Categories
Movie Review

Christmas Eve အတွက် ရုပ်ရှင် ၇ ကား

ဒီနေ့ညဆိုရင်ပဲ Christmas Eve ရောက်နေပြီပဲဖြစ်တယ်။ Holiday လည်းဖြစ်တဲ့ အပြင် အားလုံးလည်း ပျော်ရွှင်စရာ Christmas Eve လေးကို ဇာတ်ကားလေးတွေကြည့်ပြီး ကြိုဆိုလိုအောင် Christmas Eve မှာကြည့်သင့်တဲ့ ဇာတ်ကား ၇ ကားကို ရွေးတင်ပေးလိုက်ပါတယ်။

Christmas ဆိုတာ ဆောင်းရာသီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ အပြင်ကလေးတွေဟာဆိုရင်လည်း Christmas မှာ Santa ပေးမယ့် လက်ဆောင်လေးတွေရတော့မှာဆိုပြီး ပျော်နေကြတဲ့ အချိန်လည်းဖြစ်ပါတယ်။ Christmas Eve ဆိုတာ Christian တွေသာမကပဲ ကမ္ဘာအနှံနှံက လူတွေအတွက် တကယ့်ကိုမိသားစု ဆုံစည်းဖို လတစ်ခုပဲဖြစ်ပါတယ်။ ကိုတွေလို ရုံးပိတ်ရက်များများ မရှိတဲ့ တခြားနိုင်ငံတွေမှာဆို 24 ရက်နေ့ည Christmas Eve မှာမိသားစုတွေလက်စုံ ညစာစားကြပြီးနောက်နေ့ Christmas ပွဲကို ဆင်နွဲကြပါတယ်။ ဒီနေ့မှာ ရွေးပေးလိုက်တဲ့ ဇာတ်ကားတွေကတော့ တကယ့် Christmas ရဲ့ အနှစ်သာရကို ပေါ်လွင်စေမယ့် ဇာတ်ကားတွေချည့်ပဲဖြစ်ပါတယ်။

၁။ The Klaus (2019)
2019 မှာထွက်ရှိခဲ့တဲ့ ဒီ ရုပ်ရှင်ဟာဆိုရင် တကယ့်ကို ရင်ထဲ အသဲထဲ ထိသွားမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ Animated Film တစ်ခုဖြစ်ပြီး CGI တွေကလည်း ပုံစံကွဲပြီးထူးခြားနေတဲ့အတွက် ထူးခြားတဲ့ ခံစားချက်ကို ခံစားရမှာဖြစ်ပါတယ်။

❄️ Story line ❄️
Jesper ဆိုတဲ့ကောင်လေးက အကြောင်းအမျိုးအမျိုးကြောင့်ပဲ အရမ်းအေးတဲ့ အန္တာတိက စက်ဝန်းနားက မြိုလေးမှာ တာဝန်လာကျပါတယ်။ သူရဲ့တာဝန်က တစ်နှစ်အတွင်းမှာ စာပေါင်း ၆ ထောင်ကို တာဝန်ယူရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် မြိုထဲက လူတွေက နှစ်ဖွဲကွဲနေပြီး မတည့်ကြပါဘူး။ သူကလည်း Klaus ဆိုတဲ့ လူကြီးဆီသွားပြီး အကူအညီသွားတောင်းပါတော့တယ်။ သူတို နှစ်ယောက်ပေါင်းပြီး ဒီမြိုလေးကို ဘယ်လိုစည်းလုံးအောင်ပြန်လုပ်ပေးမလဲ ဆိုတာကြည့်ရမှာပါ။

၂။ Angela’s Christmas and Angela’s Christmas Wish (2017&2020)
ဒီဇာတ်ကားလေးက မိနစ်အနည်းငယ်ပဲ ရှိပေမယ့်တကယ့်ကို အနှစ်သာရရှိတဲ့ ဇာတ်ကားလေးကို ရွေးပေးလိုက်ရခြင်းဖြစ်ပါတယ်။ Animated Film ဖြစ်ပေမယ့် အရမ်းရသမြောက်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

❄️story line❄️
1910 ခုနှစ် အိုင်ယာလန်ကို အခြေတည်ထားတဲ့ ဒီဇာတ်ကားလေးက ကလေးလေးတစ်ယောက်ဖြစ်တဲ့ Angela လေးရဲ့ ထူးဆန်းတဲ့ အတွေးလေးကိုပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ တစ်နေ့သူမအမေနဲ့ Church ကိုသွားရင်း Baby Jesus အရုပ်လေးကိုတွေ့ပြီး Baby Jesus လေးအေးနေမှာစိုးလို အိမ်ကိုတိတ်တိတ်လေးယူလာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူမဘာလို ဒီလိုလုပ်ရတယ်ဆိုတာကို ပုံဖော်ပြထားက ရသမြောက်လွန်းလို မျက်ရည်မခိုင်တဲ့ သူတွေအလွယ်တကူထိရှစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

၃။ A Christmas Carol (2009)
ဒီဇာတ်ကားကတော့ တကယ့်ကိုဘယ် Christmas Eve ရောက်ရောက်မရိုးနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ကိုယ်ဆိုရင် Christmas Eve ရောက်တိုင်းဒီဇာတ်ကားကိုကြည့်ဖြစ်ပါတယ်။ 2009 CGI တွေနဲ့တောင်တကယ်အသက်ဝင်အောင် လုပ်ထားတဲ့ Animated ဇာတ်ကားမိုလိုအားလုံးအတွက် Heart Touching ဖြစ်စေမယ့် ဇာတ်ကားအဖြစ်ရွေးပေးလိုက်ပါတယ်။

❄️story line ❄️
Ebenezer Scrooge ဆိုတဲ့အဘိုးကြီးက အသက်အရွယ်နဲ့မလိုက်အောင်ကပ်စေးကုတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Christmas ဆိုတာကို အဓိပ္ပါယ်မရှိဘူးလို ခံယူထားပြီး Christmas ကိုလည်းအရမ်းမုန်းတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ Christmas Eve ညမှာဆုံးပါးသွားတဲ့သူ့သူငယ်ချင်းကလာလည်ပြီး သူ့လိုGhost မဖြစ်အောင်အသိပေးခဲ့ပါတယ်။ ဇာတ်တိုက်ဆိုသလိုပဲ နောက်ထပ် အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတဲ့သရဲ၃ ယောက်ရောက်လာပြီး Ebenezer Scrooge ကို Christmas အပေါ်ထားတဲ့ စိတ်ထားကိုပြောင်းလဲပေးခဲ့ကြပါတယ်။

၄။ How the Grinch Stole The Christmas (2000)
အသစ်ထွက်ထားတဲ့ ဇာတ်ကားထက်စာရင် ဒီဇာတ်ကားလေးကပိုပြီးနွေးထွေးတဲ့ ခံစားချက်ကိုပေးတယ်လို ခံစားရလို ဒီဇာတ်ကားကို ဒီ List ထဲထည့်ခဲ့ပေးတာဖြစ်ပါတယ်။

