Categories
Comic fact Explain Marvel MCU

Shang-Chi မှ Comic နှင့်ကွဲပြားချက်တစ်ချို့နှင့်Detailများ

Warning 🚨 Shang-Chi 2021 flim ကြည့်ပြီးမှသာဆက်ဖတ်ကြပါ။

ဒီတစ်ခါတော့ Blu-Ray Leaked ဖြစ်ထားတဲ့ Shang-Chi Movie ထဲမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေ comic ထဲက detailတွေနဲ့မတူညီတာတွေရယ် Ester Eggs နဲ့ Detail တွေကို ဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

#skullmask #ZEUS

Ten Rings ရဲ့မူလအစ MCU vs Marvel Comics

Mandarinရဲ့ Ten Rings ကိုဇာတ်လမ်းစစချင်းမှာတင် Originပြောသွားတာကိုတွေ့မြင်ရမှာပါ။
Mandarin Rings တွေကို မီးတောင် သို့မဟုတ် ဂူတစ်ဂူထဲကနေရခဲ့ပြီး သူ့ကို ထာဝရအသက်ရှင်ခြင်း‌ဆိုတာကိုပေးတယ်ဆိုတာကိုပေါ့။

Comic ထဲမှာတော့ Mandarinဟာ ဒီလက်စွပ်ဆယ်ကွင်းကို valley of Spiritဆိုတဲ့ ဂူကြီးတစ်ခုထဲမှာရှိတဲ့ alien space ship ထဲမှရရှိခဲ့တာဖြစ်ပါတယ်။
Space-Ship ထဲမှာ Axonn-Karr ဆိုတဲ့ alien ကိုသတ်ပြီး လက်စွပ်တွေကိုရယူခဲ့တာဖြစ်ပါတယ်။

လက်စွပ်တွေကို Mukluan Rings လို့ခေါ်ပါတယ်။ ဒီလက်စွပ်တွေကို လွန်ခဲ့သောနှစ်သန်းပေါင်းများစွာတုန်းကတည်ရှိခဲ့တဲ့ cosmic warrior တွေရဲ့ spirit တစ်ခုချင်းစီနဲ့ဖန်တီးထားတာဖြစ်ပါတယ်။

Cosmic Energy တွေစီးဆင်းနေတဲ့ Space Rings တွေလို့ပြောလို့ရပါတယ်။

Xu Wenwu ရဲ့တည်ရှိမှုသက်တမ်း

Xu Wenwuဟာ Marvel ရဲ့ Functional Characterနှစ်ယောက်ကိုပေါင်းပြီးဖန်တီးထားတာဖြစ်ပါတယ်။
တစ်ယောက်ကတော့ marvel comics ထဲမှ Shang-Chi ရဲ့အဖေဖြစ်သူ Fumanchu ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Ten Rings ပိုင်ရှင်ကြီး Mandarin ပဲဖြစ်ပါတယ်။

Xu Wenwuရဲ့ Early Life ဟာ Fumanchu ကိုအခြေခံထားတာဖြစ်ပါတယ်။ ဒါပေမဲ့ marvel comics ထဲမှာ Shang-Chiအဖေဖြစ်သူ Fumanchuဟာ ten rings ကိုတစ်ခါမှအသုံးမပြုဖူးပါဘူး။
Mandarinနှင့် သူ့ရဲ့သားကသာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

MCU mandarin verisonဖြစ်တဲ့ Xu Wenwu ဟာ ဒီ Character နှစ်ယောက်ရဲ့ story ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ MCU Mandarinရဲ့တည်ရှိမှုသက်တမ်းကထောင်နဲ့ချီပြီဖြစ်ပြီး Ten Rings အဖွဲ့ရဲ့ကြီးစိုးမှုကလည်းတော်တော်ကိုကြာခဲ့ပြီဖြစ်ပါတယ်။

