Categories
Comic fact Marvel

လက်ရှိ Marvel comic တွေထဲမှ မြင်တွေ့ရတဲ့အကြောင်းအရာများ

လက်ရှိ Marvel comic အသစ်များထဲမှာ မြင်တွေ့ရတဲ့အကြောင်းအရာများ, ထူးခြားတဲ့ဇာတ်လမ်းများနဲ့အတူ လူသိနည်းတဲ့factအချို့ကိုတင်ဆက်ပေးလိုက်ပါတယ်.

#Zzerk #ZEUS

Celestialတည်ဆောက်နေတဲ့ Tony Stark

ကမ္ဘာပေါ်ကGeniusအဖြစ်ဆုံးစာရင်းထဲမှာပါဝင်သူတစ်ယောက်ဆိုရင်လည်းမမှားပါဘူး.MCUမှာဆိုရင်လည်း Nano techတို့ Hulk Busterတို့ထိမြင်တွေ့ခဲ့ရပါတယ်.Comicထဲမှာတော့ comicဆိုတဲ့အတိုင်းပဲ LAထက်ကိုပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ မထင်မှတ်ထားလောက်တဲ့အရာတွေထိကိုရှိခဲ့ပါတယ်.New Asgardကိုပြန်လည်တည်ဆောက်ရာမှာလည်း Advance cityကြီးတစ်ခုဖြစ်အောင် အရာရာဦးဆောင်ပြီး techတွေဖြည့်ကာတည်ဆောက်ပေးခဲ့ပါတယ်.Helios Laser – UV Drone ဆိုပြီးတော့ Hulkကိုအရိုးပဲကျန်တော့ထိဖြစ်စေတဲ့လက်နက်မျိုးတွေကိုတီထွင်ခဲ့ပါသေးတယ်.အခုပြောပြသွားမဲ့အရာက ဒီအရာတွေထက်ကိုပိုမိုသာလွန်တယ်.လက်ရှိထွက်နေတဲ့ Hulk 2021 comicမှာစတွေ့ရတာဖြစ်ပါတယ်. Celestail Armorကြီးတစ်ခုကိုတည်ဆောက်နေတာဖြစ်ပါတယ်. ဒါပေမဲ့ ဒီCelestial Armorမှာ အရာရာအားလုံးကသူ့ဖန်တီးမှုတွေကြီးပဲတော့မဟုတ်ပါဘူး.အသေးစိတ်ပြောပြပေးသွားပါမယ်.

ဖြစ်ပုံကတော့ Knullဆိုတဲ့ Symbiote Godကြီးက Symbioteစစ်တပ်ကြီးနဲ့အတူ ကမ္ဘာကိုတိုက်ခိုက်ဖို့universeထဲမှဆင်းချလာပါတယ်.Knullရဲ့ symbioteစစ်တပ်တွေထဲမှာ Celestialတွေပါဝင်လာခဲ့ပါတယ်.KnullကCelestialတွေကိုပါ symbioteတွေနဲ့ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်.ဒီbattleမှာတော့Earth Mightiest Heroesတွေ Avengersတွေက Knullကိုနှိမ်နင်းနိုင်မဲ့နည်းလမ်းကိုရှာတွေ့ခဲ့ပြီး battleကိုအဆုံးသတ်ကာအနိုင်ရခဲ့ပါတယ်.Knullရဲ့symbioteတွေရှင်းသွားတဲ့အခါ battleအတွင်းမှာပါဝင်လာခဲ့တဲ့ Celestialရဲ့bodyကို Tony Starkကရရှိသွားတာဖြစ်ပါတယ်.

ထိုမှနေပဲ ဒီCelestial bodyကိုဖြည့်စွက်မွမ်းမံပြီး Iron Manကို ကိုယ်စားပြုတဲ့ပုံစံအဖြစ် ပြောင်းလဲတည်ဆောက်နေတာဖြစ်ပါတယ်.သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ Celestial Bodyရဲ့ရင်ဘက်က လက်ကျန်energy coreကို pocket dimensionအဖြစ်ပြောင်းလဲချင်တာဖြစ်ပါတယ်.ကမ္ဘာပေါ်မှာအရမ်းအထိအခိုက်အပျက်အစီးများနိုင်မဲ့battleမျိုးတွေမှာ ပြည်သူပြည်သားတွေအရပ်သားတွေထိခိုက်မှုမရှိလေအောင် Celestial bodyရဲ့energy coreထဲက pocket dimensionထဲမှာ လုံခြုံစွာခိုလှုံခွင့်ရနိုင်ဖို့ဖြစ်ပါတယ်.Celestial Armorကိုတော့သူcontrolလုပ်ပြီး ရန်သူတွေကို အေးဆေးဝိုက်မယ်ပေါ့ဗျာ.

Hulk 2021 issue 1မှာမြင်တွေ့ခဲ့ရပုံအရ Celestial Armorကတည်ဆောက်မှုပြီးစီးခါနီးနေပါပြီ.ဒါပေမဲ့ အနှောက်အယှက်အဟန့်အတားတွေလည်းရှိနေခဲ့တယ်. Bruce Bannerက Celestial power coreကိုလိုချင်တဲ့အတွက် Iron Manကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်.ဘာဆက်ဖြစ်မလဲဆိုတာကတော့ အတိအကျမသိရသေးပါဘူး issueအသစ်ထွက်မဲ့အချိန်ကိုစောင့်နေရသေးလို့ပါ.

Iron Manတစ်ယောက် comicထဲမှာ pocket dimensionပါဝင်မဲ့ Celestial Armorတည်ဆောက်နေပြီပေါ့ဗျာ. အခုမှfirst timeလားဆိုတော့ မဟုတ်ဘူးဗျ.အဲ့မတိုင်ခင် Giant Size Busterတစ်ခုကို ကိုယ်တိုင်အစအဆုံးတီထွင်နိုင်ခဲ့ပါသေးတယ်. Godkiller Armor MK IIလို့အမည်ရပါတယ်.Dark Celestial(Aspirants)တွေကိုယှဥ်ချဖို့လုပ်ခဲ့ပေမဲ့လည်း ကိုယ်ပိုင်technologyတွေနဲ့အကောင်းဆုံးဖြစ်နေပေမဲ့လည်း Dark Celestialတွေကိုမယှဥ်နိုင်ခဲ့ပဲ battleမှာနယ်နယ်ရရဘာမှကိုမလုပ်လိုက်နိုင်ပဲ Godkiller Armor MK IIကိုဆုံးရှုံးခဲ့ရပါတယ်.တစ်ဖက်ကရန်သူတွေက Dark Celestialတွေဖြစ်နေတာကြောင့်လည်းပါပါတယ်. Tonyကလက်မလျှော့သေးဘူးပေါ့ဗျာ အခုပိုမိုကောင်းမွန်မဲ့ Celestial Armorကိုတည်ဆောက်နေပါပြီ.

ဒီနေရာမှာတစ်ချို့အမှတ်မှားနေတဲ့အချက်အချို့ကိုလည်းထည့်ပေါင်းပြောပြပေးသွားပါမယ်. Godkiller Armor MK IIကို တီထွင်ဖို့အစပျိုးခဲ့မှုနဲ့လည်းသက်ဆိုင်နေပါတယ်. Godkiller Armor MK IIဟာ တစ်ကယ့်Godkiller Armorကြီးကိုတုပပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်. မူရင်း Godkiller Armorဟာ Dark Celestialတွေရဲ့ဖန်တီးမှုဖြစ်ပါတယ်. Universeကြီးအစ Celestialတွေနဲ့ Dark Celestialတွေbattleကြားမှာ Celestialတွေကိုဝိုက်ဖို့အတွက် Dark Celestialတွေကဖန်တီးခဲ့တာဖြစ်ပါတယ်.အဲ့ မူရင်း Godkiller Armorကိုလည်းTonyပိုင်တယ်ထင်ပြီး အမှတ်မှားနေကြတာဖြစ်ပါတယ်.

Tonyက Dark Celestialတွေရဲ့ဖန်တီးမှု Godkiller Armorကိုရှာတွေ့ခဲ့တာပါ.TonyကGodkiller Armorကို နိုးထစေခဲ့ပြီး ထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး.Auto pilot systemကြောင့် ဂြိုလ်နှစ်ခုဟာလည်းပျက်စီးခဲ့ပြီး သက်ရှိများစွာသေဆုံးခဲ့ရပါတယ်.Godkiller Armorကို Dark Celestialတွေကလွဲလို့ ဘယ်သူမှaccessမလုပ်နိုင်တာကြောင့်လက်လျှော့ခဲ့ရပါတယ်.ဒီကနေမှပဲ Tonyက ideaတစ်ခုရပြီး Giant size enemyတွေကိုယှဥ်ချဖို့ Godkiller Armorကိုမှီငြမ်းပြီး Godkiller Armor MK IIဆိုပြီးတည်ဆောက်ခဲ့တာပါ.

ဒါပေမဲ့လည်းဘယ်လောက်မှတောင်အသုံးမပြုလိုက်ရပါဘူး.Battleအတွင်းဆုံးရှုံးခဲ့ရပါတယ်.အခုလက်ရှိမှာတော့ Celestial Armorသစ်တစ်ခုကိုပြန်လည်တည်ဆောက်နေပါပြီ. Godkiller Armor MK IIရဲ့Originကတော့ ဒီလောက်ပါပဲ. Godkiller Armorနဲ့ Godkiller Armor MK IIတို့ကို ပုံမှာဖော်ပြပေးထားပါတယ်

Phoenix hostဖြစ်လာတဲ့ Echo Phoenix forceလို့ပြောလိုက်ရင် Jean Greyကိုတန်းမြင်ကြမှာပါ.X-Men movieတွေထဲမှာလည်း Phoenix forceကိုအသုံးပြုပြခဲ့တဲ့ဇာတ်ဝင်ခန်းအချို့လည်းမြင်တွေ့ခဲ့ပြီးပါပြီ. Phoenix forceဟာ comicထဲမှာတော့ ဒီထက်ပိုပြီး ရှုပ်ထွေးနက်နဲပါတယ်.Avengersတွေရှိနေတဲ့ Earth 616မတိုင်မီ (Big Bangကြောင့်လက်ရှိuniverseကြီးဖြစ်မလာခင် အရင်Universe)မှာကထဲကရှိနေခဲ့တာပါ.နောက်ပြီး Phoenix forceဟာ သက်ရှိbeingတစ်ယောက်လည်းဖြစ်နေပါတယ်.Venomလိုမျိုးပဲ သက်ရှိတွေကိုPhoenix forceပေးပြီးhostပြုလုပ်ပါတယ်.

Jean Greyဟာလည်း hostဖြစ်ခဲ့သူတွေထဲကတစ်ယောက်ပါပဲ.Phoenix forceကိုထာဝရပိုင်ဆိုင်သူတစ်ယောက်မဟုတ်ခဲ့ပါဘူး. ကမ္ဘာပေါ်ကပထမဦးဆုံးPhoenix forceကိုလက်ခံရရှိခဲ့တဲ့ hostဟာ Lady Phoenixလို့အမည်ရပြီး 100000 BC မှAvengersတစ်ယောက်လည်းဖြစ်နေပါတယ်.အရင်universeမှာလည်းPhoenix hostရှိနေနိုင်တာမို့ Lady Phoenixဟာလည်း ပထမဆုံးhostမဟုတ်လေဘူး.ဒါကြောင့်ပဲ Phoenix forceဟာ comicထဲမှာရှုပ်ထွေးနက်နဲမှုတွေရှိနေရခြင်းဖြစ်ပါတယ်.Jean Greyပိုင်ဆိုင်တဲ့အရာလည်းမဟုတ်ဘူးပေါ့ဗျာ.Phoenix forceစုပ်ယူခံရခိုးခံရတာတွေကော Phoenix hostဖြစ်ခဲ့သူတွေကောအများအပြားရှိခဲ့ပါတယ်.

လက်ရှိမှာတော့ Phoenix forceကိုပိုင်ဆိုင်ထားတဲ့ hostဟာ Maya Lopez (Echo)ဖြစ်ပါတယ်. Echoကို Hawkeye seriesမှာလည်းမြင်တွေ့ခဲ့ပြီးပြီမို့ အားလုံးလည်းရင်းနှီးပြီးကျလောက်ပါပြီ. Echoက Phoenix hostဘယ်လိုဖြစ်လာရတာလဲ? ပထမပြောခဲ့သလိုပဲ Phoenix forceဟာ Jean Greyပိုင်ဆိုင်တဲ့အရာမဟုတ်ဘူးဆိုတာ.ဒါပေမဲ့ လက်ခံရရှိထားခဲ့တဲ့hostပေါ့ဗျာ.Jean Greyဟာ Phoenix forceကိုကိုင်ဆောင်ထားရတာအရမ်းကိုပင်ပန်းလာတဲ့အတွက် Phoenix forceကိုဆက်လက်မကိုင်ဆောင်ချင်တော့ပဲ သူမကိုreleaseလုပ်ပေးဖို့ Phoenix beingကြီးကိုကိုယ်တိုင်တောင်းဆိုခဲ့တာပါ.ဒီကနေမှပဲ PhoenixဟာJean Greyထံကနေထွက်လာခဲ့ပြီးhostအသစ်တစ်ယောက်ကိုရှာဖွေနေခဲ့ပါတယ်. Moon KnightဟာPhoenix hostဖြစ်လာခဲ့ပါတယ်.

Moon Knightဟာလည်းပဲ သူနဲ့ဆိုရင်ဒီအစွမ်းအစတွေဟာအရမ်းအန္တရာယ်ကြီးပြီး ထိန်းချုပ်ဖို့ခက်ခဲနိုင်တာကြောင့် Phoenix forceကိုပြန်လည်စွန့်လွှတ်ခဲ့ပါတယ်.Phoenix beingကြီးကတော့ နောက်ထပ် host ကိုရှာရပြီး အလုပ်ရှုပ်ရတာပေါ့ဗျာ. ဒီတစ်ခါတော့ တစ်ယောက်ထဲကိုphoenix forceပေးတာမဟုတ်ပဲ heroပေါင်းစုံ villainပေါင်းစုံကိုတစ်ပြိုင်နက် အစွမ်းတွေ မျှဝေပေးခဲ့ပါတယ်.ရည်ရွယ်ချက်ကတော့ Phoenix forceနဲ့အမှန်တစ်ကယ်ထိုက်တန်သူကိုရှာတွေ့ချင်တာပါ.ဒါကြောင့်ဒီအစွမ်းတွေရခဲ့ရင်သူတို့ဘာတွေလုပ်ကြမလဲစောင့်ကြည့်ရင်း Phoenix forceရလိုက်ကြသူအချင်းချင်းကိုလည်းချခိုင်းပါတယ်.

Phoenix forceရလိုက်ကြသူတွေကတော့ Captain America, Doctor Doom, Black Panther, Namor, Moon Girl, Man Thing, Maya Lopez, She Hulk, Red Widow, Shang Chi, Jane Foster, Hyperion, Logan, Black Knight, Howard the Duck, American Eagle, Shanna, … စသည်ဖြင့် Phoenix forceကိုရလိုက်ကြသူတွေ အများအပြားပါပဲ. Phoenix forceရလိုက်သူတွေ သူတို့ကိုယ်တိုင်ဟာလည်းpermanent hostတွေဖြစ်လာဖို့ကြိုးစားလာကြပြီး forceရသူအချင်းချင်း1by1တွေချကြပါတော့တယ်.

Phoenix forceကိုအသည်းအသန်လိုချင်ကြတဲ့လောဘတွေနဲ့အတူ ယှဥ်ပြိုင်တိုက်ခိုက်ခြင်းတွေကြောင့် အပျက်အစီးအဆုံးအရှုံးတွေအတော်ကြီးမားခဲ့ပါတယ်.ထိုbattleတွေကြားထဲမှာမှပဲ Namorကြောင့် Echoတစ်ယောက်သေဆုံးခဲ့ရပါတယ်.Echoဟာဒီအရာတွေကြားမှာဝင်ရောက်ပါချင်သူတစ်ယောက်မဟုတ်သလို အစွမ်းအစတွေလိုချင်တပ်မက်မှုမရှိတာကြောင့်ပဲ Phoenix beingကြီးဟာ တစ်ခြားသူတွေစီက Phoenix forceတွေအကုန်ပြန်လည်စုပ်ယူပြီး Maya Lopez (Echo)ကိုပြန်လည်အသက်သွင်းကာ အစွမ်းအစတွေအကုန်ပေးပြီး Phoenix hostဖြစ်လာစေပါတော့တယ်.

Echoဟာလည်းပဲ Phoenix hostအဖြစ်ဆက်ခံပြီး forceရဖို့အချင်းချင်းချနေတဲ့heroတွေရဲ့battleတွေကိုလည်းရပ်တန့်ပေးခဲ့ပါတယ်. Phoenix hostဖြစ်နေတဲ့Echoအကြောင်းကဒီလောက်ပါပဲ. Echoအတွက် Phoenix songဆိုတဲ့comic seriesတစ်ခုကလည်းongoingအဖြစ်runလျက်ရှိပါတယ်.လက်ရှိeventတွေအတွက်အရေးပါတဲ့characterတစ်ယောက်အဖြစ်ရှိနေပါတယ်.

Sorcerer Supremeဖြစ်လာတဲ့ Bruce Bunner
Earth 11638

ဒီversionကတော့Marvel comicရဲ့main earth 616က Bruce Bannerတော့မဟုတ်ပါဘူး.What ifလိုမျိုးလည်းမဟုတ်ပဲ Another possibilityနဲ့ Multiverseက Bruce Bannerဖြစ်ပါတယ်.

Bruceဟာ သူ့စိတ်သူမထိန်းနိုင်သလို Hulkဖြစ်တဲ့အချိန်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေသာရှိစေတဲ့အတွက် ဒီအခြေအနေတွေကနေလွတ်မြောက်နိုင်မဲ့အဖြေတွေကိုရှာဖွေနေခဲ့ပါတယ်.တစ်နေ့မှာတော့ Doctor Strangeနဲ့ဆုံတွေ့ခဲ့ပါတယ်. Doctor Strangeရဲ့magicအစွမ်းတွေနဲ့သူ့ကိုကူညီနိုင်မယ်ထင်မိတဲ့အတွက် Doctor Strangeကိုအကူအညီတောင်းရင်းနဲ့ပဲ ပညာတော်သင်တစ်ယောက်ပါဖြစ်လာခဲ့ပါတယ်. Meditationအတူပြုလုပ်ကြရင်းနဲ့ပဲ Bruceဟာသူ့စိတ်ကိုထိန်းလာနိုင်ခဲ့ပါတယ်.Magic spellပိုင်းတွေနဲ့ပတ်သတ်ပြီးလည်း အတော်ကိုတတ်ကျွမ်းလာခဲ့ပါတယ်.

အခြေအနေအတိုင်းအတာတစ်ခုထိရောက်ပြီး ပညာတွေပြည့်စုံလာတဲ့အခါ Bruceဟာ သူ့ခန္ဓာကိုယ်ထဲကနေ Hulkကိုခွဲထုတ်နိုင်ခဲ့ပါတယ်.ဒါတင်မကသေးပဲ Hulkကို ငရဲပြည်ထိပို့လွှတ်ပြီးအပြစ်တွေခံယူစေပါတော့တယ်. Bruceနဲ့Hulkဟာ ခန္ဓာတစ်ခုထဲဆိုပေမဲ့လည်း Avengers End Gameမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း Smart Hulkကိုယ်ထဲက Bruceကိုခွဲထုတ်လိုက်သလို ဒီComicထဲမှာတော့ Bruceကိုယ်ထဲကနေHulkကိုခွဲထုတ်ခဲ့တာပါ.Hulkအဖြစ်လုံးဝမပြောင်းလဲတော့တဲ့ Sorcererတစ်ယောက်ဖြစ်လာခဲ့ပါတယ်.

အချိန်တစ်ခုကြာပြီးနောက် Doctor Strangeက တစ်ခြားrealityတွေ planeတွေကိုလေ့လာဖို့ရှိတဲ့အတွက် သူ့ရဲ့bodyကြီးကိုထားခဲ့ပြီး Astral formနဲ့ journeyလုပ်ဖို့ရှိလာခဲ့ပါတယ်.ဒါကြောင့်ပဲ Doctor Strangeက သူ့ရဲ့mantleကို Bruceကိုလွှဲပေးခဲ့ပြီး Bruce Bannerတစ်ယောက် Sorcerer Supremeတစ်ယောက်ဖြစ်လာခဲ့တော့တာပါပဲ.Doctor Strangeလောက်မကြမ်းပေမဲ့လည်း သူ့အနေအထားနဲ့သူ နီးစပ်သူမို့ Sorcerer Supremeဘွဲ့နဲ့ထိုက်တန်သူဖြစ်လာခဲ့ပါတယ်.

Sorcerer Supremeဖြစ်လာတဲ့Bruceအကြောင်းကတော့ ဒီလောက်ပါပဲဗျ. ဒါပေမဲ့ပြောလက်စနဲ့ပဲ ဒါဆိုHulkကဘာဖြစ်သွားလဲဆိုတာကိုပါ ထည့်ပေါင်းပြောသွားပါမယ်. Hulkကတော့ Mephistoရဲ့ငရဲပြည်ကိုရောက်သွားပြီး ငရဲသားတွေရဲ့ဒဏ်ပေးမှုကိုခံနေခဲ့ရပါတယ်.Hulkကလည်းမခေသူမို့လို့ ပြန်လည်တိုက်ခိုက်ရင်း Hell demonတွေကိုသတ်ဖြတ်စားသောက် ပါဝါတွေရလာပြီး Infernal Hulkဆိုတဲ့ Evil Monsterကြီးတစ်ကောင်ဖြစ်သွားပါတော့တယ်. Bruceကသူ့ခန္ဓာနဲ့ပြန်မပေါင်းမစည်းမချင်း ငရဲပြည်မှာပဲပိတ်မိနေမှာဖြစ်ပါတယ်

Ghost Spider

Ghost Riderဖြစ်လာခဲ့တဲ့ Peter Parker!
ဒီPeterကလည်း 616ကမဟုတ်ပဲ တစ်ခြားearthကပါ.အရှေ့မှာပြောခဲ့တဲ့ Sorcerer Supreme Bruceရှိနေတဲ့universeနဲ့အတူတူပါပဲ.ဆိုတော့ အဲ့universeကအဆန်းတွေကြီးပဲပေါ့ဗျာ.

ဒီuniverseမှာလည်း Peterက Spider-Manအရင်ဖြစ်ခဲ့ပါတယ်.ဒါပေမဲ့ တစ်ခြားSpideyတွေနဲ့မတူတာကတော့ သူ့ရဲ့Uncle Benကမသေဆုံးခဲ့တဲ့အပြင် ပြည့်စုံတဲ့Heroတစ်ယောက်ဖြစ်လာအောင် အကြံဉာဏ်တွေပေး trainပေးခဲ့ရင်း အတူယှဥ်တွဲနေထိုင်ခဲ့ကြတာပါပဲ.Amazing Spiderဆိုတဲ့အမည်တွင်လာခဲ့ပါတယ်.Iqမြင့်တဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီ Parker Technologyဆိုတဲ့ companyတစ်ခုကိုပါတည်ထောင်နိုင်ခဲ့ပါတယ်. Multiverseတွေခုန်ကူးနိုင်တဲ့ transportation deviceကိုပါထွင်နိုင်ခဲ့တဲ့အထိပါပဲ.

ဒါပေမဲ့Uncle Benနဲ့ Amazing Spiderတို့ဟာ တွေးခေါ်ကြံဆမှုတွေမှားခဲ့ကြပြီး လမ်းလွဲတစ်ခုပေါ်လျှောက်လှမ်းရင်း မကောင်းတဲ့အရာတွေဖြစ်လာစေခဲ့ပါတယ်.ဒါကတော့ transportation deviceကိုသုံးပြီး Multiverseက Spider-Manတွေကိုရှာဖွေကြတာဖြစ်ပါတယ်.ရည်ရွယ်ချက်ကတော့ အဲ့Spider-Manတွေကိုဖမ်းစီးပြီး Spideyပါဝါတွေကိုစုပ်ယူပြီး Amazing Spiderစီလွှဲပြောင်းပြီး ပါဝါတွေတိုးမြှင့်လာစေဖို့ပဲဖြစ်ပါတယ်.

ဒီလိုလုပ်ခြင်းဖြင့် Amazing Spiderကပိုstrongဖြစ်လာပြီး သူတို့universeကိုပိုမိုထိရောက်စွာနဲ့ တိုက်ခိုက်စောင့်ရှောက်ပေးနိုင်မယ်ထင်နေတာကြောင့်ပဲဖြစ်ပါတယ်. Uncle Benနဲ့ Amazing Spiderတို့ဟာသူတို့ကိုယ်တိုင်သတိမထားမိပဲ Evilဆန်လာကြတာဖြစ်ပါတယ်.MultiverseကSpider-Manတွေတော်တော်များများကိုအယုံသွင်းပြီးဖမ်းစီးနိုင်ခဲ့သလို powerတွေကိုလည်းDeviceတစ်ခုထဲမှာစုပေါင်းထားခဲ့ပါတယ်.

