categories
Marvel MCU News

Marvel ရုပ်ရှင်တွေမှာ စစ်တပ်ပါဝင်မှုနဲ့ ပတ်သက်ပြီး ရှင်းလင်းလိုက်တဲ့ James Gunn

Marvel Cinematic Universe တစ်နည်းအားဖြင့် MCU ကြီးဟာဆိုရင် 2008 ခုနှစ်ထွက် Iron Man ကစလို့ အခုလက်ရှိအထိ phase 4 ခုမြောက်ရှိခဲ့ပြီဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေ tv shows တွေလည်း အမြောက်အမြားထွက်ရှိခဲ့ပါတယ် ။ ဒီထွက်ခဲ့သမျှ ရုပ်ရှင်တော်တော်များများမှာ တူညီတဲ့ အချက်တစ်ချက်ကတော့ စစ်တပ်ရဲ့ လွှမ်းမိုးပါဝင်နေမှုပါပဲ ။

စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေ ပစ္စည်းတွေ ဝတ်စုံတွေကို MCU ထဲ မကြာခဏ မြင်တွေ့ရတဲ့အပေါ် detail က အစလိုက်ကြည့်ထားတဲ့ တစ်ချိူ့သော fan တွေကတော့ ဒီအရာတွေအတွက် တရားဝင်ခွင့်ပြုချက်ရထားသလားဆိုတဲ့ မေးခွန်းတွေထုတ်လာကြပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး GOTG director James Gunn ပြန်လည်ဖြေရှင်းထားတာကတော့

‘ Marvel ရုပ်ရှင်တိုင်းရဲ့ ဇာတ်ညွန်းတွေအတွက် စစ်တပ်ရဲ့ ခွင့်ပြုချက်ကို ငါတို့ မယူခဲ့ပါဘူး ။ လူတွေ ဘာကြောင့် ဒီလို ပေါက်တတ်ကရတွေကို ပြောနေကြလဲ ငါအံ့သြမိတယ် ။ ဒါပေမယ့် စစ်တပ်အခြေခံတဲ့ အထူးဇာတ်ညွန်းတွေမှာတော့ ခွင့်ပြုချက်ကို ယူရတာအမှန်ပါပဲ ။ ဒါကလည်း တော်တော်ကို ကြုံတောင့်ကြုံခဲပါ ။ ငါသိသလောက် စစ်တပ်ဖက်ကလည်း အနုပညာလောကနဲ့ ပတ်သက်ပြီး အရမ်းကြီး မတင်းကျပ်ထားပါဘူး ။ Marvel ရုပ်ရှင်တွေ အားလုံးဟာ စစ်တပ်ခွင့်ပြုချက်ကို အမြဲ မဖြစ်မနေယူရတယ်လို့ လူတွေပြောနေကြတာက တကယ့်ကို အဓိပ္ပါယ်မရှိတာပဲ။ ငါရိုက်ခဲ့သမျှ ရုပ်ရှင်တိုင်းမှာလည်း ဘယ်တော့မှ ခွင့်ပြုချက် ယူခဲ့တာမဟုတ်ဘူး ။ ‘ လို့ twitter မှာ ပြောကြားထားခဲ့ပါတယ် ။

#ZEUS #Weasel

Categories
Marvel MCU News

Tom Holland ပြောတဲ့ No Way Home ရဲ့အမိုက်ဆုံး scene တစ်ခု

Tom Holland ဟာ Empire Magazine နဲ့ interview တစ်ခုမှာသူ့အတွက်အရမ်း special ဖြစ်လွန်းတဲ့ဇာတ်ဝင်ခန်းတစ်ခုအကြောင်းပြောပြခဲ့ပါတယ်။

“ကျွန်‌တော် အဲ့တုန်းကကျွန်တော့်ညီနဲ့အတူအဲ့တာကိုကြည့်နေတာဗျ ကြည့်ရင်းနဲ့ညီအစ်ကိုနှစ်ယောက်လုံးပါးစပ်အဟောင်းသားဖြစ်ခဲ့ပါသေးတယ် ဇာတ်ဝင်ခန်းကတော့ ကျွန်တော်ရယ်၊Aunty May ရယ်၊ Happy ရယ် ပြီးတော့နောက်ထပ်စတုတ္ထမြောက်လူတစ်ယောက်ရယ် စားပွဲတစ်ခုမှာဝိုင်းထိုင်ပြီး superhero တစ်ယောက်ဖြစ်ရတဲ့အကြောင်းကိုဆွေးနွေးကြတာပါ တကယ်အဓိပ္ပာယ်ရှိပြီး တစ်ကယ်မိုက်ပါတယ် အဲ့စတုတ္ထလူအကြောင်းကိုတော့ကျနော်ပြောပြလို့မရဘူးလေ” လို့ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးကတော့”စတုတ္ထလူ”ပါပဲ Dr. Strange လား? ဒါမဲ့ Dr ဆိုရင်သူလျှို့ဝှက်နေစရာမလိုဘူးလေ။ ဒါဆို Dr. Octopus လား? ဒါလဲလူတွေသိပြီးသားပဲ။
ဒါဆိုလျှို့ဝှက်ထားစရာဘယ်သူရှိသေးလဲ…..?

