(comic story)
#Skullmask #ZEUS
အခုတင်ဆက်ပေးမဲ့အကြောင်းအရာကတော့ Marvel ရဲ့ Anti-hero တစ်ယောက်ဖြစ်တဲ့ U.S agent Character အကြောင်းပဲဖြစ်ပါတယ်။
MCU ရဲ့ falcon and the winter soldier Seiresတွင်လည်း ပါဝင်ပြီးသားဖြစ်ပါတယ်
characterအကြောင်းးကိုတော့ link ထဲတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
U.S Agent/John F.Walker (Earth-616) Prime Earth
U.S Agent ကို Mark Gruenwald နဲ့ Paul Neary တို့ကဖန်တီးထားတာဖြစ်ပြီး First Appearance အနေနဲ့ Captain America#323( November,1986) မှာစတင်ပဲထုတ်ခဲ့တာပါဖြစ်ပါတယ်။
Captain America#323 မှာ John F.walker ကို U.S Agent အနေနဲ့ပါဝင်စေခဲ့တာမဟုတ်ပါဘူး.
First Appearance မှာ U.S agent ကို Super Pariot အနေနဲ့ ပွဲထုတ်ခဲ့တာဖြစ်ပြီး Cap နဲ့ personal အရလိုက်ပြိုင်နေတဲ့ သူရဲကောင်းတစ်ယောက်သဖွယ် ပွဲထုတ်ခဲ့တာပါဖြစ်ပါတယ်။
နောက်ပိုင်း Captain Amereica #333 မှာ 90’s လောက်ကmarvel comics fan တွေကို ရင်ထိတ်သွားစေခဲ့တဲ့ Comic …တစ်နည်းအားဖြင့် Steve Rogers Captain America ဘဝကနေ အနားယူသွားတဲ့ အခါ John Walker ဟာ Captain America ဖြစ်လာပါသေးတယ်။
အဲ့နောက်မှာမှ John Walker ဟာ U.S agent ဆိုပြီးဖြစ်လာတာဖြစ်ပါတယ်.. Captain America #354(June.1989) မှာ U.S agent ဆိုပြီး ဖြစ်လာတာပဲဖြစ်ပါတယ်။
Story of John Walker
John Walker ဟာ Caleb Walker နဲ့ Emily Walker တို့ကမွေးဖွားတာလာပဲဖြစ်ပါတယ်။
သူရဲ့ ရည်မှန်းချက်က သူအားကျရတဲ့သူ့အကို michael လိုမျိုး အရမ်းတော်တဲ့စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့တာပါ..
သူ့ရဲ့ Story ပုံစံတွေ captain america နဲ့တော့တော်တော်တူတယ်ဗျ ..
ဒါပေမဲ့ cap ထက်တော့ဆယ်စုနှစ်နောက်ကျပြီးပေါ်လာတာဖြစ်ပြီး cap ထက်လည်းအသက်အားဖြင့်များစွာငယ်ပါတယ်။
cap WW2 တိုက်နေချိန် john ကလေးလေးအရွယ်ပါ..
John Walker ဟာ cap လိုပဲ mutate ဖြစ်လာသူတစ်ယောက်ပါ..
John Walker ကို Superhuman ဖြစ်လာအောင် လုပ်ခဲ့တာကတော့ Power Broker,inc.ဆိုတဲ့ အဖွဲ့အစွဲ့အစည်းကနေလုပ်ခဲ့တာဖြစ်ပါတယ်။
Power Broker,inc.အကြောင်းအနည်းငယ်ပြောပါမယ်..
Power Broker,inc ဆိုတာက တရားမဝင် Criminal Corporation လုပ်တဲ့ အဖွဲ့အစွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝွဲ့ဝင် member တွေကို The Power Brokers လို့ခေါ်ပါတယ်။
Leaderကတော့ The Power Broker ဆိုတဲ့သူဦးဆောင်တာဖြစ်ပါတယ်။
Power Broker,Inc.မှာ Mad scientist တွေပဲရှိပါတယ်။ Dr.karl Malus ရယ် Curtiss Jackson ဆိုတဲ့ လူနှစ်ယောက်က ဒီအဖွဲ့စွဲ့စအစည်းကို စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး.. Superhuman တွေ တရားမဝင် ဖန်တီးနေတဲ့ Secret Base တစ်ခုဖြစ်ပါတယ်။
John Walker ဟာ Power Broker member တစ်ဦးဖြစ်ခဲ့ပါတယ်.
