Categories
Character Info Comic fact Marvel

Moon Knight အကြောင်း

ရှေ့လထဲပြုလုပ်ခဲ့တဲ့ Disney+ day မှာ Moon Knight Series Teaser ကိုချပြခဲ့ပါတယ်။ Moon Knight ဟာ Disney+ ကနေ 6 ပိုင်းစာ mini series အနေနဲ့ 2022 အတွင်းလာမှာဖြစ်ပြီး release date အတိအကျကိုတော့ မသိရသေးပါဘူး။

အခုမှာတော့ Moon Knight ရဲ့ Comic ထဲက အကြောင်းအရာတွေကို အပြည့်အစုံဖော်ပြပေးလိုက်ပါတယ်။

Moon Knight (Earth-616)

Moon Knight ကို Doug Moench နှင့် Don Perlin တို့ကဖန်တီးခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအနေနှင့် werewolf by night#32(may,1975) ခုနှစ်တွင်ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

Moon Knight ကို တော်တော်များများက Marvel ရဲ့ Batman လို့ပြောကြပေမဲ့တကယ်တမ်းကျ ဘယ်နေရာမှမတူပါဘူး။ Marvel မှာ Batman Rip off Hero တွေအများအပြားရှိပေမဲ့ Moon Knightကတော့ Batman နဲ့မတူသလို Rip Off လည်းမဟုတ်ပါဘူး။ သူ့ရဲ့ physical appearanceအရလည်း တူညီမှုတွေမရှိပါဘူး။

ပြောရရင် batman နဲ့ဆန့်ကျင့်ဖက်တွေချည်း ဖန်တီးထားတဲ့ Knightတစ်ကောင်ပါပဲ။ Dare Devilကသာ Batman နှင့် တူသည့် sueprhero တစ်ယောက်ဖြစ်ပါတယ်။

Moon Knight ကတော့ မဟုတ်ပါဘူး။ ဘာ‌လို့မဟုတ်တာလဲဆိုတဲ့အကြောင်းတွေကိုအောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Origin Of Moon Knight

Moon Knightရဲ့နာမည်အရင်းဟာ Marc Spectorဖြစ်ပါတယ်။
Marc Spector ရဲ့ Story ကို First Appearance မှာဖော်ပြတာမျိုးမဟုတ်ပဲ နောက်ပိုင်း comic တွေမှသာ flashback story ကို Reveled လုပ်ခဲ့တာဖြစ်ပါတယ်။

Marc Spectorရဲ့ငယ်ဘဝဘဝမှာ မိဘနှင့်ပက်သက်လို့ Traumaများစွာရှိပေမဲ့လည်း အသက်အရွယ်ရလာတဲ့အခါမှာ U.S စစ်တပ်ထဲကိုဝင်ခဲ့ပါတယ်။U.S army ကိုမဝင်ခင်မှာလည်း Boxing တက်ထိုးခဲ့ပါသေးတယ်။

ဂုဏ်ထူး ဘွဲ့ထူးတွေ ထူးချွန်စုတွေ များစွာရရှိခဲ့ပြီး mercenary soldier တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အီရတ်မှာ စစ်သားတစ်ယောက်အနေနဲ့ (၇)နှစ်ထမ်းဆောင်ပြီး တိုက်ပွဲများစွာတိုက်ခိုက်ခဲ့ပါတယ်။မိတ်ဆွေတွေ တိုက်ဖော်တိုက်ဖက်ဘော်ဒါတွေဆုံးရှုံးနေရတဲ့ စိတ်ဒဏ်ရာကြောင့် Marineဘဝမှ နုတ်ထွက်ပြီး C.I.A အခြေပြုစခန်းများတွင် နယ်လှည့်ပြီးတော့ တာဝန်သစ်များထမ်းဆောင်ခဲ့ပါတယ်။

တစ်‌နေ့တွင် Missionတစ်ခုနှင့် Marc Spector , Raul Bushman (Marc Spector ကဲ့သို့ mercenary soldierတစ်ယောက်) ရယ် Peter Alraure ဆိုသည့် archeologist တစ်ဦးနှင့် သမီးဖြစ်သူ Marlene တို့ဟာEgypt Sudan ဒေသမြောက်ဖက်ကို ခရီးထွက်ခဲ့ပါတယ်။

C.I.A side missionအနေနှင့် ထွက်ခဲ့ကြတာဖြစ်ပါတယ်။ရှေးဟောင်း tomb တစ်ခုကို သုသေတနလုပ်ဖို့အကြောင်းအရင်းခံပြီးလာကြတာပါ။မထင်မှတ်ထားပဲ Raul Bushmanရဲ့ Betrayed လုပ်မှုကြောင့် Peter Alraure ဟာ သေဆုံးခဲ့ပါတယ်။ Marc Spectorကိုလည်း သဲပြင်ပူပူထဲတွင်တစ်ယောက်တည်းပစ်ထားခဲ့ပတယ်။ Marc Spectorဟာ ‌အပူချိန်မြင့်တဲ့ သဲပူတွေကြောင့်ပဲ အကူညီမရခင်မှာ သေဆုံးခဲ့ပါတယ်။

Peter Alraureရဲ့သမီးဖြစ်သူ Marlene နှင့် သူမ၏အဖွဲ့သားတွေဟာ Marc Spectorကို ဂူဟောင်းတစ်ခုထဲသို့ခေါ်ဆောင်ခဲ့ပါတယ်။

Moon God Khonshu ရဲ့ရုပ်ထုအနီးအနားမှာချထားချိန်မှာ မထင်မှတ်ထားပဲ Marc Spector ဟာ တစ်ဖန်ပြန်လည်အသက်ရှင်လာခဲ့ပါတယ်။ တခြားသူတွေပါအံ့ဩသင့်သွားစေခဲ့ပါတယ်။

Marc Spectorဟာ အသက်ပြန်ရှင်လာချိန်မှာ သူ့ကို Khonshuမှ အသက်ပြန်သွင်းလာကြောင်းကို အရိပ်အမွက်ပြောကြားခဲ့ပါသေးတယ်။Marc Spectorဟာအသက်ပြန်ရှင်ခွင့်ရမယ်ဆိုရင် Khonshu ခိုင်းစေသမျှ ဆောင်ရွက်ဖို့ကိုအပေးအယူလုပ်ခဲ့ပါတယ်။

ထို့နောက်မှာတော့ Marc Spector ဟာ သူတို့ကို Betray လုပ်သွားတဲ့ Bushmanနောက်ကိုလိုက်ပါတော့တယ်။
ဒါပေမဲ့လည်း Bushmanကိုမမိခဲ့ပဲ Bushman ရဲ့ နောက်လိုက်များကိုသာ တိုက်ခိုက်ခဲ့ပါတယ်။ Bushmanကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