Ta Lo Realm

Ta Lo Realm ကတော့ Shang-Chiအမေဖြစ်သူနေထိုင်တဲ့ Realm ဖြစ်ပါတယ်။

MCU တွင်လည်း Ta Lo ကို earth ကမဟုတ်ပဲ dimensionတစ်ခုအနေနဲ့ဖော်ပြထားပါတယ်။

Marvel Comic မှာလည်း Ta Lo Realm ဟာ Pocket Dimensionတစ်ခုဖြစ်ပါတယ်။ Toaist God (သို့မဟုတ်) တရုတ်နတ်ဘုရားတွေရဲ့ သုခဘုံတစ်ခုဖြစ်ပါတယ်။

Shang-Chi Movie ထဲကလို Mythical Creatures တွေ ဟာလည်း ထို Realm မှာတည်ရှိပါတယ်။ Shang-Chi Movieထဲတွင်လည်း တွေ့မြင်ခဲ့ရပါတယ်။
မီးတောက်နေတဲ့ Phoenix Like Creature ဖြစ်တဲ့ Fenghuang ငှက်မျိုးနွယ်များ၊Haetae /Shishi သို့မဟုတ် Guardian Lions လို့ခေါ်တဲ့ ကြီးမားတဲ့ lion like creatureတွေ Quilin Beast တွေ nine tale fox တည်ရှိပါတယ်။

Ta Lo Realmမှာ ဒီလို Creature တွေအပြင် God Power , Energy Source တွေရှိပြီး life-Force ပါရှိတဲ့ နတ်ဘုရားတွေရဲ့ ဘုံတစ်ခုပါပဲ။
Celestial Invasionကြောင့် Asgardianနတ်ဘုရားတွေ အကုန်နီးပါးသတ်ခံခဲ့ရချိန်မှာ Thor ဟာ Ta Lo ကို သွားပြီး Sky Father Yu Haung နတ်ဘုရားစီသွားရောက်ပြီး life energyကို‌သွားရောက်တောင်းဖူးခဲ့ပါတယ်။

MCU Ta Lo ကတော့ Ta Lo မျိုးနွယ်စုတွေနေထိုင်တာဖြစ်ပြီး earth နဲ့ dark dimensionကို ကာကွယ်ထားတဲ့ Dimensionတစ်ခုအဖြစ်တည်ရှိပါတယ်။

Shang-Chiရဲ့အမေ

Shang-Chiရဲ့အမေဟာ MCU version သက်သက်ဖြစ်ပါတယ်။ နာမည်ကတော့ Ying Li ပဲဖြစ်ပြီး Ta-Lo Realm ရဲ့ကာကွယ်စောင့်ရှောက်သူတစ်ယောက်ပဲဖြစ်ပါတယ်။

Comic ထဲတွင်မူ Shang-Chiရဲ့အမေဖြစ်သူကဟာJiang Li ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

Comic ထဲမှ Shang-Chi ရဲ့အမေရဲ့ Storyဟာတော့ MCU နဲ့ဘာမှမဆိုင်တာပါ။ Ta Lo ကလည်းမဟုတ်သလို Earth ကလည်းမဟုတ်ပါဘူး။ သူမကို ယောကျာ်းဖြစ်သူ Fumanchu က marvel ရဲ့ ရန်အများဆုံး dimensionဖြစ်တဲ့ Negative Zoneကိုပို့ခဲ့တာပါ။

Shang-Chiရဲ့အမေဟာ နှစ်ပေါင်းများစွာ Negative Zone မှာပိတ်မိခဲ့ပြီး Negative Zone မှာရှိတဲ့ အကောင်တွေရဲ့ရန်က‌နေအသက်ကိုရှင်အောင်မွေးပြီးနေခဲ့ရတာပါ။
ထို့နောက်သူမဟာ တခြား Dimensionတစ်ခုကနေလာတဲ့သူဖြစ်ပါတယ်။အတိအကျ‌တော့မသိရသေးပါဘူး။

ဒီတော့ MCU နဲ့ marvel comics ကတော့ အပြောင်းအလဲတွေအများကြီးပါပဲ။

Kung Fu Hustle Poster

ဒါကတော့ Shang-Chiရဲ့အခန်းထဲမှာတွေ့မြင်ရတဲ့ Kung Fu Hustle Posterလေးပဲဖြစ်ပါတယ်။
ဟောင်ကောင်မင်းသားကြီး စတီဗင်ချောင်ရဲ့နာမည်ကြီး action/comedy ကားဖြစ်တဲ့ Kung Fu Hustle ကိုတော့လူတိုင်းကြည့်ဖူးကြမှာပါ။

Shang-Chi ရဲ့အခန်းထဲမှာတော့ Kung Fu Hustleရဲ့ Official Poster ကို‌ကပ်ထားတာတွေ့မြင်ရမှာပါ။

Fan Boi ..