ဒါပေမဲ့သူတို့ရည်မှန်းချက်အတိုင်းဖြစ်မလာခဲ့ပါဘူး.ဖမ်းစီးပြီးစုပ်ယူထားသမျှenergyတွေpowerတွေကို Amazing Spiderစီလွှဲပြောင်းဖို့လုပ်ဆောင်ကြတဲ့အခါ ချို့ယွင်းချက်တွေရှိနေခဲ့ပြီး ဒဏ်မခံနိုင်ခဲ့တာကြောင့် Amazing Spiderတစ်ယောက် သေခါနီးစဲစဲဖြစ်ခဲ့ပြီး comaဝင်သွားခဲ့ပါတယ်.ဒီအခြေအနေမှာပဲ သူလုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့် မျောလွင့်နေချိန်သူ့soulက Mephistoရဲ့ငရဲကိုရောက်သွားခဲ့ပါတော့တယ်.Amazing Spiderတစ်ယောက် တော်တော်ကြီးကိုအပြစ်ဒဏ်တွေခံခဲ့ရပါတယ်.Bodyကြီးကလည်းcomaအခြေအနေနဲ့အချိန်တစ်ခုထိကြာမြင့်ခဲ့ပါတယ်.

ဒီလိုအခြေအနေတွေကြားကမှပဲ သူ့ကိုကယ်တင်ဖို့ လူတစ်ယောက်ကငရဲထိလိုက်လာခဲ့ပါတယ်.Yes သူကတော့ Sorcerer Supreme Bruce Banner ပဲဖြစ်ပါတယ်.မင်းအသက်ပြန်လည်ရှင်သန်နေထိုင်နိုင်ဖို့ second chanceပေးမယ်ပေါ့. Amazing Spiderကလည်း ဘယ်တတ်နိုင်မလဲ လာကယ်တာပဲအတော်ကျေးဇူးတင်ရမှာပေါ့.ငရဲပြည်ရောက်နေတာမို့ Amazing Spider Peter Parkerရဲ့soulကို Mesphitoကပိုင်ဆိုင်နေချိန်လည်းဖြစ်ပါတယ်.ဒါကြောင့် Amazing Spider, Sorcerer Supreme, Mephistoတို့သုံးယောက်သားဆွေးနွေးခဲ့ရပါတယ်.ပြန်လည်ရှင်သန်နိုင်ဖို့ရွေးချယ်စရာတစ်ခုပဲရှိခဲ့ပါတယ်.

Mesphistoရဲ့အစေခံ Ghost Riderအဖြစ်ပြောင်းလဲခံရဖို့ပါ. Peterလည်းရွေးချယ်စရာမရှိတဲ့အဆုံး Deal with the devil လုပ်ရင်း Ghost Riderဖြစ်သွားတော့ပါတယ်. သူ့ရဲ့ idကိုတော့ Ghost Spiderဆိုပြီးပြောင်းလဲမှည့်တွင်ခဲ့ပါတယ်. Ghost Spiderဟာ သာမာန်Ghost Riderတွေထက်အဆင့်မြင့်တဲ့ Angel Riderဖြစ်ပါတယ်.

Ghost Spiderကို Spider-Men Across The Spider-Verseမှာမြင်တွေ့ရဖို့အလားအလာရှိပါတယ်.teaserတွေအရlogoကိုပြသတဲ့sceneမှာGhost Spiderကိုကိုယ်စားပြုတယ်လို့ထင်ရတဲ့momentတစ်ခုပါဝင်ခဲ့လို့ပါဗျ

Ghost Spiderအကြောင်းကတော့ဒီလောက်ပါပဲဗျ.အချက်အလက်အပိုအဖြစ် Ghost Spiderဆိုပြီးနာမည်တူတွေရှိနေကြောင်းလည်းပြောဦးပါမယ်. Spider Gwen (Gwen Stacy)ကိုလည်း Ghost Spiderလို့ခေါ်ဆိုကြပါတယ်.

Cosmic Ghost Rider

ဖြစ်တည်မှုတွေဆန်းဆန်းပြားပြားနဲ့ နောက်ထပ်characterတစ်ယောက်အကြောင်းပါ.Cosmic Ghost Riderလို့အမည်ရပါတယ်.ဒါပေမဲ့ ဒီကောင်ကGhost Riderဖြစ်မလာခင်က Frank Castle (Punisher)ဖြစ်ပါတယ်.Earth TRN666ကဖြစ်ပါတယ်.

သူ့universeက Thanos versionဟာအလွန်ကြမ်းတမ်းပါတယ်.Thanosက ကမ္ဘာကိုinvadeလုပ်လာတဲ့အခါမှာ ရှိသမျှheroတွေအကုန်ကျရှုံးပြီး Punisherတစ်ယောက်သာကျန်ရှိခဲ့ပါတယ်.ဒါပေမဲ့Punisherလည်းအတော်ထိခိုက်ခဲ့ပြီး သေမလိုဖြစ်ခဲ့ရပါတယ်.ဒီအချိန်မှာပဲPunisherက ဘာတွေပဲပေးဆပ်ရဆပ်ရ Thanosကိုပြန်လက်စားချေချင်တယ်.ဒီအတိုင်းမသေဆုံးသွားချင်ဘူးဆိုပြီး universeကိုတိုင်တည်ခဲ့ပါတယ်.အဲ့မှာပဲ Mephistoကြီးကအရာရာပေးဆပ်မှာလားဆိုပြီး အပေးအယူတွေလုပ်ခဲ့ကြပြီး Punisherကို Ghost Riderအဖြစ်ပြောင်းလဲခဲ့ပါတယ်.

Thanosကြီးကတော့ သူ့questပြီးသွားလို့ပြန်ထွက်သွားခဲ့ပါတယ်.Punisherက Ghost Riderဖြစ်လာတဲ့အတွက် သူ့ရဲ့taskတွေကအရင် စတင်ဖို့လုပ်ဆောင်ရပါတယ်.ဒါပေမဲ့ ဒီကမ္ဘာအတွက် Ghost Rider(Punisher)ကအဓိပ္ပာယ်မဲ့တဲ့အရာတစ်ခုလိုဖြစ်နေပါတယ်.ဘာကြောင့်ဆို သူ့အတွက်punishလုပ်ဖို့avengeလုပ်ဖို့ ရာဇ၀တ်သား,သက်ရှိဆိုလို့ဘာမှကိုမရှိတော့လို့ပါ.Thanosကအကုန်သတ်သွားခဲ့တာကြောင့်ဖြစ်ပါတယ်.ဒါကြောင့် ကမ္ဘာတစ်ခုလုံးပေါ်မှာ Ghost Rider(Punisher)တစ်ယောက်ထဲ နှစ်ပေါင်းထောင်သောင်းချီအောင်နေထိုင်ခဲ့ရပါတယ်.

တစ်နေ့မှာတော့ Dead Planetဖြစ်နေတဲ့ ကမ္ဘာကြီးစီကို Galactusရောက်ချလာပါတယ်.သူရောက်ချလာတာကလည်း စားစရာဘာဂြိုလ်မှမတွေ့တော့လို့ ဆာလောင်မွတ်သိပ်မှုအပြည့်နဲ့ပါ.ကမ္ဘာကလည်းပျက်စီးပြီးသားပေမဲ့ဘာတွေများရှိဦးမလဲလာကြည့်တဲ့ပုံပါပဲ.အဲ့မှာပဲ Ghost Rider (Frank Castle)နဲ့ဆုံတွေ့ခဲ့ပါတယ်.Galactusကလည်း ကမ္ဘာဟာThanosကြောင့်ပျက်စီးခဲ့တာကိုသိလိုက်ရပါတယ်.

Thanosကိုလက်စားချေဖို့ Galactusနဲ့Ghost Rider(Punisher)တို့ပေါင်းစည်းခဲ့ကြပါတယ်.နှစ်ယောက်သားအပေးအယူတွေရှိခဲ့ပါတယ်. Ghost Rider(Punisher)ကသူ့ကို cosmic powerတွေပေးပြီး Heraldတစ်ယောက်ဖြစ်ခွင့်ပေးပါပေါ့ အဲ့အတွက်ကြောင့်အလဲအလှယ်အနေနဲ့ ကမ္ဘာကြီးကိုစားလိုက်ပါပေါ့.အပေးအယူမျှခဲ့ကြပြီး Ghost Rider (Punisher)မှ Cosmic Powerတွေရလာပြီး Cosmic Ghost Riderဆိုပြီး ပေါ်ထွက်လာခဲ့တော့တာဖြစိပါတယ်.

နောက်ဆက်တွဲအနေနဲ့ကတော့ Galactusနဲ့ Cosmic Ghost Riderတို့ Thanosကိုသတ်ဖို့ထွက်လာခဲ့ကြပါတယ်.ဒါပေမဲ့battleကမရှုမလှနဲ့ Galactusတစ်ယောက်သေဆုံးခဲ့ရပါတယ်.အချိန်ကာလအရမ်းကြာမြင့်နေပြီဖြစ်သလို စွမ်းအားတွေလည်းကြီးမားနေပြီဖြစ်တဲ့King Thanosဖြစ်နေပြီမို့ အလွယ်တကူသတ်နိုင်ခဲ့တာပါ. Cosmic Ghost Riderက သူ့သခင်Galactusလည်းရှောနဲ့ ဘာဆက်လုပ်ရမှန်းမသိတာနဲ့ပဲ King Thanosထံမှာပဲ Black Right Hand Guardတစ်ယောက်အနေနဲ့သာ အခစားဝင်လိုက်ပါတော့တယ်.လက်စားချေမဲ့planကနေ Cosmic Ghost Riderဖြစ် King Thanosရဲ့လူရုံဖြစ်နဲ့ … Cosmic Ghost Riderအကြောင်းလည်းဒီလောက်ပါပဲဗျာ

Marvel universeကို မြေလှန်ကြမယ့် Master of Evil team

တစ်ခေတ်တစ်ခါက Secret Warဆိုတဲ့comic eventဟာ multiverse crossoverပေါင်းစုံနဲ့ Marvel universeကိုကြီးကြယ်ခမ်းနားစေခဲ့ပါတယ်.Secret Warဟာလည်း MCUအတွက်Hitဖြစ်နေပါတယ်.Comicအတွင်းမှာဆိုရင်လည်း Secret Warကဲ့သို့ကြီးကြယ်ခမ်းနားမဲ့eventအသစ်တွေ setupလုပ်နေတာမျိုးကိုမြင်တွေ့ရပါတယ်.ဒီလိုအရာတွေကိုဖြစ်လာစေတော့မဲ့အကြောင်းအရင်းကတော့ Master of evilဆိုတဲ့ teamကြောင့်ပါ.Marvelရဲ့Multiverseတွေအကုန်လုံးကိုရစရာမရှိအောင်ကိုပျက်စီးမှုတွေခေါ်ဆောင်လာကြတော့မှာပါ.Master of evil teamအကြောင်းကိုပြောပြပေးသွားပါမယ်.

Master of evil teamမှာပါဝင်သူတွေကတော့
– Doom Above All (Doom Supreme)
– Dark Phoenix
– Black Skrull
– Young Thanos
– King Killmonger
– Ghost Goblinတို့ပါ.
Mesphitoနဲ့Doomတို့ကဦးဆောင်ပြီးဖွဲ့စည်းခဲ့တာပါ.Young Thanosကလွဲရင် ကျန်တဲ့သူတွေကMultiverseကပါ.

Doom Above Allကတော့သူ့universeမှာSupremeဖြစ်ပြီးတော့ Dark Phoenixကတော့ နာမည်နဲ့အညီPhoenix forceရှိထားပြီး Lady Deathနဲ့ဆင်တူမှုရှိပါတယ်.သူuniverseကWolverine(Berserker)ကိုအိမ်မွေးတိရစ္ဆာန်ပုံစံ Guardအနေဖြင့်ထားပါတယ်.

Black Skrullကတော့ Red Skrullကိုမှ Symbioteနဲ့ပေါင်းစပ်ထားတဲ့Versionပါ.King Killmongerကတော့ သူ့universeမှာ Wakandaကိုကော Asgardကိုကောတက်သိမ်းပြီးပါပြီ.Destroyer Armorကို Vibraniumနဲ့ပေါင်းစပ်ပြီး Panther Armorပုံစံသစ်တစ်မျိုးအဖြစ်မြင်ရပါတယ်.

Ghost Goblin – သူကတော့ Green Goblinနဲ့ Ghost Riderတို့ပေါင်းစပ်ထားတဲ့versionပါ.Ghost Riderဖြစ်လာခဲ့တဲ့Green Goblinပေါ့.ဒီကောင်ကြီးရဲ့ထူးခြားချက်ကတော့ သူ့ရဲ့Goblin mine/bombတွေက သာမာန်မဟုတ်ပဲ Ghost Riderဦးခေါင်းတွေဖြစ်နေပါတယ်.Multiverseက Ghost Riderတွေကိုလိုက်သတ်ပြီး Ghost Riderဦးခေါင်းတွေဖြုတ်ယူပြီး Gobline bombအဖြစ်ပြောင်းလဲအသုံးပြုတာဖြစ်ပါတယ်.

နောက်ဆုံးတစ်ယောက်ကတော့ Young Thanos, သူကတော့ Marvel main timeline Earth 616ပဲဖြစ်ပါတယ်.timetravelစက်တစ်မျိုးကိုတီထွင်ပြီးRobotစစ်တပ်ကိုပိုင်ဆိုင်ပါတယ်.

Master of Evil teamကိုမိတ်ဆက်ပြီးပြီဆိုတော့teamရဲ့ရည်ရွယ်ချက်ကိုပြောပြပေးပါမယ်.Villainတွေဆိုတဲ့အတိုင်းပဲ ပျက်စီးဆုံးရှုံးမှုသာဖြစ်စေပြီး အဓိကက Earth Mightiest Heroesတွေ Avengersတွေကို အမြစ်ဖြုတ်ချင်တာပါ.ဒါကြောင့် modern age Avengersတွေမရှိခင်ကာလ ဟိုးနှစ်ပေါင်းထောင်သောင်းချီ အတိတ်ကာလထိကိုtime travelသွားပြီး ကမ္ဘာကိုစုတ်ပျက်သတ်အောင်ကိုသမပါတယ်.ရည်ရွယ်ချက်ထက်ကိုပိုပြီး လုပ်ဆောင်ကြတာပေါ့ဗျာ.အဲ့ကမ္ဘာတစ်ခုလုံးပျက်စီးသွားပြီဆိုရင်တောင် ရပ်တန့်မသွားပဲ နောက်ထပ်Multiverseတစ်ခုကိုထပ်ကူး အဲ့universeရဲ့အတိတ်ကာလကိုထပ်ဒိုး အတိတ်မှာရှိတဲ့ကောင်တွေကိုသမနဲ့ အနာဂတ်တွေကိုပြောင်းလဲပြီး destructionတွေဖြစ်လာစေပါတယ်. Master of Evilအဖွဲ့ဟာ ဒီလိုမျိုး Multiverseတွေတစ်ခုပြီးတစ်ခုကိုလိုက်ဖျက်စီးနေကြတာဖြစ်ပါတယ်.

နောက်ဆုံးMarvelရဲ့ main timeline Earth 616ကိုလည်းရောက်လာကြပြီး 100000 BCက Odinဦးဆောင်တဲ့ Avengersတစ်ဖွဲ့လုံးကိုသတ်ဖြတ်ခဲ့ပါတယ်.ကမ္ဘာပေါ်က ပထမဆုံးphoenix hostဖြစ်ခဲ့သူ Lady Phoenixဟာ Master of Evil teamကြောင့်သေဆုံးခဲ့ရတာဖြသ်ပါတယ်.Odinတစ်ယောက်ထဲသာလွတ်မြောက်ခဲ့ပါတယ်.အနာဂတ်ကာလtimelineပေါ်သက်ရောက်မှုတွေရှိလာမှာပါ.ဒါဟာလက်ရှိMarvel comicအတွင်းမှာဖြစ်ပျက်နေတဲ့အရာတွေဖြစ်ပါတယ်.Master of Evil teamအကြောင်းကဒီလောက်ပါပဲဗျ.

Odin vs Galactus

Galactusက Asgard cityထိရောက်ချလာပြီး Odinနဲ့ချခဲ့ကြတာဖြစ်ပါတယ်.အတော်ကြီးမားတဲ့battleတစ်ခုဖြစ်ခဲ့ပါတယ်.Battleကလည်း ကမ္ဘာမြေပေါ်ကနေစခဲ့ပါတယ်.ဘာကြောင့်ဆို Ragnarokကြောင့် Asgardကပျက်စီးပြီး ကမ္ဘာမြေပေါ်ပြောင်းရွှေ့ခဲ့ကြလို့ဖြစ်ပါတယ်.

Galactusနဲ့ရင်မဆိုင်မီ Dark Sentryကြောင့် Asgardက ကျေမွသွားခဲ့ပါသေးတယ်.ထိုအဖြစ်အပျက်တွေကြားမှပဲ Asgardရှိ World Treeကြီးကနေ Worldheartလို့ခေါ်တဲ့ Power Source Seedတစ်မျိုးပေါ်ထွက်လာခဲ့ပါတယ်.ဒီအရာကို Galactusက အာရုံခံမိခဲ့တာဖြစ်ပါတယ်.

Worldheartဆိုတဲ့အရာဟာ စွမ်းအားအများအပြားကိုသိုလှောင်ထားတဲ့sourceတစ်ခုဖြစ်ပြီး Eternityကဖန်တီးခဲ့တာဖြစ်ပါတယ်. Worldheartရဲ့အစွမ်းတွေကိုအသုံးပြုပြီး universeတစ်ခုတောင်ဖန်တီးနိုင်ပါတယ်. Odinရဲ့အဖေ Borဟာ ဒီWorldheartကိုအသုံးပြုပြီး Ten Realmsကိုဖန်တီးခဲ့တာဖြစ်ပါတယ်.

Galactusသာဒီအရာကိုရခဲ့ရင် သူ့ရဲ့ဆာလောင်မှုကို နှစ်ပေါင်းအတော်ကြာမြင့်အောင်ထိန်းထားနိုင်မှာဖြစ်ပါတယ်.Silver Surferကိုအရင်စေလွှတ်ပြီး Odinထံမှတောင်းခံခဲ့ကြည့်ပေမဲ့ Odinကတော့သူတို့ရဲ့အထွတ်အမြတ်ထားရာအရာဖြစ်နေတဲ့အတွက် မပေးနိုင်ကြောင်းနဲ့ Thorနဲ့နှစ်ယောက်ပေါင်းပြီး Silver Surferကိုတိုက်ခိုက်ခဲ့ကြပါတယ်.အဲ့မှာပဲတင်းမာမှုတွေရှိလာခဲ့ပါတယ်.Galactusကလည်း Worldheartကိုမရရအောင်ကိုယူချင်တဲ့အတွက် ကမ္ဘာပေါ်ကAsgard cityအထိကိုဆင်းချလာခဲ့ပါတယ်.

Ten Realmsရဲ့All fatherကြီး Odinနဲ့ Galactusတို့ရဲ့တိုက်ပွဲကြီးစတင်ခဲ့ပါတယ်.သာမာန်Asgardianတွေရဲ့တိုက်ခိုက်မှုကိုတော့Galactusကမဖြုံခဲ့ပါဘူး.Mystical powerတွေနဲ့ပြည့်စုံနေတဲ့Odinကတော့Galactusကိုယှဥ်ချဖို့ Body sizeကိုပါကြီးလိုက်ပြီး Hand to Hand combatနဲ့ချခဲ့ကြပါတယ်.ဘာကြောင့်ဆို သူတို့နှစ်ယောက်စလုံးသာ seriouslyချကြရင် powerတွေစင်ရင်းနဲ့ ကမ္ဘာပါစုတ်ပျက်သတ်သွားနိုင်လို့ပါ.ဒါကြောင့်နေရာကိုspaceထဲထိပြောင်းရွှေ့လိုက်ကြပါသေးတယ်.Hand to Handတင်မကပဲ နှစ်ယောက်သား mind controlလုပ်ရင်း တစ်ယောက်စိတ်ထဲတစ်ယောက် အကြောက်တရားတွေထည့်ပြီး ယှဥ်ပြိုင်တိုက်ခိုက်ကြပါတယ်.

နောက်ဆုံးbattleကဘယ်လိုအဆုံးသတ်သွားသလဲဆိုရင် Odinက Galactusကို အားနဲ့ခေါင်းတစ်ချက်တိုက်ပြီး မှောက်လဲသွားစေခဲ့ပါတယ်.ဒီbattleမှာOdinအသာရခဲ့ပါတယ်.ခေါင်ူတစ်ချက်သာတိုက်ပြီး Galactusကိုအမှောက်သိပ်ခဲ့တာဖြစ်ပါတယ်.ဒါပေမဲ့လည်း ဒီလုပ်ရပ်ကြောင့်Odinကိုယ်တိုင်ဟာလည်း မေ့မျောပြီးလဲကျသွားခဲ့ပါတယ်.ဆိုတော့ နှစ်ယောက်စလုံးအမှောက်ပါပဲ.Battleအပြီးမှာတော့ Galactusကဒီဖြစ်ရပ်ကိုလက်ခံခဲ့ပြီး လက်လျှော့ခဲ့ပါတော့တယ်. Odinနဲ့Galactusရဲ့ battleအကြောင်းကတော့ဒီလောက်ပါပဲ.

Galactusမတိုင်ခင် အရင်ရှိခဲ့ကြတဲ့Devourerများ

Galactus The Devourer Of Worldဆိုရင် မသိတဲ့သူမရှိပါဘူး.သူအသက်ဆက်ရှင်သန်နိုင်ဖို့ ဂြိုလ်တွေရဲ့ပါဝါတွေကိုစုပ်ယူစားသောက်နေရတဲ့ကောင်ကြီးပေါ့.တချို့ Galactusရဲ့Originကိုတော့မသိကြသေးတာတွေရှိနိုင်ဦးပါမယ်.

Galactusဆိုပြီး ဖြစ်မလာခင်က Galanလို့ခေါ်တဲ့ လူသားနဲ့ဆင်တူတဲ့alienတစ်ယောက်သာဖြစ်ပါတယ်.ယခုMarvel comicတွေrunနေတဲ့universeမတိုင်ခင် ယခင်universeမှာကထဲကရှင်သန်နေထိုင်ခဲ့သူပါ.သူတို့ရဲ့universeကြီးပျက်စီးချိန်မှာ Metatronလို့ခေါ်တဲ့Cosmo Beingကြီးရဲ့ကယ်တင်မှုကိုခံခဲ့ရပြီး Galanနဲ့Metatron နှစ်ယောက်သားအသက်ဓာတ်စွမ်းအင်တွေပေါင်းစပ်ရင်းမှ Galactusဆိုပြီးဖြစ်လာခဲ့တာပါ.

Galanရဲ့universeက 6th cosmoပါ. 6th cosmoပျက်စီးပြီး ယခုAvengersတွေရှိနေတဲ့ 7th cosmoရဲ့ Big Bangအချိန်ကာလမှာ Galactusအဖြစ်ပြန်လည်မွေးဖွားလာခဲ့တာဖြစ်ပါတယ်.

ယခုcosmoမှာ Galan – Galactusဆိုပြီးရှိနေသလို ယခင်cosmoတွေမှာလည်း Galactusနဲ့ဆင်တူ Devour of Worldတွေရှိခဲ့ပါတယ်. Galan-Galactusရဲ့ Home planetဟာလည်း သူတို့universeမှ Devourer of Worldကြောင့် အပျက်အစီးအဆုံးအရှုံးတွေရှိခဲ့ရပါတယ်.လက်ရှိuniverseမှာတော့ Galan-Galactusကိုယ်တိုင်က Devourerကြီးပြန်ဖြစ်လာခဲ့တာပေါ့ဗျာ.

Galan-Galactusရဲ့ universeမှ Devorerရဲ့အမည်က Omnimaxဖြစ်ပါတယ်. Omnimaxရဲ့ဖြစ်တည်မှုကလည်း Galactusအတိုင်းပါပဲ. သူရဲ့cosmoပျက်စီးပြီး Galan-Galactusရဲ့cosmoမှာ Devourerအဖြစ်ပြန်လည်မွေးဖွားလာခဲ့သူပါ. Galanရဲ့cosmoက 6th cosmoဖြစ်ပြီးတော့ သူလာခဲ့တာက 5th cosmoကပါ. သူရဲ့cosmoမှာ အမည်က Moridumဖြစ်ပြီးတော့ Sorcerer Supremeတစ်ယောက်လည်းဖြစ်ပါတယ်.သူတို့cosmoကြီးအဆုံးသတ်တော့မှာကိုသိနေခဲ့တဲ့အတွက် Big Bangနဲ့အသစ်ဖြစ်လာမဲ့Galanရဲ့ 6th cosmoမှာ Devourer of worldအဖြစ်ပြန်လည်မွေးဖွားလာအောင်လုပ်ခဲ့တာပါ.Sorcerer Supremeတစ်ယောက်ဖြစ်နေတာကြောင့်လည်း Devourerကြီး Omnimaxအဖြစ်အောင်မြင်စွာပြန်လည်မွေးဖွားနိုင်ခဲ့တာပါ.