သူရဲ့ superhuman စွမ်းအားတွေကို အဲ့ဒီကနေရရှိခဲ့တာဖြစ်ပါတယ်။
သူဟာ hero တစ်ယောက်အရမ်းဖြစ်ချင်တာပါ
တစ်နည်းအားဖြင့်capကိုသာချင်သူဆိုလည်းမမှားပါဘူး။
ဒါပေမဲ့သူဟာCapကိုသာသွားခဲ့ပါတယ်။ အဲ့တာကတော့ Captain America#332 မှာ Super Patriot/John Walker ဟာ သူပုန်လူဆိုးတစ်ယောက်ဖြစ်တဲ့ warhead ဆိုတဲ့သူကိုသတ်ပြီး ဝါရှင်တန် ဒီစီ မြို့ကို အနူမြူဖြင့်ဖောက်ခွဲ့မည့် အန္တရာယ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
အဲ့နောက်မှာ Steve Rogers/Captain America ဟာ တရားဝင်အနားယူသွားခဲ့ပါတယ်။
Comic issue#332 ဖြစ်ပြီး issue title က No More Captain America ပဲဖြစ်ပါတယ်။
ထို့နောက် John Walker ဟာ captain America ဖြစ်လာခဲ့ပါတယ်။
ဖြစ်လာပုံကဒီလိုပါ. steve rogers နှုတ်ထွက်အနားယူသွားတဲ့အခါမှာ U.S အစိုးရအနေနဲ့ပြာတောက်သွားတာပေါ့
Hydra အပြင် အခြား အဖွဲ့အစည်းတွေ superhuman villain တွေက ပိုဆိုးလာကြတယ်.. အဲ့အချိန်မှာ C.S.A (Commission on Superhuman Activities အဖွဲ့အစည်းကနေ John Walker ကို New Captain America ဖြစ်စေခဲ့ပါတယ်။
ပြီးတော့ Power Brokers Membersတွေဖြစ်တဲ့ BUC( Bold Urba Commandos) အဖွဲ့ဟာလည်း တရားဝင် Captain America/John Walker ရဲ့ လက်ထောက်တွေဖြစ်လာခဲ့ပါတယ်။
BUC member တစ်ဦးဖြစ်တဲ့ Battle Star/Lemar Hoskins ဟာ Bucky Jame/ Winter Soldier နေရာအစားဝင်ခဲ့ပါတယ်။
Captain America/John Walker ရဲ့လက်ထောက်အနေနဲ့ပါ.
BUCမှာ member 3ယောက်ရှိပါတယ် ကျန်တဲ့၂ယောက်ကတော့ Right-Winger ရယ် Left-Winger ရယ်ဆိုပြီး heroတွေဖြစ်ခဲ့ကြပါတယ်။
BUC အကြောင်းလေးပြောပါမယ် BUC ကတော့ captain america maskတွေတပ်ပြီး capကို အသရေဖျက်တဲ့ Power Brokers,Incရဲ့ member တွေဖြစ်ပြီး John Walker ရဲ့သူငယ်ချင်းတွေပဲဖြစ်ပါတယ်။
ဒါပေမဲ့ John Walker/Captain America နဲ့ Left-Winger နဲ့ Right-Winger တို့ဟာ ရေစက်ကုန်ခဲ့ပါတယ်… ဖြစ်ချင်တော့ Winger နှစ်ကောင်က တကယ်ကို secret လုပ်ခဲ့တဲ့ John Walker ရဲ့နာမည်ကို Public ရှေ့ပြောလိုက်ပါတယ်။
အဲ့နောက်မှာ John Walker/Captain America , Battle Star/Winter Soldier တို့ဟာ Winger ၂ကောင်နဲ့သတ်ကြပါတော့တယ်..
John Walker ရဲ့နာမည်ကို Publicမှာထုတ်ပြောခဲ့တဲ့ Comicကတော့ Captain America#341(may 1988) ပဲဖြစ်ပါတယ်
Captain America#347 မှာတော့ john walker/captain america ဟာ Left Winger/Hector Lennox ရဲ့အမေကို သူ့နာမည်ကို public မှာသုံးခဲ့တဲ့အတွက်သွားခြိမ်းခြောက်ခဲ့ပါတယ်။
နှလုံးရောဂါအခံရှိတဲ့ Left-Winger အမေဟာအမောဖောက်သွားခဲ့ပါတယ်လန့်ပြီးတော့.