Spoiler Man လေးကတော့ဇာတိပြနေပါပြီ။ ဘယ်သူလဲဆိုတာသာပြောလိုက်ရင်တော့ Kevin Feige ကြီး အိမ်တိုင်ရာရောက်ပါးလာရိုက်မှာစိုးလို့ထင်ပါတယ်။ စတုတ္ထလူကဘယ်သူဖြစ်မလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲ။

#Takezō #ZEUS

Categories
Marvel MCU News

Loki ရိုက်ချင်ပေမယ့် မအားဘူးဆိုတဲ့ James Gunn

The Best Show of All Time စာရင်းဝင်သွားတဲ့ Loki series ဟာတော့ Season 2 ထွက်ရှိလာဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာ Season 1 ရဲ့ Director Kate Herron ကတော့ Season 2 အတွက်သူပြန်လာတော့မှာမဟုတ်ဘူးလို့ပြောသွားခဲ့ပါတယ်။

အခုဆိုရင်တော့ Fan တွေ က The Guardians of the Galaxies Franchise နဲ့ Suicide Squad တို့ရဲ့ ပဲ့ကိုင်ရှင် Director James Gunn ကို Season 2 ရိုက်ကူးချင်လားဆိုတဲ့မေးခွန်းတွေအပေါ် James ကတော့အခုလိုတုန့်ပြန်သွားခဲ့ပါတယ်။

” အဲ့တာ အရမ်းမိုက်တာပေါ့… ဒါပေမယ့်လည်း ငါလက်ထဲမှာကအကုန်အပြည့်ပဲလေ ပြီး‌တော့ Loki က Kate ရဲ့ ခြေလှမ်းအတိုင်းလိုက်နိုင်မယ့် မှန်ကန်တဲ့ Director ကိုတွေ့မှာသေချာပါတယ် “

James Gunn ကတော့ အသစ်စက်စက် Suicide Squad ရုပ်ရှင်သစ်ကိုရိုက်ကူးထားခဲ့ပြီး Rating တွေလည်းကောင်းခဲ့ပါတယ်။ လက်ရှိမှာလည်း Marvel ရဲ့ The Guardians of the Galaxies Vol 3 ကိုရိုက်ကူးလျက်ရှိပါတယ်။

#RAY #ZEUS

Categories
Marvel MCU News

Anime ဘက်ကိုချဲ့ထွင်ဖို့စီစဉ်နေတဲ့ Marvel Studios

Disney+ ဟာစတင်တည်ထောင်ကတည်းက movie or series တွေကိုမျိုးစုံချပြဖို့ရည်ရွယ်ထားပြီး ယခုဆိုရင်လဲ တစ်ခုပြီးတစ်ခုထုတ်လွှင့်နေပါတယ်။ အခု ၁ ခါမှာလဲ Marvel Studios ဘက်ကနေ 2D animation ဖြစ်တဲ့ anime ဘက်ကို ခြေဆန့်ဖို့အစီအစဉ်တွေရှိနေပါတယ်။

Star Wars: Visions series မှာဆိုရင်လည်း anime anthology series ၁ ခု ဖြစ်ပြီး episode တစ်ခုစီကို studio တစ်ခု‌ဆီကနေ တာဝန်ယူဖန်တီးထားတာဖြစ်ပါတယ်။

Marvel ရဲ့ What If? animation series မှာဆိုရင်လဲ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာကြောင့် Marvel ဟာသူ့ရဲ့တစ်ခုတည်းသောအားနည်းရာဖြစ်တဲ့ animation ဘက်ကို ထပ်ဖြည့်ဦးမှာပါပဲ။ What If? နဲ့တင်အတော်လေးအားရနေပါပြီ။

The Comic Circus ရဲ့တင်ပြချက်အရ Marvel ဟာ 2D animation နဲ့ high-end anime 2DFX style အကြောင်းနားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကိုစုဆောင်းနေပြီး ဒါဟာနောက်လာမယ့် anime project တွေအတွက်စီစဉ်နေတာကလွဲလို့ကျန်တာမဖြစ်နိုင်ပါဘူး။

ဒါဆိုရင် ဘယ်ဇာတ်လမ်းတွေကို anime အဖြစ်မြင်ရမှာလဲ?
Marvel ဟာလောလောဆယ် Multiverse ဘက်ကို အကြီးအကျယ်ဖွင့်ပြနေတာဖြစ်တဲ့အတွက် ကြိုက်တဲ့ timeline ကဟာကိုဆွဲထည့်လို့ရပါတယ်။ ဥပမာ Avengers အဖွဲ့ကိုဂျပန်နိုင်ငံမှာဖွဲ့စည်းထားတဲ့ timeline မျိုး
Japan အငွေ့အသက်ပါတာ‌မျိုးတွေကိုပဲတွေ့ရမှာပါ။

အနီးစပ်ဆုံးကတော့ Big Hero 6 ကို adaptation လုပ်လောက်မှာပါ။
Japan နိုင်ငံမှာပဲအခြေစိုက်ထားတဲ့ story တစ်ခုဖြစ်တဲ့အပြင် live-action ထက် anime အနေနဲ့ဆိုပိုအဆင်ပြေနိုင်တာကြောင့် ဖြစ်ပါတယ်။

Marvel anime တွေကိုကြည့်ရမယ်လို့တစ်ခါမှမတွေးဘူးရင် အခုချိန်‌မှာတွေးလို့ရနေပါပြီ။

#Takezō #ZEUS