❄️story line ❄️
Grinch ဆိုတဲ့လူကြီးက အမြဲဒေါသတကြီးနေတတ်တဲ့ သူဖြစ်ပါတယ်။ သူက Whoville ကလူတွေကိုကြည့်မရတာကြောင့် မြိုအပြင်ကဂူထဲမှာပဲနေပါတယ်။ တစ်နေ့မှာတော့ မြိုထဲက Christmas ကျင်းပနေတဲ့ နေရာကို ဖျက်ဆီးဖိုရောက်သွားပါတယ်။ အဲ့ဒီမှာပဲ အသက်၆ နှစ်အရွယ် Cindy ဆိုတဲ့ကလေးမလေးကြောင့် သူရဲ့ခံယူချက်တွေဘယ်လိုပြောင်းလဲ သွားမလည်းဆိုတာကြည့်ရမှာပဲဖြစ်ပါတယ်။

၅။ The Nightmare Before Christmas (1993)
ဒီဇာတ်ကားကတော့ တကယ့်ကို Classic Movie တစ်ခုပဲဖြစ်ပါတယ်။ 90s stop motion တွေထဲ ထိပ်တန်းက ဇာတ်ကားတစ်ကားလိုလည်းပြောလိုရပါတယိ။ Christmas ရော Halloween မှာရောကိုယ်အမြဲကြည့်ဖြစ်တဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး။

❄️story line ❄️
Jack Skellington ဆိုတဲ့ Halloween မြိုရဲ့ ဘုရင်တစ်ပါးက သူ့ရဲ့မြိုမှာနေရတာအရမ်းစိတ်ညစ်လာတဲ့အတွက် ခြေဦးတည့်ရာထွက်လာရင်းနဲ့ Christmasမြိုကိုရောက်တဲ့ တံခါးကနေ Christmas ရဲ့ ပျော်ရွင်စရာတွေကိုကြည့်ပြီး Christmas မြိုကို ခိုးယူဖိုကြံစည်ခဲ့ပါတယ်။ သူ့ရဲ့ အကြံအစည်အထ မြောက်မမြောက်ကို ဆက်ပြီးကြည့်ရမှာပဲဖြစ်ပါတယ်။

၆။ Scrooged (1988)
ဒီဇာတ်ကားက Christmas Carol နဲ့ ဇာတ်ကျောခြင်းဆင်ပေမယ့်မတူညီတဲ့ ရသနဲ့ မင်းသားကြီး Bill Murray ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်ချက်တွေကိုကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ 90s ဇာတ်ကားတွေက တကယ့်ကိုရွှေခေတ်က ကားတွေလိုပြောရလောက်အောင် ဇာတ်လမ်း ဆက်တင်အကုန်အရမ်းကောင်းပြီး ကြည့်လိုလည်းကောင်းပါတယ်။

❄️Story Line ❄️
Frank Cross ဆိုတဲ့ Television Executive တစ်ယောက်က တစ်ကိုယ်ကောင်းအရမ်းဆန် ကပ်စေးနည်းပြီး Christmas ကိုလည်းအလေးမထားတဲ့သူတစ်ယောက်ပါ။ Christmas Eve ဖြစ်တဲ့ ၂၄ ရက်နေ့ညမှာပဲ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတဲ့သရဲ၃ ယောက်ရောက်လာပြီး Frank ကိုပြောင်းလည်းအောင်ပြုလုပ်ပေးခဲ့ပါတယ်။

၇။ Home Alone (1990)
Home Alone ကတော့ တစ်ကမ္ဘာလုံးရဲ့ Christmas Eve အတွက် Classic Movie တစ်ခုပါ။ နှစ်တိုင်းလည်း လူတော်တော်များများကဒီဇာတ်ကားကိုကြည့်ရတာနှစ်သက်ကြပါတယ်။ တကယ်လည်း Classic Movie လိုပြောရလောက်အောင် ဒီဇာတ်ကားကို ဘယ် Christmas Movie မှမမှီနိုင်သေးပါဘူး။ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်မယ့် Christmas Eve ဇာတ်ကားမိုလို List ထဲထည့်ပေးလိုက်ပါတယ်။

❄️Story Line❄️
အသက် ၈ နှစ်ပဲရှိသေးတဲ့ ကလေးလေး Kelvin ကသူ့ရဲ့ မောင်နှမ ၅ ယောက်ထဲမှာအငယ်ဆုံးဖြစ်ပါတယ်။ တစ်နေ့မှာ သူတိုမိသားစု ခရစ်စမတ်အတွက် ပြင်သစ်ကိုသွားတဲ့နေ့မှာပဲ မိသားစုများတဲ့ Kevin တို မိသားစုမှာ အကြောင်းအမျိုးအမျိုးကြောင့်ပဲ Kevin လေးကိုတစ်ယောက်ထဲ ချန်ခဲ့သလိုဖြစ်သွားပါတယ်။ ထိပ်တန်းသူခိုး ၂ယောက်ကလည်း Kevin တိုအိမ်မှာဘယ်သူမှ မရှိဘူးအထင်နဲ့ Christmas Eve ညမှာ လာပြီးဖောက်ထွင်းပါတော့တယ်။ Kevin လေးက သူ့ရဲ့ နည်းလမ်းတွေနဲ့ ဘယ်လိုတားမလည်းဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။

#Thor #ZEUS

Categories
Movie Review

I know what you did in the last summer [2021] Review

I know what you did in the last summer လို့ပြောလိုက်တာနဲ့တင် 20s Horror movies fans တွေအနေနဲ့ မသိသူမရှိလောက်ဘူးလို့ ပြောလို့ရမှာပါပဲ။ ကိုယ်လည်းငယ်ငယ်တုန်းက တော်တော်ကြိုက်ခဲ့တာ။ Remake ပြန်လုပ်တဲ့ဇာတ်ကားတွေလည်းအများကြီး ရှိခဲ့သလိုပဲ Teenage Horror Films တွေထဲမှာ ဒီဇာတ်ကားကလည်း အတော်အသင့် နာမည်ကြီးပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။

1997 ခုနှစ်မှာကတည်းက 1973 ခုနှစ်မှာနာမည်အရမ်းကြီးခဲ့တဲ့ ဝတ္တုကိုပြန်ရိုက်ပြီးနာမည်ရခဲ့ဇာတ်ကားတစ်ကားပါ။ အဲ့ဒါကိုပဲ 2016 မှာပြန်လည်ရိုက်ကူးခဲ့ပေမယ့် Low Budget Movie လိုမျိုးဖြစ်နေလို့ Fail တယ်လို့ပြောလို့ရပါတယ်။ ကိုယ်လည်း Original Movie ကိုအကြိုက်ဆုံးပါ သူ့နောက်ကထွက်တဲ့ Squeal တွေကိုလည်းသဘောမကျခဲ့ပါဘူး။ ဒါပေမယ့် Remake Series တွေပြန်လုပ်တာများတဲ့ 2021 မှာ Chucky Series ပါထွက်ခဲ့ရုံသာမကပဲ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ I know what you did in last summer ကလည်း Series အနေနဲ့ ထွက်ခဲ့ပါတယ်။ စုစုပေါင်း ၈ ပိုင်းပါဝင်ပြီး Teenage Horror films တွေလိုမျိုး အနှစ်သာရ အပြည့်အဝနဲ့ ကြည့်ရမှာပါ။

