Categories
Marvel MCU News

Doctor Strange In The Multiverse of Madness နှင့်ပတ်သက်၍ Rumors များ

Marvel Cinematic Universe ကြီးဟာ phase တွေ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ခရီးဆန့်လာခဲ့ရာမှာ ယခုအခါ စတုတ္ထမြောက် phase ကို ရောက်ရှိလာပြီ ဖြစ်သလို cinematic universe ကြီးဟာလည်း ဇာတ်ကောင်အသစ်တွေ story အသစ်တွေနဲ့အတူ တော်တော်ကြီး ကျယ်ပြန့်လာခဲ့ပါပြီ။

ဒီလို ကျယ်ပြန့်လာတာနဲ့အမျှ Marvel ဟာလည်း ရှိပြီးသား ဇာတ်ကောင်တွေအပြင် အသစ်တွေကိုပါ debut လုပ်ကာ ချပြလာခဲ့ပြီး အခု phase မှ စတင်လို့ ပထမ saga ရဲ့ အဆုံးသတ် Endgame ထက်တောင် ပိုကြီးမားမယ့် Event ကြီးတစ်ခုဆီ ဦးတည်သွားဖို့ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ Phase 4 saga အတွင်း Loki တို့ No Way Home တို့ What If? တို့လို ဇာတ်လမ်းတွေမှာ Multiverse လို့ခေါ်တဲ့ အပြိုင်စကြဝဋ္ဌာတွေ ရှိကြောင်းကို ပြသခဲ့ပြီး အဆိုပါဇာတ်ကားတွေဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ အားလုံးကို မထွက်ခင်ထဲက သိမ်းယူထားနိုင်ခဲ့ပါတယ်။

အထူးသဖြင့်ကတော့ No Way Home ပါပဲ ။ ရုံမတင်ခင် တစ်နှစ်လောက်အလိုထဲက rumors တွေ theory တွေနဲ့ Fan တွေကို မျှော်လင့်ချက်တွေပေးပြီး hype စေခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။ ဒါပေမယ့် No Way Home ရဲ့ rumors တွေဆိုတာ နောက်နှစ်အတွင်း ထွက်ရှိတော့မယ့် Multiverse of Madness နဲ့ ယှဥ်လိုက်ရင် အသေးအမွှားသာသာပဲ ရှိပါတော့တယ် ။ ဘာ ကြောင့်ဆို Multiverse of Madness ဟာ Multiverse of Rumors လို့ ဆိုရလောက်မယ့်အထိကို ကောလဟာလတွေ တအားများလို့ပါပဲ။

ဇာတ်ကောင်တွေဟာလည်း Endgame တို့ Infinity War တို့နီးနီးကို များပါတယ်။ အဲ့အပြင် Multiverse of Madness ရဲ့ MCU အပေါ် အကြီးအမား impact ဖြစ်စေမယ့် ဇာတ်ကားတစ်ခုဖြစ်ပြီး Multiverse ကိုလည်း သေချာ ကွက်ကွက်ကွင်းကွင်းကြီးကို မြင်တွေ့ရမယ့် ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီကားဟာ Wandavision နဲ့ No Way Home ဖြစ်ရပ်တွေအပြီး အကျိူးဆက်တွေကြောင့် ဖြစ်ပေါ်လာမှာဖြစ်သလို Marvel ရဲ့ Multiverse တောက်လျှောက်က ဇာတ်ကောင်အသစ်တွေ အများကြီးကိုလည်း debut လုပ်သွားမှာ ဖြစ်ပါတယ်။

လတ်တလော ထွက်ရှိလာတဲ့ သတင်းအချိူ့အရလည်း Multiverse of Madness ဟာ Reshoot တွေ ပြန်လုပ်နေပြီး multiverse မှာရှိနေတဲ့ ဇာတ်ကောင်တွေကို cameo သဘောနဲ့ ထည့်ချင်တာကြောင့် အဆိုပါ reshoot တွေ ပြန်လုပ်နေရတယ်လို့ ဆိုပါတယ် ။ ဒီအတွက်ကြောင့် Multiverse of Madness မှာ ပါဝင်လာမယ့် character တွေထဲက confirmed ပြီးသား ဇာတ်ကောင်တွေနဲ့ rumor ထွက်နေတဲ့ ဇာတ်ကောင်တွေကို ပြောပြပေးချင်ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုပေးပါ။