The Warriors Poster

Shang-Chiအခန်းထဲမှာကပ်ထားတဲ့ နောက်ထပ် Poster တစ်ခုကတော့ The Warriors ရုပ်ရှင်ဇာတ်ကားရဲ့ Poster ပဲဖြစ်ပါတယ်။

The Warriors ဇာတ်ကားဟာ 1979ခုနှစ်မှာထွက်ရှိခဲ့တဲ့နာမည်ကြီး gang အဖွဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ဇာတ်ကားရဲ့ အောင်မြင်မှုအရှိန်နဲ့ Sony ရဲ့ Play Station 2 မှာလည်း video game ထွက်ရှိခဲ့ပြီး နာမည်ကြီးခဲ့ပါသေးတယ်။

Ps2 gameသမားတွေရင်းနှီးတဲ့ဂိမ်းပါပဲ။

Jackie Chan ရဲ့ Fight Sceneများနှင့်ဆင်တူနေခြင်း

Shang-Chi Director Destin Daniel Cretton ဟာ Shang-Chi Movie ရဲ့ action-packed တွေဟာ Jackie Chan Movie တွေကို inspired လုပ်ထားတယ်ဆိုတာကိုပြောကြားထားပြီးသားပါပဲ။
သေသေချာချာကွက်ကွက်ကွင်းကွင်း တွေ့မြင်ခဲ့ရတဲ့ inspired လုပ်ထားတဲ့ ချကွက်ကတော့ လက်နက်အနေနဲ့ အဝတ်အစားကိုအသုံးချသွားတဲ့ Bus ပေါ်က ချခန်းပါပဲ။

ဒီချခန်းဟာ Jackie Chanရဲ့ Rumble in the Bronx ဇာတ်ကားထဲက momentတွေကိုယူထားတာဖြစ်ပါတယ်။

ဒီလိုချတတ်အောင်လည်း Stunt Team ကို legendsတွေနဲ့အနီးကပ်အတူရှိပြီး experience ပြည့်ဝနေတဲ့ Andy Cheng နှင့် Brad Allan တို့ကိုခေါ်ယူသုံးပြီး Shang-Chiမင်းသားကို လပေါင်းများစွာ‌လေ့ကျင့်ပြီး ဂျက်ကီချမ်းရဲ့ ချကွက်တွေကို Inspiredယူခဲ့ပါတယ်။

Rush Hour 2 ကို အခြေခံထားတဲ့ Fight Scene

Andy Cheng နှင့် Brad Allan တို့ဟာလည်း Jackie Chan ရဲ့နာမည်ကြီး Action Movieတစ်ခုဖြစ်တဲ့ Rush Hour မှာ Stunt ပါခဲ့တဲ့သူတွေဖြစ်ပါတယ်။

ဒီတော့ Shang-Chi မှာလည်း Stunt အနေနှင့် ပါဝင်Train ပေးတဲ့သူတွေဖြစ်သည့်အလျှောက် Shang-Chiဇာတ်ကားတွင် Rush Hour 2 ထဲကလို တိုက်မှာကပ်ထားတဲ့တိုင်‌တွေပေါ်မှာချတဲ့ အခန်းကို inspiredလုပ်ထားပါတယ်။
ချခန်းတွေကို ပိုမိုအထာကျ လှပအောင် တစ်ဖန် Modifiedလုပ်ထားခဲ့ပါတယ်။

တကယ် Jackie Chanနဲ့တွဲလုပ်ခဲ့တဲ့ လူတွေဆိုတဲ့အတိုင်း Action ခန်းကိုအထာကျကျဖန်တီးနိုင်ကြပါတယ်။