ဇာတ်လမ်းအကျဉ်း
လန်နွန်နဲ့ အယ်လီဆင်ဆိုတဲ့ အမွှာလေးနှစ်ယောက်က တကယ့်ကိုရုပ်တူပြီး ဘယ်လိုမှခွဲမရပါဘူး။ ဒါပေမယ့် သူတို့ရဲ့ Personality တွေကတော့ကွဲပြားပါတယ်။ လန်နွန်က တကယ့်ကို Bitchy ကျပြီး စားစော်ကြီး လိုက်လုပ်နေတဲ့သူပါ။ သူမရဲ့ Depression တွေကို ပြေပျောက်အောင် လုပ်နေတယ်ဆိုပေမယ့် သူ့ညီမ အယ်လီဆင်နာမည်နဲ့ Only Fans ဖွင့်ပြီးပိုက်ဆံရှာရတဲ့အထိ အောက်တန်းကျပါတယ်။

ဒါပေမယ့်လည်း လူတွေရဲ သဘောတရားအရ အဲ့လို Bitchy ကျတဲ့လူတွေကိုမှ ပေါင်းချင်တာတို့ အားကျတာတို့ သဘောကျတာတို့လည်းရှိပါတယ်။ အဲ့တာကြောင့် လန်နွန်က အက်လီဆင်ထက်ပိုပြီး သူငယ်ချင်းလည်း ပိုများသလို ချစ်ခင်တဲ့သူလည်းများပါတယ်။ အယ်လီဆင်ကတော့ အပယ်ခံလေးပေါ့။ ဘယ်သူမှလည်း အပေါင်းအသင်းမလုပ်ချင်တဲ့အပယ်ခံလေးပေါ့။ ဒါပေမယ့် အယ်လီဆင်ကိုငယ်ငယ်လေးကတည်းကချစ်တဲ့ ဒီလန်ဆိုတဲ့ ကောင်လေးကလည်း သူမအတွက် Virginity ကိုသိမ်းထားရလောက်တဲ့အထိချစ်ပါတယ်။

ဒါပေမယ့် လန်နွန်သူငယ်ချင်းဖြစ်တဲ့ မက်ဂေါ့ဆိုတဲ့ ကောင်မလေးရဲ့ အထက်တန်းပြီးလို့ ပါတီလုပ်တဲ့ညမှာ လန်နွန်က ဒီလန်ရဲ့ Virginity ကိုယူလိုက်လို့ လန်နွန်နဲ့ အက်ဒီဆင်တို့ နှစ်ယောက်စကားများကြပါတယ်။ အဲ့တာနဲ့ပဲ အက်ဒီဆင်ကလည်း စိတ်တိုပြီး လန်နွန်အနွေးထည်ဝတ်ပြီး လန်နွန်ကားပေါ်သွားထိုင်နေခဲ့ပါတယ်။ အဲ့ဒီမှာပဲ လန်နွန်သူငယ်ချင်းတွေရောက်လာပြီး သူမကိုလန်နွန်အထင်နဲ့ တနေရာကိုသွားဖို့ ကားနဲ့ထွက်လာခဲ့ကြပါတယ်။

အဲ့ဒီမှာပဲ လမ်းမတစ်နေရာမှာဘယ်ကမှန်းမသိပေါ်လာတဲ့ လန်နွန်က သူမတို့ကားရှေ့ရောက်လာခဲ့ပြီး အက်ဒီဆင်ကလည်း အရှိန်မလျော့ပဲ တိုက်သတ်ခဲ့ပါတယ်။ လန်နွန်သူငယ်ချင်းတွေကလည်း သေသွားတဲ့သူက အယ်လီဆင်ပဲလို့ထင်ကြပါတယ်။ အဲ့တာနဲ့ပဲ ကမ်းခြေနားက ဂူတစ်ခုထဲမှာ သူတို့သူငယ်ချင်း ၆ ယောက်အလောင်းကိုဖျောက်ဖျက်ခဲ့ကြပါတယ်။ တနှစ်ကြာတဲ့ အချိန်မှာတော့ သူတို့လုပ်နေတာတွေကိုသိတဲ့ သူတစ်ယောက်က သူ့တို့ဆီကိုစပြီး မက်ဆေ့တွေပို့ပြီး လူတွေလိုက်သတ်နေခဲ့ပါတယ်။

သူတို့ သူငယ်ချင်းတွေတယောက်ပြီးတစ်ယောက်အသတ်ခံနေရတဲ့ အချိန်မှာပဲ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လိုကာကွယ်ကြမလဲ နဲ့ သူတို့သူငယ်ချင်းတွေထဲက တယောက်ကပဲ လိုက်သတ်နေတာလား ဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။

Review ( Spoiler Alert)

ဒီဇာတ်ကားကို စကြည့်ကတည်းက Expectation တွေဘာမှမထားပဲ ပေါ့ပေါ့ပါးပါးပဲကြည့်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ နာမည်ကြီးဇာတ်ကားတွေရဲ့ Remake/ Reboot တော်တော်များများက Fail ကျတာများလို့ပါပဲ။ ဒါပေမယ့် Episode အစကနေအလယ်လောက်ထိ တော်တော်ကို စိတ်ဝင်စားစရာကောင်းအောင်ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။

Plot Twist တွေလည်းများသလို ဘယ်သူက လူတွေသတ်နေတာလည်းဆိုတာ လုံးဝခန့်မှန်းလို့မရနိုင်ခဲ့ပါဘူး။ ဇာတ်လမ်းရဲ့ ရှု့ထောင်တွေကလည်း ဟိုလူပဲ သတ်သလိုလို ဒီလူကပဲ သတ်သလိုလိုတွေပြသွားတာမို့လို့ပါပဲ။ လာပါပြီ ဇာတ်သိမ်းပိုင်း ကိုယ်ထင်နေသလိုသာ ပြသွားမယ်ဆိုရင် ဇာတ်သိမ်းကတော်တော်လှမှာ ဖြစ်ပေမယ့် မထင်မှတ်တဲ့သူကို သူသတ်သမား ဖြစ်အောင်လုပ်သွားတာက Plot hole ကြီးဖြစ်သွားပါတယ်။

ချန်ထားခဲ့တဲ့ Plots တွေလည်းအများကြီးကျန်ခဲ့သလိုပဲ ကိုက်ညီမှုမရှိတာတွေလည်းတွေ့ရတယ်။ အဲ့ဒါကတော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။ သူသတ်သမားရဲ့ Intentions ကိုလည်း အပြည့်အစုံချပြသွားတာမရှိသလို ဘာသာရေးအဖွဲ့အစည်းရဲ့ အကြောင်းကိုလည်း မပြသွားတာ တော်တော်ဆိုးပါတယ်။

၂၀၂၁ ရဲ့ ကြည့်ခဲ့ဖူးသမျှဇာတ်ကားတွေထဲမှာ ဇာတ်သိမ်းအဆိုးဆုံးကားလို့ပြောလို့ရပါတယ်။ အက်လီဆင်ရဲ့ ရွေးချယ်ခဲ့မှူအကြောင်းကတော့ ပြောစရာကိုမလိုပါဘူး။ အကုန်အမှားတွေချည့်ပါပဲ။ ဇာတ်လမ်းအစကနေ ဇာတ်သိမ်းနားအထိ ကောင်းအောင်ဆွဲခေါ်နိုင်ခဲ့ပေမယ့် ဇာတ်သိမ်းကတော့ Plot Hole တွေအများကြီးနဲ့ စိတ်ပျက်စရာကောင်းတယ်လို့ပြောပါရစေ။ ကျန်တာ Production နဲ့ Scenes တွေကတော့ Low Budgets နဲ့မတူပဲ အဆင်မြင့်မြင့် ရိုက်ထားတာကိုတွေ့ရပါတယ်။

