Categories
Breakdown Marvel MCU

Doctor Strange In The Multiverse of Madness Teaser Trailer Breakdown

No Way Home လိုပဲ Rumors တွေ Fan Theory တွေ အများကြီးနဲ့ hype ရမယ့် Doctor Strange In The Multiverse of Madness ရဲ့ Official Teaser ထွက်ရှိလာခဲ့ပါတယ် ။ ဒီအတွက်ကြောင့် အသစ်ထွက်လာတဲ့ Teaser နဲ့ ပတ်သက်ပြီး easter eggs လေးတွေ reference တွေကို breakdown အဖြစ် တင်ဆက်ပေးချင်ပါတယ်။

Spoiler Alert ♦️

တကယ်လို No Way Home မကြည့်ရသေးဘူးဆို ဒီ breakdown ကို မဖတ်စေချင်ပါဘူး ။ Spoilers တွေ များစွာ ပါဝင်နေတဲ့အတွက်ကြောင့်ပါ ။

#Weasel #ZEUS

Don’t Cast That Spell

Trailer စစချင်းမှာပဲ background speech အနေနဲ့ No Way Home First Teaser ထဲက dialogue တွေကို ပြန်ကြားရပါတယ် ။ Peter ရဲ့ identity ကို ဖုံးဖိုအတွက် Dr.Strange က spell တစ်ခု cast ဖို လုပ်နေတာကို Wong က အဲ့ spell ဟာ တအားအန္တရာယ်များတာကြောင့် မလုပ်ဖို တားနေတဲ့ dialogue နဲ့ Doctor က Multiverse အကြောင်း Peter ကို ပြောပြနေတဲ့ dialogue တွေကို နောက်ခံအသံအနေနဲ့ ဒီ trailer မှာ အသုံးပြုထားပါတယ်။ ဒါပေမယ့် ထူးဆန်းတဲ့ အချက်က Wong နဲ့ Strange ကြားက spell မ cast ဖို ပြောနေတဲ့ dialogue ဟာ တကယ့် No Way Home ရုပ်ရှင်ထဲမှာ မပါဝင်လာခဲ့ပါဘူး ။ deleted scene တစ်ခုဖြစ်ဖိုများပါတယ်။

ဘာကြောင့် ဒီ dialogue ကို ပြန်ထည့်ထားရသလဲဆိုတာ ကတော့ Strange ရဲ့ spell မှားယွင်းသွားမှုကလည်း Multiverse madness ဖြစ်မှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေလိုပါ ။ No Way Home အဆုံးသတ်မှာ Multiverse က villain တွေ ရောက်လာမှာကို တားဆီးနိုင်ခဲ့ပေမယ့် Loki နဲ့ Wandavision ဖြစ်ရပ်တိုကြောင့် Multiverse အတွင်း တစ်ခုခု မှားယွင်းသွားပုံပါပဲ ။ No Way Home အဖြစ်အပျက်အပြီး တစ်ကမ္ဘာလုံးက Peter နဲ့ ပတ်သက်ခဲ့သမျှ အကြောင်း အရာတွေအားလုံးမေ့ပျောက်သွားတာကြောင့် Strange ကိုယ်တိုင်လည်း Multiverse ကို ဖွင့်ခဲ့မိတဲ့ Spell ကို cast ခဲ့မိကြောင်း မေ့သွားပါတယ်။

ကွဲအက်နေတဲ့ နာရီ

Strange ဟာ ပထမ movie မှာ Christine အပေါ် အတော်လေး ခက်ထန်ခဲ့ပေမယ့် စိတ်ထဲမှာတော့ သူ့ကို တန်ဖိုးထားပါတယ် ။ What If? Episode 4 မှာဆို Christine ကို Strange ဘယ်လောက်ချစ်ကြောင်း တွေ့မြင်နိုင်မှာပါ။ ဒီနာရီလေးဟာ Christine က Strange ကို လက်ဆောင်ပေးခဲ့တဲ့ နာရီလေးဖြစ်ပြီး နာရီအနောက်မှာ “Time will tell how much I love you” လို ရေးထိုးထားပါတယ်။

