Categories
News

ကမ္ဘာကြီးရဲ့ အပြင်ဘက်က သက်ရှိတွေကို ပထမဆုံးရှာတွေ့နိုင်တော့မယ့် The James Webb Telescope

James Webb Telescope ဆိုတာနဲ့ သိထားရမှာက Telescope တွေထဲမှာအကြီးမားဆုံးနဲ့ လုပ်ဆောင်ရည်အမြင့်ဆုံး Telescope တစ်ခုလို့ပဲပြောရပါမယ်။ ကမ္ဘာကြီးရဲ့ အပြင်ဘက်က သက်ရှိတွေကို ပထမဆုံးရှာတွေ့နိုင်တော့မယ့် The James Webb Telescope ကို ယခုနှစ် December လ ၂၂ ရက်နေ့မှာလွှင့်တင်သွားမည်။

၁။ James Webb Telescope ရဲ့ အဓိက ရှာပုံတော် James Webb

Telescope ရဲ့ အဓိက Mission ကတော့ Universe ကြီးစတင်ပေါ်ပေါက်လာပုံကို ရှာဖွေဖို့နဲ့ ပထမဆုံး Big Bang စတင်ဖြစ်ပွါးခဲ့တဲ့ အခြေအနေကိုထောက်လှမ်းဖို့ပဲ ဖြစ်ပါတယ်။

1990 မှာတင်လွှတ်ခဲ့တဲ့ Hubble Telescope ကတော့ ယနေ့အချိန်ထိ ကမ္ဘာကြီးရဲ့ ဝင်ရိုးမှာပတ်နေတုန်းပဲဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကတော့ လူသားတွေရဲ့ သာမာန် မျက်လုံးနဲ့ မမြင်နိုင်တဲ့ Particles တွေ Clouds တွေကို အမိအရဖမ်းယူရိုက်ကူးနိုင်ခြင်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ကအလင်းတွေကိုလည်း မြင်နိုင်ပါတယ်။

အဲ့ဒါကြောင့်ပဲ Universe ကြီးရဲ့ အရင်ကဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို အခုအချိန်မှာ သုသေသနပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်ကတော့ အရမ်းကြာနေပြီဖြစ်တဲ့ Galaxies တွေကို မဖမ်းယူနိုင်ပါဘူး။
အခု James Webb Telescope ကတော့ The Hubble Telescope မှာလိုအပ်နေခဲ့တဲ့ နည်းပညာတွေကို အဆင့်မြင့်တင်ပြီး ထည့်သွင်းထားပါတယ်။ အဲ့ဒါကြောင့်ပဲ စကြာဝဠာကြီးရဲ့ အစောဆုံးအပိုင်းမှာ ဖြစ်တည်နေခဲ့တဲ့ Galaxies တွေကို မြင်တွေ့နိုင်ရုံသာမကပဲ သက်ရှိတွေရဲ့ စတင်မှု့ကိုလည်း အဖြေရှာပေးနိုင်ပါလိမ့်မယ်။ အခုအထိလူသားတွေအဖြေရှာမရနိုင်တဲ့ အရာတွေကိုလည်း James Webb ကအဖြေတွေပေးသွားပါလိမ့်မယ်။ ယနေ့အထိ သက်ရှိတွေရှိနေနိုင်တယ်လို့ယူဆရတဲ့ Exoplanets ပေါင်း ၅၀၀၀ ကျော်ကို သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့ပါတယ်။

James Webb ကတော့ အဲ့ဒီ Planet တွေရဲ့ Atmosphere နဲ့ သူ့ကြယ်တွေရဲ့ Reaction ကိုကြည့်ပြီး Atmosphere တွေထဲမှာ ဘာဓါတ်ငွေ့တွေရှိလဲ ဘာတွေပါနေလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ James Webb က အဓိကအနေနဲ့ ရှာမှာတွေကတော့ ရေငွေ့၊ အောက်ဆီဂျင်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်း ဓါတ်ငွေ့ပဲဖြစ်ပါတယ်။ သက်ရှိတွေရှိမရှိကအဲ့ဒီဓါတ်ငွေ့တွေအပေါ်မှာအခြေခံထားလို့ပဲဖြစ်ပါတယ်။