Casts တွေကလည်း တကယ့်နာမည်ကြီးပြီးသား လူငယ်သရုပ်ဆောင်တွေ ပါဝင်ထားတာမလို့ Acting ပိုင်းကတော့ပြောစရာမရှိအောင်ကောင်းပါတယ်။ မလိုအပ်တဲ့ အပြာခန်းတွေအများကြီးထည့်တာ နဲ့ ကွက်ကွက်ကွင်းကွင်းပြထားတာတွေကတော့ 20s Teenage Films ပုံစံမျိုးဖန်တီးထားတယ်လို့ မြင်ပါတယ်။

အကျဥ်းချုပ်ပြောရရင် ဇာတ်သိမ်းကလွဲလို့ ကျန်တာအကုန် ကြည့်ကောင်းတယ်။ သည်းထိတ်ရင်ဖို ဖြစ်ရတယ်လို့ပဲပြောချင်ပါတယ်။ IMDb 5.3 နဲ့ Rotten Tomatoes 40% ရထားပါတယ်။ ကိုယ့်အနေနဲ့ကတော့ 5.7 လောက်အထိပေးချင်ပါတယ်။ Ashley Moore နဲ့ Jumanji မင်းသမီး Madison Iseman ရဲ့ မျက်နှာကိုထောက်ပြီးတော့ပေါ့။

သည်းထိတ်ရင်ဖိုဖြစ်ရတဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ လူကြီးကြည့်ခန်း များများပါတဲ့အတွက် ကြည့်ချင်သူများကြည့်ဖို့အတွက် အညွှန်းရေးပေးလိုက်ပါတယ်။

#Zeus #Thor

Categories
Movie Review

DUNE (2021) // Honest Review

Rating မြင့် Sci-Fi ဇာတ်ကားတွေ အရိုက်များတဲ့ Director ကြီး Denis Vileneuve ရဲ့ DUNE ကတော့ သတ်မှတ်ထားတဲ့ ရက်ထက် စောပြီး ထွက်ရှိလာခဲ့ပါတယ် ။

မထွက်ခင်ထဲက Rating ကောင်းတွေရပြီး နာမည်ကြီးနေတဲ့ DUNE က ကောင်းလားဆိုရင်တော့ တော်တော်ကြီးကို ကောင်းတာပေါ့ဗျ ။ Denis Vileneuve ရဲ့ Cinematography တွေက ဒီကားမှာလည်း အရင်ကားတွေကလိုပဲ ခမ်းနားပြီး လှပလွန်းနေပါတယ် ။ ကြည့်နေတဲ့သူကိုပါ သူ့ရဲ့ ဇာတ်အိမ်တည်ရာ လောကထဲ ခေါ်ဆောင်သွားသလိုမျိူး အမိုက်စား visual တွေ Background theme တွေနဲ့ ခံစားရစေမှာပါ ။ Background theme ဆိုမှ ဒီကားအတွက် နောက်ခံ Score တွေကို ဖန်တီးပေးတဲ့ သူက တကယ့် သမိုင်းဝင် rating မြင့် ရုပ်ရှင် score တွေရဲ့ ပဲ့ကိုင်ရှင်ကြီး Hans Zimmer ပဲဗျ ။ ဒါကြောင့်လည်း background theme တွေက ဇာတ်ဝင်ခန်းတစ်ခုချင်းစီနဲ့လိုက်ဖက်ပြီး ပရိသတ်တွေကိုပါ ဇာတ်ကားထဲ စီးမျောပါသွားအောင် လုပ်နိုင်တာပါပဲ။

Visual ပိုင်းကို ထပ်ပြောရရင် DUNE ရဲ့ ဇာတ်လမ်းက အနာဂတ်ခေတ်လွန်ကာလမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ တကယ်လို့သာ visual တွေက လျော့တိလျော့ရဲ ဖြစ်နေရင်
ဘယ်လောက်ပဲ ဇာတ်လမ်းကောင်းကောင်း ပရိသတ်တွေရဲ့
ကြည့်ချင်စိတ်ကို နှိုးဆွပေးနိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီအကြောင်းကို ကောင်းကောင်းသိတဲ့ Denis Vileneuve ကတော့ detail ကအစ သေချာအားစိုက်ပြီး ခေတ်သစ်အနာဂတ်ယဥ်ကျေးမှုတစ်ခုကို ပုံဖော်သွားတာက တအားကို မိုက်ပါတယ် ။ သူ့ရဲ့ ရိုက်ချက်တွေနဲ့ Costume တွေကို ကြည့်တာနဲ့ ဘယ်လောက် effort ထည့်ထားသလဲဆိုတာကို မြင်နိုင်သလို ခမ်းနားမှုကိုလည်း တစ်ပြိုင်တည်း ခံစားရစေနိုင်ပါတယ် ။

Casting ကလည်း အဆင်ပြေတယ် ။ characters တိုင်းနီးပါးက လုပ်ကွက်ရပြီး ရွေးထားတဲ့ actors တွေကလည်း
ဇာတ်ကောင်နဲ့ လိုက်ဖက်မှုရှိတယ်လို့ မြင်မိတယ် ။ အဲ့အပြင် actors တွေအားလုံးက နာမည်ကြီးတွေဆိုတော့ acting ပိုင်းမှာလည်း ပြောစရာမလိုလောက်အောင်ကို ကောင်းတယ် ။

ဇာတ်လမ်းတင်ဆက်ပုံက သွားတာ နည်းနည်းနှေးပြီး Character မိတ်ဆက်တွေပဲ များနေလောက်တယ်ဆိုပေမယ့် background score တွေနဲ့ သူ့ဟာနဲ့သူတော့ ကြည့်လို့ကောင်းတယ် ။ အရမ်းကြီး annoying ဖြစ်ပြီး ပျင်းလာလောက်တဲ့အထိတော့ မဆိုးဘူး ။ DUNE နဲ့ ပတ်သက်ပြီး ကျွန်တော် စာအုပ်လည်း မဖတ်ဖူးသလို ပထမကားလည်း မကြည့်ဖူးသေးတော့ Plot ပိုင်းကိုတော့ အရမ်းကြီး မဝေဖန်ချင်ဘူး ။ inter က critic တွေပြောပုံအရတော့ ပထမကားထက်တောင် စာအုပ်ထဲကအတိုင်း အကောင်းဆုံး မှီငြမ်းပြီး ရိုက်ကူးထားနိုင်တယ်ပြောကြတယ် ။ ကျွန်တော့်အတွက်တော့ Plot ပိုင်းက စိတ်ဝင်စားဖို့ကောင်းပြီး DUNE universe ကြီးတစ်ခုလုံးကိုကောင်းကောင်း build လုပ်သွားနိုင်တယ်လို့ ဆိုရမယ် ။ စောနကပြောခဲ့သလို character တစ်ယောက်ချင်းစီတိုင်းက လုပ်ကွက်ရပြီး character development တွေလည်း ပြသွားတာ လှတယ် ။