အဲ့နောက်မှာ Winger ၂ကောင်ဟာ John Walker နဲ့မကြေပွဲတိုက်ကြပြီးနောက်မှာ ရှုံးသွားခဲ့ပါတယ်။ winger ၂ယောက်ဟာ ကြိုးတုပ်ပြီး အရှင်လတ်လတ်မီးလောင်သေခဲ့ရာတယ်။
ဒါကတော့ John Walker တစ်ယောက် captain ဖြစ်နေချိန်မှာ လူမဆန်သူရဲကောင်းမဆန်တဲ့လုပ်ရက်ကို လုပ်ခဲ့တာပဲဖြစ်ပါတယ်။
ထို့နောက် John Walker/Captain America ဟာ steve Rogers နဲ့ different role same mission လုပ်တဲ့အခါမှာStever Rogers ဟာ John Walker/captain america ထက်သာနေခဲ့ပါတယ်
မှတ်ချက်:steve Rogers ဟာ Cap ရာထူးမှအနားယူကတည်းက U.S agent suit နဲ့ mission တွေဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။
ထို့နောက်John Walker/Captain America ဟာ captain title နဲ့မထိုက်တန်ဘူးဟုဝေဖန်မှုတွေရှိလာခဲ့ပါတယ်.. အဲ့အချိန်မှာလည်း Steve Rogers/Captain America ပြန်ဖြစ်လာချိန်ပါ အဲ့ comic ဟာ comic History တစ်လျှောက်မှာ captain America ၂ယောက်ပါတဲ့ ပထမဆုံး comic issue ပဲဖြစ်ပါတယ်။
Captain America#351(march,1989)တွင်ပဲဖြစ်ပါတယ်။
ထို့နောက် John Walker/Captain America ဟာ အစည်းအဝေးပွဲတစ်ခုမှာ Watchdogs ကလူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားခဲ့ပါတယ်။ John Walker/Captain Americaဟာ သေသွားခဲ့ပါတယ်။
ဒါပေမဲ့အဲ့ကိစ္စဟာ CSA(Commission of Superhuman Activities) ရဲ့လှည့်စားမှုဖြစ်ပြီး John Walker ကိုသေပြီဆိုပြီး fake လုပ်ခဲ့တာဖြစ်ပါတယ်..
ဒါကတော့ John Walker Captain America ဖြစ်ခဲ့စဉ်က Story ပဲဖြစ်ပါတယ်။ ကဲအခုမှ U.S agent ဖြစ်လာတဲ့ Story လေးစပါမယ်ေ။
U.S Agent လာပြီ…
walker ဟာသူသေတယ်ဆိုတာ Fakeလုပ်ပြီးနောက်မှာတစ်ဖန်ပြန်ပေါ်လာခဲ့ပါတယ်။
Commission ရဲ့ Agent တစ်ယောက်အနေနဲ့ပြန်ပေါ်လာတာပါ။
သူဟာအရင် steve rogers U.S agent ဘဝတုန်းက ဝတ်စုံကိုဝတ်ပြီး U.S agent ဖြစ်လာတာပဲဖြစ်ပါတယ်။
John Walkerမှာ Steve Rogers/Captain America ကဲ့သို့ပင် Vibranium shield ရှိပါတယ်။ထို့နောက်သူဟာသူ့ရဲ့ first mission အနေနဲ့ Iron Monger နဲ့တိုက်ခိုက်ပြီး Iron Monger ကိုအနိုင်ယူခဲ့ပါတယ်။
U.S agent အနေနဲ့ John Walkerဟာ Captain America#354 (june,1989) မှာစတင်ပါဝင်လာတာဖြစ်ပါတယ်။
ထို့နောက်သူဟာ သူCaptain America ဘဝကပါတနာတစ်ယောက်က ပါတနာကောင်းတစ်ယောက်ဖြစ်တဲ့ battle Star ကို Power Broker ကနေကယ်ထုတ်ခဲ့ပါတယ်။
ထို့နောက်သူ့မိဘရှိရာအရပ်ကို Battle star နဲ့တူတူသွားတဲအ့ခါ သူ့မိဘ၂ပါးဟာသေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