၂။ စတင်တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်

James Webb Telescope ကို NASA ရဲ့ ဝန်ကြီးတွေထဲက တစ်ယောက်ရဲ့ နာမည်ကို အစွဲပြုပြီးခေါ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ NASA ရဲ့ အရာရှိတွေထဲကတစ်ယောက်ဖြစ်တဲ့ Dr. Eric Smith က ဆယ်စုနှစ် သုံးခုစာလောက် ကို Telescope တွေကို အဆင့်မြင့်အောင်ပြုလုပ်ဖို့ ကြိုးစားခဲ့ရပါတယ်။ သူက Hubble Telescope လွှင့်တင်ပြီးကတည်းက ၂၅ နှစ်ကြာ James Webb အတွက် လိုအပ်မယ့် နည်းပညာတွေကို အဆင့်မြှင့်တင်နေခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ၂၀ ရာစု သိပ္ပံပညာရှင်တွေက အကြီးဆုံး Telescope ကိုတီထွင်နိုင်ခဲ့ပြီးတော့ သမိုင်းတွင်ဖြစ်ရပ်ကို မျှော်လင်ထားတာပဲဖြစ်ပါတယ်။

၃။ James Webb ရဲ့ အဓိကစွမ်းဆောင်ရည်များ

Hubble Telescope ကတော့ အခုအချိန်မှာ ကမ္ဘာပတ်လမ်းမှာရှိနေပြီးတော့ လူသားတွေရဲ့ အမြင်အားကို အခြေခံထားပြီး သက်တမ်းမကြာသေးပဲ သေးငယ်တဲ့ ကြယ်စင်စုတွေကို အလင်းနှစ် သန်းပေါင်းများစွားကနေမြင်နိုင်အောင် ဒီဇိုင်းဆွဲထားတာပဲဖြစ်ပါတယ်။ တချို့ အေးသွားပြီဖြစ်တဲ့ အရမ်းကြာနေပြီဖြစ်တဲ့ ကြယ်တွေကိုတော့ သူကမမြင်နိုင်ပါဘူး။ James Webb Telescope ကိုတော့ အဲ့ဒီအရာတွေပါ မြင်နိုင်အောင်ပြုလုပ်ထားပါတယ်။

James Webb နဲ့ Hubble ရဲ့ လုပ်ဆောင်ချက်တွေကတော့ ခြားနားနေမှာပါ။ James Webb ကတော့ မျက်စိနဲ့ မမြင်နိုင်တဲ့ အနီအောက်ရောင်ခြည်ကို အဓိကအနေနဲ့သုံးမှာဖြစ်ပါတယ်။ အဝေးကနေသိပ်မမြင်ရတဲ့ သက်ရှိတွေရှိနေနနိုင်မယ်လို့ ယူဆရတဲ့ Exoplanets တွေက အချက်အလက်တွေကိုပါ ထောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ အနီအောက်ရောင်ခြည်က အရမ်းထူထဲနေတဲ့ စကြာဝဠာတိမ်တိုက်တွေနဲ့ Nebulas တိမ်တိုက်တွေထဲက နေထိုးဖောက်ပြီး တခြားတစ်ဖက်ကို မြင်နိုင်အောင်အထိ နည်းပညာက မြင့်မားပါတယ်။ အဲ့ဒီကနေပဲ Universe ကြီးရဲ့ ကြယ်တွေရဲ့ စတင်ဖြစ်ပေါ်လာတဲ့ အရင်းအမြစ်ကိုတွေ့နိုင်မှာပဲဖြစ်ပါတယ်။

၄။ တည်ဆောက်ထားတဲ့ အရင်အမြစ်တွေနဲ့ သူ့ရဲ့တန်ဖိုး

10 billion Dollar တန်ဖိုးရှိတဲ့ James Webb က အဆ ၁၀၀ Hubble ထက်ပိုပြီးသာပါတယ်။ ဘယ်ရီလီရမ်လို့ခေါ်တဲ့ အရမ်းပါးလွှာတဲ့ သတ္တုအမျိုးအစားကို သုံးထားတဲ့အတွက် အရမ်းအေးတဲ့ အခြေအနေမျိုးမှာတောင် အလုပ်လုပ်နိုင်ပါတယ်။ အနီအောက်ရောင်ခြည်ရဲ့ အနားမှာတပ်ဆင်ထားတဲ့ အာရုံခံကရိယာဟာဆိုရင်လည်း အရမ်းဝေးတဲ့ စကြာဝဠာထဲက ဂြိုဟ်တွေရဲ့စွမ်းအင်အရင်းအမြစ်၊ ဘယ်အရာတွေနဲ့ ဖွဲ့စည်းထားတာလဲ ဆိုတာရယ် သက်ရှိတွေရဲ့ ဖွဲ့စည်းပုံတွေကို အာရုံခံနိုင်ပါတယ်။
ပြီးတော့ သူ့မှာတပ်ဆင်ထားတဲ့ အလင်းခံမှန်ဟာလည်း တင်လွှတ်ခဲ့သမျှ Telescope တွေထဲမှာအကြီးဆုံးဖြစ်ပြီး ဆဋ္ဌဂံ ပုံမှန်အသေးလေးတွေ ၁၈ ခုပေါင်းပြီး ဆဋ္ဌဂံ ပုံအကြီးပုံစံပြုလုပ်ထားပါတယ်။ James Webb ရဲ့ မှန်ပေါ်ကအမှုန်လေးတွေကို Connect ဖြစ်အောင်ပြုလုပ်ထားတဲ့ Adaptive Optic System ကိုသုံးထားပါတယ်။ အဲ့တာကြောင့်ပဲ ကင်မရာတစ်လုံးကို ချိန်ညှိနိုင်ပြီး Error ဖြစ်နေရင်တောင် ချိန်ဆပြီး သုံးလို့ရပါတယ်။