Comic Accurateပိုဖြစ်လာတဲ့ Abomination

Incredible Hulk movie မှာပါပြီးကတည်းကပျောက်သွားတဲ့ Hulk ရဲ့ရန်သူတော်ကြီး Abominationကို Shang-Chi ထဲမှာထပ်မံ‌တွေ့မြင်ရပါတော့တယ်။ မကာအို ရဲ့ သတ်ပွဲထဲမှာ Wong နဲ့ကြိတ်နေတာကိုတွေ့မြင်ရမှာပါ။
Abominationကြီးဟာ ပိုပြီး comic accurateဖြစ်လာတာကိုပါတွေ့မြင်ရပါတယ်။

နားရွက်တွေ body ဖွဲ့စည်းပုံတွေဟာ comic verisonနဲ့ဆင်တူဖြစ်လာပါတယ်။

Xu Wenwu ပြောတဲ့ ‘Master Khan’

Xu Wenwuဟာ ညစာစားတဲ့အခန်းမှာ သူ့ကိုနာမည်အမျိုးမျိုးခေါ်တဲ့အထဲမှာမှ ‘Master Khan’ လို့ပြောသွားတာကိုတွေ့မြင်ရမှာပါ။

Master Khan ဆိုတာ ဒီတိုင်းခေါ်လိုက်တာမျိုးမဟုတ်ပါဘူး။
Marvel Comic ထဲမှာ Shang-Chiရဲ့အဖေ Fu Manchuဟာ legendary စစ်ဘုရင်ကြီး Genghis Khanရဲ့ Direct Bloodline ဖြစ်ပါတယ်။
Khan မျိုးနွယ်ဖြစ်တာကြောင့် Fumanchuကို Master Khan လို့ခေါ်ကြပါတယ်။
The most Dangerous Man on earth ဆိုတာလည်း သူ့ကိုပဲပြောတာပါ။

ဒါကြောင့် Shang-Chiဟာလည်း မွန်ဂိုစစ်ဘုရင်ကြီး Genghis Khanရဲ့ သွေးသားစစ်စစ်ဖြစ်ခဲ့ပါတယ်။
Marvel Universeမှာတော့ စစ်ဘုရင်ကြီး Genghis Khanဟာ ထိုခေတ်က Iron Fist တစ်ကြောင့်လက်ချက်ကြောင့်သေဆုံးခဲ့ရပါတယ်။

MCU ရဲ့ Mandarinဟာ လက်စွပ်တွေကြောင့်သာ mandarinဖြစ်နေပေမဲ့ ဇာတ်ကြောရိုးတစ်ခုလုံးက Fumanchuပါပဲ။

MCU မှာလည်း Master Khanကိုသုံးထားတဲ့အတွက် Genghis Khanရဲ့မျိုးဆက်အစစ်အမှန်ပဲလားဆိုတာပါပဲ။

Kung Fu Hustlee ထဲမှ Landlord

Kung Fu Hustleဇာတ်ကားထဲမှ Landlord Role ကိုသရုပ်ဆောင်တဲ့မင်းသားကြီး Yuen Wah ဟာလည်း Ta-Lo ရဲ့ ကာကွယ်သူတစ်ဦးအနေနဲ့ပြနိလည်ပါဝင်လာခဲ့ပါတယ်။ Master Guang Bo Role ပဲဖြစ်ပါတယ်။
တည်လွန်းတော့ မှတ်တောင်မမှတ်မိဘူးအစက xD

Dweller-in-darkness And Soul-Eaters

Soul-Eaters Species တွေကိုတော့ Marvel Comics ထဲတွင် Sixth Dimension မှာတွေ့မြင်ရတဲ့ Creatures တွေပဲရှိပါတယ်။

MCU မှာတော့ Ta Lo ရဲ့တစ်ဖက်ခြမ်းက Dark Dimensionမှာ နေတဲ့ အကောင်တွေပဲဖြစ်ပါတယ်။ Dweller-in-darkness ကတော့ mega soul eater ကြီးဖြစ်ပြီး Soul-Eaters တွေရဲ့ Leaderပါ။

Comic နဲ့ MCU ကွဲပြားချက်ကတော့ soul-eater တွေရဲ့ body ဖွဲ့စည်းပုံမတူပါဘူး။ Comic Soul-Eaters များဟာ Humanoid Speciesဖြစ်ပြီး Shang-Chi Movieမှာတော့ bird-like Creatures ဖြစ်ပါတယ်။

လက်စွပ်တွေကဘယ်သူ့ကိုအချက်ပြနေတာလဲ?