Power And Abilities and equipments
U.S Agent ဟာ Super Patriot ဘဝမရောက်ခင်ကတည်းက ထူးချွန်တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။
Power Broker,inc. ရဲ့စမ်းသပ်မှုပြီးနဲ့နောက်မှာ Superhuman ဆိုင်ရာစွမ်းအားတွေကိုရရှိသွားခဲ့ပါတယ်။
Superhuman Strength:စွမ်းအားကြီးပါတယ်သာမန်လူတွေထက်..ပြင်းထန်တဲ့ထိခိုက်မှုများကိုလည်းကောင်းစွာခံနိုင်ပါတယ်။
Superhuman Speed-သာမန်လူတွေကသာလွန်တဲ့ရွေ့လျားမှုနှုန်းတွေရှိထားပါတယ်။
Superhuman Stamina-လူတွေသတ်မှတ်တဲ့အဆင့်ကိုကျော်ပြီး stamina ကောင်းပါတယ်။
ပြီးတော့ U.S agent ဟာရ Taskmaster ဆီကနေလဲ Combat training ကိုသင်ထားတာဖြစ်ပြီး Martial art လည်းတတ်ပါတယ်။
ထို့နောက်သူဟာမည်သည့် Shield ကိုမဆိုကျွမ်းကျင်စွာအသုံးပြနိုင်ပြီး shield တော်တော်များများကိုလည်းကိုင်ဖူးပါသေးတယ်။
သူလက်ရှိကိုင်တဲ့ shield ဟာ Alternate Universe က Steve Rogersရဲ့ Shield ဖြစ်ပါတယ်။ Earth-13584 ကပဲဖြစ်ပါတယ်။
ထို့နောက်သူဟာ Shield ကို U.S agent design ဆေးသုပ်ခဲ့တာပဲဖြစ်ပါတယ်။
သူကိုင်ဖူးတဲ့ Shield တွေကတော့
Vibranium Star Shield
Energy Shied
Eagle Shield
Photon Shield
convincer
Captain America shield (Steve Rogers Shield ) တို့ပဲဖြစ်ပါတယ်။
Force Works
Force Works ဆိုတာကတော့ Tony Stark (Iron Man) ဖွဲ့စည်းထားတဲ့အဖွဲ့ပွဲ့ပဲဖြစ်ပါတယ်။
ထို့နောက် Force Worksထဲကို Scarlett Witch ရဲ့ invitation နဲ့အတူ John Walker/ U.S agent ဟာ ဝင်ရောက်လာခဲ့ပါတယ်။
S.H.I.E.L.D အဖွဲ့နဲ့နဲ့ tony stark တို့ဟာ John Walker အတွက် Energy Shield အသစ်စက်စက်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။
Force Works ဆိုတာကတော့ Avengers လိုသီသန့်အဖွဲ့မျိုးဖြစ်ပါတယ်။
သူဟာ west coast avengers အဖွဲ့ disabled ဖြစ်ပြီးနောက် ဖွဲ့ထားတာဖြစ်ပါတယ်။
Force Works ကAvengers တွေလိုပဲ Villain တွေလိုက်လံနှိမ်နင်းတဲ့အဖွဲ့ပါ..
John Walkerဟာ Force Works နဲ့အတူmission ပေါင်းများစွာလုပ်ခဲ့ပါတယ်။လူကောင်းတစ်ယောက်အနေနဲ့လုပ်ခဲ့တာပဲဖြစ်ပါတယ်။
Force Works Leader ကတော့
Ironman
Scarlett Witch တို့ပဲဖြစ်ပါတယ်ေ။
Original member တွေကတော့
US.agent
Century
Cybermancer
Moonraker
Spider-Woman
Wonder Manတို့ပဲဖြစ်ပါတယ်။
The Jury (U.S agent as a leader)
U.S agent ဟာ the jury အဖွဲ့ရဲ့ leader ဖြစ်လာခဲ့ပါတယ်။ The jury အဖွဲ့ကွဲ့ကကို U.S agent ကဦးဆောင်တာပဲဖြစ်ပါတယ်။
The Jury အဖွဲ့ ဖွဲ့စည်းရခြင်းက Thunderbolts အဖွဲ့ကိုနှိမ်နင်းချင်လို့ဖြစ်ပါတယ်။