၅။ James Webb ရဲ့တည်နေရာ
Webb အတွက်က ရှင်းလင်းတဲ့

မြင်ကွင်းမှာ ရှိနေဖို့ကအရေးကြီးပါတယ်။ အဲ့ဒါကြောင့်ပဲ ကမ္ဘာကြီးရဲ့ 1 million အကွာအထိ တင်လွှတ်ဖို့ စီစဉ်ထားကြပါတယ်။ အဲ့တာကြောင့် ပြင်ရ ပြုရမလွယ်ကူပါဘူး။

James Webb Telescope ကိုကမ္ဘာကြီးကနေ Ariane 5 လို့ခေါ်တဲ့ Rocket ကနေသယ်သွားပေးပြီး လနဲ့ လေးဆကွာဝေးတဲ့ အကွာအဝေးကို သယ်ဆောင်သွားပေးမှာဖြစ်ပါတယ်။

L2 point ( L2 point ဆိုသည်မှာ ကြီးမားသော ပတ်လမ်းကိုယ်ထည်နှစ်ခုအနီးရှိ အမှတ်များဖြစ်သည်။ ပုံမှန်အားဖြင့်၊ အရာဝတ္ထုနှစ်ခုသည် အမှတ်တစ်ခုတွင် ဟန်ချက်မညီသော ဆွဲငင်အားကို ထုတ်လွှတ်ပြီး ထိုအမှတ်၏ ပတ်လမ်းကြောင်းကို ပြောင်းလဲစေသည်။

Lagrange အမှတ်များတွင်ကြီးမားသောကိုယ်ထည်နှစ်ခု၏ ဆွဲငင်အားနှင့် centrifugal force တို့သည် တစ်ခုနှင့်တစ်ခု ဟန်ချက်ညီသည်။ ၎င်းသည် လိုချင်သောပတ်လမ်းကြောင်းကိုထိန်းသိမ်းရန်အတွက် ပတ်လမ်းပြင်ဆင်မှုအနည်းငယ်လိုအပ်သောကြောင့် Lagrange အမှတ်များကို ဂြိုလ်တုများအတွက် အကောင်းဆုံးတည်နေရာတစ်ခုဖြစ်စေနိုင်သည်။

Lagrange အမှတ်များတွင် ပတ်လမ်းကြောင်းအတွင်း သေးငယ်သော အရာဝတ္ထုများသည် ကြီးမားသောကိုယ်ထည်များ၏ ထုထည်ဗဟိုနှင့် ဆက်စပ်မှု အနည်းဆုံး လမ်းကြောင်းနှစ်ခုတွင် မျှခြေရှိသည်။)

L2 point လို့ခေါ်တဲ့ ကမ္ဘာကြီးရဲ့ အနောက်ဘက်မှာရှိနေမှာဖြစ်ပါတယ်။ နေနဲ့ ကမ္ဘာရဲ့ ဆွဲငင်အားကြောင့် L2 point မှာရှိနေတဲ့ James Webb က ဘယ်ကိုမှ မရွေ့ပဲ အဲ့ဒီနေရာမှာပဲအတည်တကျရှိနေမှာဖြစ်ပါတယ်။

James Webb Telescope ဟာလူသားတွေရဲ့ အလုပ်ချိန် နာရီပေါင်း သန်းပေါင်းများစွာအချိန်ကုန်ခံထားရပါတယ်။ သန်းပေါင်းမျာရစွာသော ပိုက်ဆံတွေနဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံရဲ့ အားထုတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ ၂၁ ရာစုရဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် Webb က စကြာဝဠာထဲက သက်ရှိတွေကို ရှာနိုင်ဖို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ Telescope မဟုတ်သလို နောက်ဆယ်စုနှစ်တခုအကြာမှာ သူ့ထက်ပိုကောင်းတဲ့ Telescope ကိုတင်လွှတ်သွားမယ်လို့လည်းပြောပါတယ်။

#Thor #ZEUS

(Zeus Myanmar မှ content များကို ပြန်လည်ကူးယူ ဖော်ပြခွင့် မပြုပါ။)

Leave a Reply

Your email address will not be published.