အဲ့အချိန်မှစပြီး Moon Knightဖြစ်လာပြီး ကိုယ်ပိုင်suit , weaponများ accessoriesများနှင့် အသုံးလိုသည့်အရာများကို ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် Moon Knightဟာ Identity(၃)မျိုးထားပြီး crime case တွေ scoutingပြုလုပ်ဖို့လုပ်ခဲ့ပါတယ်။ Marc Spector ဆိုတဲ့ Moon Knight , Steven Grant ဆိုတဲ့ financier ,ထို့နောက်Jake Lockley ဆိုတဲ့ Cab Driver ဆိုပြီး Persona သုံးမျိုးထားထားပါတယ်။ ground information တွေစုံစမ်းပြီး crime တွေကို စတင် စုံစမ်းခဲ့ပါတယ်။ဒီလိုနဲ့ပဲ Marc Spector ဟာ Moon Knightစတင်ဖြစ်လာတော့တာပါပဲ။

Moon Knight ပထမ‌ဆုံးရင်ဆိုင်ခဲ့သူ Werewolf By Night

Moon Knight ရဲ့ပထမဆုံးဆောင်ရွက်ရမဲ့ Mission မှာ ပထမဆုံးရင်ဆိုင်တွေ့ခဲ့ရတဲ့ သူကတော့ Darkhold ကြောင့် generationအလိုက် ကျိန်စာသင့်နေသူ werewolf by night (Jack Russell) ဖြစ်ပါတယ်။

Werewolf Cursedကြောင့် werewolf Abilitiyတွေပိုင်ဆိုင်ထားသူဖြစ်ပြီး werewolfပြောင်းချိန်မှာ အသိစိတ်ကင်းမဲ့ပြီး inner mind သာရှိတဲ့ monster တစ်‌ယောက်ပါ။

Moon Knight ကို Committee ဆိုတဲ့ အဖွဲ့အစည်းက werewolf by night ကိုဖမ်းဖို့ငှားရမ်းခဲ့တာဖြစ်ပါတယ်။
Committee ဆိုတာကတော့ Marvel ရဲ့ Secret Organizationတစ်ခုဖြစ်ပြီး businessesအကြီးအကဲတွေ ထိပ်သီးသူတစ်ချို့ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
Moon Knightဟာလည်း Committeeရဲ့စေခိုင်းမှုနှင့်အတူ werewolf by night ကိုသွားရောက်ရှာဖွေဖမ်းစီးပါတယ်။ Werewolf By Night ကိုဖမ်းမိမယ်ဆိုရင် US dollar 10,000 offer လုပ်ထားလို့ဖြစ်ပါတယ်။

First Battleအနေနှင့်မလွယ်ခဲ့ပါဘူး။ werewolf by nightဟာလည်း moon Knightကညရောက်မှလာရောက်ဖမ်းဆီးဖို့ကြိုစားတဲ့အတွက်ကြောင့် သူ့ဖက်တွင်လည်း အင်အားရှိနေခဲ့ပါတယ်။

Moon Knightကလည်း‌ခေသူမဟုတ်တာကြောင့် werewolfတွေရဲ့ weakness အနေနှင့် armor မှာ silver မှာတပ်ဆင်ပြီး Werewolf By Nightကိုသမဖို့ silver cesti တွေ လက်မှာတပ်ဆင်ပြီးထိုးပြီးဖမ်းဆောင်သွားပါတယ်။

Werewolf By Nightကိုဖမ်းပြီးနောက်မှာပဲ Moon Knightဟာ Committeeရဲ့ ယုတ်မာတဲ့အကြံကိုသိလိုက်ရပါတယ်။ အဲ့တာကတော့ Jack Russellကိုဖမ်းပြီးနောက်မှာ သူမရဲ့ညီမဖြစ်သူ Lissa Russellကိုပါ Werewolfအဖြစ်ပြောင်းပြီး သူတို့ရဲ့ living weaponအဖြစ်အသုံးချဖို့ပါပဲ။

Moon Knightဟာလည်းသိသိချင်းမှာပဲ Werewolf By Night ကိုလွှတ်ပေးပြီး Committeeကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ထို့နောက်မှာတော့ Werewolf By Nightဟာလည်း Moon Knightအကူအညီနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ဒီcomicဟာ Moon Knightကိုပထမဆုံးအနေနဲ့ ပွဲထုတ်ခဲ့တဲ့ comic issue ပဲဖြစ်ပါတယ်။

Werewolf By Night#32(may,1975)

Spider-Man နှင့်တွေ့ဆုံပြီး Team Up ခဲ့ခြင်း

The Spectacular Spider-man Comic (1976) issue#22 တွင် Moon Knightနှင့် Spider-Manတို့ပထမဆုံအကြိမ်တွေ့ဆုံခဲ့ပါတယ်။

Moon Knight ဟာလည်း New York မြို့ထဲတွင် gang တွေကိုလိုက်လံရှင်းလင်းနေခဲ့ပါတယ်။ထိုအချိန်တုန်းက Moon Knightကို လူမိုက်အဖွဲ့အစည်းတွေ underground gangတွေကလွဲပြီး superheroတော်တော်များများများမသိပါဘူး။ The Defenders (first defends team)တွင်ပါဝင်ပြီးHellcat , Hulk နှင့်အခြား sueprhero များကတော့သိရှိခဲ့ပါတယ်။ New York မှာရှိတဲ့ streetပေါ်မှာ လူဆိုးထိန်းနေတဲ့ heroတွေကတော့ Moon Knightကကိုသိပ်မသိကြပါဘူး။

Spidey လည်း Moon Knightကိုမသိတဲ့ hero တွေထဲကတစ်ယောက်ပါ။အဲ့နောက်မှာ Moon Knight ဟာ Spidey လိုက်နေတဲ့ ဓားပြတွေနောက်ကိုသူပါလိုက်ရင်း သူတို့နှစ်ယောက် တွေ့ကြပါတယ်။

ဓားပြတစ်ယောက်ကို moon Knightကသေအောင်ထိုးနေတာပါ။အဲ့တာကို Spideyကလာတားတဲ့အခါမှာတော့ သူတို့နှစ်ယောက်ချကြပါတော့တယ်။ Spdieyက Moon Knightကိုတားနေပေမဲ့လည်း Moon Knightကတော့ ရေလည်ပြန်ကြိတ်တာပါ။

မထင်မှတ်ထားပဲ third personက battle ထဲကိုဝင်ရောက်လာခဲ့ပါတယ်။ spideyရဲ့ super villainဖြစ်တဲ့ Cycloneပဲဖြစ်ပါတယ်။