ဒါဆိုOmnimaxလာခဲ့တဲ့ 5th cosmoမှာကော? ဆိုရင် အဖြေကyesပါ. Omnimaxလာခဲ့တဲ့ fifth cosmoမှာလည်း Devourer of worldတစ်ကောင်ရှိနေခဲ့ပါတယ်.သေချာrevealမလုပ်ထားသေးတဲ့အတွက် ဒီအကြောင်းအရာကတော့အသစ်ထွက်မဲ့comicတွေကိုထပ်စောင့်ရပါဦးမယ်.

5th cosmoအပြင် 4th cosmoမှာကောပဲ ထပ်ရှိနေပါသေးတယ်.သူ့ရဲ့အမည်က What-Must-Be ဖြစ်ပါတယ်.နောက်ပိုင်းcosmoသစ်တွေရဲ့Devourerတွေထက်ပိုကြမ်းပါတယ်.

လက်ရှိmain timeline cosmoရဲ့ Galactus The Devourer Of Worldမတိုင်မီ ယခင်cosmoမှာကထဲကရှိခဲ့ကြတဲ့ ဂြိုလ်တွေရဲ့ပါဝါတွေစုပ်ယူစားသောက်ဖျက်စီးခဲ့ကြတဲ့ Devourerကြီးများအကြောင်းဖြစ်ပါတယ်. Cosmoများအကြောင်းကိုလည်းPageမှာတင်ပေးခဲ့ပြီးဖြစ်ပါတယ်.

4th cosmo : What-Must-Be
5th cosmo : Unknown
6th cosmo : Omnimax (Moridun)
7th cosmo : Galactus (Galan)

Shanghai ကို British တွေနဲ့အတူ တက်သိမ်းခဲ့တဲ့ Dormammu

1860ခုနှစ် British တွေဟာ Material tradingပိုင်းမှာ Chineseတွေနဲ့ကတောက်ကစဖြစ်ပြီးငြိခဲ့ကြပါတယ်.Britishတွေထဲမှာ Baron Harknessလို့ခေါ်တဲ့ Wizardတစ်ယောက်လည်းပါဝင်လေတယ်.ထိုစဥ်အခါကလည်းChinaမှာက Five Weaponsလို့ခေါ်တဲ့ Kinesisပိုင်းတွေenergyပိုင်းတွေတတ်ကျွမ်းတဲ့ Martial fighter teamကလည်းရှိနေလေတယ်. Shang Chiရဲ့ ဦးလေးတွေဖြစ်ကြတဲ့ Zheng Yiနဲ့ Zheng Zhuတို့လည်းပါဝင်ပါတယ်

ဒါ့ကြောင့် Britishတွေဘက်က အင်အားချင်းမျှသလို အရေးနိမ့်လာခဲ့ရပါတယ်.ဒါကြောင့် British Wizard – Baron Harknessက Dark Dimension portalကိုဖွင့်ချလိုက်ပြီး Dormammuကိုဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်.Dormammuနဲ့အတူ Mindless oneခေါ်တဲ့ Dark Dimension Creature စစ်တပ်ကြီးပါ ပါလာခဲ့ပါတယ်. ဒါကြောင့် Shang Chiရဲ့ဦးလေး Zheng Zhuအပါအဝင် Five Weaponsတစ်ဖွဲ့လုံးလည်းလျှော CNတွေအရေးနိမ့်ခဲ့ကြပါတယ်.

Shang Chiရဲ့ နောက်ထပ်ဦးလေးတစ်ယောက်ဖြစ်တဲ့ Zheng Yiတစ်ယောက်သာရှင်သန်လွတ်မြောက်ခဲ့ပါတယ်.Dormammuနဲ့Mindless Oneစစ်တပ်ကြီးကတော့ Shanghaiကိုဖျက်စီးခဲ့ကြပါတယ်.Battleကနောက်ဆက်တွဲဘာဆက်ဖြစ်ကြသလဲကိုမသိရသေးပါဘူး.issueအသစ်တွေစောင့်ရဦးမှာမို့ပါ.ဒီအကြောင်းအရာအတွက်ကလည်း ဒီလောက်ပါပဲခဗျ

ပထမဦးဆုံး Scarlet Witch မဟုတ်တဲ့ Wanda

Wanda Maximoffဟာ MCUမှာဆိုရင် Darkholdကိုပိုင်ဆိုင်ထားသလို Chaos Magicနဲ့အတူ Ruinတွေပါတတ်ကျွမ်းလာတဲ့ Scarlet Witchတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်. Scarlet Witchလို့ပြောလိုက်တာနဲ့ Wandaကိုပဲပြေးမြင်မိမှာပါပဲ

Comicအရဆိုရင် Wandaဟာ Scarlet Witchဖြစ်ခဲ့တဲ့ပထမဆုံးလူသားမိန်းကလေးမဟုတ်ပါဘူး.Scarlet ဆိုတဲ့အမည်နာမကလည်း သူမရဲ့မျိုးရိုးကနေအဆင့်ဆင့်ဆင်းသက်လာခဲ့တာဖြစ်ပါတယ်.Wandaရဲ့မိဘမျိုးရိုးစဥ်ဆက်တစ်ခုလုံးလိုလိုဟာMagicianတွေဖြစ်ကြပါတယ်.Wandaရဲ့အမေကိုယ်တိုင်ဟာလည်း Magicပိုင်းတွေအတော်တတ်ကျွမ်းသူဖြစ်ပါတယ်. Wandaမတိုင်ခင်မှာ Scarlet Witchဖြစ်ခဲ့သူဟာ သူမအမေကိုယ်တိုင်ပါပဲ. Natalya Maximoffလို့အမည်ရပါတယ်.သူမတို့Scarletမျိုးရိုးရဲ့ Magic abilityတွေဟာ Witchcraftလို့ခေါ်တဲ့ Entityကြီးစီကနေဆင်းသက်လာတာဖြစ်ပါတယ်.ဒါအပြင့်Scarletတွေဟာ သေဆုံးသွားရင်တောင် Astral formနဲ့ဆက်လက်အသက်ရှင်နေနိုင်တဲ့ eternal lifeကိုလည်းပိုင်ဆိုင်ထားကြပါတယ်.

Wandaရဲ့အမေ Natalyaဟာလည်း သူမရဲ့အဖေ/Wandaရဲ့အဖိုး Scarlet Warlockထံမှတစ်ဆင့်အစွမ်းအစတွေလက်ခံရင်း Scarlet Witchဖြစ်လာခဲ့တာပါ. Scarlet Warlockမှ Natalya, NatalyaမှWanda အဆင့်ဆင့်ဆင်းသက်လာခဲ့တာဖြစ်ပါတယ်.Scarlet Warlockရှေ့ကသမိုင်းကြောင်းကိုတော့သေချာဖော်ပြထာခြင်းမရှိသေးပါဘူး.

မွေးဖွားစဥ်အချိန်အခါထဲက High Evolutionကြောင့်mutateတစ်ယောက်ဖြစ်လာတာရယ် Darkholdပိုင်ရှင်Chthonရဲ့hostလုပ်ခြင်းကိုခံရတာရယ် Scarletမျိုးနွယ်ရဲ့Magicတွေကိုဆက်ခံထားတာကြောင့် လက်ရှိအချက်အလက်တွေအရ Scarletမျိုးရိုးထဲမှာတော့ Wandaကအစွမ်းအထက်ဆုံးသူတစ်ယောက်ဖြစ်ပါတယ်

အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးပါ။ နောက်ထပ် Comic fact အသစ်တွေနဲ့ ပြန်လာခဲ့ပါဦးမယ်။

#Zzerk #ZEUS

Categories
Comic fact Marvel MCU

The Multiverse Of Madness မှာ X-Men တွေနဲ့ချိတ်ဆက်ဖို့ရှိ မရှိ?

Doctor Strange: The Multiverse Of Madness trailer ထွက်ပြီးတဲ့နောက် Wanda ရဲ့ multiverse နဲ့ reality အပေါ်ဝင်ရောက်စွက်ဖက်မှုကြောင့်ဖြစ်လာမယ့်အကျိုးဆက်တွေကို Dr. Strange တစ်ယောက်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာလူအများစိတ်ဝင်စားနေကြတာအသိပါပဲ။

ပိုအရေးကြီးတာက Marvel movies တွေရဲ့ထုံး‌စံအတိုင်းတစ်ကားနဲ့တစ်ကားအချိတ်အဆက်မိမိလက်တွဲသွားမှာဖြစ်တဲ့အတွက် ဘယ်သူတွေနဲ့ဘယ်လိုချိတ်ဆက်သွားမလဲဆိုတာပါ။ အစပိုင်းကို No Way Home နဲ့ချိတ်ဆက်ထားပြီးနောက်အဆုံးပိုင်းနဲ့ credit scene တွေမှာကော ဘယ်သူတွေကိုမြင်ရပါ့မလဲ?

Cameo တွေအတွက်သတင်းကတော့အတော်လေးထွက်နေပြီး Loki, Professor X, Agatha တို့ကတော့အတော်လေးပါဝင်နိုင်ချေမြင့်တဲ့ character တွေပဲဖြစ်ပါတယ်။

ဒါ့အပြင် အသိသာဆုံးအချက်ကတော့ Fox ရဲ့ X-Men တွေနဲ့ချိတ်ဆက်ဖို့ဖြစ်ပြီး mutant နှစ်ယောက်ဖြစ်တဲ့ Quicksilver နဲ့ Wanda ကိုတော့ MCU မှာမိတ်ဆက်ခဲ့တာကြာခဲ့ပါပြီ။

ဒါနဲ့ပတ်သက်ပြီးဟိုးအရင်ကကျွန်တော်ပြန်လည်ဝေမျှဘူးတဲ့ theory တစ်ခုကိုပြန်ပြီးသတိရလာတဲ့အတွက်ထပ်ပြီးဖော်ပြလိုက်ရပါတယ်။

X-Men တွေကိုချိတ်ဆက်သွားမယ်ဆိုရင် Wanda နဲ့ပတ်သက်ပြီးဆက်စပ်သွားရမှာဖြစ်တဲ့အတွက် Multiverse Of Madness ဟာ X-Men တွေကို MCU ထဲထည့်သွင်းဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲ။

MCU ဟာ detail အသေးစားတွေမှာကအစ Pixar လိုအမြဲဂရုတစိုက်ထားတတ်တဲ့အတွက် fan တွေရဲ့မျက်စိဒေါက်ထောက်ရှာဖွေမှုတွေကြား Wolverine နဲ့ Wanda ရဲ့ဆက်သွယ်မှုတစ်ခုကိုတွေ့ခဲ့ပါတယ်။

House Of M event မှာ Wanda ရဲ့ No more mutants ဆိုတဲ့စကားတစ်ခွန်းကြောင့် reality တစ်ခုလုံးဇောက်ထိုးဖြစ်ခဲ့ကာ mutant တွေအကုန်ဒုက္ခရောက်ခဲ့ရတာသိကြမယ်ထင်ပါတယ်။

Multiverse Of Madness မှာလည်း Wanda ဟာသူ့ရဲ့သားနှစ်ယောက်ကိုအာရုံခံမိရာက multiverse ကိုပြောင်းပြန်လှန်တဲ့အခါ House Of M ထဲကလို Professor X ကများလာတားမလား?

ဒါ့အပြင် House of M event မှာ Wanda reality warp တာကြောင့် Logan တစ်ယောက်မှတ်ဉာဏ်ပြန်ရလာပြီးသူ့ရဲ့နာမည်အရင်းကိုမှတ်မိခဲ့တာပါ။

Live-action Logan ဟာလည်းအတိတ်မေ့နေသူဖြစ်ပေမယ့် Days Of The Future Past ထဲမှာဆိုရင် time travel လုပ်ပြီးပြီးချင်း 1973 မှာကောင်မလေးတစ်ယောက်ဘေးနိုးလာတာမှတ်မိကြဦးမှာပါ။

အဲ့ကောင်မလေးကသူ့ကို Logan လို့မခေါ်ဘဲနာမည်အရင်းဖြစ်တဲ့ James Howlett ကိုအဖျားဆွတ်ကာ Jimmy လို့ခေါ်ခဲ့တာပါ။ ဒါဆို Logan ကအဲ့ကောင်မလေးကိုသူ့နာမည်ပြောပြခဲ့တာဖြစ်ပြီး နာမည်အရင်းကိုမှတ်မိနေပြီဖြစ်ကာ ဒါဟာ Wanda နဲ့ Logan တွေ့ဆုံပြီးခဲ့တာဖြစ်ကြောင်း 2020 June လတုန်းက reddit မှာအတော်လေးရေပန်းစားခဲ့ပါတယ်။

အခုဆိုရင်တော့အချက်အလက်တွေအကုန်ပေါင်းကြည့်လိုက်ရင် Multiverse Of Madness မှာ X-Men တွေကိုမြင်ရဖို့အတော်လေး chance များနေတာပဲဖြစ်ပါတယ်။

#Takezō #ZEUS

Categories
Character Info Comic fact Marvel

Moon Knight အကြောင်း

ရှေ့လထဲပြုလုပ်ခဲ့တဲ့ Disney+ day မှာ Moon Knight Series Teaser ကိုချပြခဲ့ပါတယ်။ Moon Knight ဟာ Disney+ ကနေ 6 ပိုင်းစာ mini series အနေနဲ့ 2022 အတွင်းလာမှာဖြစ်ပြီး release date အတိအကျကိုတော့ မသိရသေးပါဘူး။

အခုမှာတော့ Moon Knight ရဲ့ Comic ထဲက အကြောင်းအရာတွေကို အပြည့်အစုံဖော်ပြပေးလိုက်ပါတယ်။

Moon Knight (Earth-616)

Moon Knight ကို Doug Moench နှင့် Don Perlin တို့ကဖန်တီးခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအနေနှင့် werewolf by night#32(may,1975) ခုနှစ်တွင်ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

Moon Knight ကို တော်တော်များများက Marvel ရဲ့ Batman လို့ပြောကြပေမဲ့တကယ်တမ်းကျ ဘယ်နေရာမှမတူပါဘူး။ Marvel မှာ Batman Rip off Hero တွေအများအပြားရှိပေမဲ့ Moon Knightကတော့ Batman နဲ့မတူသလို Rip Off လည်းမဟုတ်ပါဘူး။ သူ့ရဲ့ physical appearanceအရလည်း တူညီမှုတွေမရှိပါဘူး။

ပြောရရင် batman နဲ့ဆန့်ကျင့်ဖက်တွေချည်း ဖန်တီးထားတဲ့ Knightတစ်ကောင်ပါပဲ။ Dare Devilကသာ Batman နှင့် တူသည့် sueprhero တစ်ယောက်ဖြစ်ပါတယ်။

Moon Knight ကတော့ မဟုတ်ပါဘူး။ ဘာ‌လို့မဟုတ်တာလဲဆိုတဲ့အကြောင်းတွေကိုအောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Origin Of Moon Knight

Moon Knightရဲ့နာမည်အရင်းဟာ Marc Spectorဖြစ်ပါတယ်။
Marc Spector ရဲ့ Story ကို First Appearance မှာဖော်ပြတာမျိုးမဟုတ်ပဲ နောက်ပိုင်း comic တွေမှသာ flashback story ကို Reveled လုပ်ခဲ့တာဖြစ်ပါတယ်။

Marc Spectorရဲ့ငယ်ဘဝဘဝမှာ မိဘနှင့်ပက်သက်လို့ Traumaများစွာရှိပေမဲ့လည်း အသက်အရွယ်ရလာတဲ့အခါမှာ U.S စစ်တပ်ထဲကိုဝင်ခဲ့ပါတယ်။U.S army ကိုမဝင်ခင်မှာလည်း Boxing တက်ထိုးခဲ့ပါသေးတယ်။

ဂုဏ်ထူး ဘွဲ့ထူးတွေ ထူးချွန်စုတွေ များစွာရရှိခဲ့ပြီး mercenary soldier တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အီရတ်မှာ စစ်သားတစ်ယောက်အနေနဲ့ (၇)နှစ်ထမ်းဆောင်ပြီး တိုက်ပွဲများစွာတိုက်ခိုက်ခဲ့ပါတယ်။မိတ်ဆွေတွေ တိုက်ဖော်တိုက်ဖက်ဘော်ဒါတွေဆုံးရှုံးနေရတဲ့ စိတ်ဒဏ်ရာကြောင့် Marineဘဝမှ နုတ်ထွက်ပြီး C.I.A အခြေပြုစခန်းများတွင် နယ်လှည့်ပြီးတော့ တာဝန်သစ်များထမ်းဆောင်ခဲ့ပါတယ်။

တစ်‌နေ့တွင် Missionတစ်ခုနှင့် Marc Spector , Raul Bushman (Marc Spector ကဲ့သို့ mercenary soldierတစ်ယောက်) ရယ် Peter Alraure ဆိုသည့် archeologist တစ်ဦးနှင့် သမီးဖြစ်သူ Marlene တို့ဟာEgypt Sudan ဒေသမြောက်ဖက်ကို ခရီးထွက်ခဲ့ပါတယ်။

C.I.A side missionအနေနှင့် ထွက်ခဲ့ကြတာဖြစ်ပါတယ်။ရှေးဟောင်း tomb တစ်ခုကို သုသေတနလုပ်ဖို့အကြောင်းအရင်းခံပြီးလာကြတာပါ။မထင်မှတ်ထားပဲ Raul Bushmanရဲ့ Betrayed လုပ်မှုကြောင့် Peter Alraure ဟာ သေဆုံးခဲ့ပါတယ်။ Marc Spectorကိုလည်း သဲပြင်ပူပူထဲတွင်တစ်ယောက်တည်းပစ်ထားခဲ့ပတယ်။ Marc Spectorဟာ ‌အပူချိန်မြင့်တဲ့ သဲပူတွေကြောင့်ပဲ အကူညီမရခင်မှာ သေဆုံးခဲ့ပါတယ်။

Peter Alraureရဲ့သမီးဖြစ်သူ Marlene နှင့် သူမ၏အဖွဲ့သားတွေဟာ Marc Spectorကို ဂူဟောင်းတစ်ခုထဲသို့ခေါ်ဆောင်ခဲ့ပါတယ်။

Moon God Khonshu ရဲ့ရုပ်ထုအနီးအနားမှာချထားချိန်မှာ မထင်မှတ်ထားပဲ Marc Spector ဟာ တစ်ဖန်ပြန်လည်အသက်ရှင်လာခဲ့ပါတယ်။ တခြားသူတွေပါအံ့ဩသင့်သွားစေခဲ့ပါတယ်။

Marc Spectorဟာ အသက်ပြန်ရှင်လာချိန်မှာ သူ့ကို Khonshuမှ အသက်ပြန်သွင်းလာကြောင်းကို အရိပ်အမွက်ပြောကြားခဲ့ပါသေးတယ်။Marc Spectorဟာအသက်ပြန်ရှင်ခွင့်ရမယ်ဆိုရင် Khonshu ခိုင်းစေသမျှ ဆောင်ရွက်ဖို့ကိုအပေးအယူလုပ်ခဲ့ပါတယ်။

ထို့နောက်မှာတော့ Marc Spector ဟာ သူတို့ကို Betray လုပ်သွားတဲ့ Bushmanနောက်ကိုလိုက်ပါတော့တယ်။
ဒါပေမဲ့လည်း Bushmanကိုမမိခဲ့ပဲ Bushman ရဲ့ နောက်လိုက်များကိုသာ တိုက်ခိုက်ခဲ့ပါတယ်။ Bushmanကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

အဲ့အချိန်မှစပြီး Moon Knightဖြစ်လာပြီး ကိုယ်ပိုင်suit , weaponများ accessoriesများနှင့် အသုံးလိုသည့်အရာများကို ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် Moon Knightဟာ Identity(၃)မျိုးထားပြီး crime case တွေ scoutingပြုလုပ်ဖို့လုပ်ခဲ့ပါတယ်။ Marc Spector ဆိုတဲ့ Moon Knight , Steven Grant ဆိုတဲ့ financier ,ထို့နောက်Jake Lockley ဆိုတဲ့ Cab Driver ဆိုပြီး Persona သုံးမျိုးထားထားပါတယ်။ ground information တွေစုံစမ်းပြီး crime တွေကို စတင် စုံစမ်းခဲ့ပါတယ်။ဒီလိုနဲ့ပဲ Marc Spector ဟာ Moon Knightစတင်ဖြစ်လာတော့တာပါပဲ။

Moon Knight ပထမ‌ဆုံးရင်ဆိုင်ခဲ့သူ Werewolf By Night

Moon Knight ရဲ့ပထမဆုံးဆောင်ရွက်ရမဲ့ Mission မှာ ပထမဆုံးရင်ဆိုင်တွေ့ခဲ့ရတဲ့ သူကတော့ Darkhold ကြောင့် generationအလိုက် ကျိန်စာသင့်နေသူ werewolf by night (Jack Russell) ဖြစ်ပါတယ်။

Werewolf Cursedကြောင့် werewolf Abilitiyတွေပိုင်ဆိုင်ထားသူဖြစ်ပြီး werewolfပြောင်းချိန်မှာ အသိစိတ်ကင်းမဲ့ပြီး inner mind သာရှိတဲ့ monster တစ်‌ယောက်ပါ။

Moon Knight ကို Committee ဆိုတဲ့ အဖွဲ့အစည်းက werewolf by night ကိုဖမ်းဖို့ငှားရမ်းခဲ့တာဖြစ်ပါတယ်။
Committee ဆိုတာကတော့ Marvel ရဲ့ Secret Organizationတစ်ခုဖြစ်ပြီး businessesအကြီးအကဲတွေ ထိပ်သီးသူတစ်ချို့ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
Moon Knightဟာလည်း Committeeရဲ့စေခိုင်းမှုနှင့်အတူ werewolf by night ကိုသွားရောက်ရှာဖွေဖမ်းစီးပါတယ်။ Werewolf By Night ကိုဖမ်းမိမယ်ဆိုရင် US dollar 10,000 offer လုပ်ထားလို့ဖြစ်ပါတယ်။

First Battleအနေနှင့်မလွယ်ခဲ့ပါဘူး။ werewolf by nightဟာလည်း moon Knightကညရောက်မှလာရောက်ဖမ်းဆီးဖို့ကြိုစားတဲ့အတွက်ကြောင့် သူ့ဖက်တွင်လည်း အင်အားရှိနေခဲ့ပါတယ်။

Moon Knightကလည်း‌ခေသူမဟုတ်တာကြောင့် werewolfတွေရဲ့ weakness အနေနှင့် armor မှာ silver မှာတပ်ဆင်ပြီး Werewolf By Nightကိုသမဖို့ silver cesti တွေ လက်မှာတပ်ဆင်ပြီးထိုးပြီးဖမ်းဆောင်သွားပါတယ်။

Werewolf By Nightကိုဖမ်းပြီးနောက်မှာပဲ Moon Knightဟာ Committeeရဲ့ ယုတ်မာတဲ့အကြံကိုသိလိုက်ရပါတယ်။ အဲ့တာကတော့ Jack Russellကိုဖမ်းပြီးနောက်မှာ သူမရဲ့ညီမဖြစ်သူ Lissa Russellကိုပါ Werewolfအဖြစ်ပြောင်းပြီး သူတို့ရဲ့ living weaponအဖြစ်အသုံးချဖို့ပါပဲ။

Moon Knightဟာလည်းသိသိချင်းမှာပဲ Werewolf By Night ကိုလွှတ်ပေးပြီး Committeeကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ထို့နောက်မှာတော့ Werewolf By Nightဟာလည်း Moon Knightအကူအညီနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ဒီcomicဟာ Moon Knightကိုပထမဆုံးအနေနဲ့ ပွဲထုတ်ခဲ့တဲ့ comic issue ပဲဖြစ်ပါတယ်။

Werewolf By Night#32(may,1975)

Spider-Man နှင့်တွေ့ဆုံပြီး Team Up ခဲ့ခြင်း

The Spectacular Spider-man Comic (1976) issue#22 တွင် Moon Knightနှင့် Spider-Manတို့ပထမဆုံအကြိမ်တွေ့ဆုံခဲ့ပါတယ်။

Moon Knight ဟာလည်း New York မြို့ထဲတွင် gang တွေကိုလိုက်လံရှင်းလင်းနေခဲ့ပါတယ်။ထိုအချိန်တုန်းက Moon Knightကို လူမိုက်အဖွဲ့အစည်းတွေ underground gangတွေကလွဲပြီး superheroတော်တော်များများများမသိပါဘူး။ The Defenders (first defends team)တွင်ပါဝင်ပြီးHellcat , Hulk နှင့်အခြား sueprhero များကတော့သိရှိခဲ့ပါတယ်။ New York မှာရှိတဲ့ streetပေါ်မှာ လူဆိုးထိန်းနေတဲ့ heroတွေကတော့ Moon Knightကကိုသိပ်မသိကြပါဘူး။