အကျဥ်းချုံးပြောရရင်တော့ 2021 အတွင်း ထွက်ရှိလာခဲ့သမျှ Sci-Fi ရုပ်ရှင်တွေထဲ အကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ် ။ လက်ရှိမှာတော့ Rotten Tomatoes 89% အထိကို ရရှိထားပြီး IMDb score ကတော့ 8.3/10 ပါ ။

Own Rating – 8.5/10

#Weasel #ZEUS

Categories
Movie Review

Ghostbusters: Afterlife အခြေအနေ

Ghostbusters: Afterlife ဟာခုချိန်မှာဆိုရင်တကယ်ကိုကောင်းတဲ့ review တွေကိုပဲ ရရှိနေပါတယ်။ လူတိုင်းကချီးကျူးနေကြပြီး film ရဲ့အစိတ်အပိုင်းပေါင်းစုံဟာ ပြည့်စုံနေတယ်ဆိုပြီးလဲ ပြောနေကြပါတယ်။

ဇာတ်လမ်းအကျဉ်းဟာဆိုရင် Single mother တစ်ယောက်နဲ့ကလေးနှစ်ယောက်ဟာမြို့ငယ်လေးတစ်ခုကိုရောက်လာပြီးမူလ Ghostbusters တွေရဲ့တာဝန်တွေကိုထမ်းဆောင်သွားကြောင်းပဲဖြစ်ပါတယ်။

ဒါရိုက်တာဖြစ်သူ Jason Reitman ဟာလည်းအဖေဖြစ်သူ မူလ Ghostbusters film တွေရဲ့ပဲ့ကိုင်ရှင် Ivan Reitman ရဲ့‌အမွေကိုအောင်မြင်စွာဆက်ခံနိုင်ခဲ့တယ်လို့ပြောရမှာပါ။

တကယ်ရယ်ရတဲ့ဟာသတွေအပြင် Paul Rudd ရဲ့အံ့မခန်းသရုပ်ဆောင်မှုတွေကြောင့်ကြည့်ရတာအတော်လေး fun ဖြစ်ကြောင်းလဲသိရပါတယ်။
လူငယ်သရုပ်ဆောင်လေးတွေဖြစ်တဲ့ Finn Wolfhard နဲ့ Mckenna Grace တို့ဟာလဲတကယ်တော်ကြောင်းချီးကျူးခံထားရပါတယ်။

အရင်က Ghostbusters movie တွေမကြည့်ဘူးတဲ့သူတောင် Ghostbusters fan တွေလိုထပ်တူအကြိုက်တွေ့မှာဖြစ်တယ်လို့လဲသိရှိရပြီး ယခုလက်ရှိ Rotten Tomatoes 86% အထိရရှိထားပါတယ်။

တကယ်အားရစရာကောင်းတဲ့ review တွေကြောင့်ကြည့်ဖြစ်အောင်ကြည့်ဖို့သတိပေးလိုက်ပါရစေ။
Ghostbusters: Afterlife ကို November 19,2021 မှာစတင်ပြီးရုံတင်ပြသသွားမှာဖြစ်ပါတယ်။

#Takezō #ZEUS

Categories
Movie Movie Review

Demonic (2021) Movie Review

#Skullmask #ZEUS

လွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကပဲ Demonic ဆိုတဲ့ Horror – Sci-fi Hybrid Flim တစ်ခုထွက်ရှိလာခဲ့ပါတယ်။
Horror fan တွေတောင် စိတ်ပျက်နိုင်စေတဲ့ ဇာတ်ကားတစ်ခုပေါ့။

Directorကတော့ Neill Blomkamp ပဲဖြစ်ပါတယ်။ Neill Blomkampက Sci-fi Fantasy Flim တွေမှာ တော်တော်ကိုနာမည်ရတဲ့ director တစ်ယောက်ပါ။
သူရိုက်ခဲ့တဲ့ sci-fiတွေကတော့ District 9 , Chappie နှင့် Matt Damon ရဲ့ Elysium တို့လိုနာမည်ကြီး sci-fi movie တွေပဲဖြစ်ပါတယ်။

Matt Damonရဲ့ Elysium ဟာဆိုရင် emotionalတော်တော်ဖြစ်ရတဲ့ Sci-fi movie တစ်ခုပါပဲ။

ဒီ directorကြီးရဲ့ 2021 comeback sci-fi horror come back ကတော့ ပွဲမလှပါဘူး။ Neill Blomkamp ရဲ့ demonic (2021) ဟာ ပေါ့ပျက်စွာနဲ့ ruined သွားခဲ့ပါတယ်။

ဇာတ်ကားရဲ့အားနည်းချက်တွေကတော့ sci-fi/horror ဆိုပြီးဘာမှထူးထူးဆန်းဆန်းရယ်ကိုမရှိတာပါ။ trailerထွက်တုန်းကတော့ Neill Blomkamp ရဲ့ flim ဆိုပေမဲ့ စိတ်ဝင်စားခဲ့ပါသေးတယ်။ကြည့်လိုက်တော့မှ အကုန်လစ်တာပါပဲ။

Plot အနေနဲ့ကတော့ Carly ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ဘဝကို solo ဖြတ်သန်းပြီး ရုန်းကန်နေရပါတယ်။ သူမရဲ့အမေဖြစ်သူ Angelaက Carly ငယ်ငယ်ကတည်းက အစုလိုက်အပြုံလိုက်လူ (21)ယောက်ကိုမီးရှို့သတ်မှုနဲ့ ဂျေးထဲရောက်သွားခဲ့ပါတယ်။
Carly မှာအခင်ဆုံး မိန်းကလေးသူငယ်ချင်း Sam ရှိပါတယ်။ Carly ရဲ့ခက်ခဲတဲ့အချိန်တိုင်းမှာ တူတူရှိတဲ့သူငယ်ချင်းပေါ့။
တစ်နေ့မှာ Carly ကိုမထင်မှတ်ထားပဲ ငယ်ငယ်တုန်းကသူငယ်ချင်းတစ်ယောက်ဖြစ်သူ Martin ကပြန်ဆက်သွယ်ခဲ့ပါတယ်။
Martinက Carly ကို သူမရဲ့အမေနဲ့ပက်သက်ပြီးထူးဆန်းတာတွေ‌ပြောပါတယ်။

ထို့နောက်မှာ Martin ပြောတဲ့ထူးဆန်းတာတွေဖြစ်လာပြီး Carly ကို Danielနဲ့ Michael ဆိုတဲ့ scientist နှစ်ယောက်ကဆက်သွယ်ပြီး သူမရဲ့အမေ Angela ဟာ ထောင်ထဲကနေ သူတို့စီကိုရောက်လာပြီး သူမက လုံးဝ မနိုးပဲ မေ့မျောနေခဲ့ကြောင်းကိုပြောပြခဲ့ပါတယ်။

ထို့နောက် Carlyဟာလည်း သူမအမေဆီလာပြီးတော့ Daniel တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ Daniel တို့က သူတို့ဆီမှာ မေ့မျောနေတဲ့ လူတွေနဲ့ စိတ်ချင်းဆက်ပြီး 3D virtual simulation world ကိုဖန်တီးပြီး စကား‌ပြောလို့ရတဲ့ နည်းပညာရှိကြောင်းကို‌ ပြောပြပါတယ်။

Carly ကလည်း ထိုနည်းပညာကိုအသုံးပြုပြီး သူမရဲ့အမေနဲ့ virtual world ထဲတွင်တွေ့ဆုံခဲ့ပါတယ်။ထို့နောက်မှာတော့ဘာတွေဆက်ဖြစ်လာမလဲ? သူမအမေကဘာလို့မေ့မြောနေတာလဲ?