The Jury အဖွဲ့သားများဟာဆိုရင်တော့ Amored အပြည့်စုံပြီး အဖက်ဖက်ကျွမ်းကျင်တဲ့ လူတွေပဲဖြစ်ပါတယ်။
ဒါပေမဲ့သူတို့ဟာ ThunderBolts အဖွဲ့ကိုအနိုင်ရရှိခြင်းမရှိခဲ့ပါဘူး.. The Jury အဖွဲ့ထဲဝင်ခိန်မှာ U.S agent ဟာ Energy Energy Shiled အစား Eagle shaped Shiled ကိုအသုံးပြုခဲ့ပါတယ်။
နောက်ပိုင်းမှာ The Jury နဲ့ ThuderBolts အဖွဲ့ပူးပေါင်းသွားပြီ Brute Force အဖွဲ့ကိုတိုက်ခိုက်ခဲ့ပါတယ်။
U.S agent ဟာ The Jury အဖွဲ့အွဲ့အတွင်းရှိနေစဉ်မှာ Protocide ဆိုတဲ့ Superhuman တစ်ယောက်နဲ့တိုက်ခိုက်ရင်းသေမလိုထိဖြစ်ခဲ့ပါတယ်။
S.H.I.E.L.D အဖွဲ့ရဲ့ကွဲ့ရဲ့ကယ်ဆယ်မှုနဲ့သူဟာအသက်ရှင်ခဲ့ပါတယ်။
The Jury အဖွဲ့ရဲ့ွ့ရဲ့ Member တွေကတော့
U.S agent
Bomb Blast
Firearm
Sentry
Screech တို့ပဲဖြစ်ပါတယ်။
S.T.A.R Agent ဖြစ်လာခြင်းနှင့် Avengers များကိုကူညီခြင်း…
John Walkerဟာ U.S အစိုးရရဲ့ရ အဖွဲ့အစွဲ့အစည်းတစ်ခုဖြစ်တဲ့ S.T.A.R အဖွဲ့ member တစ်ယောက်ဖြစ်လာပါတယ်။
Avengers များအပါအဝင် cosmic hero များစွာဟာ kree invasion တစ်ခုနဲ့ပြသာနာတက်နေကြပါတယ်။ Kree တွေက ကမ္ဘာကို လာသိမ်းတာပါ။
Ronan နဲ့ Kree တွေက alien species များစွာနဲ့ Earth လာတိုက်ပါတယ်။ Ronan နဲ့အတူ Kree တွေရဲ့ Leader ဖြစ်တဲ့ Supreme Intelllenge ကြီးပါ ပါလာခဲ့ပါတယ်။
U.S Agent အကူညီနဲ့ Ronan ကိုအနိုင်ရပြီး Kree စစ်တပ်ကြီးကိုအနိုင်ရသွားခဲ့ပါတယ်။ U.S agent လည်း ဒဏ်ရာ ရသွားခဲ့ပါတယ်။
Avengers တွေဟာ U.S agent/John Walker ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပေမဲ့ John တစ်ယောက်ကတော့ အဖတ်တောင်မလုပ်ခဲ့ပါဘူး..
maximum security vo.1 comic ပဲဖြစ်ပါတယ် issue#3 ခုပါဝင်ပါတယ်။
All New Invaders
John Walker/U.S agent ဟာ Invaders အဖွဲ့ကို join ခဲ့ပါတယ်။ join တာကတော့ကူညီချင်လို့ Join တာထက် captain america/Steve Rogers ကိုလိုက်ပြိုင်တာပဲဖြစ်ပါတယ်။
suitကိုတောင် capလိုဝတ်ဆင်ခဲ့ပါတယ်။ shield ကိုတော့ ကြယ်ပုံစံ shield အသုံးပြုခဲ့ပါတယ်။
leadershipကို လုနေလို့ steve က 3ယောက်တစ်ဖွဲ့တောင်လုပ်ပေးခဲ့ရပါသေးတယ်။
Invaders အဖွဲ့ဖွဲ့စည်းရခြင်းက အကြီးမားဆုံးသော သူပုန်အဖွဲ့ကြီးဖြစ်တဲ့ pterorists အဖွဲ့ကိုနှိမ်နင်းဖို့ပဲဖြစ်ပါတယ်။ ထိုအဖွဲ့ကို Axis Mundi ကဦးဆောင်တာပဲဖြစ်ပါတယ်။
စစ်ပွဲအတွင်းမှာU.S agent တို့အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့အဲ့စစ်ပွဲအတွင်းမှာ Human Torch(A.I ) ဟာသေဆုံးသွားခဲ့ပါတယ်။