2016 movie အရ Strange ဟာ သူ့ဆီမှာ ဘာငွေကြေးဥစ္စာမှ မရှိတော့ဘဲ မွဲသွားတာတောင် ဒီနာရီလေးကို သူအမြဲတမ်း ဝတ်ထားတာကို တွေ့ရပါတယ်။ Kamar Taj ကို သူလိုက်ရှာနေတုန်းလူမိုက်တွေ သူ့နာရီကို လုဖို ကြိုးစားရာမှာလည်း ဒီနာရီအတွက် သူ့အသက်ပါ ရင်းပြီး ကာကွယ်ခဲ့တာကိုလည်း မြင်ခဲ့ရမှာပါ။ Sorcerer Supreme ဖြစ်လာတဲ့အချိန်ထိကို ဒီနာရီကို မချွတ်ခဲ့တဲ့ Strange ဟာ ဒီ trailer မှာတော့ နာရီကို ချွတ်ထားပါတယ် ။ ဘာလိုလဲတော့ သေချာမသိပါဘူး။

Trailer ရဲ့ နောက်တစ် scene မှာ Christine ရဲ့ wedding ကိုလည်း မြင်ရတော့ Strange တစ်ယောက် Christine ကိုမေ့ပြီး ရှေ့ဆက်သင့်ပြီလို တွေးနေတာလည်း ဖြစ်နိုင်ပါတယ် ။ နာရီက အက်ကွဲကြောင်းတွေကတော့ သူ car accident ဖြစ်တုန်းက ကွဲထားတာတွေပါ ။ ဒီလို အက်ကွဲနေတဲ့ နာရီရဲ့ မှန်မှာ Strange ရဲ့ reflection ကို မြင်ရတာဟာ အချိန်စီးကြောင်းတွေ အက်ကွဲလာတာကို ရည်ညွန်းပါတယ်။

Infinity Stone 6 ခုရှိတဲ့ အနက် Strange ဟာ Time Stone ရဲ့ စောင့်ရှောက်သူဖြစ်ခဲ့ပြီး ပထမ movie မှာလည်း အချိန်နဲ့ ဆိုင်တဲ့ concept တွေကို ပြသွားခဲ့ပါတယ်။ အခုတော့ Strange မှာ time stone လည်းမရှိတော့ပါဘူး ။ အက်ကွဲနေတဲ့ နာရီကတော့ Multiverse အတွင်းရှိ မတူညီတဲ့ timeline တွေ ရောယှက်ပျက်စီးလာတာကို ပြောချင်တာ ဖြစ်နိုင်ပါတယ်။

ပျက်စီးစပြုလာတဲ့ Reality

Trailer ထဲက စကားသံတွေကို သေချာအာရုံစိုက်နားထောင်
ကြည့်ရင် အသံတွေထပ်နေတာကို သတိထားမိမှာပါ ။ ဒါကတော့ Multiverse ထဲက variant တွေရှိကြောင်းကို ပြချင်တာ ဖြစ်ပါတယ်။

Trailer ရဲ့ scene တစ်ခုမှာ Strange တစ်ယောက် တစ်နေရာကနေ ထွက်လာတာကို တွေ့ရပြီး သူ့ပတ်ပတ်လည်က Reality ကြီးကလည်း Dark Forces တွေနဲ့ ပျက်စီးယိုယွင်း နေပါတယ် ။ ဒီ scene ကို ကြည့်ရတာ What If? Episode 4 ကိုတောင် သွားသတိရစေမိပါတယ် ။ ဖြစ်နိုင်တာကတော့ What If? ထဲကလို တစ်စုံတစ်ယောက်က ပြောင်းလဲမရနိုင်တဲ့ Absolute Point of Time ကို ပြင်ဆင်မိလိုက်ပုံပါပဲ ။ ဒီနေရာမှာ သတိထားစရာတစ်ခုက Strange ရောက်နေတဲ့ Reality က MCU ရဲ့ mainstream reality မဟုတ်ပါဘူး ။ တခြားပျက်စီးသွားတဲ့ Reality တစ်ခုကို ရောက်သွားတာလည်း ဖြစ်နိုင်သလို Multiverse ကြီးရဲ့ အန္တရာယ်နဲ့ ပတ်
သက်ပြီး အနာဂတ်ကို ကြိုမြင်မိတာလည်း ဖြစ်နိုင်ပါတယ် ။