Plot ကတော့ဒီလောက်ပါပဲ။

ဒီတော့ plot ကဆန်းမလိုလိုနဲ့ ဂွမ်းသွားပါတယ်။ story ကြီးက နားထောင်ကောင်းချင်ပေမဲ့ cast တွေ cinematography တွေကိုကြည့်ရင်းနဲ့ lame လာပါတယ်။

ဒီ story ကို ရောဒီကားကိုကော Neill Blomkampရိုက်တယ်ဆိုတာထင်ရက်စရာမရှိအောင်ကိုစုတ်ပါတယ်။ production companyတွေသေးလို့ဆိုတာနားလည်နိုင်ပေမဲ့ cast တွေက ‌အတင်းကို သရုပ်ဆောင်လုပ်နေရသလိုပါပဲ။ characterတွေကြည့်ရတာကိုက much boring ပါပဲ။

Horror ဆိုပြီး ပြီးသာပြီးသွားတယ် ကြောက်စရာဆိုတာတော်တော်ရှာရပါတယ်။ ကြောက်စရာလည်းမကောင်းသလို မျှော်လင့်ထားသလို Sci-fi / Horror Hybridတစ်ခုလည်းဖြစ်မလာခဲ့ပါဘူး။

Horror flim တွေ rating နည်းတာမှန်ပေမဲ့ Demonicကတော့ အဆိုးဆုံးပါပဲ။ ကြည့်စရာဇာတ်ကားတွေကုန်ပြီး အချိန်တွေပိုအားယားနေမှကြည့်ဖို့ recommend ပေးပါတယ်။

own rating 2/10
Rt-17
IMDb 4.3/10

#skullmask
#ZEUS

Categories
Movie Review

Candyman (2021)//Honest Review

#Weasel #ZEUS

ဒီနှစ်ပိုင်းတွေထဲမှာ တကယ့်ကို quality ကောင်းပြီး entertaining ဖြစ်စေမယ့် Horror ဇာတ်ကားတွေ မထွက်ရှိခဲ့တာ ကြာပါပြီ ။ တစ်ခါက popular ဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေဖြစ်တဲ့ Conjuring တို့ A Quiet Place တို့ရဲ့ sequel တွေလည်း ဒီနှစ်ထဲ ထွက်ရှိလာခဲ့ပေမယ့် အရင်ကားတွေရဲ့ vibes ကိုတော့ မမှီသလို plot ပိုင်းမှာလည်း တော်တော်ပေါ့သွားခဲ့ပါတယ်။

အခုလတ်တလောမှာတော့ Horror fan တွေအတွက် Candyman အမည်ရ နောက်ထပ် Horror ရုပ်ရှင်တစ်ခု ထွက်လာခဲ့ပါတယ်။ ဒီကားဟာ 90s ခုနှစ်တွေတုန်းက အောင်မြင်ခဲ့တဲ့ Candyman trilogy ရဲ့ sequel အဖြစ် ထွက်ရှိလာတာလို့ ပြောလို့ရပေမယ့်… တကယ်တမ်းကတော့ spiritual sequel ပဲ ဖြစ်တယ်ဗျ။

Producer နဲ့ Director တို့ကိုယ်တိုင်ကလည်း promote ရာမှာ spiritual sequel လို့ပဲ သုံးထားပါတယ် ။ ဒီတော့ review မစခင် spiritual sequel ဆိုတာကို တစ်ချက်ပြောပြပေးပါမယ် ။ spiritual sequel ဆိုတာက အရင်ထွက်ခဲ့တဲ့ ကားတစ်ခုခုနဲ့ တိုက်ရိုက်ချိတ်ဆက်တဲ့ sequel မဟုတ်ဘဲ အရင်ကားတွေရဲ့ theme တွေ vibes တွေ characters တွေကို inspiration ယူထားတဲ့ reboot ပုံစံမျိူး ဖြစ်ပါတယ်။

ပထမဦးဆုံး ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ Anthony McCoy နဲ့ သူ့ရည်းစား Brianna တို့က အိမ်တစ်အိမ်ကို ပြောင်းလာတာကနေ စထားပါတယ် ။ ဒီနောက်တော့ သူတို့ အိမ်ပြောင်းတာကို လာလည်ရင်း Anthony ရဲ့ယောက်ဖဖြစ်သူကနေ Candyman နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြောပါတယ် ။ ဒါကို Anthony က တအားစိတ်ဝင်စားသွားပြီး Candyman နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို လိုက်စုံစမ်းရင်းကနေမှ သွေးပျက်ချောက်ချားဖွယ် အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရတော့တာပါပဲ ။

ဒီဇာတ်ကားရဲ့ producer နဲ့ co-writer က Jordan Peele ဆိုတဲ့ အတိုင်း ဒီကားတောက်လျှောက်မှာ racism အပိုင်းကို အတော်လေး ဦးစားပေးပြထားတာကို တွေ့ရပါတယ် ။
Candyman 1992 ကို ကြည့်ဖူးတဲ့လူတွေဆို Candyman ဘယ်လိုစဖြစ်လာသလဲဆိုတဲ့ origin ကို သိကြမှာပါ ။ လူမည်းတစ်ယောက်က လူဖြူမိန်းကလေးကို ချစ်ကြိုက်မိရာကနေ အသတ်ခံခဲ့ရပြီး အငြိုးကြီးတဲ့ ဝိညာဉ်ဖြစ်လာတယ် စသဖြင့်ပေါ့ ။
Classic Candyman film မှာတော့ racism ပိုင်းကို main plot element အနေနဲ့ မသုံးသွားခဲ့ပေမယ့် အခုကားကတော့ social commentary ဆန်ပြီး လုံးဝကို Racism အသားပေးပါပဲ ။ တကယ့်ကို Jordan Peele လက်ရာပီသပါတယ် ။ ဒီလို Racism ပိုင်းနဲ့ ဆိုင်တဲ့ classic killer မျိူးကို Jordan Peele ကိုင်ခွင့် ရလိုက်တာက တော်တော်ကောင်းတယ်ပြောရမှာပါ ။ ဒီကားမှာ Peele ရဲ့ masterpiece တွေဖြစ်တဲ့ Get Out တို့ Us တို့လိုပဲ Black people တွေနဲ့ ပတ်သက်တဲ့ society က humor တွေ opinions တွေကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ် ။