Spidey လည်း Moon Knightကိုမသိတဲ့ hero တွေထဲကတစ်ယောက်ပါ။အဲ့နောက်မှာ Moon Knight ဟာ Spidey လိုက်နေတဲ့ ဓားပြတွေနောက်ကိုသူပါလိုက်ရင်း သူတို့နှစ်ယောက် တွေ့ကြပါတယ်။

ဓားပြတစ်ယောက်ကို moon Knightကသေအောင်ထိုးနေတာပါ။အဲ့တာကို Spideyကလာတားတဲ့အခါမှာတော့ သူတို့နှစ်ယောက်ချကြပါတော့တယ်။ Spdieyက Moon Knightကိုတားနေပေမဲ့လည်း Moon Knightကတော့ ရေလည်ပြန်ကြိတ်တာပါ။

မထင်မှတ်ထားပဲ third personက battle ထဲကိုဝင်ရောက်လာခဲ့ပါတယ်။ spideyရဲ့ super villainဖြစ်တဲ့ Cycloneပဲဖြစ်ပါတယ်။

Cyclone ဟာ Spider-Manရဲ့ Super Villainတစ်ယောက်ဖြစ်ပြီး Abilitiyအနေနှင့် လေကိုထိန်းချုပ်ပြီး မုန်တိုင်းငယ်များဖန်တီးပြီး တိုက်ခိုက်နိုင်ပါတယ်။

Cyclone ဟာ Moon Knightနှင့် Spideyတို့နှစ်ယောက်လုံးကိုတိုက်ခိုက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။
အဲ့နောက်မှာတော့ Moon Knightနှင့် Spideyတို့ဟာ တစ်ဖွဲ့တည်းဖြစ်လာပြီး Cyclone နောက်ကိုလိုက်ပါတော့တယ်။ Cycloneဟာလည်း Undergroundအဖွဲ့အစည်းတစ်ခု နဲ့ချိတ်ဆက်အလုပ်လုပ်နေတာပါ။

Moon Knightနှင့် Spidey တို့ဟာလည်းလိုက်လာပြီး ထိုအဖွဲ့ရော Cycloneကိုရော နှိမ်နင်းဖမ်းဆီးခဲ့ပါတယ်။

ဒါကတော့ Moon Knightနှင့် Spider-manတို့ပထမဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအနေနှင့် Team Up လုပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

Moon Knight Vs Midnight Man

Midnight Man ရဲ့နာမည်အရင်းကတော့ Anton Mogart ပဲဖြစ်ပါတယ်။

Midnight Man လို့ခေါ်ရတဲ့အကြောင်းအရင်းက ညလယ်ရောက်မှ လှုပ်ရှားတတ်သူမလို့ဖြစ်ပါတယ်။
ညလယ်ရောက်မှဘာတွေလုပ်သလဲဆိုတော့ Jewel တွေကိုခိုးယူတာပါ။

ခိုးယူရတဲ့အကြောင်းအရင်းကလည်းငွေရေးကြေးရေးကြောင့်မဟုတ်ပဲ သူ့ရဲ့ collector တစ်ယောက်အနေနဲ့ Collectionထဲမှာထည့်တာပါ။

Midnight Man ဟာ ဒီလို ခိုးယူမှုတွေကြောင့် နာမည်ကြီးလာတဲ့အခါမှာ Moon Knightဟာ midnight Man ကို စတင် trackingလုပ်ပါတော့တယ်။

မထင်မှတ်ထားပဲ party တစ်ခုမှာပဲ Anton Mogartနဲ့တွေ့ပြီး ဒီ party ကိုပစ်ပြီး ပိုပြီးမိုက်မဲ့ party ကိုလာဖို့ challengeလုပ်ခဲ့ပါတယ်။ထို့နောက်မှာ Moon Knightဟာလည်း Anton Mogartနေထိုင်တဲ့ New Jerseyကိုသွားခဲ့ပါတယ်။

Moon Knightရောက်ရောက်ချင်းမှာတင်ထောင်ချောက်တွေနဲ့တိုက်ခိုက်ပါတယ်။ moon Knightက စိန်ခေါ်တဲ့အကြောင်းအရင်းကိုမေးတဲ့အခါမှာတော့ Midnight Manဟာ တကယ်လို့ မင်းကိုငါမရှင်းထားရင် မင်းကငါ့ကို တစ်ချိန်ချိန်မှာ သတ်မှာပဲဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

Midnight Man ဟာလည်း Martial Art Specialistဖြစ်တဲ့အတွက်ကြောင့် Moon Knightတောင်သိပ်မနိုင်ခဲ့ပါဘူး။ Midnight Man မှ Moon Knightကိုသတ်တော့မည့်အချိန်မှာ moon Knight chapter ရဲ့ Girlfriend ဖြစ်သူ Marlene Alraure မှ Midnight Man ကိုသေနတ်နှင့်ပစ်လိုက်တဲ့အခါမှာ Might Man ဟာ အဆောက်အဦးအပေါ်ထပ်မှပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။

Moon Knightဟာလည်း Midnight Man Collect ထားတဲ့ တန်ဖိုးကြီးအရာအကုန်လုံးကို ပြတိုက်မှာလှူပြီး Donated By Marc Spector ဆိုပြီးနာမည်တပ်လိုက်ပါတော့တယ်။
(ရင်နာစရာ :3)

Midnight Man ဟာမသေပဲအသက်ရှင်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ရဲ့ collectionအကုန်လုံးကို Moon Knightကအကုန်လှူ‌ပစ်တော့ Moon knightကိုရေလည်တင်းနေတာပါ။

အဲ့တာကြောင့် Moon Knightတန်ဖိုးထားတဲ့ Statue Of Khonshu ရုပ်ထုကြီးကိုခိုးယူပြီး Moon Knight နဲ့တွေ့တဲ့အခါမှာဖျက်စီးပြလိုက်ပါတယ်။

Khonshuရုပ်ကြီးပျက်စီးသွားတာကိုမြင်လိုက်ရတဲ့ Moon Knightအဖို့အားအင်တွေလျော့သွားသလို အားနည်းလာသလိုတွေခံစားလာရပါတယ်။

Midnight Man ဟာ Moon Knightရဲ့ရန်သူတော်ဟောင်းဖြစ်တဲ့ Bushmanကို Prisonမှတစ်ဖန်ကယ်ထုတ်ပြီး Moon Knightကိုချခိုင်းခဲ့ပါတယ်။ Moon Knight တို့တိုက်ပွဲဟာရှည်ကြာခဲ့ပေမဲ့လည်း ရေမြောင်းထဲမှာချကြတော့ ရေကြီးပြီးလူစုကွဲခဲ့ပါတယ်။ Moon Knight ဟာ Khonshuရဲ့ ရုပ်ထုကြီးခွဲခံထားရတာမြင်တော့ depression ဝင်ပြီး စိတ်ဝိုင်းဆိုင်ရာစတင်ပျက်စီးလာခဲ့ပါတယ်။

သူ့ရဲ့မိတ်ဆွေတွေဟာ Moon Knightကိုလိုက်ရှာကြပေမဲ့မတွေ့ပဲတွင်းတစ်ခုထဲမှာ ကြောက်ရွံ‌စွာနေထိုင်နေတာကို အချိန်အတော်အတန်ကြာမှတွေ့ခဲ့ကြပါတယ်။

Moon Knightရဲ့ကောင်မလေးဖြစ်သူက တကယ့်ရုပ်ထုအစစ်ဟာရှိနေတုန်းဖြစ်ပြီး Midnight Man ခွဲလိုက်တာအတုဖြစ်ကြောင်းကိုသိလိုက်ရတဲ့အခါမှာတော့ Marc Spector ဟာတစ်ဖန်ပြန်လည် အားအင်တွေမွေးဖွားလာပြီး ပြန်လည်ပြီး hero ဘဝကိုရောက်ရှိခဲ့ပါတယ်။

Midnight Man ဟာ challengeတစ်ခုကိုသူမသေခင်မှာ Moon Knightကိုစိန်ခေါ်ပါတယ်။ နောက်ဆုံးအနေနဲ့သတ်ဖြတ်တိုက်ခိုက်ဖို့ပါ။ အကျိုးဆက်ကတော့ midnight Manသေဆုံးခဲ့ပါတယ်။

Midnight Manမရှိတဲ့နောက်မှာတော့ သူ့ရဲ့သားဖြစ်သူ Jeffrey Wilde ဟာ သူ့အဖေမှာခဲ့သည့်အတိုင်း လူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပြီး ဒုတိယ‌မြောက် midnight Man ဖြစ်လာခဲ့ပါတယ်။

Moon Knight လိုပဲ crime fighting hero ဖြစ်ဖို့ကြိုးစားခဲ့တာပါ။Moon Knightနဲ့အတူလည်း Team Up များစွာလုပ်ပြီး လူဆိုးတွေကိုနှိမ်နင်းခဲ့ပါတယ်။

Moon Knight Vs Shadow Knight

Shadow Knightကတော့ Moon Knight နဲ့ညီအကိုဖြစ်ပါတယ်။
နာမည်အရင်းကတော့ Randall Spectorဖြစ်ပါတယ်။
သူဟာလည်း Marc Spectorလိုပဲ Mercenary soldierတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ညီအကိုချင်းချင်းကို Betray လုပ်ခဲ့တာမလို့ Moon Knightနဲ့ လမ်းကွဲခဲ့ပါတယ်။
Hatchet-Man ဆိုတဲ့ Villainဘဝကိုရောက်ရှိခဲ့ပြီး Villainတစ်ယောက်လုပ်ခဲ့ပါတယ်။

ထို့နောက်မှာတော့ Cult Of Khonshuဆိုတဲ့ အဖွဲ့အစည်းကိုဦးဆောင်ပြီး သူဟာလည်း Moon Knightလိုမျိုးပဲ Khonshu ဆီမှ စွမ်းအားများရရှိခဲ့ပါတယ်။

Shadow KnightကိုMoon Knightနှင့် Punisherတို့ Duo team up လုပ်ပြီး နှိမ်နင်းယူခဲ့ရပါတယ်။
PUNISHER ပင် အံ့ဩမှင်သက်ရလောက်အောင် madness နဲ့ Strengthဟာမြင့်လွန်းနေတဲ့ သူပါပဲ။
ထို့နောက်မှာတော့ အနိုင်ယူနိုင်ခဲ့ပါတယ်။

Moon Knight (Shadow Land) final issue မှာတော့ shadow Knightဟာ Moon Knightသတ်တာကိုခံလိုက်ရပါတယ်။

Serpent God ကြီးများကိုနှိမ်နင်းခဲ့ခြင်း

Marc Spectorရဲ့ Adventureထဲမှာ Elder Godတွေရဲ့တိုက်ပွဲတွေရှိခဲ့ပါတယ်။
Conan:The Serpent War Comic တွင် Marc Spectorဟာ ဆိုးရွားတဲ့အိမ်မက်တစ်ခုက အသိပေးနေတာကို တွေ့ခဲ့ရပါတယ်။ Khonshuဟာလည်း သူ့ရဲ့ Knightကိုကြုံတွေ့ရမဲ့အရာကိုပြင်ဆင်ထားဖို့သတိပေးခဲ့ပါတယ်။

Set ဆိုတဲ့ Serpent God ကြီးနဲ့ Wyrm ဆိုတဲ့ Elder God တို့ရဲ့ တိုက်ပွဲကြားကို Moon Knight ဟာရောက်ရှိသွားခဲ့ပါတယ်။

James Allisonဆိုတဲ့ သူဟာ အတိတ်ဘဝတွေနဲ့ အနာဂတ်ဘဝတွေကိုဆက်နွယ်နိုင်တဲ့သူတစ်ယောက်ပါ။သူဟာ Serpent God ကြီး Set နဲ့ သူ့ရဲ့ cult ကိုဖျက်စီးဖို့အတွက် Moon Knight ကို 21AD ကနေဆင့်ခေါ်ခဲ့ပါတယ်။ Moon Knightဟာ Solomon Kane ဆိုတဲ့ hero တစ်ယောက်နဲ့အတူ englandကို 1584AD ကိုရောက်ရှိလာခဲ့ပါတယ်။ Moon Knight ဟာ Khonshuလမ်းညွှန်မှုနဲ့ James Allison ရဲ့ body ကိုမြှုပ်ထားတဲ့နေရာကိုရောက်ရှိနေတာပါ။ထိုအချိန်မှာပဲ Set ရဲ့ Cult အဖွဲ့တွေက James Allison ရဲ့ body ကိုတူးယူနေတုန်းမှာ Moon Knightကို time travelစွမ်းအားတစ်ခုနဲ့ရောက်ရှိသွားခဲ့တာပါ။

Moon Knight တို့ဟာ Set ရဲ့ Cult တွေတခြားဆက်နွယ်နေတဲ့ အရာတွေကိုလိုက်လံနှိမ်နင်းနေတာပါ။ တစ်ဖက်မှာလည်း Dark Anges နှင့် Conan တို့ဟာလည်း Serpent God Set ရဲ့ Cult တွေကိုသတ်ဖြတ်နေရတာပါ။

Moon Knightဟာ Serpent God ကြီး ရဲ့ လည်ဆွဲကိုတပ်ဆင်လိုက်တဲ့အခါမှာ သူ့ရဲ့ soul ဟာ EgyptကိုConan နှင့်အတူရောက်ရှိပြီး Set နဲ့စတင်တိုက်ခိုက်ရပါတယ်။ ဒါပေမဲ့ Khonshuရဲ့စွမ်းအား‌တွေကြောင့် set ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။

ဒါနဲ့တင်မပြီးသေးပဲ Moon Knightနဲ့တခြားသူတွေဟာ Dark Dimensionက Elder God တစ်ယောက်ဖြစ်တဲ့ Wyrm ကိုထက်မံတိုက်ခိုက်ခဲ့ရပါတယ်။
တကယ်တော့ Wyrm ဟာ Main Targetဖြစ်ခဲ့ပေမဲ့ James Allisonက Set ကိုအရင်တိုက်ခိုက်ဖို့အတွက် plan ချလိုက်တာပါ။

Moon Knight ဟာ Moon God Khonshuဆီမှ silver power ကိုလက်ခံရရှိပြီး elder god Wyrm ကို အနိုင်ယူခဲ့ပါတယ်။

Wyrm ကိုအနိုင်ယူပြီးနောက်မှာ Moon Knightနှင့် Conan တို့ဟာလည်း သူတို့ရဲ့ နေရာအမှန် ခုနှစ်အမှန်ကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ Moon Knight ရဲ့ကိုယ်ထဲမှာ အရင်ကထက်မြင့်တဲ့စွမ်းအားသစ်‌တွေရှိ‌နေပါပြီ။

Moon Knights Vs Kang The Conquer

Kang The Conquer ကိုတော့လူတိုင်းရင်းနှီးနေကြလောက်ပါပြီ။ MCU ရဲ့ Loki Series တွင်လည်း Alternative Kang အဖြစ် He Who Remains အနေနဲ့ ပါဝင်ပြီး MCU ရဲ့ time bruch တွေဖြာထွက်အောင်ကြံစည်ခဲ့သူတစ်ယောက်‌ပေါ့။

Moon Knightနဲ့ Kang တို့ရဲ့တိုက်တွဲဟာ Avnegersတွေ Elder God တွေ powerful being တွေတောင်မပါပါဘူး။

ရာစုနှစ်အဆက်ဆက်က Moon God Khonshu ရဲ့အစွမ်းတွေကိုလက်ခံရရှိခဲ့တဲ့ Moon Knightတွေနဲ့ Kang ကိုရင်ဆိုင်ခဲ့ကြပါတယ်။

Kang The Conquer ဟာသူ့ကိုဆန့်ကျင်တဲ့သူတိုင်းကို အချိန်ရဲ့တည်ရှိမှုကနေဖျောက်ပစ်ခဲ့ပါတယ်။ time stream ကိုသူ့စိတ်တိုင်းကျတည်ဆောက်ဖို့လုပ်တာပါ။ avengersတွေရဲ့တည်ရှိမှုဟာလည်း အစအဆုံးအကုန်ပျောက်ဆုံးသွားပြီး လက်ရှိကာလမှာ Kang ဟာ Earth တစ်ခုလုံးကိုအုပ်စိုးပြီး လူတွေကိုသူ့ကိုကိုးကွယ်ခိုင်းပါတယ်။
ဒါတွေအပြင် Kang ဟာ Moon God Khonshuရဲ့ Totmens တွေကိုပါလုယူဖို့လုပ်ပါတယ်။
Totemsတွေက သုံးပိုင်းရှိပါတယ်။
Scarab
Ankh
Scepterဆိုတဲ့ (၃)ခုပါ။
တစ်ခုချင်းစီတိုင်းရဲ့စွမ်းအားတွေဟာ time and space ကို အပြည့်အဝထိန်းချုပ်နိုင်တဲ့ စွမ်းအားကြီးမားတဲ့ item တွေပဲဖြစ်ပါတယ်။Ankh ဆိုရင်အချိန်နဲ့ပက်သက်တဲ့ Limitless Knowledgeတွေပေးစွမ်းနိုင်ပါတယ်။

ဒီတော့ Kang ဟာ Egypt ရဲ့ 2500B.C. ကိုသွားပြီး Khonshuရဲ့ ဘု‌ရားကျောင်းကိုသွားရောက်တိုက်ခိုက်ပြီး Moon Priest စီမှာယူပြီးထွက်ပြေးသွားခဲ့ပါတယ်။

ထို့နောက် Time Stream ရဲ့အပြင်ဖက်မှာ Khonshuနဲ့တွေ့ဆုံခဲ့ပါတယ်။ Khonshuမှ Kang ကိုတွေ့ဆုံးပြီး သူ့အနေနဲ့ အချိန်ရဲ့အပြင်ဖက်ထိပါခရီးတွေသွားလာနိုင်တော့မယ်ဆိုပြီးပြောပါတယ်။

ဖြစ်ချင်တော့ Moon Priest ရဲ့ Blade ကို totemsတွေကို ထိထားလို့ TimeStream ပေါ်ကို အစိတ်အပိုင်း3ခုကွဲထွက်သွားပါတယ်။ TimeStream ထဲကို တစ်ပိုင်းစီကျသွားလို့ ဘယ် timelineမှာလည်းဆိုတာသေချာမသိပါဘူး။ Khonshuကလည်း မင်းဘယ်ရောက်ရောက် ငါ့ရဲ့ Moon Knightတွေကမင်းရှေ့မှာရပ်နေလိမ့်မယ်လို့ပြောခဲ့ပါတယ်။

ဒီတော့ Kang အနေနဲ့ Totemsတွေကိုရှာဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။

ပထမဆုံးအနေနဲ့Silver Gluch,Utahကိုသွားရောက်ပြီး Totemsတစ်ပိုင်းကိုယူဖို့ Kang သွားဟာသွားခဲ့ပါတယ်။ခုနှစ်ကတော့1874ခုနှစ်ဖြစ်ပါတယ်။

ထို timelineမှာ Moon Knightဟာ Cow Boy Verisonဖြစ်ပြီး Gunslinger Moon Knight လို့ခေါ်ပါတယ်။

Kang Timelineတွေမွှေထားလို့ Marc Spector/Moon Knightဟာလည်း Khonshuရဲ့စေလွှတ်မှုနဲ့ ထို ခုနှစ်ကိုရောက်သွားခဲ့ပါတယ်။

Moon Knight ဟာလည်း လက်ရှိကာလမှာ Kang ကြီးစိုးနေတာကြောင့် အံ့ဩနေခဲ့ရပါတယ်။ ဘာလို့ဆို Kang ဟာ Herosတွေမရှိတဲ့ လောကကြီးကိုကြီးစိုးနေတာမလို့ပါပဲ။ဒါပေမဲ့ Moon Knightရဲ့တည်ရှိမှုကိုတော့ Kang ကိုမဖျောက်ခဲ့ပါဘူး။ Moon Knight ဟာလည်းကြောင်စီစီနဲ့ နေထိုင်နေရတာပါ။

Khonshuရဲ့စေလွှတ်မှုကြောင့် 1874ခုနှစ်ကိုသွားခဲ့ပါတယ်။ Totems အပိုင်းတွေကိုပြန်လည်ယူဖို့ပါ။ Gunslinger Moon Knightကတော့ Kangရဲ့လက်ချက်နဲ့သေဆုံးခဲ့ပါတယ်။ Kang ဟာလည်းနောက်ထပ် AD တစ်ခုမှာ Totemsနောက်တစ်ပိုင်းရှာဖို့သွားခဲ့ပါတယ်။

1945ခုနှစ်ကို KhonshuမှMoon Knight ကိုခေါ်သွားပြီး Totems နောက်တစ်ပိုင်းကိုထိန်းသိမ်းဖို့
ခေါ်သွားပါတယ်။ထိုခုနှစ်မှာ‌တော့ Germany နှင့် Americanစစ်ဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ Totems ကို Germany ဖက်မှထိန်းသိမ်းထားပါတယ်။ ထိုခုနှစ်မှာရှိတဲ့ Moon Knight ကတော့ Victorian Moon Knightလို့ခေါ်ပါတယ်။ Moon Knight နှစ်ယောက်‌တွေ့ဆုံခဲ့ပြီး Kang The Conquer လာတဲ့အချိန်မှာပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။ Marc Spectorဟာ Totemsကို Kang ထက်အရင်ရပြီး timeline နောက်တစ်ခုကို Khonshuမှခေါ်သွားခဲ့ပါတယ်။

ခုနှစ်တိုင်းမှာ Kangရဲ့စစ်တပ်တွေရှိပါတယ်။ဒီလိုနဲ့ Moon Knightဟာ

Rome -300BCE. မှ Gladiator Moon Knightနှင့်လည်းကောင်း

Outside Boston -1776ခုနှစ်မှ Union Moon Knightနှင့်လည်းကောင်း

Chicago-1925ခုနှစ်မှ Gangster Moon Knight နှင့်လည်းကောင်း

North Atlantic-1710ခုနှစ်မှ Pirate Moon Knight နှင့်လည်းကောင်း

The Ruins of new York-2134ခုနှစ် မှ Patriot Moon Knight နှင့်လည်းကောင်း တစ်ယောက်ချင်းစီတိုင်းနဲ့ Team Up ပြီး Totem တစ်ခုကို Kang ရဲ့ရန်ကနေကာကွယ်ခဲ့ပါတယ်။

ဒါပေမဲ့ New York မှာ Moon Knightလည်း Kang ရဲ့ tech gun နဲ့ ချခံလိုက်ရပါတယ်။ Kang ဟာ Moon Knight ဆီမှ Totem တစ်ပိုင်းကိုယူပြီး Moon Knightနဲ့အတူ နောက်ဆုံးအပိုင်းကိုယူဖို့ ရောက်ပါတော့တယ်။

ဒီတစ်ခါတော့ နောက်ဆုံးအပိုင်းဟာ Mesopotamia မှာတည်ရှိနေပြီး ခုနှစ်ကတော့4000BCE. ဖြစ်ပါတယ်။

Totem နောက်ဆုံးတစ်ခုမှာ 4000BCE. မှ female moon Knightတစ်ခုကထိန်းသိမ်းထားပါတယ်။ Marc Spectorပြောကြားချက်အရ သူမဟာ Moon Knightတွေထဲအစောဆုံးဖြစ်ပါတယ်။

Kang ဟာလည်းရောက်ရှိလာပြီး Totemsကိုလုယူပါတော့တယ်။ Moon Knight ဟာ Female Moon Knightဆီမှ Totemsကိုအသုံးပြုကာ ခုနှစ်အဆက်ဆက်မှာရှိတဲ့ Moon Knight တွေကိုခေါ်ပြီး kangကိုသမခိုင်းပါတော့တယ်။
သူခေါ်ယူလိုက်တဲ့ Moon Knightတွေကတော့
Viking Moon Knight
Union Moon Knight
Victorian Moon Knight
Moon Priest
Pirate Moon Knightတို့ပဲဖြစ်ပါတယ်။