အဲ့ scene ရဲ့ နောက်ခံအသံအနေနဲ့ Mordo ရဲ့ အသံကို ကြားရပြီး ‘ reality ကို ပျက်စီးစေမှုတွေအတွက် မင်းကတော့ ဘာအပြစ်မှ ပေးခံရမှာမဟုတ်ဘူး ‘ လို ပြောလိုက်ပါတယ် ။ ဒါဟာ Strange နဲ့ ပတ်သက်ပြီး Mordo ပြောနေတာလည်း ဖြစ်နိုင်သလို တခြားတစ်ယောက်အကြောင်းကို ပြောနေတာလည်း ဖြစ်နိုင်ပါတယ် ။

It was the only way

ဒီနောက် Strange ရဲ့ အသံကို ထပ်ကြားလိုက်ရပြီး သူ ဒီအရာတွေကို ဖြစ်လာဖို မရည်ရွယ်ခဲ့ကြောင်းနှင့် သူ့မှာ ရွေးချယ်စရာမရှိခဲ့ကြောင်း ပြောနေပါတယ် ။ ဒါဟာ ကျွန်တော်တို သိထားတဲ့ Strange ဟုတ်ချင်မှ ဟုတ်မှာပါ ။ Rumors တွေအရ ဒီဇာတ်ကားမှာ Strange နဲ့ တခြား ဇာတ်ကောင်တွေရဲ့ variant တွေ အများကြီး ပါဝင်မှာဖြစ်ပြီး Multiverse concept ကိုလည်း သေချာပြသသွားမှာဖြစ်ပါတယ် ။ ဒီတော့ အခုလို ပြောနေတာဟာ Trailer အဆုံးသတ်မှာပါတဲ့ Evil Strange ဖြစ်နိုင်ပါတယ်။

ဒီ background voice နဲ့အတူ ပြသွားတဲ့ scene မှာ Strange ဟာ Sanctum Santorum ရဲ့ လှေကားထစ်တွေကို တက်နေတာတွေ့ရပြီး Sanctum ကြီးကလည်း မှောင်မိုက်ပြီး ကြောက်စရာကောင်းနေပါတယ် ။ ဖြစ်နိုင်ခြေရှိတာကတော့ ဒါဟာ တခြား reality က Alternate Sanctum ဖြစ်ပြီး Evil Strange နေထိုင်နေတဲ့ Sanctum လည်း ဖြစ်နိုင်ပါတယ်။

Wanda

အဲ့နောက်တော့ ကျွန်တော်တိုရဲ့ Wanda လေးကို တစ်ဖျတ်
လောက် မြင်တွေ့လိုက်ရပါတယ် ။ ကြည့်ရတာတော့တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေပုံပါပဲ။ ဝတ်ဆင်ထားတာကတော့ သာမန်အဝတ်အစားသာဝတ်ဆင်ထားပြီး scarlet witch costume နဲ့တော့ မဟုတ်ပါဘူး။