Cyclone ဟာ Spider-Manရဲ့ Super Villainတစ်ယောက်ဖြစ်ပြီး Abilitiyအနေနှင့် လေကိုထိန်းချုပ်ပြီး မုန်တိုင်းငယ်များဖန်တီးပြီး တိုက်ခိုက်နိုင်ပါတယ်။

Cyclone ဟာ Moon Knightနှင့် Spideyတို့နှစ်ယောက်လုံးကိုတိုက်ခိုက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။
အဲ့နောက်မှာတော့ Moon Knightနှင့် Spideyတို့ဟာ တစ်ဖွဲ့တည်းဖြစ်လာပြီး Cyclone နောက်ကိုလိုက်ပါတော့တယ်။ Cycloneဟာလည်း Undergroundအဖွဲ့အစည်းတစ်ခု နဲ့ချိတ်ဆက်အလုပ်လုပ်နေတာပါ။

Moon Knightနှင့် Spidey တို့ဟာလည်းလိုက်လာပြီး ထိုအဖွဲ့ရော Cycloneကိုရော နှိမ်နင်းဖမ်းဆီးခဲ့ပါတယ်။

ဒါကတော့ Moon Knightနှင့် Spider-manတို့ပထမဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအနေနှင့် Team Up လုပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

Moon Knight Vs Midnight Man

Midnight Man ရဲ့နာမည်အရင်းကတော့ Anton Mogart ပဲဖြစ်ပါတယ်။

Midnight Man လို့ခေါ်ရတဲ့အကြောင်းအရင်းက ညလယ်ရောက်မှ လှုပ်ရှားတတ်သူမလို့ဖြစ်ပါတယ်။
ညလယ်ရောက်မှဘာတွေလုပ်သလဲဆိုတော့ Jewel တွေကိုခိုးယူတာပါ။

ခိုးယူရတဲ့အကြောင်းအရင်းကလည်းငွေရေးကြေးရေးကြောင့်မဟုတ်ပဲ သူ့ရဲ့ collector တစ်ယောက်အနေနဲ့ Collectionထဲမှာထည့်တာပါ။

Midnight Man ဟာ ဒီလို ခိုးယူမှုတွေကြောင့် နာမည်ကြီးလာတဲ့အခါမှာ Moon Knightဟာ midnight Man ကို စတင် trackingလုပ်ပါတော့တယ်။

မထင်မှတ်ထားပဲ party တစ်ခုမှာပဲ Anton Mogartနဲ့တွေ့ပြီး ဒီ party ကိုပစ်ပြီး ပိုပြီးမိုက်မဲ့ party ကိုလာဖို့ challengeလုပ်ခဲ့ပါတယ်။ထို့နောက်မှာ Moon Knightဟာလည်း Anton Mogartနေထိုင်တဲ့ New Jerseyကိုသွားခဲ့ပါတယ်။

Moon Knightရောက်ရောက်ချင်းမှာတင်ထောင်ချောက်တွေနဲ့တိုက်ခိုက်ပါတယ်။ moon Knightက စိန်ခေါ်တဲ့အကြောင်းအရင်းကိုမေးတဲ့အခါမှာတော့ Midnight Manဟာ တကယ်လို့ မင်းကိုငါမရှင်းထားရင် မင်းကငါ့ကို တစ်ချိန်ချိန်မှာ သတ်မှာပဲဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

Midnight Man ဟာလည်း Martial Art Specialistဖြစ်တဲ့အတွက်ကြောင့် Moon Knightတောင်သိပ်မနိုင်ခဲ့ပါဘူး။ Midnight Man မှ Moon Knightကိုသတ်တော့မည့်အချိန်မှာ moon Knight chapter ရဲ့ Girlfriend ဖြစ်သူ Marlene Alraure မှ Midnight Man ကိုသေနတ်နှင့်ပစ်လိုက်တဲ့အခါမှာ Might Man ဟာ အဆောက်အဦးအပေါ်ထပ်မှပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။

Moon Knightဟာလည်း Midnight Man Collect ထားတဲ့ တန်ဖိုးကြီးအရာအကုန်လုံးကို ပြတိုက်မှာလှူပြီး Donated By Marc Spector ဆိုပြီးနာမည်တပ်လိုက်ပါတော့တယ်။
(ရင်နာစရာ :3)

Midnight Man ဟာမသေပဲအသက်ရှင်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ရဲ့ collectionအကုန်လုံးကို Moon Knightကအကုန်လှူ‌ပစ်တော့ Moon knightကိုရေလည်တင်းနေတာပါ။

အဲ့တာကြောင့် Moon Knightတန်ဖိုးထားတဲ့ Statue Of Khonshu ရုပ်ထုကြီးကိုခိုးယူပြီး Moon Knight နဲ့တွေ့တဲ့အခါမှာဖျက်စီးပြလိုက်ပါတယ်။

Khonshuရုပ်ကြီးပျက်စီးသွားတာကိုမြင်လိုက်ရတဲ့ Moon Knightအဖို့အားအင်တွေလျော့သွားသလို အားနည်းလာသလိုတွေခံစားလာရပါတယ်။

Midnight Man ဟာ Moon Knightရဲ့ရန်သူတော်ဟောင်းဖြစ်တဲ့ Bushmanကို Prisonမှတစ်ဖန်ကယ်ထုတ်ပြီး Moon Knightကိုချခိုင်းခဲ့ပါတယ်။ Moon Knight တို့တိုက်ပွဲဟာရှည်ကြာခဲ့ပေမဲ့လည်း ရေမြောင်းထဲမှာချကြတော့ ရေကြီးပြီးလူစုကွဲခဲ့ပါတယ်။ Moon Knight ဟာ Khonshuရဲ့ ရုပ်ထုကြီးခွဲခံထားရတာမြင်တော့ depression ဝင်ပြီး စိတ်ဝိုင်းဆိုင်ရာစတင်ပျက်စီးလာခဲ့ပါတယ်။

သူ့ရဲ့မိတ်ဆွေတွေဟာ Moon Knightကိုလိုက်ရှာကြပေမဲ့မတွေ့ပဲတွင်းတစ်ခုထဲမှာ ကြောက်ရွံ‌စွာနေထိုင်နေတာကို အချိန်အတော်အတန်ကြာမှတွေ့ခဲ့ကြပါတယ်။

Moon Knightရဲ့ကောင်မလေးဖြစ်သူက တကယ့်ရုပ်ထုအစစ်ဟာရှိနေတုန်းဖြစ်ပြီး Midnight Man ခွဲလိုက်တာအတုဖြစ်ကြောင်းကိုသိလိုက်ရတဲ့အခါမှာတော့ Marc Spector ဟာတစ်ဖန်ပြန်လည် အားအင်တွေမွေးဖွားလာပြီး ပြန်လည်ပြီး hero ဘဝကိုရောက်ရှိခဲ့ပါတယ်။