ဒီ Moon Knightတွေအကုန်လုံးဟာ Kang ကိုဝိုင်းသမကြတာပါ။ Moon Knightကပြောလိုက်ပါသေးတယ်။ဘယ်ကောင်က Avnegersတွေကိုလိုသေးလို့လဲဆိုပြီးပါပြောတာပါ။
အဲ့နောက်မှာ Moon Knightနှင့် Khonshuတို့ဟာ Totems အကုန်လုံးကိုပြန်လည်ရရှိပြီး ထိုTotem တွေရဲ့အစွမ်းကိုအသုံးချကာ Kang The Conquerကို Time ရဲ့အပြင်ဖက်ကိုပို့လိုက်ပါတယ်။
ထို့နောက် Timelineကိုပြန်ပြင်ဖို့ အတွက် Moon Knightဟာလုပ်ပါတယ်။သူ့လက်ထဲမှာ Totemတွေရှိတဲ့အတွက် Timelineကိုအကောင်းဆုံးနဲ့အလှပဆုံးဖန်တီးလို့ရတယ်ဆိုတာသိပါတယ်။ဒါပေမဲ့ Moon Knightဟာ သူ့စိတ်ကူးအတိုင်းမလုပ်ပဲ female Moon Knightကိုပဲ အလိုကျလုပ်ခိုင်းလိုက်ပြီး Timelineဟာ နဂိုအတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။

Moon Knightရော Khonshuရောသိနေတာက Kang ကိုကြာကြာမထိန်းထားနိုင်ဘူးဆိုတာပါပဲ။totems တွေကိုတော့ female moonကပဲဆက်လက်ထိန်းထားခဲ့ပါတယ်။

(Moon Knight Annual#1) 2016

Age Of Khonshu

Age Of Khonshu မှာတော့ Moon Knight နဲ့ Khonshuတို့ရဲ့ lvl ဟာအမြင့်‌ဆုံးအခြေအနေတစ်ခုကိုရောက်ရှိသွားခဲ့ပါပြီ။

Khonshuဟာ Moon Knightကို Avnegersတစ်ချို့ရဲ့စွမ်းအားတွေစုပ်ယူခိုင်းခဲ့ပါတယ်။ Moon Knightဟာလည်း သူ့နတ်ဘုရားခိုင်းရင်အကုန်လုပ်တဲ့သူဆိုတော့လည်း လုပ်ကြတာပေါ့။

အဓိကက Khonshuဟာ Hell King ကြီး Mephisto ကသူ့ရဲ့အိမ်မက်ထဲမှာ earth ရဲ့အဆုံးသတ်ဟာ Mephistoကလုပ်လိမ့်မယ်လို့ နမိတ်ရထားလို့ပါ။ဒီတော့ Moon Knight ကိုသူ့ရဲ့နမိတ်ကိုပြောပြီး Mephistoကိုတားဖို့အတွက် စွမ်းအားတွေ မလုံလောက်မှာစိုးလို့ power တွေကိုစုပ်ယူဖို့ အတွက် Moon Knightကိုစေလွှတ်ခဲ့ပါတယ်။

ပထမဆုံးအနေနှင့် Moon Knightဟာ Iron Fist ဆီမှ စွမ်းအားကိုစုပ်ယူဖို့ K’un-lun အထိသွားဖို့ Iron Fist နဲ့ချခဲ့ပါတယ်။ Fist Of Khonshuဆိုတဲ့ အတိုင်း Iron Fist လည်း Moon Knight ဆီမှာ ကျရှုံးပြီး စွမ်းအားတွေစုပ်ယူခံခဲ့ရပါတယ်။

ထို့နောက်မှာတော့ Doctor Strange ရဲ့ Greenwich Village ကို mummies တပ်ကြီးနှင့် Moon Wizard လို့ခေါ်တဲ့ Cult of Khonshu အဖွဲ့ဝင်များကိုခေါ်ဆောင်ပြီး Doctor Strange ကြီးဆီကပါ စွမ်းအားတွေစုပ်ယူလိုက်ပါတော့တယ်။

ဒါတွေအပြင် Ghost Rider (Robbie Reyes) ဆီက Spirit of Vengeance စွမ်းအားနှင့် Hell Charger ကြီးကိုပါ ခိုးယူလိုက်ပါတော့တယ်။

Khonshuရဲ့စစ်တပ်ကြီးတည်မြဲစေဖို့အတွက် Moon Knightနဲ့ သူ့ရဲ့စစ်တပ်ဟာ Wakanda ကိုသွားရောက်ပြီး တိုက်ခိုက်ကာ Black Pantherကိုလည်းဖမ်းစီးခဲ့ပါတော့တယ်။

အဲ့နောက်မှာတော့ Marvel Universeရဲ့ Historyကိုပြောင်းလဲတဲ့ ဇာတ်လမ်းသစ်များထွက်ပေါ်လာပါပြီ။
Moon Knightဟာ လပေါ်ရှိနေချိန်မှာ Thor ဟာ Moon Knightကို ဖမ်းဆီးအနိုင်ယူဖို့ လာပါတော့တယ်။

Thor မှ Moon Knight ဆီကို Mjolnirနဲ့လှမ်းပစ်လိုက်ချိန်မှာ Moon Knight ဟာ comic fan တွေ အံ့ဩမှင်သက်မဲ့အရာကို လုပ်ပြခဲ့ပါတော့တယ်။
Moon Knightဟာ Thor နဲ့ hammer ကို ထိန်းချုပ်ပြပြီး Thor ကိုပြန်ရိုက်ပြသွားတာပါပဲ။

ဘာကြောင့် Mjolnir ကိုထိန်းချုပ်နိုင်သွားတာလဲဆိုတော့ Thor တို့ Asgardမှာ သုံးတဲ့ Uru metal ဆိုတာ earth-616 မတိုင်မှီ ပျက်စီးသွားတဲ့ Universe မှ Moon ရဲ့ rock တွေဖြစ်ပါတယ်။
ထို cosmos ပျက်စီးပြီး earth -616 စတင်ဖြစ်တည်လာတဲ့အခါမှာ ပျက်စီးသွားတဲ့ Universeရဲ့ လဟာလည်းပျက်စီး အစိတ်အပိုင်းများခွဲထွက်ပြီး ရောက်လာတဲ့အခါမှာ Uru Metal ဆိုပြီး အမာကျောဆုံး metal ဖြစ်လာခဲ့ပါတယ်။

လနတ်ဘုရား Khonshuရဲ့စွမ်းအားတွေကို ဆက်ခံထားတဲ့ Moon Knightအနေနဲ့ လနဲ့သက်‌ဆိုင်တဲ့အရာတွေကိုထိန်းချုပ်နိုင်ပါတယ်။

Uru ဟာလည်း Previous Universeက Moon Rock ဖြစ်တဲ့အခါမှာတော့ Moon Knightဟာလည်း Thor ရဲ့ Mjolnirကိုထိန်းချုပ်နိုင်ပါတယ်။worthy ဖြစ်တာတော့မဟုတ်ပါဘူး။

Thor ကို‌ထို့နောက် ဂြိုလ်3ခုကြားညှပ်ပြီးထားခဲ့ပါတော့တယ်။
ထို့နောက်မှာ Moon Knightဟာ Las Vegasမှာ Mephistoနေထိုင်တဲ့Hotel Inferno ဆိုတဲ့အဆောက်အဦးစီသွားပြီး Mephistoကို သတ်ပစ်ခဲ့ပါတယ်။

Mephistoနဲ့ ရင်ဆိုင်တဲ့အခါမှာ Moon Knightဟာ Iron Fist ရဲ့အစွမ်းရော Doctor Strangeရဲ့ Cloak of levitationအစွမ်းတွေကိုသုံးပြခဲ့ပါတယ်။

ဒါပေမဲ့ အခုဒီ Mephistoကိုသတ်လိုက်ပေမဲ့လည်း နောက်ထပ်သော pandimensional alternative တွေဟာထပ်မံရောက်လာမယ်ဆိုတာသိနေတဲ့အတွက် Khonshuဟာ စစ်တပ်တွေပြင်ဆင် ပိရိမစ်အကြီးကြီးကိုဆောက်ပြီး ခံစစ်အနေနဲ့ ဖွဲ့စည်းပြီးနေနေခဲ့ပါတယ်။

ဒါပေမဲ့လည်း Khonshuအတွက်စွမ်းအားတွေမလုံလောက်ဘူးလို့ပဲခံစားနေရတဲ့အခါမှာတော့ Moon Knightဟာ Star-Brand ဆီကစွမ်းအားတွေထပ်ပြီးယူဖို့အတွက်လုပ်ရပါတော့တယ်။

Moon Knightပါဝင်ခဲ့သော Team များ

ပထမဆုံးအနေနဲ့ပြောရရင် Moon Knight က Avnegersတစ်ယောက်ဖြစ်ခဲ့ပါတယ်။ captain America, Hulkတို့နဲ့လည်းအတူတူ တိုက်ခိုက်ခဲ့သူပါ။
ထို့နောက်မှာ B-list Avengersအဖွဲ့ဖြစ်တဲ့ West Coast Avengers အဖွဲ့ကိုရောက်ရှိသွားခဲ့ပါတယ်။
Marvel Knights အဖွဲ့တွင်လည်း Daredevil , Shang-Chi , Black Widow တို့နှင့်လည်း အတူတူCrime များနှိမ်နင်းဖူးပါတယ်။

Defendersအဖွဲ့တွင်လည်းပါဝင်ဖူးပါတယ်။

Heros for hire အဖွဲ့တွင်လည်း ပါတင်ပြီး missionများဆောင်ရွက်ဖူးပါတယ်။

Captain Americaဦး‌စီးတဲ့Secret Avengersအဖွဲ့တွင်လည်းပါဝင်ပြီး special Black ops အနေနှင့် ပါဝင်ခဲ့ပါသေးတယ်။

ထို့နောက် Moon Knightဟာ သူပါဝင်ခဲ့တဲ့အဖွဲ့တိုင်းမှာmisson တိုင်းကို အကောင်းဆုံး actionယူ‌ဆောင်ရွက်တာကြောင့် Moon Knightဟာ တခြား hero တွေရဲ့ respectပေးခြင်းကိုခံရသူပါပဲ။

Moon Knight
(One Millions Year Ago)

Marc Spectorတို့မတိုင်ခင်လွန်ခဲ့သောနှစ်တစ်သန်း Earth ရဲ့အစ Stone Age မှာကတည်းက Moon God Khonshuကို ပထမဆုံး worshipလုပ်ပြီး စွမ်းအားရခဲ့တဲ့ Moon Knight တစ်ယောက်ရှိခဲ့ပါတယ်။

ထိုသူဟာ ပထမဆုံး Moon Knightဖြစ်ပါတယ်။ Khonshuပထမဆုံးရွေးချယ်ခဲ့တဲ့ Moon Knightပါ။
Khonshuကို worship လုပ်တဲ့ Moon Knightနှင့် stone age မှ Khonshuရဲ့ Cult တွေဟာ one million years ago က ပထမဆုံး Avnegersတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
Odin , Lady Phoenix, Iron Fist, Ghost Rider, Black Panther, StarBrandတို့ ပါဝင်တဲ့ ပထမဆုံး Avengers Team ပါ။

ဒီ Moon Knightရဲ့ Story နှင့် detail ကိုတော့မသိရသေးပါဘူး။ Living Statusကလည်း unknownဖြစ်နေပါတယ်။

Power And Abilities

Moon Knightစီမှာ။ Abilitiesများစွာရှိပါတယ်။

Moon God Khonshuဆီက Moon Power တွေရရှိထားတဲ့အတွက်ကြောင့် Moon Power တွေကို ယူနိုင်ပါတယ်။
Boxingသမားဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးလို့ Martial Art ပိုင်းမှာ ဆရာကျပါတယ်။
Marine တစ်ယောက် Mercenary Soldierတစ်ယောက်ဖြစ်တာကြောင့် Fightingပိုင်းမှာတော့ captain America, Black Panther, Task Master တို့ကိုပါယှဉ်ချပြီး အနိုင်ယူခဲ့ပါတယ်။

Medal တွေအများကြီးရရှိထားတဲ့စစ်သားတစ်ယောက်ဖြစ်တာကြောင့် weapon တိုင်းကိုကျွမ်းကျင်စွာကိုင်ဆောင်နိုင်ပါတယ်။
Marksman Skill , Shooting Skill များဟာလည်း ကောင်းမွန်တဲ့သူတစ်ယောက်ပါ။ လက်နက်ပုံးတွေ သုံးတဲ့နေရာမှာလည်းအထာကျပါတယ်။

Moon Empowermentဆိုတဲ့အတိုင်းလဆီကစွမ်းအားတွေကိုစုပ်ယူနိုင်ပါတယ်။ Avengersတွေကိုတိုက်ခိုက်တုန်းကလည်းအဲ့အစွမ်းတွေနဲ့ချခဲ့တာပါ။

Power Absorbingပြုလုပ်နိုင်ပြီး Doctor Strange, Iron Fist, Ghost Rider တို့ရဲ့စွမ်းအား‌တွေကိုစုပ်ယူနိုင်ခဲ့ပါတယ်။

Lunar Strengthကိုရရှိထားတဲ့သူဖြစ်လို့ Moon Knight ဟာ ညရောက်ရင်ပိုပြီး သန်စွမ်းပါတယ်။ ညရောက်ရင် Moon Knightရဲ့အစွမ်းတွေဟာ နှစ်ဆ သုံးဆ ပိုမိုတိုးလာပါတယ်။

ညရောက်လျှင် Pain Resistanceပိုမိုမြင့်ပြီး ဒဏ်ရာတွေကိုများစွာအနာခံနိုင်ပါတယ်။

Moon Knightဟာ Hand to hand combatတွေ weaponတွေအပြင် Deactivate ပိုင်းရော Vehicleပိုင်းရောကျွမ်းကျင်ပါသေးတယ်။ သူ့ရဲ့ Deactivate Skill နဲ့ Cult အဖွဲ့တွေ gang တွေအများအပြားနှိမ်နင်းခံခဲ့ရပါတယ်။

Special Abilities တွေအနေနဲ့ Moon Knightဟာ age of Khonshuမှာ Necromancy စွမ်းအားနဲ့ Mummiesစစ်တပ်ကြီးတွေကိုဖန်တီးနိုင်ပါတယ်။

ထို့နောက် Moon Knightဟာ စုပ်ယူထားတဲ့ power တွေရဲ့အသုံးချနည်းကိုပါတစ်ခါတည်းသိပြီး Doctor Strange ရဲ့ spell တွေ Ghost Rider ရဲ့ စွမ်းအားတွေကိုအသုံးချပြခဲ့ပါတယ်။

Phoenix Force ရရှိထားတဲ့ Moon Knightကတော့ အမြင့်ဆုံးစွမ်းအားအ‌ခြေအနေပါရှိပါတယ်။ဘာလို့လဲဆို သူ့ရဲ့နတ်ဘုရားကိုပါပြန်လည်အနိုင်ယူပြနိုင်ခဲ့ပါတယ်။
Phoenix Forceရဲ့စွမ်းအားတွေအကုန်လုံးကို အသုံးပြုလို့ရနိုင်ခဲ့ပါတယ်။

ဒီတော့ Moon Knight ဟာ တော်တော်ကြမ်းတဲ့ hero တစ်ယောက်ပါ။ လျှော့တွက်လို့လုံးဝမရပါဘူး။

Marc Spector/ Moon Knightနဲ့ သူ့ရဲ့ main story တွေကို ဒီမှာပဲအဆုံးသတ်လိုက်ပါတော့တယ်။ Moon Knightအကြောင်းကို ဒီလောက်ဆို တော်တော်သိကြမယ်လို့ထင်ပါတယ်။

Marc Spectorဟာ သာမန်လူဆိုးထိန်းထက်အများကြီးပိုတဲ့ hero တစ်ယောက်ဖြစ်ပါတယ်။ တကယ်လည်းကြမ်းတဲ့ hero တစ်ယောက်ပါ။ သိပ်မကြာခင် short fact လေးနဲ့ detail တစ်ချို့ကိုထပ်တင်ပေးပါမယ်။

အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။

Thanks for reading guys ..
#skullmask #ZEUS

(Zeusmyanmar မှ Content များကို ပြန်လည်ကူးယူ ဖော်ပြခွင့် မပြုပါခင်ဗျာ။)

Categories
Comic fact Explain Marvel MCU

Shang-Chi မှ Comic နှင့်ကွဲပြားချက်တစ်ချို့နှင့်Detailများ

Warning 🚨 Shang-Chi 2021 flim ကြည့်ပြီးမှသာဆက်ဖတ်ကြပါ။

ဒီတစ်ခါတော့ Blu-Ray Leaked ဖြစ်ထားတဲ့ Shang-Chi Movie ထဲမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေ comic ထဲက detailတွေနဲ့မတူညီတာတွေရယ် Ester Eggs နဲ့ Detail တွေကို ဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

#skullmask #ZEUS

Ten Rings ရဲ့မူလအစ MCU vs Marvel Comics

Mandarinရဲ့ Ten Rings ကိုဇာတ်လမ်းစစချင်းမှာတင် Originပြောသွားတာကိုတွေ့မြင်ရမှာပါ။
Mandarin Rings တွေကို မီးတောင် သို့မဟုတ် ဂူတစ်ဂူထဲကနေရခဲ့ပြီး သူ့ကို ထာဝရအသက်ရှင်ခြင်း‌ဆိုတာကိုပေးတယ်ဆိုတာကိုပေါ့။

Comic ထဲမှာတော့ Mandarinဟာ ဒီလက်စွပ်ဆယ်ကွင်းကို valley of Spiritဆိုတဲ့ ဂူကြီးတစ်ခုထဲမှာရှိတဲ့ alien space ship ထဲမှရရှိခဲ့တာဖြစ်ပါတယ်။
Space-Ship ထဲမှာ Axonn-Karr ဆိုတဲ့ alien ကိုသတ်ပြီး လက်စွပ်တွေကိုရယူခဲ့တာဖြစ်ပါတယ်။

လက်စွပ်တွေကို Mukluan Rings လို့ခေါ်ပါတယ်။ ဒီလက်စွပ်တွေကို လွန်ခဲ့သောနှစ်သန်းပေါင်းများစွာတုန်းကတည်ရှိခဲ့တဲ့ cosmic warrior တွေရဲ့ spirit တစ်ခုချင်းစီနဲ့ဖန်တီးထားတာဖြစ်ပါတယ်။

Cosmic Energy တွေစီးဆင်းနေတဲ့ Space Rings တွေလို့ပြောလို့ရပါတယ်။

Xu Wenwu ရဲ့တည်ရှိမှုသက်တမ်း

Xu Wenwuဟာ Marvel ရဲ့ Functional Characterနှစ်ယောက်ကိုပေါင်းပြီးဖန်တီးထားတာဖြစ်ပါတယ်။
တစ်ယောက်ကတော့ marvel comics ထဲမှ Shang-Chi ရဲ့အဖေဖြစ်သူ Fumanchu ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Ten Rings ပိုင်ရှင်ကြီး Mandarin ပဲဖြစ်ပါတယ်။

Xu Wenwuရဲ့ Early Life ဟာ Fumanchu ကိုအခြေခံထားတာဖြစ်ပါတယ်။ ဒါပေမဲ့ marvel comics ထဲမှာ Shang-Chiအဖေဖြစ်သူ Fumanchuဟာ ten rings ကိုတစ်ခါမှအသုံးမပြုဖူးပါဘူး။
Mandarinနှင့် သူ့ရဲ့သားကသာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

MCU mandarin verisonဖြစ်တဲ့ Xu Wenwu ဟာ ဒီ Character နှစ်ယောက်ရဲ့ story ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ MCU Mandarinရဲ့တည်ရှိမှုသက်တမ်းကထောင်နဲ့ချီပြီဖြစ်ပြီး Ten Rings အဖွဲ့ရဲ့ကြီးစိုးမှုကလည်းတော်တော်ကိုကြာခဲ့ပြီဖြစ်ပါတယ်။

Ta Lo Realm

Ta Lo Realm ကတော့ Shang-Chiအမေဖြစ်သူနေထိုင်တဲ့ Realm ဖြစ်ပါတယ်။

MCU တွင်လည်း Ta Lo ကို earth ကမဟုတ်ပဲ dimensionတစ်ခုအနေနဲ့ဖော်ပြထားပါတယ်။

Marvel Comic မှာလည်း Ta Lo Realm ဟာ Pocket Dimensionတစ်ခုဖြစ်ပါတယ်။ Toaist God (သို့မဟုတ်) တရုတ်နတ်ဘုရားတွေရဲ့ သုခဘုံတစ်ခုဖြစ်ပါတယ်။

Shang-Chi Movie ထဲကလို Mythical Creatures တွေ ဟာလည်း ထို Realm မှာတည်ရှိပါတယ်။ Shang-Chi Movieထဲတွင်လည်း တွေ့မြင်ခဲ့ရပါတယ်။
မီးတောက်နေတဲ့ Phoenix Like Creature ဖြစ်တဲ့ Fenghuang ငှက်မျိုးနွယ်များ၊Haetae /Shishi သို့မဟုတ် Guardian Lions လို့ခေါ်တဲ့ ကြီးမားတဲ့ lion like creatureတွေ Quilin Beast တွေ nine tale fox တည်ရှိပါတယ်။

Ta Lo Realmမှာ ဒီလို Creature တွေအပြင် God Power , Energy Source တွေရှိပြီး life-Force ပါရှိတဲ့ နတ်ဘုရားတွေရဲ့ ဘုံတစ်ခုပါပဲ။
Celestial Invasionကြောင့် Asgardianနတ်ဘုရားတွေ အကုန်နီးပါးသတ်ခံခဲ့ရချိန်မှာ Thor ဟာ Ta Lo ကို သွားပြီး Sky Father Yu Haung နတ်ဘုရားစီသွားရောက်ပြီး life energyကို‌သွားရောက်တောင်းဖူးခဲ့ပါတယ်။

MCU Ta Lo ကတော့ Ta Lo မျိုးနွယ်စုတွေနေထိုင်တာဖြစ်ပြီး earth နဲ့ dark dimensionကို ကာကွယ်ထားတဲ့ Dimensionတစ်ခုအဖြစ်တည်ရှိပါတယ်။

Shang-Chiရဲ့အမေ

Shang-Chiရဲ့အမေဟာ MCU version သက်သက်ဖြစ်ပါတယ်။ နာမည်ကတော့ Ying Li ပဲဖြစ်ပြီး Ta-Lo Realm ရဲ့ကာကွယ်စောင့်ရှောက်သူတစ်ယောက်ပဲဖြစ်ပါတယ်။

Comic ထဲတွင်မူ Shang-Chiရဲ့အမေဖြစ်သူကဟာJiang Li ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

Comic ထဲမှ Shang-Chi ရဲ့အမေရဲ့ Storyဟာတော့ MCU နဲ့ဘာမှမဆိုင်တာပါ။ Ta Lo ကလည်းမဟုတ်သလို Earth ကလည်းမဟုတ်ပါဘူး။ သူမကို ယောကျာ်းဖြစ်သူ Fumanchu က marvel ရဲ့ ရန်အများဆုံး dimensionဖြစ်တဲ့ Negative Zoneကိုပို့ခဲ့တာပါ။

Shang-Chiရဲ့အမေဟာ နှစ်ပေါင်းများစွာ Negative Zone မှာပိတ်မိခဲ့ပြီး Negative Zone မှာရှိတဲ့ အကောင်တွေရဲ့ရန်က‌နေအသက်ကိုရှင်အောင်မွေးပြီးနေခဲ့ရတာပါ။
ထို့နောက်သူမဟာ တခြား Dimensionတစ်ခုကနေလာတဲ့သူဖြစ်ပါတယ်။အတိအကျ‌တော့မသိရသေးပါဘူး။

ဒီတော့ MCU နဲ့ marvel comics ကတော့ အပြောင်းအလဲတွေအများကြီးပါပဲ။

Kung Fu Hustle Poster

ဒါကတော့ Shang-Chiရဲ့အခန်းထဲမှာတွေ့မြင်ရတဲ့ Kung Fu Hustle Posterလေးပဲဖြစ်ပါတယ်။
ဟောင်ကောင်မင်းသားကြီး စတီဗင်ချောင်ရဲ့နာမည်ကြီး action/comedy ကားဖြစ်တဲ့ Kung Fu Hustle ကိုတော့လူတိုင်းကြည့်ဖူးကြမှာပါ။

Shang-Chi ရဲ့အခန်းထဲမှာတော့ Kung Fu Hustleရဲ့ Official Poster ကို‌ကပ်ထားတာတွေ့မြင်ရမှာပါ။

Fan Boi ..