Casting ပိုင်းကလည်း ပြောစရာမလိုအောင် အဆင်ပြေတယ် ။ လုပ်ယူထားတဲ့ over acting ကြီးတွေလည်း မရှိဘဲ character role နဲ့လိုက်အောင် ကျစ်ကျစ်လစ်လစ် သရုပ်ဆောင်နိုင်ကြတယ် ။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင် Anthony ဖြစ်တဲ့ Yahya Abdul-Mateen II ရဲ့ acting တွေဆို ဇာတ်လမ်းတစ်ခုလုံးပြီးတဲ့အထိ ဆွဲခေါ်သွားနိုင်အောင်ကို character ထဲ စီးဝင်တယ် ။ သူ့ character ရဲ့ complex ဖြစ်မှုတွေကိုလည်း အကောင်းဆုံး ပေါ်လွင်အောင် သရုပ်ဆောင်သွားနိုင်တယ် ။

plot ပိုင်းကလည်း တစ်ချိူ့သော Horror ဇာတ်ကားတွေလို jump scare မြိုင်မြိုင်နဲ့ ဖြဲခြောက်မနေသလို R-rated ဆိုပြီးလည်း တစ်ကားလုံး သွေးထွက်သံယိုတွေ ခေါင်းပြတ်ခြေပြတ်အခန်းတွေ မပါပါဘူး ။ ဇာတ်ရှိန်အေးအေးနဲ့ ကြည့်နေတဲ့သူကို Creepy Vibes မျိုး ဖြစ်လာအောင် လှုံ့ဆော်နိုင်တယ်လို့ ပြောရမယ် ။ ဒါကတော့ တကယ်ကြီးပါ ။ ကျွန်တော်ဆို ဒီကားကြည့်ပြီး မှန်တွေတောင် မကြည့်ချင်တော့ဘူး ။ ဒီကားတစ်လျှောက်လုံး ဇာတ်လမ်းကို တင်ပြသွားတဲ့ Storytelling ပိုင်းကလည်း creepy ဖြစ်ပြီး မိုက်တယ် ။ Candyman 1992 ကို မကြည့်ရသေးတဲ့သူတွေအတွက်လည်း Candyman Origin နဲ့ အရင်ကားက အချိတ်အဆက်လေးတွေကို မြုပ်ကွက်လေးတွေနဲ့ ဖော်ပြသွားတာလည်း တော်တော်သဘောကျတယ်။

ဒီကားက Horror Fan တွေအတွက် တကယ့် worth to watch ပါ ။ Rating တွေအားဖြင့်လည်း IMDb 6.5 နဲ့ 85% Rotten Tomatoes ကို ရထားသလို လက်ရှိ Critic တွေ အကြိုက်တွေ့နေတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ Horror ကားတစ်ခုအနေနဲ့ ဒီလောက် Rating ကို ရတယ်ဆိုကထဲက မကောင်းမှာကိုတော့ စိတ်ပူနေစရာမလိုတော့ပါဘူး။

p.s* ဒီကား ရဲ့ Director Nia DaCosta က Captain Marvel ရဲ့ Sequel ‘The Marvels’ ကို ရိုက်ကူးမယ့် Director လည်း ဖြစ်ပါတယ် ။

{Written By Weasel} #ZEUS

(zeusmyanmar.com မှ Content များကို ပြင်ပ Social media platform များသို့ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ။)

Categories
Marvel MCU Movie Movie Review

What if Captain Carter Were The First Avenger? – Honest Review

#skullmask #ZEUS

(Spoiler Free)
IMDb 8.8/10

လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ Marvel ရဲ့ What If Episode 1 စတင်ထွက်လာခဲ့ပါတယ်။
Episode 1 ရဲ့ Titleကတော့ What If Captain Carter Were The First Avengers? ဆိုတဲ့ title နဲ့ပါ။

ပထမဆုံး episode 1 မှာတင် what if ရဲ့ animation styleကဂေါ်ထွက်နေပါတော့တယ်။ သုံးထားတဲ့ color tone တွေ motion textureတွေဟာ ကျနော်တို့ မြင်နေကျ animationတွေနဲ့ကွဲထွက်ပြီး လှပနေပါတယ်။ Animation style က cel-shaded animation ကိုသုံးထားတာဖြစ်ပါတယ်။အဲ့ဒါက classic American illustrators ကို Inspire ယူထားဖြစ်ပါတယ်။

MCU ရဲ့ what if animationဟာ တကယ်ကို masterpiece လို့ပြောလို့ရပါတယ်။ effectတိုင်း movementတိုင်း detail အရမ်းကျပါတယ်။ ဒီတော့ texture ပိုင်းက on fire ပါ။

နောက်တစ်ချက်က storyline ပါပဲ။ MCU ရဲ့ story based ထားပေမဲ့ မထင်မှတ်ထားတဲ့ story အသစ်မျိုးကို ချပြပြီး fan တွေကိုအများကြီးတွေးစေခဲ့တယ်။
MCU what if verison‌ ဆိုတော့ MCU theme နဲ့အငွေ့အသက်တွေလည်းပြန်ရပါတယ်။

ဒါတွေထက်ဘာလဲဆိုတော့ Captain ရဲ့ Role ကိုယူပြီး အမျိုးသမီးတွေရဲ့ courage ကို Women power ပြနိုင်ခဲ့တာပါပဲ။

စောင့်ရကျိုးလည်းနပ်ပါတယ်။ worth to watch ဖြစ်တာမလို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။

Own Rating 8/10

#skullmask #ZEUS

Categories
Explain Movie Movie Review

Kingdom: Ashin of the North ( Explained )

#Zeus #Thor

2021 မှာပဲ Netflix ကနေပီးတော့ Kingdom season 1 နဲ့ 2 တို့ဖြစ်လာရတဲ့ Origin ကိုပြသဖို့အတွက် Kingdom: Ashin of the North ကိုမိတ်ဆက်ပေးခဲ့တယ်။ Origin ဆိုတဲ့အတိုင်းပဲ Ashin အကြောင်းနဲ့ ဂျိုဆွန်ကလူတွေ Zombie ပိုးကူးစက်သွားရတဲ့အကြောင်းကို ဖော်ပြပေးထားတယ်။ တချို့ Kingdom Series နဲ့ ဒီဇာတ်ကားကို အချိတ်အဆက်မမိတဲ့သူတွေအတွက်နဲ့ Ashin of the North ကိုသိပ်နားမလည်တဲ့ လူတွေအတွက် Movie Explained လေးလုပ်ပေးထားပါတယ်။

🚨 Spoiler Alert 🚨

1. Ashin and Seongjeoyain

Ashin အကြောင်းကိုအရင်ပြောရမယ်ဆိုရင် Ashin တို့က တရုတ်ပြည်ကနေဆင်းသက်လာတဲ့ လူမျိုးနွယ်စုတစ်ခုထဲကကောင်မလေးပါ။ မွန်ဂိုတွေ တရုတ်ပြည်ကိုသိမ်းတော့ ဒုက္ခသည်တွေအနေနဲ့ ကိုရီးယားကို လာဝင်ခိုရာကနေ ကိုရီးယားဘုရင်က သူတို့အတွက်နယ်မြေလေးတစ်ခုကိုပေးထားတာပါ။ ကိုရီးယားမှာ နေလာတာ ရာစုနှစ်လောက်ကြာလာတဲ့ အချိန်မှာ ဂျိုဆွန်ကလည်းမဟုတ် ဂျာချန်ကလည်းမဟုတ်တွေဖြစ်လာကြပါတယ်။ သူတို့ကိုတော့ Seongjeoyain လို့ခေါ်ကြပါတယ်။ ဂျိုဆွန်ကလူတွေကတော့ Ashin တို့တွေကို ဒုက္ခသည်တွေအနေနဲ့ပဲ သတ်မှတ်ထားပြီး အောက်ခြေသိမ်းအလုပ်တွေကိုပဲ လုပ်ခိုင်းထားပါတယ်။ Ashin ရဲ့အဖေဆို သားသတ်သမားဆိုပြီး ဂျိုဆွန်က လူတွေနှိမ်တာကိုမြင်တွေ့ရမှာပါ။