Midnight Man ဟာ challengeတစ်ခုကိုသူမသေခင်မှာ Moon Knightကိုစိန်ခေါ်ပါတယ်။ နောက်ဆုံးအနေနဲ့သတ်ဖြတ်တိုက်ခိုက်ဖို့ပါ။ အကျိုးဆက်ကတော့ midnight Manသေဆုံးခဲ့ပါတယ်။

Midnight Manမရှိတဲ့နောက်မှာတော့ သူ့ရဲ့သားဖြစ်သူ Jeffrey Wilde ဟာ သူ့အဖေမှာခဲ့သည့်အတိုင်း လူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပြီး ဒုတိယ‌မြောက် midnight Man ဖြစ်လာခဲ့ပါတယ်။

Moon Knight လိုပဲ crime fighting hero ဖြစ်ဖို့ကြိုးစားခဲ့တာပါ။Moon Knightနဲ့အတူလည်း Team Up များစွာလုပ်ပြီး လူဆိုးတွေကိုနှိမ်နင်းခဲ့ပါတယ်။

Moon Knight Vs Shadow Knight

Shadow Knightကတော့ Moon Knight နဲ့ညီအကိုဖြစ်ပါတယ်။
နာမည်အရင်းကတော့ Randall Spectorဖြစ်ပါတယ်။
သူဟာလည်း Marc Spectorလိုပဲ Mercenary soldierတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ညီအကိုချင်းချင်းကို Betray လုပ်ခဲ့တာမလို့ Moon Knightနဲ့ လမ်းကွဲခဲ့ပါတယ်။
Hatchet-Man ဆိုတဲ့ Villainဘဝကိုရောက်ရှိခဲ့ပြီး Villainတစ်ယောက်လုပ်ခဲ့ပါတယ်။

ထို့နောက်မှာတော့ Cult Of Khonshuဆိုတဲ့ အဖွဲ့အစည်းကိုဦးဆောင်ပြီး သူဟာလည်း Moon Knightလိုမျိုးပဲ Khonshu ဆီမှ စွမ်းအားများရရှိခဲ့ပါတယ်။

Shadow KnightကိုMoon Knightနှင့် Punisherတို့ Duo team up လုပ်ပြီး နှိမ်နင်းယူခဲ့ရပါတယ်။
PUNISHER ပင် အံ့ဩမှင်သက်ရလောက်အောင် madness နဲ့ Strengthဟာမြင့်လွန်းနေတဲ့ သူပါပဲ။
ထို့နောက်မှာတော့ အနိုင်ယူနိုင်ခဲ့ပါတယ်။

Moon Knight (Shadow Land) final issue မှာတော့ shadow Knightဟာ Moon Knightသတ်တာကိုခံလိုက်ရပါတယ်။

Serpent God ကြီးများကိုနှိမ်နင်းခဲ့ခြင်း

Marc Spectorရဲ့ Adventureထဲမှာ Elder Godတွေရဲ့တိုက်ပွဲတွေရှိခဲ့ပါတယ်။
Conan:The Serpent War Comic တွင် Marc Spectorဟာ ဆိုးရွားတဲ့အိမ်မက်တစ်ခုက အသိပေးနေတာကို တွေ့ခဲ့ရပါတယ်။ Khonshuဟာလည်း သူ့ရဲ့ Knightကိုကြုံတွေ့ရမဲ့အရာကိုပြင်ဆင်ထားဖို့သတိပေးခဲ့ပါတယ်။

Set ဆိုတဲ့ Serpent God ကြီးနဲ့ Wyrm ဆိုတဲ့ Elder God တို့ရဲ့ တိုက်ပွဲကြားကို Moon Knight ဟာရောက်ရှိသွားခဲ့ပါတယ်။

James Allisonဆိုတဲ့ သူဟာ အတိတ်ဘဝတွေနဲ့ အနာဂတ်ဘဝတွေကိုဆက်နွယ်နိုင်တဲ့သူတစ်ယောက်ပါ။သူဟာ Serpent God ကြီး Set နဲ့ သူ့ရဲ့ cult ကိုဖျက်စီးဖို့အတွက် Moon Knight ကို 21AD ကနေဆင့်ခေါ်ခဲ့ပါတယ်။ Moon Knightဟာ Solomon Kane ဆိုတဲ့ hero တစ်ယောက်နဲ့အတူ englandကို 1584AD ကိုရောက်ရှိလာခဲ့ပါတယ်။ Moon Knight ဟာ Khonshuလမ်းညွှန်မှုနဲ့ James Allison ရဲ့ body ကိုမြှုပ်ထားတဲ့နေရာကိုရောက်ရှိနေတာပါ။ထိုအချိန်မှာပဲ Set ရဲ့ Cult အဖွဲ့တွေက James Allison ရဲ့ body ကိုတူးယူနေတုန်းမှာ Moon Knightကို time travelစွမ်းအားတစ်ခုနဲ့ရောက်ရှိသွားခဲ့တာပါ။

Moon Knight တို့ဟာ Set ရဲ့ Cult တွေတခြားဆက်နွယ်နေတဲ့ အရာတွေကိုလိုက်လံနှိမ်နင်းနေတာပါ။ တစ်ဖက်မှာလည်း Dark Anges နှင့် Conan တို့ဟာလည်း Serpent God Set ရဲ့ Cult တွေကိုသတ်ဖြတ်နေရတာပါ။

Moon Knightဟာ Serpent God ကြီး ရဲ့ လည်ဆွဲကိုတပ်ဆင်လိုက်တဲ့အခါမှာ သူ့ရဲ့ soul ဟာ EgyptကိုConan နှင့်အတူရောက်ရှိပြီး Set နဲ့စတင်တိုက်ခိုက်ရပါတယ်။ ဒါပေမဲ့ Khonshuရဲ့စွမ်းအား‌တွေကြောင့် set ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။

ဒါနဲ့တင်မပြီးသေးပဲ Moon Knightနဲ့တခြားသူတွေဟာ Dark Dimensionက Elder God တစ်ယောက်ဖြစ်တဲ့ Wyrm ကိုထက်မံတိုက်ခိုက်ခဲ့ရပါတယ်။
တကယ်တော့ Wyrm ဟာ Main Targetဖြစ်ခဲ့ပေမဲ့ James Allisonက Set ကိုအရင်တိုက်ခိုက်ဖို့အတွက် plan ချလိုက်တာပါ။

Moon Knight ဟာ Moon God Khonshuဆီမှ silver power ကိုလက်ခံရရှိပြီး elder god Wyrm ကို အနိုင်ယူခဲ့ပါတယ်။