The Warriors Poster

Shang-Chiအခန်းထဲမှာကပ်ထားတဲ့ နောက်ထပ် Poster တစ်ခုကတော့ The Warriors ရုပ်ရှင်ဇာတ်ကားရဲ့ Poster ပဲဖြစ်ပါတယ်။

The Warriors ဇာတ်ကားဟာ 1979ခုနှစ်မှာထွက်ရှိခဲ့တဲ့နာမည်ကြီး gang အဖွဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ဇာတ်ကားရဲ့ အောင်မြင်မှုအရှိန်နဲ့ Sony ရဲ့ Play Station 2 မှာလည်း video game ထွက်ရှိခဲ့ပြီး နာမည်ကြီးခဲ့ပါသေးတယ်။

Ps2 gameသမားတွေရင်းနှီးတဲ့ဂိမ်းပါပဲ။

Jackie Chan ရဲ့ Fight Sceneများနှင့်ဆင်တူနေခြင်း

Shang-Chi Director Destin Daniel Cretton ဟာ Shang-Chi Movie ရဲ့ action-packed တွေဟာ Jackie Chan Movie တွေကို inspired လုပ်ထားတယ်ဆိုတာကိုပြောကြားထားပြီးသားပါပဲ။
သေသေချာချာကွက်ကွက်ကွင်းကွင်း တွေ့မြင်ခဲ့ရတဲ့ inspired လုပ်ထားတဲ့ ချကွက်ကတော့ လက်နက်အနေနဲ့ အဝတ်အစားကိုအသုံးချသွားတဲ့ Bus ပေါ်က ချခန်းပါပဲ။

ဒီချခန်းဟာ Jackie Chanရဲ့ Rumble in the Bronx ဇာတ်ကားထဲက momentတွေကိုယူထားတာဖြစ်ပါတယ်။

ဒီလိုချတတ်အောင်လည်း Stunt Team ကို legendsတွေနဲ့အနီးကပ်အတူရှိပြီး experience ပြည့်ဝနေတဲ့ Andy Cheng နှင့် Brad Allan တို့ကိုခေါ်ယူသုံးပြီး Shang-Chiမင်းသားကို လပေါင်းများစွာ‌လေ့ကျင့်ပြီး ဂျက်ကီချမ်းရဲ့ ချကွက်တွေကို Inspiredယူခဲ့ပါတယ်။

Rush Hour 2 ကို အခြေခံထားတဲ့ Fight Scene

Andy Cheng နှင့် Brad Allan တို့ဟာလည်း Jackie Chan ရဲ့နာမည်ကြီး Action Movieတစ်ခုဖြစ်တဲ့ Rush Hour မှာ Stunt ပါခဲ့တဲ့သူတွေဖြစ်ပါတယ်။

ဒီတော့ Shang-Chi မှာလည်း Stunt အနေနှင့် ပါဝင်Train ပေးတဲ့သူတွေဖြစ်သည့်အလျှောက် Shang-Chiဇာတ်ကားတွင် Rush Hour 2 ထဲကလို တိုက်မှာကပ်ထားတဲ့တိုင်‌တွေပေါ်မှာချတဲ့ အခန်းကို inspiredလုပ်ထားပါတယ်။
ချခန်းတွေကို ပိုမိုအထာကျ လှပအောင် တစ်ဖန် Modifiedလုပ်ထားခဲ့ပါတယ်။

တကယ် Jackie Chanနဲ့တွဲလုပ်ခဲ့တဲ့ လူတွေဆိုတဲ့အတိုင်း Action ခန်းကိုအထာကျကျဖန်တီးနိုင်ကြပါတယ်။

Comic Accurateပိုဖြစ်လာတဲ့ Abomination

Incredible Hulk movie မှာပါပြီးကတည်းကပျောက်သွားတဲ့ Hulk ရဲ့ရန်သူတော်ကြီး Abominationကို Shang-Chi ထဲမှာထပ်မံ‌တွေ့မြင်ရပါတော့တယ်။ မကာအို ရဲ့ သတ်ပွဲထဲမှာ Wong နဲ့ကြိတ်နေတာကိုတွေ့မြင်ရမှာပါ။
Abominationကြီးဟာ ပိုပြီး comic accurateဖြစ်လာတာကိုပါတွေ့မြင်ရပါတယ်။

နားရွက်တွေ body ဖွဲ့စည်းပုံတွေဟာ comic verisonနဲ့ဆင်တူဖြစ်လာပါတယ်။

Xu Wenwu ပြောတဲ့ ‘Master Khan’

Xu Wenwuဟာ ညစာစားတဲ့အခန်းမှာ သူ့ကိုနာမည်အမျိုးမျိုးခေါ်တဲ့အထဲမှာမှ ‘Master Khan’ လို့ပြောသွားတာကိုတွေ့မြင်ရမှာပါ။

Master Khan ဆိုတာ ဒီတိုင်းခေါ်လိုက်တာမျိုးမဟုတ်ပါဘူး။
Marvel Comic ထဲမှာ Shang-Chiရဲ့အဖေ Fu Manchuဟာ legendary စစ်ဘုရင်ကြီး Genghis Khanရဲ့ Direct Bloodline ဖြစ်ပါတယ်။
Khan မျိုးနွယ်ဖြစ်တာကြောင့် Fumanchuကို Master Khan လို့ခေါ်ကြပါတယ်။
The most Dangerous Man on earth ဆိုတာလည်း သူ့ကိုပဲပြောတာပါ။

ဒါကြောင့် Shang-Chiဟာလည်း မွန်ဂိုစစ်ဘုရင်ကြီး Genghis Khanရဲ့ သွေးသားစစ်စစ်ဖြစ်ခဲ့ပါတယ်။
Marvel Universeမှာတော့ စစ်ဘုရင်ကြီး Genghis Khanဟာ ထိုခေတ်က Iron Fist တစ်ကြောင့်လက်ချက်ကြောင့်သေဆုံးခဲ့ရပါတယ်။

MCU ရဲ့ Mandarinဟာ လက်စွပ်တွေကြောင့်သာ mandarinဖြစ်နေပေမဲ့ ဇာတ်ကြောရိုးတစ်ခုလုံးက Fumanchuပါပဲ။

MCU မှာလည်း Master Khanကိုသုံးထားတဲ့အတွက် Genghis Khanရဲ့မျိုးဆက်အစစ်အမှန်ပဲလားဆိုတာပါပဲ။

Kung Fu Hustlee ထဲမှ Landlord

Kung Fu Hustleဇာတ်ကားထဲမှ Landlord Role ကိုသရုပ်ဆောင်တဲ့မင်းသားကြီး Yuen Wah ဟာလည်း Ta-Lo ရဲ့ ကာကွယ်သူတစ်ဦးအနေနဲ့ပြနိလည်ပါဝင်လာခဲ့ပါတယ်။ Master Guang Bo Role ပဲဖြစ်ပါတယ်။
တည်လွန်းတော့ မှတ်တောင်မမှတ်မိဘူးအစက xD

Dweller-in-darkness And Soul-Eaters

Soul-Eaters Species တွေကိုတော့ Marvel Comics ထဲတွင် Sixth Dimension မှာတွေ့မြင်ရတဲ့ Creatures တွေပဲရှိပါတယ်။

MCU မှာတော့ Ta Lo ရဲ့တစ်ဖက်ခြမ်းက Dark Dimensionမှာ နေတဲ့ အကောင်တွေပဲဖြစ်ပါတယ်။ Dweller-in-darkness ကတော့ mega soul eater ကြီးဖြစ်ပြီး Soul-Eaters တွေရဲ့ Leaderပါ။

Comic နဲ့ MCU ကွဲပြားချက်ကတော့ soul-eater တွေရဲ့ body ဖွဲ့စည်းပုံမတူပါဘူး။ Comic Soul-Eaters များဟာ Humanoid Speciesဖြစ်ပြီး Shang-Chi Movieမှာတော့ bird-like Creatures ဖြစ်ပါတယ်။

လက်စွပ်တွေကဘယ်သူ့ကိုအချက်ပြနေတာလဲ?

ကဲ Credit Scene လေးကိုတစ်ချက်ရှင်းကြည့်ပါမယ်။ Shang-Chiတို့စကားပြောနေချိန်မှာ Wong ကလာခေါ်ပြီး လက်စွပ်တွေကိုမေးမြန်းခဲ့ပါတယ်။
Captain Marvel , Brue Banner နှင့်အတူပေါ့။
သူတို့ပြောပုံအရရင်ဆိုရင် Ten Rings ရဲ့သက်တမ်းဟာ အတော်ကိုကြာနေပါပြီ။ ဒီ Galaxy မှာရှိတဲ့ Metal မျိုးလည်းမဟုတ်ပါဘူး။

ဒါဆို Tem Rings က ဘယ်လိုဟာမျိုးလဲ? သူ့ သတင်းပေးနေတဲ့ သူကရောဘယ်သူဖြစ်မလဲ?

တွေးကြည့်မယ်ဆိုရင် Ten Rings ဟာ နောက်ထပ် Galaxy တစ်ခုက စစ်ဘုရင်တစ်ယောက်ပိုင်တဲ့ လက်စွပ်တွေပါ။ ထိုစစ်ဘုရင်ကြီးက လက်စွပ်တွေကို အသုံးချပြီး များစွာသော alien race တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့ပါတယ်။

သူကတော့ Makluans Overlordကြီးပဲဖြစ်ပါတယ်။ Makluans ဆိုတာကတော့ alien race တစ်ခုဖြစ်ပြီး space dragon တွေပဲဖြစ်ပါတယ်။

Galaxyရဲ့ ကြမ်းတမ်းပြီး စွမ်းအားကြီးတဲ့နဂါးမျိုးနွယ်စုတွေပါ။

Marvel Comics ထဲမှာ Ten Rings ကို Makluans Rings လို့ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ Ten Rings ရဲ့ မူရင်း owner ဟာ Makluan မျိုးနွယ်ဝင် ဖြစ်လို့ပါပဲ။

MCU အနေနဲ့ Makluans Rings တွေကိုမတူညီတဲ့ပုံစံနဲ့ချပြထားပြီး လက်စွပ်တွေရဲ့စွမ်းအားကိုတောင်သေချာမပြသေးတာဖြစ်လို့ Ten Rings ကအချက်ပြနေတဲ့ သူကိုလည်း မတူညီတဲ့ ပုံစံနဲ့ချပြပါလိမ့်မယ်။

MCU ထဲမှာတည်ရှိပြီးသား Characterထဲကတစ်‌ယောက်လား MCU ထဲမှာ ထပ်မံပါဝင်မည့်သူလားဆိုတာ တွေးစရာပါပဲ။ လက်စွပ်ကအချက်ပြနေတာကရော ဘယ် Galaxy မှာတည်ရှိနေမလဲဆိုတာ မေးခွန်းတွေအများကြီးမေးစရာဖြစ်လာပါတယ်။

အပေါ်မှာ ကျနော်ပြောခဲ့သလိုပဲ။လက်စွပ်တွေအချက်ပြနေတာက လက်စွပ်ပိုင်ရှင်တစ်ယောက်မဟုတ်ရင် နောက်ထပ် လက်စွပ်စွမ်းအားကို လုယူမဲ့ စစ်ဘုရင် မဟုတ် စွမ်းအားရှင်တစ်ယောက်လားဆိုတာပါပဲခင်ဗျာ။

အဆုံးထိဖတ်ရှုပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါကတော့ Shang-Chi and the legend of ten rings ရဲ့ MCU verison vs Comic Verison နှင့် detail အချို့ပဲဖြစ်ပါတယ်ခင်ဗျာ။

ZEUS follower များအနေနဲ့ ထပ်သိချင်မရှင်းတာတွေများရှိသေးရင် comment sectionမှာထပ်မံမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Thanks For Reading Guys .

#skullmask #ZEUS

 

Categories
Character Info Comic fact Marvel MCU

MCU ရဲ့နောက်ထပ် ချစ်စရာ pet လေးဖြစ်လာဦးမယ့် Luck the Pizza dog

#ZEUS

Marvel ဟာ SH တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ pet လေးတွေနဲ့အတူ တွဲပေးတတ်ပါတယ်။ MCU မှာဆိုရင်လဲ Captain Marvel ရဲ့ Alien ကြောင်လေး Goose ဟာဆိုရင် fan တွေတော်တော်သဘောကျခဲ့တဲ့ကောင်လေးပဲ ဖြစ်ပါတယ်။

အခု Hawkeye series ဟာသိပ်မကြာခင်နာရီပိုင်းလောက်ကထွက်ရှိလာခဲ့ပါတယ်။ အဲ့ထဲမှာ Kate Bishop အဖြစ် Hailee Steinfeld / Hawkeye အဖြစ် Jeremy တို့အပြင် ခွေးလေး ၁ ကောင်ကိုလဲ မြင်ခဲ့ရပါတယ်။

သူကတော့ Lucky the pizza dog ဆိုတဲ့ Hawkeye ရဲ့ခွေးလေးနေရာကနေသရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Comic ထဲမှာတော့ #Luckythepizzadog လေးဟာ Clint ၁ ယောက် Tracksuit Mafia တွေစီကနေ ကယ်တင်ထားတဲ့ ဘယ်ဘက်မျက်လုံး မရှိတဲ့ ကောင်လေးဖြစ်ပါတယ်။

နာမည်က မူရင်း Arrow ပါ။ ဒါပေမယ့် Clint က Lucky လို့ပြောင်းပေးခဲ့တယ်။ Lucky က Pizza အသေကြိုက်တော့ Lucky the Pizza Dog ဆိုပြီး ဖြစ်လာတယ်။

Goose လို Alien မျိုးစိတ်မျိုး မဟုတ်ပေမယ့် ရဲရင့်တဲ့ခွေးလေးဖြစ်ပါတယ်။ ဘယ်ဘက်မျက်လုံးမရှိပေမယ့် ရန်သူကို ခြေရာခံနိုင်တာမျိုး abilitiy ရှိပါတယ်။
နောက်တော့ Clint စီကနေတဆင့် Kate စီပါသွားတယ်။

အခု Disney+ မှာလာမယ့် “Hawkeye” series ရဲ့ #LuckyThePizzaDog နေရာသရုပ်ဆောင်ထားတဲ့ခွေးလေးရဲ့နာမည်ကတော့ Jolt လို့ခေါ်ပါတယ်။

#LuckyThePizzaDog
#Hawkeye

#ZEUS

Categories
Character Info Comic fact Marvel MCU

U.S Agent အကြောင်း

(comic story)

#Skullmask #ZEUS 

အခုတင်ဆက်ပေးမဲ့အကြောင်းအရာကတော့ Marvel ရဲ့ Anti-hero တစ်ယောက်ဖြစ်တဲ့ U.S agent Character အကြောင်းပဲဖြစ်ပါတယ်။

MCU ရဲ့ falcon and the winter soldier Seiresတွင်လည်း ပါဝင်ပြီးသားဖြစ်ပါတယ်

characterအကြောင်းးကိုတော့ link ထဲတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

U.S Agent/John F.Walker (Earth-616) Prime Earth

U.S Agent ကို Mark Gruenwald နဲ့ Paul Neary တို့ကဖန်တီးထားတာဖြစ်ပြီး First Appearance အနေနဲ့ Captain America#323( November,1986) မှာစတင်ပဲထုတ်ခဲ့တာပါဖြစ်ပါတယ်။

Captain America#323 မှာ John F.walker ကို U.S Agent အနေနဲ့ပါဝင်စေခဲ့တာမဟုတ်ပါဘူး.

First Appearance မှာ U.S agent ကို Super Pariot အနေနဲ့ ပွဲထုတ်ခဲ့တာဖြစ်ပြီး Cap နဲ့ personal အရလိုက်ပြိုင်နေတဲ့ သူရဲကောင်းတစ်ယောက်သဖွယ် ပွဲထုတ်ခဲ့တာပါဖြစ်ပါတယ်။

နောက်ပိုင်း Captain Amereica #333 မှာ 90’s လောက်ကmarvel comics fan တွေကို ရင်ထိတ်သွားစေခဲ့တဲ့ Comic …တစ်နည်းအားဖြင့် Steve Rogers Captain America ဘဝကနေ အနားယူသွားတဲ့ အခါ John Walker ဟာ Captain America ဖြစ်လာပါသေးတယ်။

အဲ့နောက်မှာမှ John Walker ဟာ U.S agent ဆိုပြီးဖြစ်လာတာဖြစ်ပါတယ်.. Captain America #354(June.1989) မှာ U.S agent ဆိုပြီး ဖြစ်လာတာပဲဖြစ်ပါတယ်။

Story of John Walker

John Walker ဟာ Caleb Walker နဲ့ Emily Walker တို့ကမွေးဖွားတာလာပဲဖြစ်ပါတယ်။

သူရဲ့ ရည်မှန်းချက်က သူအားကျရတဲ့သူ့အကို michael လိုမျိုး အရမ်းတော်တဲ့စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့တာပါ..

သူ့ရဲ့ Story ပုံစံတွေ captain america နဲ့တော့တော်တော်တူတယ်ဗျ ..
ဒါပေမဲ့ cap ထက်တော့ဆယ်စုနှစ်နောက်ကျပြီးပေါ်လာတာဖြစ်ပြီး cap ထက်လည်းအသက်အားဖြင့်များစွာငယ်ပါတယ်။
cap WW2 တိုက်နေချိန် john ကလေးလေးအရွယ်ပါ..

John Walker ဟာ cap လိုပဲ mutate ဖြစ်လာသူတစ်ယောက်ပါ..
John Walker ကို Superhuman ဖြစ်လာအောင် လုပ်ခဲ့တာကတော့ Power Broker,inc.ဆိုတဲ့ အဖွဲ့အစွဲ့အစည်းကနေလုပ်ခဲ့တာဖြစ်ပါတယ်။

Power Broker,inc.အကြောင်းအနည်းငယ်ပြောပါမယ်..
Power Broker,inc ဆိုတာက တရားမဝင် Criminal Corporation လုပ်တဲ့ အဖွဲ့အစွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝွဲ့ဝင် member တွေကို The Power Brokers လို့ခေါ်ပါတယ်။

Leaderကတော့ The Power Broker ဆိုတဲ့သူဦးဆောင်တာဖြစ်ပါတယ်။

Power Broker,Inc.မှာ Mad scientist တွေပဲရှိပါတယ်။ Dr.karl Malus ရယ် Curtiss Jackson ဆိုတဲ့ လူနှစ်ယောက်က ဒီအဖွဲ့စွဲ့စအစည်းကို စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး.. Superhuman တွေ တရားမဝင် ဖန်တီးနေတဲ့ Secret Base တစ်ခုဖြစ်ပါတယ်။

John Walker ဟာ Power Broker member တစ်ဦးဖြစ်ခဲ့ပါတယ်.
သူရဲ့ superhuman စွမ်းအားတွေကို အဲ့ဒီကနေရရှိခဲ့တာဖြစ်ပါတယ်။

သူဟာ hero တစ်ယောက်အရမ်းဖြစ်ချင်တာပါ
တစ်နည်းအားဖြင့်capကိုသာချင်သူဆိုလည်းမမှားပါဘူး။

ဒါပေမဲ့သူဟာCapကိုသာသွားခဲ့ပါတယ်။ အဲ့တာကတော့ Captain America#332 မှာ Super Patriot/John Walker ဟာ သူပုန်လူဆိုးတစ်ယောက်ဖြစ်တဲ့ warhead ဆိုတဲ့သူကိုသတ်ပြီး ဝါရှင်တန် ဒီစီ မြို့ကို အနူမြူဖြင့်ဖောက်ခွဲ့မည့် အန္တရာယ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

အဲ့နောက်မှာ Steve Rogers/Captain America ဟာ တရားဝင်အနားယူသွားခဲ့ပါတယ်။
Comic issue#332 ဖြစ်ပြီး issue title က No More Captain America ပဲဖြစ်ပါတယ်။

ထို့နောက် John Walker ဟာ captain America ဖြစ်လာခဲ့ပါတယ်။

ဖြစ်လာပုံကဒီလိုပါ. steve rogers နှုတ်ထွက်အနားယူသွားတဲ့အခါမှာ U.S အစိုးရအနေနဲ့ပြာတောက်သွားတာပေါ့
Hydra အပြင် အခြား အဖွဲ့အစည်းတွေ superhuman villain တွေက ပိုဆိုးလာကြတယ်.. အဲ့အချိန်မှာ C.S.A (Commission on Superhuman Activities အဖွဲ့အစည်းကနေ John Walker ကို New Captain America ဖြစ်စေခဲ့ပါတယ်။

ပြီးတော့ Power Brokers Membersတွေဖြစ်တဲ့ BUC( Bold Urba Commandos) အဖွဲ့ဟာလည်း တရားဝင် Captain America/John Walker ရဲ့ လက်ထောက်တွေဖြစ်လာခဲ့ပါတယ်။

BUC member တစ်ဦးဖြစ်တဲ့ Battle Star/Lemar Hoskins ဟာ Bucky Jame/ Winter Soldier နေရာအစားဝင်ခဲ့ပါတယ်။
Captain America/John Walker ရဲ့လက်ထောက်အနေနဲ့ပါ.

BUCမှာ member 3ယောက်ရှိပါတယ် ကျန်တဲ့၂ယောက်ကတော့ Right-Winger ရယ် Left-Winger ရယ်ဆိုပြီး heroတွေဖြစ်ခဲ့ကြပါတယ်။

BUC အကြောင်းလေးပြောပါမယ် BUC ကတော့ captain america maskတွေတပ်ပြီး capကို အသရေဖျက်တဲ့ Power Brokers,Incရဲ့ member တွေဖြစ်ပြီး John Walker ရဲ့သူငယ်ချင်းတွေပဲဖြစ်ပါတယ်။

ဒါပေမဲ့ John Walker/Captain America နဲ့ Left-Winger နဲ့ Right-Winger တို့ဟာ ရေစက်ကုန်ခဲ့ပါတယ်… ဖြစ်ချင်တော့ Winger နှစ်ကောင်က တကယ်ကို secret လုပ်ခဲ့တဲ့ John Walker ရဲ့နာမည်ကို Public ရှေ့ပြောလိုက်ပါတယ်။

အဲ့နောက်မှာ John Walker/Captain America , Battle Star/Winter Soldier တို့ဟာ Winger ၂ကောင်နဲ့သတ်ကြပါတော့တယ်..
John Walker ရဲ့နာမည်ကို Publicမှာထုတ်ပြောခဲ့တဲ့ Comicကတော့ Captain America#341(may 1988) ပဲဖြစ်ပါတယ်

Captain America#347 မှာတော့ john walker/captain america ဟာ Left Winger/Hector Lennox ရဲ့အမေကို သူ့နာမည်ကို public မှာသုံးခဲ့တဲ့အတွက်သွားခြိမ်းခြောက်ခဲ့ပါတယ်။
နှလုံးရောဂါအခံရှိတဲ့ Left-Winger အမေဟာအမောဖောက်သွားခဲ့ပါတယ်လန့်ပြီးတော့.
အဲ့နောက်မှာ Winger ၂ကောင်ဟာ John Walker နဲ့မကြေပွဲတိုက်ကြပြီးနောက်မှာ ရှုံးသွားခဲ့ပါတယ်။ winger ၂ယောက်ဟာ ကြိုးတုပ်ပြီး အရှင်လတ်လတ်မီးလောင်သေခဲ့ရာတယ်။

ဒါကတော့ John Walker တစ်ယောက် captain ဖြစ်နေချိန်မှာ လူမဆန်သူရဲကောင်းမဆန်တဲ့လုပ်ရက်ကို လုပ်ခဲ့တာပဲဖြစ်ပါတယ်။

ထို့နောက် John Walker/Captain America ဟာ steve Rogers နဲ့ different role same mission လုပ်တဲ့အခါမှာStever Rogers ဟာ John Walker/captain america ထက်သာနေခဲ့ပါတယ်

မှတ်ချက်:steve Rogers ဟာ Cap ရာထူးမှအနားယူကတည်းက U.S agent suit နဲ့ mission တွေဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။

ထို့နောက်John Walker/Captain America ဟာ captain title နဲ့မထိုက်တန်ဘူးဟုဝေဖန်မှုတွေရှိလာခဲ့ပါတယ်.. အဲ့အချိန်မှာလည်း Steve Rogers/Captain America ပြန်ဖြစ်လာချိန်ပါ အဲ့ comic ဟာ comic History တစ်လျှောက်မှာ captain America ၂ယောက်ပါတဲ့ ပထမဆုံး comic issue ပဲဖြစ်ပါတယ်။

Captain America#351(march,1989)တွင်ပဲဖြစ်ပါတယ်။

ထို့နောက် John Walker/Captain America ဟာ အစည်းအဝေးပွဲတစ်ခုမှာ Watchdogs ကလူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားခဲ့ပါတယ်။ John Walker/Captain Americaဟာ သေသွားခဲ့ပါတယ်။
ဒါပေမဲ့အဲ့ကိစ္စဟာ CSA(Commission of Superhuman Activities) ရဲ့လှည့်စားမှုဖြစ်ပြီး John Walker ကိုသေပြီဆိုပြီး fake လုပ်ခဲ့တာဖြစ်ပါတယ်..