ကဲ Credit Scene လေးကိုတစ်ချက်ရှင်းကြည့်ပါမယ်။ Shang-Chiတို့စကားပြောနေချိန်မှာ Wong ကလာခေါ်ပြီး လက်စွပ်တွေကိုမေးမြန်းခဲ့ပါတယ်။
Captain Marvel , Brue Banner နှင့်အတူပေါ့။
သူတို့ပြောပုံအရရင်ဆိုရင် Ten Rings ရဲ့သက်တမ်းဟာ အတော်ကိုကြာနေပါပြီ။ ဒီ Galaxy မှာရှိတဲ့ Metal မျိုးလည်းမဟုတ်ပါဘူး။

ဒါဆို Tem Rings က ဘယ်လိုဟာမျိုးလဲ? သူ့ သတင်းပေးနေတဲ့ သူကရောဘယ်သူဖြစ်မလဲ?

တွေးကြည့်မယ်ဆိုရင် Ten Rings ဟာ နောက်ထပ် Galaxy တစ်ခုက စစ်ဘုရင်တစ်ယောက်ပိုင်တဲ့ လက်စွပ်တွေပါ။ ထိုစစ်ဘုရင်ကြီးက လက်စွပ်တွေကို အသုံးချပြီး များစွာသော alien race တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့ပါတယ်။

သူကတော့ Makluans Overlordကြီးပဲဖြစ်ပါတယ်။ Makluans ဆိုတာကတော့ alien race တစ်ခုဖြစ်ပြီး space dragon တွေပဲဖြစ်ပါတယ်။

Galaxyရဲ့ ကြမ်းတမ်းပြီး စွမ်းအားကြီးတဲ့နဂါးမျိုးနွယ်စုတွေပါ။

Marvel Comics ထဲမှာ Ten Rings ကို Makluans Rings လို့ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ Ten Rings ရဲ့ မူရင်း owner ဟာ Makluan မျိုးနွယ်ဝင် ဖြစ်လို့ပါပဲ။

MCU အနေနဲ့ Makluans Rings တွေကိုမတူညီတဲ့ပုံစံနဲ့ချပြထားပြီး လက်စွပ်တွေရဲ့စွမ်းအားကိုတောင်သေချာမပြသေးတာဖြစ်လို့ Ten Rings ကအချက်ပြနေတဲ့ သူကိုလည်း မတူညီတဲ့ ပုံစံနဲ့ချပြပါလိမ့်မယ်။

MCU ထဲမှာတည်ရှိပြီးသား Characterထဲကတစ်‌ယောက်လား MCU ထဲမှာ ထပ်မံပါဝင်မည့်သူလားဆိုတာ တွေးစရာပါပဲ။ လက်စွပ်ကအချက်ပြနေတာကရော ဘယ် Galaxy မှာတည်ရှိနေမလဲဆိုတာ မေးခွန်းတွေအများကြီးမေးစရာဖြစ်လာပါတယ်။

အပေါ်မှာ ကျနော်ပြောခဲ့သလိုပဲ။လက်စွပ်တွေအချက်ပြနေတာက လက်စွပ်ပိုင်ရှင်တစ်ယောက်မဟုတ်ရင် နောက်ထပ် လက်စွပ်စွမ်းအားကို လုယူမဲ့ စစ်ဘုရင် မဟုတ် စွမ်းအားရှင်တစ်ယောက်လားဆိုတာပါပဲခင်ဗျာ။

အဆုံးထိဖတ်ရှုပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါကတော့ Shang-Chi and the legend of ten rings ရဲ့ MCU verison vs Comic Verison နှင့် detail အချို့ပဲဖြစ်ပါတယ်ခင်ဗျာ။

ZEUS follower များအနေနဲ့ ထပ်သိချင်မရှင်းတာတွေများရှိသေးရင် comment sectionမှာထပ်မံမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Thanks For Reading Guys .

#skullmask #ZEUS

 

Leave a Reply

Your email address will not be published.