Wyrm ကိုအနိုင်ယူပြီးနောက်မှာ Moon Knightနှင့် Conan တို့ဟာလည်း သူတို့ရဲ့ နေရာအမှန် ခုနှစ်အမှန်ကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ Moon Knight ရဲ့ကိုယ်ထဲမှာ အရင်ကထက်မြင့်တဲ့စွမ်းအားသစ်‌တွေရှိ‌နေပါပြီ။

Moon Knights Vs Kang The Conquer

Kang The Conquer ကိုတော့လူတိုင်းရင်းနှီးနေကြလောက်ပါပြီ။ MCU ရဲ့ Loki Series တွင်လည်း Alternative Kang အဖြစ် He Who Remains အနေနဲ့ ပါဝင်ပြီး MCU ရဲ့ time bruch တွေဖြာထွက်အောင်ကြံစည်ခဲ့သူတစ်ယောက်‌ပေါ့။

Moon Knightနဲ့ Kang တို့ရဲ့တိုက်တွဲဟာ Avnegersတွေ Elder God တွေ powerful being တွေတောင်မပါပါဘူး။

ရာစုနှစ်အဆက်ဆက်က Moon God Khonshu ရဲ့အစွမ်းတွေကိုလက်ခံရရှိခဲ့တဲ့ Moon Knightတွေနဲ့ Kang ကိုရင်ဆိုင်ခဲ့ကြပါတယ်။

Kang The Conquer ဟာသူ့ကိုဆန့်ကျင်တဲ့သူတိုင်းကို အချိန်ရဲ့တည်ရှိမှုကနေဖျောက်ပစ်ခဲ့ပါတယ်။ time stream ကိုသူ့စိတ်တိုင်းကျတည်ဆောက်ဖို့လုပ်တာပါ။ avengersတွေရဲ့တည်ရှိမှုဟာလည်း အစအဆုံးအကုန်ပျောက်ဆုံးသွားပြီး လက်ရှိကာလမှာ Kang ဟာ Earth တစ်ခုလုံးကိုအုပ်စိုးပြီး လူတွေကိုသူ့ကိုကိုးကွယ်ခိုင်းပါတယ်။
ဒါတွေအပြင် Kang ဟာ Moon God Khonshuရဲ့ Totmens တွေကိုပါလုယူဖို့လုပ်ပါတယ်။
Totemsတွေက သုံးပိုင်းရှိပါတယ်။
Scarab
Ankh
Scepterဆိုတဲ့ (၃)ခုပါ။
တစ်ခုချင်းစီတိုင်းရဲ့စွမ်းအားတွေဟာ time and space ကို အပြည့်အဝထိန်းချုပ်နိုင်တဲ့ စွမ်းအားကြီးမားတဲ့ item တွေပဲဖြစ်ပါတယ်။Ankh ဆိုရင်အချိန်နဲ့ပက်သက်တဲ့ Limitless Knowledgeတွေပေးစွမ်းနိုင်ပါတယ်။

ဒီတော့ Kang ဟာ Egypt ရဲ့ 2500B.C. ကိုသွားပြီး Khonshuရဲ့ ဘု‌ရားကျောင်းကိုသွားရောက်တိုက်ခိုက်ပြီး Moon Priest စီမှာယူပြီးထွက်ပြေးသွားခဲ့ပါတယ်။

ထို့နောက် Time Stream ရဲ့အပြင်ဖက်မှာ Khonshuနဲ့တွေ့ဆုံခဲ့ပါတယ်။ Khonshuမှ Kang ကိုတွေ့ဆုံးပြီး သူ့အနေနဲ့ အချိန်ရဲ့အပြင်ဖက်ထိပါခရီးတွေသွားလာနိုင်တော့မယ်ဆိုပြီးပြောပါတယ်။

ဖြစ်ချင်တော့ Moon Priest ရဲ့ Blade ကို totemsတွေကို ထိထားလို့ TimeStream ပေါ်ကို အစိတ်အပိုင်း3ခုကွဲထွက်သွားပါတယ်။ TimeStream ထဲကို တစ်ပိုင်းစီကျသွားလို့ ဘယ် timelineမှာလည်းဆိုတာသေချာမသိပါဘူး။ Khonshuကလည်း မင်းဘယ်ရောက်ရောက် ငါ့ရဲ့ Moon Knightတွေကမင်းရှေ့မှာရပ်နေလိမ့်မယ်လို့ပြောခဲ့ပါတယ်။

ဒီတော့ Kang အနေနဲ့ Totemsတွေကိုရှာဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။

ပထမဆုံးအနေနဲ့Silver Gluch,Utahကိုသွားရောက်ပြီး Totemsတစ်ပိုင်းကိုယူဖို့ Kang သွားဟာသွားခဲ့ပါတယ်။ခုနှစ်ကတော့1874ခုနှစ်ဖြစ်ပါတယ်။

ထို timelineမှာ Moon Knightဟာ Cow Boy Verisonဖြစ်ပြီး Gunslinger Moon Knight လို့ခေါ်ပါတယ်။

Kang Timelineတွေမွှေထားလို့ Marc Spector/Moon Knightဟာလည်း Khonshuရဲ့စေလွှတ်မှုနဲ့ ထို ခုနှစ်ကိုရောက်သွားခဲ့ပါတယ်။

Moon Knight ဟာလည်း လက်ရှိကာလမှာ Kang ကြီးစိုးနေတာကြောင့် အံ့ဩနေခဲ့ရပါတယ်။ ဘာလို့ဆို Kang ဟာ Herosတွေမရှိတဲ့ လောကကြီးကိုကြီးစိုးနေတာမလို့ပါပဲ။ဒါပေမဲ့ Moon Knightရဲ့တည်ရှိမှုကိုတော့ Kang ကိုမဖျောက်ခဲ့ပါဘူး။ Moon Knight ဟာလည်းကြောင်စီစီနဲ့ နေထိုင်နေရတာပါ။

Khonshuရဲ့စေလွှတ်မှုကြောင့် 1874ခုနှစ်ကိုသွားခဲ့ပါတယ်။ Totems အပိုင်းတွေကိုပြန်လည်ယူဖို့ပါ။ Gunslinger Moon Knightကတော့ Kangရဲ့လက်ချက်နဲ့သေဆုံးခဲ့ပါတယ်။ Kang ဟာလည်းနောက်ထပ် AD တစ်ခုမှာ Totemsနောက်တစ်ပိုင်းရှာဖို့သွားခဲ့ပါတယ်။