ဒါကတော့ John Walker Captain America ဖြစ်ခဲ့စဉ်က Story ပဲဖြစ်ပါတယ်။ ကဲအခုမှ U.S agent ဖြစ်လာတဲ့ Story လေးစပါမယ်ေ။

U.S Agent လာပြီ…

walker ဟာသူသေတယ်ဆိုတာ Fakeလုပ်ပြီးနောက်မှာတစ်ဖန်ပြန်ပေါ်လာခဲ့ပါတယ်။
Commission ရဲ့ Agent တစ်ယောက်အနေနဲ့ပြန်ပေါ်လာတာပါ။
သူဟာအရင် steve rogers U.S agent ဘဝတုန်းက ဝတ်စုံကိုဝတ်ပြီး U.S agent ဖြစ်လာတာပဲဖြစ်ပါတယ်။

John Walkerမှာ Steve Rogers/Captain America ကဲ့သို့ပင် Vibranium shield ရှိပါတယ်။ထို့နောက်သူဟာသူ့ရဲ့ first mission အနေနဲ့ Iron Monger နဲ့တိုက်ခိုက်ပြီး Iron Monger ကိုအနိုင်ယူခဲ့ပါတယ်။

U.S agent အနေနဲ့ John Walkerဟာ Captain America#354 (june,1989) မှာစတင်ပါဝင်လာတာဖြစ်ပါတယ်။

ထို့နောက်သူဟာ သူCaptain America ဘဝကပါတနာတစ်ယောက်က ပါတနာကောင်းတစ်ယောက်ဖြစ်တဲ့ battle Star ကို Power Broker ကနေကယ်ထုတ်ခဲ့ပါတယ်။

ထို့နောက်သူ့မိဘရှိရာအရပ်ကို Battle star နဲ့တူတူသွားတဲအ့ခါ သူ့မိဘ၂ပါးဟာသေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

Power And Abilities and equipments

U.S Agent ဟာ Super Patriot ဘဝမရောက်ခင်ကတည်းက ထူးချွန်တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။

Power Broker,inc. ရဲ့စမ်းသပ်မှုပြီးနဲ့နောက်မှာ Superhuman ဆိုင်ရာစွမ်းအားတွေကိုရရှိသွားခဲ့ပါတယ်။

Superhuman Strength:စွမ်းအားကြီးပါတယ်သာမန်လူတွေထက်..ပြင်းထန်တဲ့ထိခိုက်မှုများကိုလည်းကောင်းစွာခံနိုင်ပါတယ်။

Superhuman Speed-သာမန်လူတွေကသာလွန်တဲ့ရွေ့လျားမှုနှုန်းတွေရှိထားပါတယ်။

Superhuman Stamina-လူတွေသတ်မှတ်တဲ့အဆင့်ကိုကျော်ပြီး stamina ကောင်းပါတယ်။

ပြီးတော့ U.S agent ဟာရ Taskmaster ဆီကနေလဲ Combat training ကိုသင်ထားတာဖြစ်ပြီး Martial art လည်းတတ်ပါတယ်။

ထို့နောက်သူဟာမည်သည့် Shield ကိုမဆိုကျွမ်းကျင်စွာအသုံးပြနိုင်ပြီး shield တော်တော်များများကိုလည်းကိုင်ဖူးပါသေးတယ်။

သူလက်ရှိကိုင်တဲ့ shield ဟာ Alternate Universe က Steve Rogersရဲ့ Shield ဖြစ်ပါတယ်။ Earth-13584 ကပဲဖြစ်ပါတယ်။

ထို့နောက်သူဟာ Shield ကို U.S agent design ဆေးသုပ်ခဲ့တာပဲဖြစ်ပါတယ်။
သူကိုင်ဖူးတဲ့ Shield တွေကတော့
Vibranium Star Shield
Energy Shied
Eagle Shield
Photon Shield
convincer
Captain America shield (Steve Rogers Shield ) တို့ပဲဖြစ်ပါတယ်။

Force Works

Force Works ဆိုတာကတော့ Tony Stark (Iron Man) ဖွဲ့စည်းထားတဲ့အဖွဲ့ပွဲ့ပဲဖြစ်ပါတယ်။
ထို့နောက် Force Worksထဲကို Scarlett Witch ရဲ့ invitation နဲ့အတူ John Walker/ U.S agent ဟာ ဝင်ရောက်လာခဲ့ပါတယ်။
S.H.I.E.L.D အဖွဲ့နဲ့နဲ့ tony stark တို့ဟာ John Walker အတွက် Energy Shield အသစ်စက်စက်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။

Force Works ဆိုတာကတော့ Avengers လိုသီသန့်အဖွဲ့မျိုးဖြစ်ပါတယ်။
သူဟာ west coast avengers အဖွဲ့ disabled ဖြစ်ပြီးနောက် ဖွဲ့ထားတာဖြစ်ပါတယ်။
Force Works ကAvengers တွေလိုပဲ Villain တွေလိုက်လံနှိမ်နင်းတဲ့အဖွဲ့ပါ..

John Walkerဟာ Force Works နဲ့အတူmission ပေါင်းများစွာလုပ်ခဲ့ပါတယ်။လူကောင်းတစ်ယောက်အနေနဲ့လုပ်ခဲ့တာပဲဖြစ်ပါတယ်။

Force Works Leader ကတော့
Ironman
Scarlett Witch တို့ပဲဖြစ်ပါတယ်ေ။

Original member တွေကတော့

US.agent
Century
Cybermancer
Moonraker
Spider-Woman
Wonder Manတို့ပဲဖြစ်ပါတယ်။

The Jury (U.S agent as a leader)

U.S agent ဟာ the jury အဖွဲ့ရဲ့ leader ဖြစ်လာခဲ့ပါတယ်။ The jury အဖွဲ့ကွဲ့ကကို U.S agent ကဦးဆောင်တာပဲဖြစ်ပါတယ်။

The Jury အဖွဲ့ ဖွဲ့စည်းရခြင်းက Thunderbolts အဖွဲ့ကိုနှိမ်နင်းချင်လို့ဖြစ်ပါတယ်။

The Jury အဖွဲ့သားများဟာဆိုရင်တော့ Amored အပြည့်စုံပြီး အဖက်ဖက်ကျွမ်းကျင်တဲ့ လူတွေပဲဖြစ်ပါတယ်။

ဒါပေမဲ့သူတို့ဟာ ThunderBolts အဖွဲ့ကိုအနိုင်ရရှိခြင်းမရှိခဲ့ပါဘူး.. The Jury အဖွဲ့ထဲဝင်ခိန်မှာ U.S agent ဟာ Energy Energy Shiled အစား Eagle shaped Shiled ကိုအသုံးပြုခဲ့ပါတယ်။

နောက်ပိုင်းမှာ The Jury နဲ့ ThuderBolts အဖွဲ့ပူးပေါင်းသွားပြီ Brute Force အဖွဲ့ကိုတိုက်ခိုက်ခဲ့ပါတယ်။

U.S agent ဟာ The Jury အဖွဲ့အွဲ့အတွင်းရှိနေစဉ်မှာ Protocide ဆိုတဲ့ Superhuman တစ်ယောက်နဲ့တိုက်ခိုက်ရင်းသေမလိုထိဖြစ်ခဲ့ပါတယ်။

S.H.I.E.L.D အဖွဲ့ရဲ့ကွဲ့ရဲ့ကယ်ဆယ်မှုနဲ့သူဟာအသက်ရှင်ခဲ့ပါတယ်။

The Jury အဖွဲ့ရဲ့ွ့ရဲ့ Member တွေကတော့

U.S agent
Bomb Blast

Firearm

Sentry

Screech တို့ပဲဖြစ်ပါတယ်။

S.T.A.R Agent ဖြစ်လာခြင်းနှင့် Avengers များကိုကူညီခြင်း…

John Walkerဟာ U.S အစိုးရရဲ့ရ အဖွဲ့အစွဲ့အစည်းတစ်ခုဖြစ်တဲ့ S.T.A.R အဖွဲ့ member တစ်ယောက်ဖြစ်လာပါတယ်။

Avengers များအပါအဝင် cosmic hero များစွာဟာ kree invasion တစ်ခုနဲ့ပြသာနာတက်နေကြပါတယ်။ Kree တွေက ကမ္ဘာကို လာသိမ်းတာပါ။

Ronan နဲ့ Kree တွေက alien species များစွာနဲ့ Earth လာတိုက်ပါတယ်။ Ronan နဲ့အတူ Kree တွေရဲ့ Leader ဖြစ်တဲ့ Supreme Intelllenge ကြီးပါ ပါလာခဲ့ပါတယ်။

U.S Agent အကူညီနဲ့ Ronan ကိုအနိုင်ရပြီး Kree စစ်တပ်ကြီးကိုအနိုင်ရသွားခဲ့ပါတယ်။ U.S agent လည်း ဒဏ်ရာ ရသွားခဲ့ပါတယ်။

Avengers တွေဟာ U.S agent/John Walker ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပေမဲ့ John တစ်ယောက်ကတော့ အဖတ်တောင်မလုပ်ခဲ့ပါဘူး..

maximum security vo.1 comic ပဲဖြစ်ပါတယ် issue#3 ခုပါဝင်ပါတယ်။

All New Invaders

John Walker/U.S agent ဟာ Invaders အဖွဲ့ကို join ခဲ့ပါတယ်။ join တာကတော့ကူညီချင်လို့ Join တာထက် captain america/Steve Rogers ကိုလိုက်ပြိုင်တာပဲဖြစ်ပါတယ်။

suitကိုတောင် capလိုဝတ်ဆင်ခဲ့ပါတယ်။ shield ကိုတော့ ကြယ်ပုံစံ shield အသုံးပြုခဲ့ပါတယ်။

leadershipကို လုနေလို့ steve က 3ယောက်တစ်ဖွဲ့တောင်လုပ်ပေးခဲ့ရပါသေးတယ်။

Invaders အဖွဲ့ဖွဲ့စည်းရခြင်းက အကြီးမားဆုံးသော သူပုန်အဖွဲ့ကြီးဖြစ်တဲ့ pterorists အဖွဲ့ကိုနှိမ်နင်းဖို့ပဲဖြစ်ပါတယ်။ ထိုအဖွဲ့ကို Axis Mundi ကဦးဆောင်တာပဲဖြစ်ပါတယ်။

စစ်ပွဲအတွင်းမှာU.S agent တို့အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့အဲ့စစ်ပွဲအတွင်းမှာ Human Torch(A.I ) ဟာသေဆုံးသွားခဲ့ပါတယ်။

Invadersအဖွဲ့ဲ့ member တွေကတော့

Captain America/Steve Rogers
U.S Agent/John Walker
Blazing Skull
Blonde Phantom
human torch(A.I)
Namor
Union Jack
Vision
Nia Noble
spitfire
Tara
Thin Man
Silver Scorpion တို့ပဲဖြစ်ပါတယ်။

သေလုနီးပါအခြေအနေနောက်တစ်ခု

U.S Agent/John Walker ဟာနောက်ထပ်သေလုနီးပါအခြေနေတစ်ခုဖြစ်ခဲ့ပါသေးတယ်။

အဲ့တာကတော့ Thunderbolts အဖွဲ့ကိုလိုက်နှိမ်နင်းချိန်မှာ ThunderBolts ရဲ့ ခေါင်းဆောင်အသစ်ဖြစ်တဲ့ Nuke/Scourge ရဲ့တိုက်ခိုင်းတာကိုခံရပါတယ်။

အကျိုးရလဒ်အနေနဲ့ U.S agent/John Walker ဟာ ဘယ် လက်တစ်ဖက် ခြေတစ်ဖက်ပြတ်သွားပါတယ်။

အဲ့တာကြောင့် john တစ်ယောက်ဟာ စိတ်ဓာတ်ကျပြီး hero ဘဝကိုစွန့်လွှတ်ခဲ့ပါတယ်။

Hero ဘဝကနေအနားယူပြီး ထောင်တစ်ခုမှာထောင်မှုးဘဝနဲ့ဖြတ်သန်းခဲ့ပါတယ်။

Dark Avengers

Dark Avengers တော့ marvelရဲ့ darkပိုင်းသွားတဲ့ Team တစ်ခုဖြစ်တယ်။

member တွေကလည်းတကယ့် badass တွေချည်းပဲ။ Dark Avengers နဲ့ H.A.M.M.E.R တို့ဟာ Avengers နဲ့ S.H.I.E.L.D တို့ပြိုကွဲပြီး ဖြစ်တည်လာတဲ့အဖွဲ့ွ့တွေဖြစ်ပါတယ်။

အထူးသဖြင့် Villain တွေများစွာပါဝင်တဲ့အဖွဲ့ွ့တွေပါ။

U.S Agent ဟာ New Dark Avengers ရဲ့ Leader ပဲဖြစ်ပါတယ်။

Dark Avengers ရဲ့ Original member တွေကတော့
Skaar(Son of Hulk)
Sentry
Iron Patriot(NormanOsborn)
ms.marvel(Deidre Wentworth)
Wolverine(Daken)
Ares
Symbiote Spider-Man(Ai-Apaec)
Hawkeye (bulleye)တို့ပဲဖြစ်ပါတယ်

နောက်ပိုင်းမှာ New Dark Avengers ဖြစ်တည်လာပါတယ်။ Dr. Doxie ဆိုတဲ့အမျိုးသမီးဟာ John Walker/U.S agent ရဲ့ပျက်သွားတဲ့ အစိတ်အပိုင်းကိုကုစားဖို့ Venom symbiote ကို Multiverse(13584) ကဟာကို John Walker မှာကပ်စေခဲ့ပြီး ဘယ်လက်နဲ့ ဘယ်ခြေထောက်ကို ပြန် healing ခဲ့ပါတယ်။

ထို့နောက်မှာတော့ John Walkerဟာ New Dark Avengers အဖွဲ့ရဲ့ Leader တစ်ယောကဖြစ်လာခဲ့ပါတယ်။

John Walker တစ်ယောက်ဟာသေဆုံးသွားတဲ့ သူ့မိဘ၂ခါပုံကို shield မှာအမြဲကပ်သွားလေ့ရှိပါတယ် ။❤️

Invaders comic မှာဖတ်ရင်းတွေ့နိုင်ပါတယ်။

MCU မှာတော့ U.S agent ကို Wyatt Russell က သရုပ်ဆောင်ထားတာပါဖြစ်ပါတယ်။
MCU တွင် U.S agent ကိုthe falcon and the winter soldier TV Seires တွင်စတင်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ Wyatt Russellနှင့်လည်း ‌အတော်လိုက်ဖက်တယ်လို့မြင်ပါတယ်။

Thanks for reading guys .
နောက်ထပ်သော contentများနှင့်အတူထပ်မံပြန်လာခဲ့ပါမယ်။

(written by skullmask)
#ZEUS

Categories
Comic fact Explain Marvel

Deadpool Samurai Manga Review

#MadaraSama #ZEUS

Manga တစ်ခုထဲကို Deadpool တစ်ကောင်ရောက်သွားရင်ဘာဖြစ်မလဲတွေးဘူးကြလားဗျ
4th world breaker တွေသိပ်မရှိတဲ့ Shonen Jump နဲ့ Marvel တို့ Collab ထားတဲ့ Deadpool Samurai Manga နဲ့မိတ်ဆက်ပေးပါရစေ

Deadpool Samurai Manga ကိုတော့ Dec 10,2020 မှာ Shonen Jump + မှစတင်ထုတ်ဝေခဲ့ပြီး 2021 ရဲ့လူကြိုက်များတဲ့ Manga တစ်ခုဖြစ်လာပါတယ်

အဲ့တာကြောင့်ပဲ one shot manga ကနေ full series အဖြစ်ထပ်မံထုတ်ဝေခဲ့ပါပြီးအခုလက်ရှိ ongoing manga တစ်ခုပါ။

ဇာတ်လမ်း အကျဥ်း

ဇာတ်လမ်းအကျဉ်းကတော့ Deadpool တစ်ယောက်သူ့ရဲ့ Samurai Squad ကိုဖွဲ့စည်းဖို့လူလိုက်စုတယ်လို့ပဲအကျဉ်းချုံးပြောပါရစေ
လူစုရင်းဖြစ်လာတဲ့(ဖြစ်လာတယ်ဆိုတာထက်သူရှာထားတဲ့)ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲရှူစားရမှာပါ

Deadpool Manga ဆိုပေမယ့်တခြားသော Marvel Character တွေအများကြီးကိုလည်းတွေ့နိုင်ပါသေးတယ်
Marvel Character အချို့ကို Alternate Version အနေနဲ့မြင်ရမှာဖြစ်ပါတယ်
ဥပမာပြောရရင် Spider-Man ကို Sakura Spider ဆိုပြီး Waifu version မြင်ရမှာပါ
(အဟဲဟဲ)

4th Wall ရှယ် Break

Deadpool ဆိုတဲ့အတိုင်း 4th wall ကိုရှယ် break ပြီးတခြားသော Manga တွေ Shonen Jump Character တွေကိုနောက်ပြောင်နေတာကအတော်ကြည့်ကောင်းပါတယ်
Shonen Character တွေကိုပါ Manga ထဲဆွဲသွင်းလာတာကတော့တကယ်ကို surprise moment ကြီးပါပဲ

Deadpool ကြီးရဲ့ Shonen trope တွေကိုင်တွယ်ပုံကတွေ့ဘူးသမျှ Shonen Character တွေနဲ့ကွဲထွက်နေတာကြောင့် manga reader တွေအတွက်လဲအသစ်အဆန်းဖြစ်စေမှာပါ
အထူးသဖြင့်သူ့ရဲ့ 4th wall breaking ability ကအတော်လွန်လွန်းနေလို့ပါပဲ
Gintama နဲ့တွေ့ပြီးနှစ်ကောင်ပေါင်းလိုက်ရင်တော့ writer တွေနဲ့ reader တွေနေစရာ‌ေေနရာရှိတော့မှာမဟုတ်ဘူ…

Chaotic comedy and action တွေကြောင့်ဖတ်ရင်းနဲ့လဲပျင်းရမှာမဟုတ်ပါဘူး ဖတ်ရတာတကယ်ပေါ့ပေါ့ပါးပါးရှိတယ်ဗျ

ကျနော်ကတော့ rating 9/10 အထိပေးပါတယ်
Sanshirou Kasama နဲ့ Hikaru Uesugi တို့မှဖန်တီးထားပြီး free to read ဖြစ်တဲ့အတွက် Deadpool ရဲ့ Marvel ကကွဲထွက်နေတဲ့ Manga story ကိုဖတ်ဖြစ်အောင်ဖတ်ဖို့တိုက်တွန်းပါရစေ

Manga နဲ့သိပ်မရင်းနှီးတဲ့ Superhero fan တွေဖတ်ချင်တယ်ဆိုရင် right to left ဖတ်ဖို့သတိပေးလိုက်ပါရစေ

ဘယ်ကနေဖတ်ရမလဲမသိရင်ကျနော်တို့ရဲ့ Page chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်

#MadaraSama #ZEUS

(zeusmyanmar.com မှ Content များကို ပြင်ပ Social media platform များသို့ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ။)

Categories
Comic fact Marvel

အကယ်၍ Thor သာ နှင်းဘီလူးတွေကြားမှာကြီးပြင်းခဲ့မယ်ဆိုရင်? (What if)

(comic story)

MCU what if Seiresဟာလည်းမကြာမှီထွက်ရှိတော့မှာမလို့ ဒီနေ့မှာ အကယ်၍ Thor သာ Asgardမှာမဟုတ်ပဲ နှင်းဘီလူးတွေရဲ့ တိုင်းပြည်မှာကြီးပြင်းခဲ့လာရရင်လယ်လိုဖြစ်မလဲ ? အကျိုးဆက်ကရောဘယ်လာမလဲဆိုတဲ့တွေးစရာတွေပေးမဲ့ what if ? Thor was Raised By A Frost Giants ဆိုတော့ comic story ကိုတင်ဆက်ပေးလ်ုက်ပါတယ်။

#skullmask #ZEUS

What if thor was raised by a frost giants

ဒီ Comic ကိုတော့ December,2018 မှာ published လုပ်ခဲ့တာဖြစ်ပါတယ်။

What if ရဲ့နာမည်ကြီးထဲကတစ်ခုဆိုလည်းမမှားပါဘူး

What if တိုင်းဟာ အကုန် Counterpart တွေ မတူညီတဲ့ Reality တွေနဲ့ တွေးစရာအမျာကြီးပေးတတ်ပါတယ်…
ဘာလို့ဆို ကိုယ်အစအဆုံးဖတ်လာတဲ့ Reality ကိုတခြား Reality တစ်ခုအနေနဲ့ ခံစားရမှာမလို့ပါ….

ကဲအခု ဒီဟာလေးကိုလည်းကိုလည်းမတူညီတဲ့အရာတစ်ခုအနေနဲ့ဖတ်ကြည့်လိုက်ပါ။

Asgard ဟာ Frost Giants တွေ ကျုးကျော်တာကိုခံနေတဲ့အချိန်တစ်ခု..

Realm ၂ခုကြားကတိုက်ပွဲတစ်ခုပေါ့..
Asgardian တွေအရေးနိမ့်နေတဲ့အချိန်ကာလမှာ All Father Odin ရှာရှေ့တန်းမှာ Frost Giant တွေနဲ့ တိုက်ပွဲကို အဆုံးထိတိုက်ခိုက်နေပါတယ်.

နောက်ဆုံးမှာ All Father Odin ကြီးတစ်ယောက်ဟာ King of Jotunheim ဖြစ်တဲ့ Laufey နဲ့နောက်ဆုံးတိုက်ပွဲဝင်နေခဲ့ရပါပြီ..

သူတို့၂ယောက်နဲ့ပြင်းထန်တဲ့တိုက်ပွဲကြီးဟာ အချိန်များစွာကြာခဲ့ပါတယ်။

အပြင်းအထန်တိုက်ပွဲကြီးမှာ Odin ရဲ့ ဘဝကိုအဆုံးသတ်ပေးခဲ့ပါတယ်။

All Father Odin ဟာ King Laufey ရဲ့ Ice Crusher တူကြီးလက်ချက်နဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရပါတော့တယ်…

ဒါဟာ Thor အပါအဝင် Asgard တစ်ခုလုံးရဲ့အပြောင်းအလဲဖြစ်လို့လာခဲ့လေပြီ…All Father Odin သေဆုံးပြီးသည့်နောက်မှာ Frost Giants တွေဟာ Asgard ကို ဝင်ရောက်ကျုးကျော်ဟာ Asgard တစ်ခုလုံးကိုဖျက်စီးခဲ့ပါတယ်။

ထို့နောက် King Laufey ဟာ Thor ပေါက်စလေးကို asgard မင်းဆက်ရဲ့နောက်ဆုံးမင်းသားကို မသတ်ခဲ့ပါဘူး။

King Laufey ဟာ Thor ကိုသားအရင်းသဖွယ်မွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

Asgard ကိုဖျက်စီးပြီးသည့်နောက်မှာ Laufey ဟာ Thor ကို Jotunheim သို့ခေါ်ဆောင်သွားခဲ့ပါတယ်။

Thor ရဲ့စိတ်ထဲမှာတော့ သူ့အဖေအတွက် သူ့တိုင်းပြည်အတွက်ရယ် လက်စားချေအမုန်းပွားနေတဲ့စိတ်တွေ တော့ သိုသိပ်ပြီး ရှိနေခဲ့ပါတယ်။

ဘယ်အချိန်ဖြစ်ဖြစ် ညီအကိုအရင်းသဖွယ်

Thor ဟာ Frost Giant တိုင်းကိုမုန်းတီးနေပေမဲ့ Loki လေးကိုချစ်ရှာပါတယ်…

Loki ကိုညီအရင်းတစ်ယောက်လိုချစ်ခင်ပြီး တခြား Frost Giant တွေနဲ့တောင် မတူဘူးလို့ပြောလေ့ရှိပါတယ်။

Loki ဟာလည်း Thor ကိုအကိုအရင်းကဲ့သို့ချစ်ခင်ပြီး နားလည်မှုရှိပါတယ်

Loki နဲ့ Thor ဟာKing Laufeyရဲ့စမ်းသပ်မှုတစ်ခုကိုအတူတူ လုပ်ကြရပါတယ်.. အဲ့တာကတော့ Frost Monster တစ်ကောင်ကိုသတ်ရတာပါ..

Loki လေးဟာ Frost Monster ကြောင့်ဒုက္ခရောက်နေချိန် Thor ဟာ Frost Monter ကို Thunder Strike နဲ့ ကယ်တင်ခဲ့ပါတယ်.

King Laufey ဟာ Thor ကိုယုံကြည်သလို အရမ်းချစ်ပါတယ်။ Loki နဲ့ အားနည်းနေတာကိုသဘောမကျလို့ Thor ကိုပဲ Jotunheim ရဲ့New King ဖြစ်လာဖို့မျှော်လင့်ထားပါတယ်

THOR ဟာ ကလေးဘဝကတည်းက thunder strike ကိုသုံးနိုင်တာပါ။

တခြား Frost Giant တွေဟာ ရန်သူရဲ့လကကျန်တစ်ယောက်နန်းတက်မှာကိုမနာလိုကြပါဘူး..