2. Boundary Village

Ashin ရဲ့အဖေကဦးစီးပီး တည်ထောင်ထားခဲ့တဲ့ ရွာလေးကိုတော့ Boundary Village လို့ခေါ်ပါတယ်။

3. Pajeowi and Pyesa-Gun

မကြာခင်မှာပဲ ပဂျာဝီလူမျိုး( ပါဂျာဝါ မြစ်အနီးတစ်ဝိုက်မှာ စခန်းဆောက်ပြီးနေထိုင်ကြတဲ့ လူမျိုးနွယ်စု) တွေရဲ့ စခန်းကို Ashin ရဲ့အဖေကို ဂျိုဆန်ရဲ့ စပိုင်အနေနဲ့ စေလွှတ်ခြင်းခံခဲ့ရပါတယ်။ တောနက်ကြီးထဲမှာ သေနေကြတဲ့ လူတွေက ပဂျာဝီတွေပါ။ သူတို့ရဲ့ စခန်းအတွက် ဆေးစုဆောင်းဖို့ Pyesa- gun တောထဲမှာ ဂျင်ဆင်းလာရှာကြတာပါ။ ဂျိုဆွန်ကလူတွေကဖုံးဖိပြီး ကျားကသတ်လိုက်တာလို့ပြောကြပေမယ့် ပဂျာဝီတွေက အမှန်တရားကိုသိသွားကြပါတယ်။ အဲ့တာနဲ့ပဲ ပဂျာဝီလူမျိုးတွေက အညှိုးထားပြီး Ashin ရဲ့ အဖေကို မုန်းတာကြောင့် Ashin အဖေကိုချုပ်ပြီး Ashin တို့တစ်ရွာလုံးကိုသတ်ပြစ်လိုက်ပါတော့တယ်။ Ashin အဖေကို Spy လုပ်ခိုင်းတဲ့သူကလည်း Kingdom Season 1 ရော 2 ရောမှာ Villains တွေဖြစ်ကြတဲ့ Cho Clan ကလူတွေပါပဲ။

4. Ashin and Chupajin

အသက်တွေကြီးလာတော့ Ashin ကလည်း သူနေတဲ့ ချူပါဂျင်း စခန်း( ဂျာချန်းလူမျိုးတွေကို ခုခံဖို့ဆောက်ထားတဲ့စခန်း) အတွက် ပဂျာဝီစခန်းကို သွားပြီး Scout လုပ်တာကနေ သူ့အဖေအကြောင်းနဲ့ တရွာလုံးအကြောင်းသိသွားပြီး ဂျိုဆွန်စခန်းတစ်ခုလုံးကိုဖျက်ဆီးပစ်ပါတယ်။

5. Resurrection Plant

Ashin ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ သူ့တရွာလုံးကို ဖျက်ဆီးခဲ့တဲ့ ဂျိုဆွန်နဲ့ ပဂျာဝီကလူတွေကိုလည်း မျိုးတုံးသတ်ဖြတ်ချင်တာပါ။ အဲ့တာကြောင့်လည်း သူမအမေနေမကောင်းတုန်းက သူမရှာတွေ့ခဲ့တဲ့ Resurrection plant ကိုဂျိုဆွန်ရဲ့ ရာထူးကြီး အမှုထမ်းတွေဆီမှာ လိုက်ရောင်းပါတယ်။ ရောင်းနေတဲ့ အချိန်မှာပဲ သူမက အဲ့အပင်အကြောင်းကို သူ့ရွာက အလောင်းတွေရဲ့ စမ်းသပ်ချက်အရ တော်တော်သိနေပါပြီ။
ဇာတ်ကားရဲ့ အဆုံးသတ်မှာ Ashin ကပဂျာဝီတွေရဲ့ ခေါင်းဆောင်ကိုသွားသတ်တဲ့အခန်းတွေ့ရမှာပါ။ လေးနဲ့မြားမှာတော်တဲ့ Ashin အနေနဲ့ ပစ်မလွဲပဲ အကုန်သတ်နိုင်ခဲ့တယ်လို့ယူဆရမှာပါပဲ။
ဒါပေမယ့် Ashin ကအဲ့မှာတင်မရပ်သွားပါဘူး။ Zombies တွေကိုထိန်းချုပ်ပြီး လူတွေထပ်သတ်ပါတယ်။ Kingdom Season 2 အဆုံးမှာ အဲ့တာကြောင့် Ashin ရယ် Resurrection plant ရဲ့ အစကိုလိုက်ရှာနေကြတဲ့ အိမ်ရှေ့မင်းသားရယ် ဆိုဘီရယ်ကိုအဖွဲ့ သွားဆုံတာကိုမြင်ကြရမှာပါ။
အဲ့တာတွေကြောင့် Season 3 မှာလည်း Ashin က Main Villain ဖြစ်ဖို့များပါတယ်။ Season 1 နဲ့ Season 2 က Zombie ဖြစ်ရပ်တွေစခဲ့တာကလည်း Ashin ကအဲ့အပင်ကို အမှုထမ်းတွေကို လိုက်ရောင်းခဲ့တာကနေစခဲ့တယ်လို့ပြောလို့ရပါတယ်။

အောက်မှာတော့ Kingdom: Ashin of the North ကနေရာလေးတွေရဲ့ ရှင်းပြချက်ကိုရေးပေးထားပါတယ်။

နှစ်ပေါင်းတစ်ရာလောက်ဘယ်သူမှသွားလာမှုမရှိခဲ့တဲ့ တောနက်ကြီးပါ။

မွန်ဂိုတွေ တရုတ်ပြည်ကိုသိမ်းတော့ ဒုက္ခသည်တွေအနေနဲ့ ကိုရီးယားကို လာဝင်ခိုရာကနေ ကိုရီးယားဘုရင်က သူတို့အတွက်နယ်မြေလေးတစ်ခုကိုပေးထားတာပါ။ ကိုရီးယားမှာ နေလာတာ ရာစုနှစ်လောက်ကြာလာတဲ့ အချိန်မှာ ဂျိုဆွန်ကလည်းမဟုတ် ဂျာချန်ကလည်းမဟုတ်တွေဖြစ်လာကြပါတယ်။ သူတို့ကိုတော့ Seongjeoyain လို့ခေါ်ကြပါတယ်။

ပဂျာဝီလူမျိုး( ပါဂျာဝါ မြစ်အနီးတစ်ဝိုက်မှာ စခန်းဆောက်ပြီးနေထိုင်ကြတဲ့ လူမျိုးနွယ်စု)

ဂျိုဆွန်လူမျိုးတွေ ဂျာချန်တွေရန်ကကာကွယ်ဖို့ လုပ်ထားတဲ့စခန်းပါ။

Resurrection Plant အကြောင်းရေးထားတဲ့ Boundary Village အနောက်က ဂူတစ်ခုပါ။

သေသောသူကိုအသက်ရှင်အောင်ပြန်လုပ်ပေးနိုင်တယ်ဆိုတဲ့ Zombie plant လို့ခေါ်ပါတယ်။

#Zeus #Thor

(zeusmyanmar.com မှ Content များကို ပြင်ပ Social media platform များသို့ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ။)

Categories
DC Movie Review

Suicide Squad ( or ) James Gunn ရဲ့ အကောင်းဆုံးလက်ရာတစ်ခု

#Ray