1945ခုနှစ်ကို KhonshuမှMoon Knight ကိုခေါ်သွားပြီး Totems နောက်တစ်ပိုင်းကိုထိန်းသိမ်းဖို့
ခေါ်သွားပါတယ်။ထိုခုနှစ်မှာ‌တော့ Germany နှင့် Americanစစ်ဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ Totems ကို Germany ဖက်မှထိန်းသိမ်းထားပါတယ်။ ထိုခုနှစ်မှာရှိတဲ့ Moon Knight ကတော့ Victorian Moon Knightလို့ခေါ်ပါတယ်။ Moon Knight နှစ်ယောက်‌တွေ့ဆုံခဲ့ပြီး Kang The Conquer လာတဲ့အချိန်မှာပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။ Marc Spectorဟာ Totemsကို Kang ထက်အရင်ရပြီး timeline နောက်တစ်ခုကို Khonshuမှခေါ်သွားခဲ့ပါတယ်။

ခုနှစ်တိုင်းမှာ Kangရဲ့စစ်တပ်တွေရှိပါတယ်။ဒီလိုနဲ့ Moon Knightဟာ

Rome -300BCE. မှ Gladiator Moon Knightနှင့်လည်းကောင်း

Outside Boston -1776ခုနှစ်မှ Union Moon Knightနှင့်လည်းကောင်း

Chicago-1925ခုနှစ်မှ Gangster Moon Knight နှင့်လည်းကောင်း

North Atlantic-1710ခုနှစ်မှ Pirate Moon Knight နှင့်လည်းကောင်း

The Ruins of new York-2134ခုနှစ် မှ Patriot Moon Knight နှင့်လည်းကောင်း တစ်ယောက်ချင်းစီတိုင်းနဲ့ Team Up ပြီး Totem တစ်ခုကို Kang ရဲ့ရန်ကနေကာကွယ်ခဲ့ပါတယ်။

ဒါပေမဲ့ New York မှာ Moon Knightလည်း Kang ရဲ့ tech gun နဲ့ ချခံလိုက်ရပါတယ်။ Kang ဟာ Moon Knight ဆီမှ Totem တစ်ပိုင်းကိုယူပြီး Moon Knightနဲ့အတူ နောက်ဆုံးအပိုင်းကိုယူဖို့ ရောက်ပါတော့တယ်။

ဒီတစ်ခါတော့ နောက်ဆုံးအပိုင်းဟာ Mesopotamia မှာတည်ရှိနေပြီး ခုနှစ်ကတော့4000BCE. ဖြစ်ပါတယ်။

Totem နောက်ဆုံးတစ်ခုမှာ 4000BCE. မှ female moon Knightတစ်ခုကထိန်းသိမ်းထားပါတယ်။ Marc Spectorပြောကြားချက်အရ သူမဟာ Moon Knightတွေထဲအစောဆုံးဖြစ်ပါတယ်။

Kang ဟာလည်းရောက်ရှိလာပြီး Totemsကိုလုယူပါတော့တယ်။ Moon Knight ဟာ Female Moon Knightဆီမှ Totemsကိုအသုံးပြုကာ ခုနှစ်အဆက်ဆက်မှာရှိတဲ့ Moon Knight တွေကိုခေါ်ပြီး kangကိုသမခိုင်းပါတော့တယ်။
သူခေါ်ယူလိုက်တဲ့ Moon Knightတွေကတော့
Viking Moon Knight
Union Moon Knight
Victorian Moon Knight
Moon Priest
Pirate Moon Knightတို့ပဲဖြစ်ပါတယ်။

ဒီ Moon Knightတွေအကုန်လုံးဟာ Kang ကိုဝိုင်းသမကြတာပါ။ Moon Knightကပြောလိုက်ပါသေးတယ်။ဘယ်ကောင်က Avnegersတွေကိုလိုသေးလို့လဲဆိုပြီးပါပြောတာပါ။
အဲ့နောက်မှာ Moon Knightနှင့် Khonshuတို့ဟာ Totems အကုန်လုံးကိုပြန်လည်ရရှိပြီး ထိုTotem တွေရဲ့အစွမ်းကိုအသုံးချကာ Kang The Conquerကို Time ရဲ့အပြင်ဖက်ကိုပို့လိုက်ပါတယ်။
ထို့နောက် Timelineကိုပြန်ပြင်ဖို့ အတွက် Moon Knightဟာလုပ်ပါတယ်။သူ့လက်ထဲမှာ Totemတွေရှိတဲ့အတွက် Timelineကိုအကောင်းဆုံးနဲ့အလှပဆုံးဖန်တီးလို့ရတယ်ဆိုတာသိပါတယ်။ဒါပေမဲ့ Moon Knightဟာ သူ့စိတ်ကူးအတိုင်းမလုပ်ပဲ female Moon Knightကိုပဲ အလိုကျလုပ်ခိုင်းလိုက်ပြီး Timelineဟာ နဂိုအတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။

Moon Knightရော Khonshuရောသိနေတာက Kang ကိုကြာကြာမထိန်းထားနိုင်ဘူးဆိုတာပါပဲ။totems တွေကိုတော့ female moonကပဲဆက်လက်ထိန်းထားခဲ့ပါတယ်။

(Moon Knight Annual#1) 2016

Age Of Khonshu

Age Of Khonshu မှာတော့ Moon Knight နဲ့ Khonshuတို့ရဲ့ lvl ဟာအမြင့်‌ဆုံးအခြေအနေတစ်ခုကိုရောက်ရှိသွားခဲ့ပါပြီ။

Khonshuဟာ Moon Knightကို Avnegersတစ်ချို့ရဲ့စွမ်းအားတွေစုပ်ယူခိုင်းခဲ့ပါတယ်။ Moon Knightဟာလည်း သူ့နတ်ဘုရားခိုင်းရင်အကုန်လုပ်တဲ့သူဆိုတော့လည်း လုပ်ကြတာပေါ့။

အဓိကက Khonshuဟာ Hell King ကြီး Mephisto ကသူ့ရဲ့အိမ်မက်ထဲမှာ earth ရဲ့အဆုံးသတ်ဟာ Mephistoကလုပ်လိမ့်မယ်လို့ နမိတ်ရထားလို့ပါ။ဒီတော့ Moon Knight ကိုသူ့ရဲ့နမိတ်ကိုပြောပြီး Mephistoကိုတားဖို့အတွက် စွမ်းအားတွေ မလုံလောက်မှာစိုးလို့ power တွေကိုစုပ်ယူဖို့ အတွက် Moon Knightကိုစေလွှတ်ခဲ့ပါတယ်။

ပထမဆုံးအနေနှင့် Moon Knightဟာ Iron Fist ဆီမှ စွမ်းအားကိုစုပ်ယူဖို့ K’un-lun အထိသွားဖို့ Iron Fist နဲ့ချခဲ့ပါတယ်။ Fist Of Khonshuဆိုတဲ့ အတိုင်း Iron Fist လည်း Moon Knight ဆီမှာ ကျရှုံးပြီး စွမ်းအားတွေစုပ်ယူခံခဲ့ရပါတယ်။