Loki ကတော့ အပယ်ခံအနေနဲ့ပဲနေခဲ့ရပါတယ်။ Laufey ကလည်း Loki ကို အမြင်မကြည်ပါဘူး။

Lady Freyja စီ မှော်ပညာသင်ယူခဲ့တဲ့ Loki

Loki ဟာ အပယ်ခံတစ်ယောက်လိုဖြစ်နေပြီးသူ့ magic power ကိုအသုံးမကျဘူးထင်နေပါတယ်။

ဒါပေမဲ့ Thor ရဲ့ stepmom Lady Freyja နဲ့တွေ့ဆုံကာ magic များစွာကိုတတ်မြောက်သင်ယူခဲ့ပါတယ်။

Laufey က Lady Freyja ကိုမသတ်ပဲထောင်ထဲမှာ အကျဉ်းချထားတာပါ။

Loki ဟာလည်း Lady Frejya ကိုအမေအရင်းကဲ့သို့ချစ်ခင်ပါတယ်။

မထင်မှတ်ပဲ ဖြစ်သွားသောအရာများ

အသက်အရွယ်တွေကြီးလာတဲ့အခါမှာ Thor ဟာ Laufey ရဲ့ ယုံကြည်မှုကိုအပြည့်အဝရလာပါတော့တယ်။

THOR ကိုယ်တိုင်လည်း ငယ်ငယ်ကလို Frost Giant တွေကိုမုန်းတီးတဲ့စိတ်မရှိတော့ကာ ဘုရင်လောင်းတစ်ယောက်ပီသစွာနေခဲ့ပါတယ်။

ထို့နောက် Laufeyဟာ Thor ကို Odin ကိုသတ်ခဲ့တဲ့ Ice Crusher ကို Thor ကိုပေးခဲ့ပါတယ်

Thor ကလည်းကျေကျေနပ်နပ်ယူခဲ့ပါတယ်။

ICE CRUSHER ကတော့ Mijolnir နဲ့ပုံစံတူပေမဲ့ သူက worthy ဖြစ်စရာမလိုပါဘူး..

သူက blast ပစ်ရင် ပစ်ခံရသူဟာ ခဲကာ ရေခဲရုပ်ဖြစ်ကာကွဲသေသွားပါတယ်။

thor သုံးရင်တော့ မိုးကြိုးပါထွက်ပါတယ်။

တစ်နေ့မှာ Laufeyဟာ Thor ကိုခေါ်ပြီး Asgard ကိုသွားခဲ့ပါတယ်။
ပျက်စီးနေတဲ့ Asgard ကြီးကိုလိုက်လံပြရင်း မထင်မှတ်မဲ့ Loki ရယ် Lady Freyja ရယ် ဟာ Midgard ကိုထွက်ပြေးဖို့လုပ်နေတာတွေ့ခဲ့ပါတယ်။

LAUFEY ဟာ ဒေါသကြီးစွာ သတ်ပြီး Loki ကိုရန်သူနဲ့ပေါင်းရလားဆိုတာ သတ်ဖို့လုပ်တဲ့အခါမှာ Loki ဟာ Laufey ကို မျက်လုံး ဓားနဲ့ထိုးသတ်လိုက်ပါတယ်။

ထိုအခါ THOR ဟာ Loki အပေါ်သစ္စာဖောက်တစ်ယောက်လို့အမြင်လွဲကာ Blast နဲ့ လိုက်ပစ်ပေမဲ့ Loki ကိုမထိကာ Lady Freyja ကိုသွားထိကာ Lady Freyja ဟာခဲကာ ကြွေကျပြီးသေဆုံးသွားခဲ့ပါတယ်။

The End

Thor ရော Loki ရော အမှားကိုယ်စီဖြစ်သွားခဲ့ပြီ..
Thor ဟာလည်းအမေရော မွေးစားအဖေတစ်ယောက်လုံးကိုဆုံးရှုံးလိုက်ရပြီ..
LOKIလေးဟာလည်းထိုနည်းလည်းကောင်းပေါ့..

Loki ဟာ Thor ကို Midgard လိုက်ဖို့ခေါ်ပါတယ်။ Thor ဟာလိုက်ချင်ပေမဲ့ ငြင်းဆိုခဲ့ပါတယ်.. ဘာလို့ဆို Laufey သေတော့ သူက ဘုရင်အသစ်ဖြစ်တော့မှာ..

သူ့တိုင်းပြည်အတွက်သစ္စာရှိရတော့မှာ.. သူ့ပြည်သူတွေကို dark elves တွေ hell demon တွေလက်ကနေ ကာကွယ်ဖို့ သူရှိနေမှဖြစ်မယ်ဆ်ုတဲ့ ဘုရင်ကောင်း နတ်ဘုရားကောင်းတစ်ယောက်ရဲ့ စိတ်ကြောင့် Thor က Loki ကိုသာ Midgard ကိုထွက်ပြေးစေခဲ့ပါတယ်။
Thor ကတော့ ဆုံးရှံးမှုများစွာနဲ့ ပျက်စီးနေတဲ့ Asgard အပျက်ကြီးပေါ်မှာ ကျန်ခဲ့ပါတော့တယ်။…

Loki ကတော့ ဒီအကြောင်းတွေကို Midgard ကကလေးတွေကိုပြောရင်း ကောင်းကင်းကြီးကိုကြည့်ရင်း ဒီ What if ? ကတော့ အဆုံးသတ်သွားခဲ့ပါတော့တယ်။


ဒီWhat if? ကတော့ အတွေးတော်တော်ပေးနိုင်ပါတယ်။ Thor တစ်ယောက်သာ အခုလို ဘုရင်ဖြစ်သွားရင် နောက်ပိုင်း midgard ကိုဘယ်လို ရန်တွေကျလာမလဲ? တခြား avengersတွေနဲ့ ဘယ်လိုတိုက်ပွဲဖြစ်မလဲဆိုတာကို တွေးကြည့်ရင်အများကြီးပါပဲ…

ဒီ what if ဟာ လာမည့် What if animation ထဲမှာပါသင့်တဲ့ထဲကတစ်ခုလို့လည်းမြင်မိပါတယ်။

ကဲဒီ what if လေးကို ဘယ်လိုမြင်ကြလဲ?

ကဲ… အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးပါ။

မနက်ဖြန်ထွက်မယ့် MCU ရဲ့ What if…? Animation series ကိုလဲ Breakdown တွေတက်တိုက် လုပ်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ…

#skullmask #ZEUS

(zeusmyanmar.com မှ Content များကို ပြင်ပ Social media platform များသို့ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ။)

Categories
Comic fact Marvel

Thor ရဲ့အမေအရင်း

(comic fact)

#skullmask #ZEUS

Thor ဟာ marvel မှာ အမေရေးရာနဲ့ ဂျင်းအထည့်ခံရဆုံး နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။

အခုမှာ‌တော့ Thor ရဲ့အမေဟာ Gaea ဆိုနဲ့ Earth Goodness မဟုတ်တော့ပါဘူး။

အစက ချစ်ဖေကြီး Odin ဟာ Lady Frigga ဟာ Thor ရဲ့အမေအရင်းဆိုပြီး မွေးကတည်းကဂျင်းထည့်လာပါတယ်။ ဒါပေမဲ့ ‌နောက်မှာတော့ Thor ဟာ သူဟာ Elder Godsတွေထဲက တစ်ဦးဖြစ်တဲ့ Gaea ရဲ့သားမှန်းသိခဲ့ပါတယ်။

History Of The Marvel Universe Comicတွင် Thor ရဲ့မွေးဖွားခြင်းဆိုပြီး ဒဲ့ဖော်ပြထားပါတယ်။ goodness နဲ့ All-Fatherတို့ရဲ့ရင်သွေးလေးပေါ့။

အခုနှစ်ပေါင်း billion ချီပြီးနောက်မှာတော့ Odin ရဲ့ခြေရှုပ်ထားတဲ့ ရှင်းတမ်းတွေထွက်လာပါတယ်။ အဲ့တာကတော့ Earth မှာ အစောဆုံး Avengers Team က One Million Year ago တုန်းက Odin ဦးဆောင်တဲ့ Avnegers အဖွဲ့ပဲဖြစ်ပါတယ်။

ထိုအဖွဲ့တွင်
Odin
Ghost Rider
Black Panther
Lady Phoenix
Agamotto
Fan Fei
Iron Fist
Vn တို့ပါဝင်ပါတယ်။

ဒီ avengers အဖွဲ့ဟာ celestial beings တွေရဲ့ရန်ကိုကာကွယ်ဖို့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Odin ကြီးဟာ lady Phoenixနဲ့ သဘောထားမျှပြီး lady frigga မသိအောင်ခိုးစားခဲ့ပါတယ်။

Lady Phoenixကတော့ Earth မှာအစောဆုံး mutant တွေထဲကတစ်ယောက်ပါ။ သူမဟာ earth က Phoenix Host တွေထဲလည်းအစောဆုံးဖြစ်ပါတယ်။

LadyPhoenixဟာ Thor ရဲ့အမေအရင်းဖြစ်နေပါတယ်။ချစ်ဖေကြီး Odin ဟာ Thor ကိုနှစ်ပေါင်းသန်းချီလိမ်ညာထားခဲ့တာပါ။

Reader တွေကိုပါ Marvelက ဖျင်ချလိုက်သလိုပါပဲ။

Thor ဟာတကယ်တော့ Phoenix blood ပါပြီး နတ်ဘုရားတစ်ဝက် Phoenix တစ်ဝက်ပါပဲ။ lady Phoenix ဟာ mjolnir ကို worthy ဖြစ်တာမဆန်းတော့ပါဘူး ။ သူမဟာ Thor ရဲ့အမေအရင်းဖြစ်နေတာပါပဲ။

Thor အနေနဲ့ Asgardကို Phoenix Invasionတုန်းက နိုင်ခဲ့တာလည်း Phoenixတစ်ဝက်ဖြစ်နေလို့နိုင်ခဲ့တာပါဘဲ။

Avnegers: Enter The Phoenix Eventတွင် Phoenix က Earth ကိုတစ်ဖန်ပြန်လာပြီး Host ရှာတဲ့အခါမှာ Lady Phoenixနှင့် Thor နှင့် တွေ့ခဲ့ပြီး Odin ရဲ့ဂျင်းကိုရှင်းပြခဲ့‌တော့တယ်။

Lady Phoenix နှင့် Thor တို့ဟာ တွေ့ဆုံပြီးသိပ်မကြာခင်မှာပဲခွဲာခွာခဲ့ရပါတယ်။ Phoenixကြီးသောင်းကြမ်းလာတဲ့အခါမှာ Phoenix ကိုယ်ထဲဝင်သွားပြီး ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

ဒီတော့ Thor ဟာသူ့အမေအရင်းကိုနှစ်ပေါင်းသန်းနဲ့ချီမှသိခဲ့ရတာဖြစ်ပါတယ်။

Odin ဟာ Thor ကိုဂျင်းအထည့်ဆုံး တစ်ဦးတည်းသောဖခင်ပါပဲ။

Mjolnirကလည်း လူတိုင်းကကောက်မ အမေတွေကလည်း Odin ကြောင်းများပြားနေတော့ Thor ကိုတကယ်သနားမိလာပါတော့တယ်။

Thor ဟာ God Of Thunder ဆိုတာထက် သူ့အမေဟာ bird of thunder လို့ခေါ်သွားခဲ့ပါတယ်။

(Avengers: Enter The Phoenix)

#skullmask #ZEUS

(zeusmyanmar.com မှ Content များကို ပြင်ပ Social media platform များသို့ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ။)

Categories
Comic fact DC

Most powerful weapons of DC

#madarasama #ZEUS 

DCဆိုတာနေရာအများစုမှာSuperpowerထပ်mindကိုပိုအသားပေးလေ့ရှိပါတယ်
Powerless heroတွေလဲအများအပြားရှိသလိုpowerless supervillainတွေလဲဒုနဲ့ဒေးပါ
သူတို့ကိုSuperpowerရှိတဲ့လူတွေနဲ့တန်းတူဖြစ်နိုင်အောင်Upgradeပေးနိုင်တာကတော့weaponတွေပဲဖြစ်ပါတယ်
ဆိုတော့ဒီကနေ့မှာDCရဲ့ကြောက်စရာအကောင်းဆုံး ဖျက်အားအပြင်း‌ဆုံးလက်နက်များကိုသိရှိစေရန်အလို့ငှာမိတ်ဆက်ပေးပါရစေ

#madarasama #ZEUS 

The Helmet Of Fate

Helmet of fateကတော့powerful ancient magicalအသုံးအဆောင်ပါ။ Lord of orderကြီးNabuကနေပြီးAmulet Of Anubis, Cloak Of Destinyတို့နဲ့အတူဖန်တီးခဲ့ပါတယ်။ အဲ့ပစ္စည်း၃ခုပေါင်းလိုက်ရင်ဝတ်ဆင်သူကိုtop tier magic powerတွေရစေပါတယ်။

Powerတွေကတော့infiniteနီးပါးအထိmagic powerရယ်၊telekinesis,flight or levitationစတာတွေဖြစ်ပါတယ်။ ဒါ့အပြင်strengthကိုပါမြှင့်ပေးတယ်၊attackအများစုကိုကာကွယ်ပေးတယ်၊magic spellတွေကိုအစွမ်းတွေဆတိုးပွားစေတယ်။

Helmetကနေတခြားဘာတွေလုပ်နိုင်သေးလဲဆိုတော့နက္ခတ်ဗေဒအကြားအမြင်မျိုးရနိုင်တယ် dimensionနဲ့energyတွေကိုအသုံးချနိုင်တယ် ပစ္စည်းတွေကိုပုံပြောင်းနိုင်တယ် time travelလား teleportလား အချိန်မရွေး နေရာမရွေးသွားလို့ရပါတယ်

ဆိုတော့ကာဒီhelmetလေးဝတ်ရုံနဲ့တင်most powerful beings ထဲဝင်သွားမှာပါပဲ

Lantern Rings

ဒါကတော့အားလုံးသိမှာပါ ringတွေကဝတ်ဆင်သူတွေရဲ့ခံစားမှုနယ်ပယ်အလိုက်အသုံးချခံပါတယ် originalကတော့Green Lanternပေါ့ သူကတော့willpowerကိုသုံးပါတယ်

ကြာလာတော့universeမှာပျံ့လာပြီးemotionအလိုက်ringတွေကွဲလာပါတယ် ringတွေမှာကိုယ်ပိုင်လုပ်နိုင်စွမ်းတွေရှိပါတယ် အများစုကတော့constructတွေလုပ်ကြတယ်ဗျ သူတို့စိတ်ကူးနဲ့ပေါ့လေ
Force fieldတွေလုပ်တယ် energy blastတွေပစ်တယ်ပေါ့ အများအစားခွဲကြရအောင်
Yellow(Fear)
Blue(Hope)
Red(Rage)
Orange(Greed)
Violet(Love)
Indigo(Compassion)
Black(Death)
White(Life)ဆိုပြီးကွဲထွက်ကုန်တာပါ Whiteကတော့powerfulအဖြစ်ဆုံးပါပဲ

The Worlogog

အရှင်းဆုံးပြောရရင်တော့ဒါကPhilosopherရဲ့ကျောက်တုံးတစ်ခုပါပဲ ဒါပေမယ့်တော်တော်ကိုကြမ်းပါတယ် upgradeချက်တွေက

ဒီဟာကဘာလုပ်နိင်လဲဆိုရင်အကုန်လုပ်နိုင်ပါတယ် အတွေးမှန်သမျှကိုတုံ့ပြန်ပါတယ် realityကိုခြယ်လှယ်လို့ရတယ် စိတ်ကူးနိုင်တာအားလုံးကိုလုပ်ဆောင်ပေးနိုင်ပါတယ်
(Miracle machineလိုပေါ့)

ဒါ့အပြင်သူ့ကuniverse in four dimensionsကြီးရဲ့မြေပုံအပြည့်အစုံလဲဖြစ်ပါတယ်

Warworld

ဘာကြီးလဲဆိုတော့စက်ကြီးပါ ဂြိုလ်တစ်လုံးလောက်အရွယ်အစားစက်ကြီးပါ Warzoonတွေရဲ့homeဖြစ်ပြီးတော့နောက်ကျတော့မှMongulကြီးကသိမ်းသွားတာပါ

MongulဆိုတာကSupermanနဲ့Supergirlရဲ့supervillainကြီးပါ ဆိုတော့Mongulကဒါကြီးကို၁ယောက်တည်းဘယ်လိုထိန်းလဲလို့တွေးမိမှာပေါ့

တကယ်တော့controlခုံမှာတစ်ယောက်တည်းထိုင်ပြီးထိန်းရုံပါပဲ လက်နက်ခဲယမ်းတွေ မျိုးစုံသုံးလေဆာတွေ ရှိသမျှလက်နက်အကုန်လုံးကိုဂြိုလ်လောက်ကြီးအထိစုပြုံထားမှတော့ဘယ်လိုပြောရမှန်းကိုမသိပါဘူး အကြီးဆုံးစက်လက်နက်လို့ပြောလို့ရပါတယ်

The Rock Of Eternity

ဒါကြီးကတော့အစက Shazam ကြီးနေတာဖြစ်ပါတယ် နောက်ကျတော့ Seven Deadly Sins ကိုချုပ်ဖို့သုံးခဲ့ပါတယ်

အဲ့ကောင်တွေနဲ့တခြား demon တွေကိုထည့်လိုက်တော့မှပိုပြီးစွမ်းလာတာပါ ဒါကြီးကEarthပေါ်ကMagicတွေအားလုံးရဲ့Focal Pointကြီးပါ Shazamကြီးမျက်လုံးပြူးမျက်ဆံပြူးဖြစ်နေတာကိုပဲကြည့်ပါတော့

ဆိုတော့EarthကMagic Powerအားလုံးကိုရနိုင်ပါတယ် Seven Deadly Sinsလိုကောင်တွေပါထည့်လိုက်တော့ကြမ်းသထက်ကြမ်းသွားတာပါ

Black Adam ဟာလဲRock of Eternityဆီကိုရောက်ခဲ့ဘူးပါတယ်။

Black Adam အကြောင်း

Anti-Life Equation

Anti-life equationဆိုတာကတော့Darkseidရဲ့အလိုချင်ဆုံးလက်နက်ပေါ့
ThanosမှာInfinity Gauntlet DarkseidမှာAnti-life Equationလို့ပြောလို့ရပါတယ်

Emotional Objectတစ်ခုဟာအာရုံဆိုတာမရှိတော့တာ ဘယ်ထိန်းချုပ်မှုအောက်မှာမှရောက်မနေတာမျိုး ဒါကိုသဘောပေါက်နားလည်ပြီးထွက်ရပ်ပေါက်သွားမယ်ဆိုရင်အာရုံရှိတဲ့သက်ရှိမှန်သမျှကိုကြိုက်သလိုစေခိုင်းလို့ရပါတယ်

Universeကိုခြယ်လှယ်ချင်တဲ့Darkseidကြီးအတွက်တော့အကြိုက်ပေါ့ Mathematical Proofကိုပြရမယ်ဆိုရင်

loneliness + alienation + fear + despair + self-worth ÷ mockery ÷ condemnation ÷ misunderstanding × guilt × shame × failure × judgment n=y where y=hope and n=folly, love=lies, life=death, self=dark side

Anti-Life Equationမှာတွဲဖော်တွဲဖက်ဖြစ်တဲ့Life Equationဆိုတာလဲရှိပါတယ်

companionship + understanding + assurance + joy + altruism ÷ respect ÷ commendation ÷ sympathy x innocence x dignity x success x acceptance y=n where y=despair and n=caution, love=truth, ပဲဖြစ်ပါတယ်

Mobius Chair

ဒါကတော့JL memberတွေGodတွေဖြစ်ကုန်တဲ့အချိန်Knowledge Godဖြစ်တဲ့စူပရင်းသခင်ကိုယ်တော်ကြီးဘတ်ဘတ်ဖင်ခုထိုင်ခဲ့တဲ့Chairပါ(ဖင်ဘဝင်မြင့်တဲ့ငဘတ်)

တကယ်ကတော့New God Metron teleportလုပ်ဖို့ထွင်ခဲ့တာဖြစ်ပြီးMother Boxနဲ့Father BoxလိုပဲElement Xနဲ့လုပ်ထားတာပါ

ဒီခုံကတော့အလန်းစားစပယ်ရှယ်abilityတွေရှိပါတယ် ဒါကြောင့်လဲငဘတ်ကတက်ထိုင်တာပါ Spaceထဲလျှောက်သွားချင်လဲရတယ် time travelလဲရတယ် တခြားdimensionတွေထိသွားလဲရတယ် ခြေရာခံရောင်ခြည်တွေပစ်ပြီးဂြိုလ်တွေကိုလိုက်စပ်စုလို့ရပါတယ်

သူ့ပေါ်မှာထိုင်နေတဲ့သူကိုလဲအပြည့်အဝကာကွယ်ပေးပါတယ် techစောက်ဆန်းကြီးတွေပါထွင်နိုင်ပါတယ် Wally Westတစ်ယောက်လဲအသုံးပြုခဲ့ပါသေးတယ်

Mother And Father Boxes

မေမေနဲ့ဖေဖေရဲ့သေတ္တာတွေကတော့Element Xနဲ့ပြုလုပ်ထားပြီးNew Genesisကသိပ္ပံပညာရှင်Himonကတီထွင်ခဲ့တာပါ သူတို့အလုပ်လုပ်တာကတော့အာရုံခံsupercomputerတွေလိုပါပဲ

DC Universeမှာရှိသမျှတစ်ကောင်တစ်မြှီးမှနားမလည်နိုင်တဲ့powerတွေရှိပါတယ် Mother Boxမလုပ်နိုင်တဲ့အရာတစ်ခုကိုပြောပါဆိုရင်ဘယ်သူမှရေရေရာရာမပြောနိုင်ပါဘူး

အဲ့လောက်ထိusefulဖြစ်ပါတယ် Boom Tubeတွေဖန်တီးပြီးMultiverseတစ်ခွင်ပြဲပြဲစင်အောင်လျှောက်သွားလို့ရပါတယ် Healingတွေလုပ်နိုင်တယ် Gravitational Constantတွေကိုသမလို့ရတယ် Energy Formတွေကိုတစ်နေရာကနေတစ်နေရာပို့နိုင်တယ် အလင်းထက်မြန်တဲ့ဆက်သွယ်မှုတွေလုပ်ပေးနိုင်တယ် သက်ရှိတိုင်းရဲ့life forceတွေကိုခြယ်လှယ်နိုင်တယ် ပြီးတော့cyborgကိုဖန်တီးခဲ့တဲ့အရာတစ်ခုဆိုလဲမမှားပါဘူး

ဒါတွေကိုJustice League filmနှစ်ခုလုံးမှာသေချာမြင်ခဲ့ရမှာပါ
Sox boxအကြောင်းကတော့နောင်အခါများမှဆွေးနွေးကြရအောင်

 

Spear Of Destiny

ဒီလှံကတော့Jesusကိုလက်ဝါးကပ်တိုင်တင်တုန်းကသူရဲ့နံကြားကိုထိုးခဲ့တဲ့လှံပါ ဒုတိယကမ္ဘာစစ်တုန်းကHitlerကAmerican Superheroeတွေကိုတတိယဂျာမာန်အင်ပါယာကိုမထိနိုင်အောင်လုပ်ဖို့သုံးခဲ့ပါသေးတယ်

ဒီလှံကိုကိုင်တဲ့သူကတောsuperpowerရှိတဲ့့သက်ရှိတိုင်းကိုmind controlလုပ်နိုင်မယ် အဲ့တော့ဘယ်သူဘယ်လောက်ကြမ်းကြမ်းခွေးလေးလိုကြိုးနဲ့ဆွဲကာခေါ်သွားလို့ရပါတယ် အကြမ်းဆုံးကောင်တွေကိုမွေးထားလိုက်ရင်ဆရာကြီးဖြစ်ပါပြီ

Anti-life equationနဲ့သက်ရောက်မှုပုံစံဆင်တူတယ်လို့ပြောလို့ရပါတယ်

Miracle Machine

ဒီစက်ကတော့Controllerတွေကသစ္စာဖောက်တစ်ယောက်ကိုနှိမ်နင်းပေးတဲ့အတွက်Legion Of Superherosအဖွဲ့ကိုပေးခဲ့တာဖြစ်ပါတယ်

သူရဲ့abilityကတော့userတွေးသမျှကိုတကယ်ဖြစ်အောင်လုပ်တာပါ ကျနော်အဲ့စက်သုံးနေတုန်းမိန်းမဖြစ်ဖို့တွေးမိရုံနဲ့တင်ချက်ချင်းဖြတ်ဖောက်ချုပ်ပြီးသားဖြစ်သွားမှာပါ

ဆိုတော့အဲ့စက်နဲ့မလုပ်နိုင်တာမရှိပါဘူး လူဆိုးတစ်ယောက်ကသုံးလိုက်မယ်ဆိုရင်အဆိုးရွားဆုံးတွေဖြစ်ဖို့ဆိုတာတွေးရတာနဲ့တင်ကြက်သီးထပါတယ်။

အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးပါ။

နောက်ထပ် Content အမိုက်စားတွေနဲ့ပြန်လာခဲ့ပါ့မယ်။

#madarasama #ZEUS 

(zeusmyanmar.com မှ Content များကို ပြင်ပ Social media platform များသို့ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ။)