Invadersအဖွဲ့ဲ့ member တွေကတော့
Captain America/Steve Rogers
U.S Agent/John Walker
Blazing Skull
Blonde Phantom
human torch(A.I)
Namor
Union Jack
Vision
Nia Noble
spitfire
Tara
Thin Man
Silver Scorpion တို့ပဲဖြစ်ပါတယ်။
သေလုနီးပါအခြေအနေနောက်တစ်ခု
U.S Agent/John Walker ဟာနောက်ထပ်သေလုနီးပါအခြေနေတစ်ခုဖြစ်ခဲ့ပါသေးတယ်။
အဲ့တာကတော့ Thunderbolts အဖွဲ့ကိုလိုက်နှိမ်နင်းချိန်မှာ ThunderBolts ရဲ့ ခေါင်းဆောင်အသစ်ဖြစ်တဲ့ Nuke/Scourge ရဲ့တိုက်ခိုင်းတာကိုခံရပါတယ်။
အကျိုးရလဒ်အနေနဲ့ U.S agent/John Walker ဟာ ဘယ် လက်တစ်ဖက် ခြေတစ်ဖက်ပြတ်သွားပါတယ်။
အဲ့တာကြောင့် john တစ်ယောက်ဟာ စိတ်ဓာတ်ကျပြီး hero ဘဝကိုစွန့်လွှတ်ခဲ့ပါတယ်။
Hero ဘဝကနေအနားယူပြီး ထောင်တစ်ခုမှာထောင်မှုးဘဝနဲ့ဖြတ်သန်းခဲ့ပါတယ်။
Dark Avengers
Dark Avengers တော့ marvelရဲ့ darkပိုင်းသွားတဲ့ Team တစ်ခုဖြစ်တယ်။
member တွေကလည်းတကယ့် badass တွေချည်းပဲ။ Dark Avengers နဲ့ H.A.M.M.E.R တို့ဟာ Avengers နဲ့ S.H.I.E.L.D တို့ပြိုကွဲပြီး ဖြစ်တည်လာတဲ့အဖွဲ့ွ့တွေဖြစ်ပါတယ်။
အထူးသဖြင့် Villain တွေများစွာပါဝင်တဲ့အဖွဲ့ွ့တွေပါ။
U.S Agent ဟာ New Dark Avengers ရဲ့ Leader ပဲဖြစ်ပါတယ်။
Dark Avengers ရဲ့ Original member တွေကတော့
Skaar(Son of Hulk)
Sentry
Iron Patriot(NormanOsborn)
ms.marvel(Deidre Wentworth)
Wolverine(Daken)
Ares
Symbiote Spider-Man(Ai-Apaec)
Hawkeye (bulleye)တို့ပဲဖြစ်ပါတယ်
နောက်ပိုင်းမှာ New Dark Avengers ဖြစ်တည်လာပါတယ်။ Dr. Doxie ဆိုတဲ့အမျိုးသမီးဟာ John Walker/U.S agent ရဲ့ပျက်သွားတဲ့ အစိတ်အပိုင်းကိုကုစားဖို့ Venom symbiote ကို Multiverse(13584) ကဟာကို John Walker မှာကပ်စေခဲ့ပြီး ဘယ်လက်နဲ့ ဘယ်ခြေထောက်ကို ပြန် healing ခဲ့ပါတယ်။
ထို့နောက်မှာတော့ John Walkerဟာ New Dark Avengers အဖွဲ့ရဲ့ Leader တစ်ယောကဖြစ်လာခဲ့ပါတယ်။
John Walker တစ်ယောက်ဟာသေဆုံးသွားတဲ့ သူ့မိဘ၂ခါပုံကို shield မှာအမြဲကပ်သွားလေ့ရှိပါတယ် ။❤️
Invaders comic မှာဖတ်ရင်းတွေ့နိုင်ပါတယ်။
MCU မှာတော့ U.S agent ကို Wyatt Russell က သရုပ်ဆောင်ထားတာပါဖြစ်ပါတယ်။
MCU တွင် U.S agent ကိုthe falcon and the winter soldier TV Seires တွင်စတင်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ Wyatt Russellနှင့်လည်း အတော်လိုက်ဖက်တယ်လို့မြင်ပါတယ်။
Thanks for reading guys .
နောက်ထပ်သော contentများနှင့်အတူထပ်မံပြန်လာခဲ့ပါမယ်။
(written by skullmask)
#ZEUS