ထို့နောက်မှာတော့ Doctor Strange ရဲ့ Greenwich Village ကို mummies တပ်ကြီးနှင့် Moon Wizard လို့ခေါ်တဲ့ Cult of Khonshu အဖွဲ့ဝင်များကိုခေါ်ဆောင်ပြီး Doctor Strange ကြီးဆီကပါ စွမ်းအားတွေစုပ်ယူလိုက်ပါတော့တယ်။

ဒါတွေအပြင် Ghost Rider (Robbie Reyes) ဆီက Spirit of Vengeance စွမ်းအားနှင့် Hell Charger ကြီးကိုပါ ခိုးယူလိုက်ပါတော့တယ်။

Khonshuရဲ့စစ်တပ်ကြီးတည်မြဲစေဖို့အတွက် Moon Knightနဲ့ သူ့ရဲ့စစ်တပ်ဟာ Wakanda ကိုသွားရောက်ပြီး တိုက်ခိုက်ကာ Black Pantherကိုလည်းဖမ်းစီးခဲ့ပါတော့တယ်။

အဲ့နောက်မှာတော့ Marvel Universeရဲ့ Historyကိုပြောင်းလဲတဲ့ ဇာတ်လမ်းသစ်များထွက်ပေါ်လာပါပြီ။
Moon Knightဟာ လပေါ်ရှိနေချိန်မှာ Thor ဟာ Moon Knightကို ဖမ်းဆီးအနိုင်ယူဖို့ လာပါတော့တယ်။

Thor မှ Moon Knight ဆီကို Mjolnirနဲ့လှမ်းပစ်လိုက်ချိန်မှာ Moon Knight ဟာ comic fan တွေ အံ့ဩမှင်သက်မဲ့အရာကို လုပ်ပြခဲ့ပါတော့တယ်။
Moon Knightဟာ Thor နဲ့ hammer ကို ထိန်းချုပ်ပြပြီး Thor ကိုပြန်ရိုက်ပြသွားတာပါပဲ။

ဘာကြောင့် Mjolnir ကိုထိန်းချုပ်နိုင်သွားတာလဲဆိုတော့ Thor တို့ Asgardမှာ သုံးတဲ့ Uru metal ဆိုတာ earth-616 မတိုင်မှီ ပျက်စီးသွားတဲ့ Universe မှ Moon ရဲ့ rock တွေဖြစ်ပါတယ်။
ထို cosmos ပျက်စီးပြီး earth -616 စတင်ဖြစ်တည်လာတဲ့အခါမှာ ပျက်စီးသွားတဲ့ Universeရဲ့ လဟာလည်းပျက်စီး အစိတ်အပိုင်းများခွဲထွက်ပြီး ရောက်လာတဲ့အခါမှာ Uru Metal ဆိုပြီး အမာကျောဆုံး metal ဖြစ်လာခဲ့ပါတယ်။

လနတ်ဘုရား Khonshuရဲ့စွမ်းအားတွေကို ဆက်ခံထားတဲ့ Moon Knightအနေနဲ့ လနဲ့သက်‌ဆိုင်တဲ့အရာတွေကိုထိန်းချုပ်နိုင်ပါတယ်။

Uru ဟာလည်း Previous Universeက Moon Rock ဖြစ်တဲ့အခါမှာတော့ Moon Knightဟာလည်း Thor ရဲ့ Mjolnirကိုထိန်းချုပ်နိုင်ပါတယ်။worthy ဖြစ်တာတော့မဟုတ်ပါဘူး။

Thor ကို‌ထို့နောက် ဂြိုလ်3ခုကြားညှပ်ပြီးထားခဲ့ပါတော့တယ်။
ထို့နောက်မှာ Moon Knightဟာ Las Vegasမှာ Mephistoနေထိုင်တဲ့Hotel Inferno ဆိုတဲ့အဆောက်အဦးစီသွားပြီး Mephistoကို သတ်ပစ်ခဲ့ပါတယ်။

Mephistoနဲ့ ရင်ဆိုင်တဲ့အခါမှာ Moon Knightဟာ Iron Fist ရဲ့အစွမ်းရော Doctor Strangeရဲ့ Cloak of levitationအစွမ်းတွေကိုသုံးပြခဲ့ပါတယ်။

ဒါပေမဲ့ အခုဒီ Mephistoကိုသတ်လိုက်ပေမဲ့လည်း နောက်ထပ်သော pandimensional alternative တွေဟာထပ်မံရောက်လာမယ်ဆိုတာသိနေတဲ့အတွက် Khonshuဟာ စစ်တပ်တွေပြင်ဆင် ပိရိမစ်အကြီးကြီးကိုဆောက်ပြီး ခံစစ်အနေနဲ့ ဖွဲ့စည်းပြီးနေနေခဲ့ပါတယ်။

ဒါပေမဲ့လည်း Khonshuအတွက်စွမ်းအားတွေမလုံလောက်ဘူးလို့ပဲခံစားနေရတဲ့အခါမှာတော့ Moon Knightဟာ Star-Brand ဆီကစွမ်းအားတွေထပ်ပြီးယူဖို့အတွက်လုပ်ရပါတော့တယ်။

Moon Knightပါဝင်ခဲ့သော Team များ

ပထမဆုံးအနေနဲ့ပြောရရင် Moon Knight က Avnegersတစ်ယောက်ဖြစ်ခဲ့ပါတယ်။ captain America, Hulkတို့နဲ့လည်းအတူတူ တိုက်ခိုက်ခဲ့သူပါ။
ထို့နောက်မှာ B-list Avengersအဖွဲ့ဖြစ်တဲ့ West Coast Avengers အဖွဲ့ကိုရောက်ရှိသွားခဲ့ပါတယ်။
Marvel Knights အဖွဲ့တွင်လည်း Daredevil , Shang-Chi , Black Widow တို့နှင့်လည်း အတူတူCrime များနှိမ်နင်းဖူးပါတယ်။

Defendersအဖွဲ့တွင်လည်းပါဝင်ဖူးပါတယ်။

Heros for hire အဖွဲ့တွင်လည်း ပါတင်ပြီး missionများဆောင်ရွက်ဖူးပါတယ်။

Captain Americaဦး‌စီးတဲ့Secret Avengersအဖွဲ့တွင်လည်းပါဝင်ပြီး special Black ops အနေနှင့် ပါဝင်ခဲ့ပါသေးတယ်။

