#Weasel #ZEUS
ဆယ်နှစ်တာ Film Saga တစ်ခုကို ပြီးပြည့်စုံအောင် အဆုံးသတ်ပေးနိုင်ခဲ့တဲ့ Endgame နဲ့ Infinity War တို့ရဲ့ director Russo Brothers တို့ကို အားလုံးလည်း ရင်းနှီးနေလောက်မှာပါ။ တကယ်ကတော့ သူတို့ရဲ့ MCU ခရီးက Captain America: Winter Soldier ကနေ စတင်ခဲ့တာဖြစ်ပြီး Civil War,Infinity War နဲ့ Endgame အပါအဝင် marvel films စုစုပေါင်း လေးကားကို ရိုက်ကူးပေးခဲ့ပါတယ် ။ comic book အငွေ့အသက်တွေကို ရစေပြီး action အပြည့်နဲ့ Cinematography အလန်းစားရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ Russo Brothers တွေရဲ့ လက်ရာကို Marvel fans တိုင်း သဘောကျမိခဲ့လောက်မှာပါ။
ဒါက ကျွန်တော်တို့တင်မဟုတ်ပဲ သိပ်မကြာမီထွက်ရှိတော့မယ့် Eternals ရုပ်ရှင် ရဲ့ director Chloe Zhao ဟာလည်း Russo Brothers တွေရဲ့ လက်ရာကို သဘောကျမိကြောင်း Empire magazine interview မှာ ဝန်ခံခဲ့ပါတယ်။
သူပြောတဲ့အတိုင်းဆို Chloe Zhao ဟာ အရင်က Marvel ရုပ်ရှင်ကားတွေကို တစ်ခါမှ မကြည့်ခဲ့ဖူးပေမယ့် Civil War
ကြည့်အပြီးမှာတော့ MCU နဲ့ ပတ်သက်ပြီး အမြင်တွေပြောင်းလဲသွားခဲ့ကြောင်းပြောထားခဲ့ပါတယ် ။ ဒီ Civil War ရုပ်ရှင် ကြောင့်လည်း အရင် ထွက်ခဲ့သမျှ MCU films တော်တော်များများ ကို ပြန်ကြည့်ဖြစ်ခဲ့ပြီး Marvel Studios ကနေ Eternals အတွက် director ရှာတုန်းကလည်း သူ့ဖက်ကနေ စပြီး marvel movie တစ်ခုကိုရိုက်ချင်ကြောင်း ဆက်သွယ်ခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ် ။
အဲ့အပြင်ကိုမှ Chloe Zhao ဟာ Civil War ရဲ့ film concept တွေ cinematography တွေကိုပါ inspire ယူပြီး Eternals မှာပါ ဒီ concept တွေကို အလားတူ အသုံးပြုထားတယ်လို့လည်းပြောသွားပါသေးတယ် ။ ဒါကြောင့် Captain America:Civil War တုန်းကလို Eternals မှာလည်း အဖွဲ့ဝင် အချင်းချင်း အားပြိုင်မှုတွေ သစ္စာဖောက်မှုတွေနဲ့ civil war တွေကိုလည်း မြင်တွေ့ရလောက်ပါမယ်လို့လည်း Interview မှာ hint ပေးသွားခဲ့ပါတယ် ။
Eternals ရုပ်ရှင်ကတော့ November 5 ရက်နေ့မှာ တစ်ကမ္ဘာလုံး အနှံ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ် ။
#Weasel #ZEUS