– Benedict Cumberbatch as Doctor Strange [Confirmed ✔]

– Wanda Maximoff/Scarlet Witch [Confirmed ✔]

– Benedict Wong as Wong [Confirmed ✔]

– Xochitl Gomez as America Chavez [Confirmed ✔]

– Chiwetel Ejiofor as Karl Mordo [Confirmed ✔]

– Rachel McAdams as Dr.Christine Palmer [Confirmed ✔]

– Michael Stuhlbarg as Dr.Nicodemus West [Confirmed ✔]

– Adam Hugill as Rintrah [Confirmed ✔]

– Gargantos [Confirmed ✔]

– Shuma-Gorath [Confirmed ✔]

– Bruce Campbell as a Unknown Character [Confirmed ✔]

– Tom Hiddleston as Loki [Rumored ☑] – Sophia Di Martino as Sylvie [Rumored ☑]

– Owen Wilson as Agent Mobius [Rumored ☑]

– Jonathan Majors as Kang the Conqueror [Rumored ☑]

– Patrick Stewart as Professor X [Rumored ☑]

– Hugh Jackman as Logan/Wolverine [Rumored ☑]

– Ryan Reynolds as Deadpool [Rumored ☑]

– Andrew Garfield as Peter Parker/Spider-Man [Rumored ☑]

– Fox’s X-men characters [Rumored ☑]

– The Illuminati [Rumored ☑]

– Mr.Fantastic [Rumored ☑]

– Hayley Atwell as Captain Carter [Rumored ☑]

– Iron Man Variant [Rumored ☑]

– Clea [Rumored ☑]

– Balder the Brave [Rumored ☑]

– Brother Voodoo [Rumored ☑]

– Agatha Harkness [Rumored ☑]

– Ancient One [Rumored ☑]

– Nightmare [Rumored ☑]

– Namor the Sub-mariner [Rumored ☑]

– Mephisto [Rumored ☑]

– Chthon [Rumored ☑]

– Marvel Zombies [Rumored ☑]

အပေါ်မှာ ပြောထားခဲ့တဲ့အတိုင်းပါပဲ Rumor ထွက်ထားတဲ့ character တွေကတော့ Marvel comic ထဲက အထင်ကရ ဇာတ်ကောင်ကြီးတွေချည်းဖြစ်တဲ့အပြင် No Way Home ထက်တောင် Rumored character များပါသေးတယ် ။ Fan တွေရဲ့ ဆန္ဒကို အမြဲလိုက်လေ့ရှိပြီး Fan Service ကောင်းတဲ့ Marvel ကတော့ ဒီ rumored list ထဲက အကုန်မဟုတ်ရင်တောင် တော်တော်များများတော့ ထည့်သွင်းမိတ်ဆက်သွားဖို့ များပါတယ်။

Tobey Maguire ရဲ့ Original Spider-Man Trilogy ကို ရိုက်ခဲ့တဲ့ Director Sam Raimi ကပဲ Multiverse of Madness ကို ညွန်ကြား ရိုက်ကူးပေးသွားမှာ ဖြစ်ပြီး MCU ရဲ့ ပထမဦးဆုံးသော Horror ရုပ်ရှင်တစ်ခု ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ဒီပုံစံအတိုင်းဆို Multiverse of Madness ဟာလည်း 2022 ခုနှစ်အတွင်း Fan တွေ အစောင့်မျှော်ရဆုံး ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်လာဦးမှာပါ ။ ပရိသတ်ကြီးရော ဒီ rumored list ထဲက ဘယ်ဇာတ်ကောင်ကို live action အဖြစ် မြင်တွေ့ချင်သလဲဆိုတာ ဖြေသွားကြပါဦး။

#Weasel #ZEUS

Leave a Reply

Your email address will not be published.