ထို့နောက် Moon Knightဟာ သူပါဝင်ခဲ့တဲ့အဖွဲ့တိုင်းမှာmisson တိုင်းကို အကောင်းဆုံး actionယူ‌ဆောင်ရွက်တာကြောင့် Moon Knightဟာ တခြား hero တွေရဲ့ respectပေးခြင်းကိုခံရသူပါပဲ။

Moon Knight
(One Millions Year Ago)

Marc Spectorတို့မတိုင်ခင်လွန်ခဲ့သောနှစ်တစ်သန်း Earth ရဲ့အစ Stone Age မှာကတည်းက Moon God Khonshuကို ပထမဆုံး worshipလုပ်ပြီး စွမ်းအားရခဲ့တဲ့ Moon Knight တစ်ယောက်ရှိခဲ့ပါတယ်။

ထိုသူဟာ ပထမဆုံး Moon Knightဖြစ်ပါတယ်။ Khonshuပထမဆုံးရွေးချယ်ခဲ့တဲ့ Moon Knightပါ။
Khonshuကို worship လုပ်တဲ့ Moon Knightနှင့် stone age မှ Khonshuရဲ့ Cult တွေဟာ one million years ago က ပထမဆုံး Avnegersတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
Odin , Lady Phoenix, Iron Fist, Ghost Rider, Black Panther, StarBrandတို့ ပါဝင်တဲ့ ပထမဆုံး Avengers Team ပါ။

ဒီ Moon Knightရဲ့ Story နှင့် detail ကိုတော့မသိရသေးပါဘူး။ Living Statusကလည်း unknownဖြစ်နေပါတယ်။

Power And Abilities

Moon Knightစီမှာ။ Abilitiesများစွာရှိပါတယ်။

Moon God Khonshuဆီက Moon Power တွေရရှိထားတဲ့အတွက်ကြောင့် Moon Power တွေကို ယူနိုင်ပါတယ်။
Boxingသမားဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးလို့ Martial Art ပိုင်းမှာ ဆရာကျပါတယ်။
Marine တစ်ယောက် Mercenary Soldierတစ်ယောက်ဖြစ်တာကြောင့် Fightingပိုင်းမှာတော့ captain America, Black Panther, Task Master တို့ကိုပါယှဉ်ချပြီး အနိုင်ယူခဲ့ပါတယ်။

Medal တွေအများကြီးရရှိထားတဲ့စစ်သားတစ်ယောက်ဖြစ်တာကြောင့် weapon တိုင်းကိုကျွမ်းကျင်စွာကိုင်ဆောင်နိုင်ပါတယ်။
Marksman Skill , Shooting Skill များဟာလည်း ကောင်းမွန်တဲ့သူတစ်ယောက်ပါ။ လက်နက်ပုံးတွေ သုံးတဲ့နေရာမှာလည်းအထာကျပါတယ်။

Moon Empowermentဆိုတဲ့အတိုင်းလဆီကစွမ်းအားတွေကိုစုပ်ယူနိုင်ပါတယ်။ Avengersတွေကိုတိုက်ခိုက်တုန်းကလည်းအဲ့အစွမ်းတွေနဲ့ချခဲ့တာပါ။

Power Absorbingပြုလုပ်နိုင်ပြီး Doctor Strange, Iron Fist, Ghost Rider တို့ရဲ့စွမ်းအား‌တွေကိုစုပ်ယူနိုင်ခဲ့ပါတယ်။

Lunar Strengthကိုရရှိထားတဲ့သူဖြစ်လို့ Moon Knight ဟာ ညရောက်ရင်ပိုပြီး သန်စွမ်းပါတယ်။ ညရောက်ရင် Moon Knightရဲ့အစွမ်းတွေဟာ နှစ်ဆ သုံးဆ ပိုမိုတိုးလာပါတယ်။

ညရောက်လျှင် Pain Resistanceပိုမိုမြင့်ပြီး ဒဏ်ရာတွေကိုများစွာအနာခံနိုင်ပါတယ်။

Moon Knightဟာ Hand to hand combatတွေ weaponတွေအပြင် Deactivate ပိုင်းရော Vehicleပိုင်းရောကျွမ်းကျင်ပါသေးတယ်။ သူ့ရဲ့ Deactivate Skill နဲ့ Cult အဖွဲ့တွေ gang တွေအများအပြားနှိမ်နင်းခံခဲ့ရပါတယ်။

Special Abilities တွေအနေနဲ့ Moon Knightဟာ age of Khonshuမှာ Necromancy စွမ်းအားနဲ့ Mummiesစစ်တပ်ကြီးတွေကိုဖန်တီးနိုင်ပါတယ်။

ထို့နောက် Moon Knightဟာ စုပ်ယူထားတဲ့ power တွေရဲ့အသုံးချနည်းကိုပါတစ်ခါတည်းသိပြီး Doctor Strange ရဲ့ spell တွေ Ghost Rider ရဲ့ စွမ်းအားတွေကိုအသုံးချပြခဲ့ပါတယ်။

Phoenix Force ရရှိထားတဲ့ Moon Knightကတော့ အမြင့်ဆုံးစွမ်းအားအ‌ခြေအနေပါရှိပါတယ်။ဘာလို့လဲဆို သူ့ရဲ့နတ်ဘုရားကိုပါပြန်လည်အနိုင်ယူပြနိုင်ခဲ့ပါတယ်။
Phoenix Forceရဲ့စွမ်းအားတွေအကုန်လုံးကို အသုံးပြုလို့ရနိုင်ခဲ့ပါတယ်။

ဒီတော့ Moon Knight ဟာ တော်တော်ကြမ်းတဲ့ hero တစ်ယောက်ပါ။ လျှော့တွက်လို့လုံးဝမရပါဘူး။

Marc Spector/ Moon Knightနဲ့ သူ့ရဲ့ main story တွေကို ဒီမှာပဲအဆုံးသတ်လိုက်ပါတော့တယ်။ Moon Knightအကြောင်းကို ဒီလောက်ဆို တော်တော်သိကြမယ်လို့ထင်ပါတယ်။

Marc Spectorဟာ သာမန်လူဆိုးထိန်းထက်အများကြီးပိုတဲ့ hero တစ်ယောက်ဖြစ်ပါတယ်။ တကယ်လည်းကြမ်းတဲ့ hero တစ်ယောက်ပါ။ သိပ်မကြာခင် short fact လေးနဲ့ detail တစ်ချို့ကိုထပ်တင်ပေးပါမယ်။

အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။

Thanks for reading guys ..
#skullmask #ZEUS

(Zeusmyanmar မှ Content များကို ပြန်လည်ကူးယူ ဖော်ပြခွင့် မပြုပါခင်ဗျာ။)

Leave a Reply

Your email address will not be published.