ဒီနောက် Trailer အလယ်လောက်မှာ Wanda ကို Scarlet Witch costume အပြည့်အစုံနဲ့ ထပ်မံတွေ့ရှိရပါတယ် ။ Wandavision တုန်း က costume နဲ့တော့ မဟုတ်တော့ပါဘူး ။ အကျီလည်း လက်ပြတ်ကနေ လက်ရှည်ဖြစ်လာပြီး Crown နဲ့ Costume ရဲ့ pattern အချိူလည်း ပြောင်းလဲထားပါတယ် ။ Wanda ကို ကြည့်ရသလောက်တော့ အန္တရာယ်များတဲ့ Ritual တစ်ခုကို ပြုလုပ်နေဟန်ရှိပြီး သူ့လက်ထိပ်လေးတွေလည်း အနက်ရောင်ဖြစ်နေပါတယ် ။ Wandavision ထဲက Agatha ဟာလည်း သူ့ witch form မှာ လက်ထိပ်အမည်းရောင်တွေဖြစ်နေတာပါပဲ။ ဒီအတွက်ကြောင့် Wanda ဟာ darkhold ကို ထဲထဲဝင်ဝင် လေ့လာနေတာ ဖြစ်ပြီး အခု ပြုလုပ်မယ့် Ritual ဟာလည်း Darkhold ထဲက ဖြစ်နိုင်ပါတယ်

Christine’s Wedding

Strange ရဲ့ ရည်းစားဟောင်း Christine ကိုတော့ သတိုသမီး ဝတ်စုံနဲ့ Wedding တစ်ခုမှာ မြင်တွေ့ရပါတယ် ။ Strange ကတော့ သတိုသားမဟုတ်ပါဘူး ။ Blip ဖြစ်နေတဲ့ ငါးနှစ်အတွင်းမှာ Christine ဟာ အသက်ရှင်ကျန်တဲ့ လူဦးရေ တစ်ဝက်ထဲ ပါဝင်ခဲ့ပြီး ချစ်ရမယ့်သူတစ်ယောက်ကို ရှာတွေ့ခဲ့တာ ဖြစ်နိင်ပါတယ် ။ ဒါဆို ပထမ movie တုန်းက Christine နဲ့ date နေတယ်ဆိုတဲ့ Dr.Nick West များလားဆိုတော့လည်း
မဟုတ်ပြန်ပါဘူး ။ Dr.West ကို Strange ဘေးမှာ ရပ်နေတာ တွေ့ရပါတယ် ။ ဒါဆို Christine ဟာ ဘယ်သူနဲ့ လက်ထပ်သွားတာလဲဆိုတာတော့ တွေးစရာပါ ။ ဘယ်သူနဲ့ ဖြစ်ဖြစ်ပါ Strange မျက်နှာကတော့ မကောင်းပါဘူး ။ သူချစ်ရတဲ့သူကို သူ့ရှေ့တင် တခြားတစ်ယောက်နဲ့ ကြည်နူးနေတာ
မြင်တွေ့ရတော့ စိတ်မကောင်းဖြစ်နေပုံပါပဲ ။

ဒါပေမယ့် ဒီ Wedding ဟာ ပျက်မယ့် အနေအထားမှာ ရှိနေပါတယ် ။ Wedding လုပ်နေတုန်း Multiversal Chaos ဖြစ်ပြီး monster တွေ ရောက်လာမယ့်ပုံပါပဲ ။ Christine ဟာလည်း ဒီ movie မှာ အရေးပါမယ့် role တစ်ခုကနေ ပါဝင်လာမှာဖြစ်ပြီး No Way Home ထဲက MJ လို ဖြစ်လာမှာပါ ။

Trailer ရဲ့ scene တစ်ခုမှာလည်း Christine ကို hero suit တစ်ခုနဲ့အတူ Dr.Strange,America Chavez တိုနဲ့ Dimension တွေ ဖြတ်ကူးနေတာ တွေ့ရပါတယ်

Crows and Ravens

Multiverse of Madness ကို ရိုက်ကူးမယ့် ဒါရိုက်တာဟာ Horror ရုပ်ရှင်တွေ အရိုက်များတဲ့ Sam Raimi ဖြစ်ပြီး MOM ဟာလည်း Horror genre နဲ့ လာမှာပါ ။ Trailer မှာတင် တော်တော် dark ဖြစ်ပြီး background tone တွေကအစ Creepy ဖြစ်တဲ့ ခံစားချက်ကို ရစေပါတယ်။

Trailer မှာ ရုတ်တရက်မြင်တွေ့လိုက်ရတဲ့ ကျီးကန်းနဲ့ ပတ်သက်ပြီး ပြောရရင် အနောက်တိုင်း pagan witchcraft လောကမှာ Crows တွေ Ravens တွေကို မကောင်းတဲ့ နိမိတ်တစ်ခုလို ယူဆကြပြီး ဒါဟာ စုန်းတွေကို ရည်ညွန်းတာလည်းဖြစ်ပါတယ်။ ဒီ ကျီးကန်းတွေဟာ ဝိညာဥ်လောကနဲ့ လူ့လောက ကမ္ဘာနှစ်ခုကြား သွားလာ နေတဲ့ guide တွေလိုလည်း ယုံကြည်ကြပြီး အစွမ်းထက်တဲ့ Spell တွေ Ritual တွေပြုလုပ်တဲ့အခါမှာလည်း ဒီငှက်တွေကို အသုံးပြုပါတယ် ။ ဒီတော့ ဒီငှက်တွေက ဘာကို tease သလဲဆိုရင် အစွမ်းကြီးတဲ့ စုန်းမတစ် ယောက်ကို tease တာဖြစ်နိုင်ပါတယ် ။ သူကတော့ ဘယ်သူလဲဆိုတာ fan တွေအားလုံးလည်း သိလောက်မှာပါ။

America Chavez

ဒီနောက် main cast တွေထဲက တစ်ယောက်ဖြစ်တဲ့ Ms.America (America Chavez) ကို မြင်လိုက်ရပါတယ် ။ ပုံစံကတော့ လုံးဝ comic accurate ပါပဲ။

သူ့အကြောင်း တစ်ချက်ပြောရရင် သူက Utopian Parallel လိုခေါ်တဲ့ အချိန်နဲ့ အာကာသအပြင်ဖက်က pocket realm တစ်ခုထဲမှာ မွေးဖွားခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့် သူတို realm ကြီးက အန္တရာယ်တွေ ပျက်စီးမှုတွေ ကြုံလာရတဲ့အချိန်မှာ သူ့အစွမ်းသုံးပြီး Marvel earth-616 ကို ထွက်ပြေးလာခဲ့တယ်။ ဒီနောက် Young Avengers တွေနဲ့ တွေ့ပြီး Young Avenger တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ အခု MCU ကလည်း phase 4 ရဲ့ show တွေ movie တွေတစ်ခုစီတိုင်းမှာ Young Avengers တွေကို ချပြနေပြီဆိုတော့ ဒီအဖွဲကိုလည်း မဝေးတော့တဲ့ MCU အနာဂတ်မှာ မြင်ရပါတော့မယ်။

America Chavez ရဲ့ ability ကို ပြောရရင် သူက သူ လက်သီးနဲ့ ထိုးလိုက်သမျှ နေရာတွေမှာ ကြယ်ပုံစံ portal တွေ ဖွင့်ပြီး Multiverse ကို ဖြတ်ကူးသွားလာနိုင်ပါတယ် ။ Trailer ထဲမှာလည်း သူ့ star portal တစ်ခုကို ပြသွားပါသေးတယ် ။ Leaked ထားတဲ့ plot အရတော့ Chavez ဟာ သူ့ realm မှာ အေးဆေးနေနေတုန်း ရုတ်တရက် multiversal chaos ဖြစ်ပြီး သူ့ realm ပျက်စီးသွားတာကြောင့် MCU reality ကို ထွက်ပြေးလာပြီး Strange တိုနဲ့
တွေ့မှာဖြစ်ပါတယ်။

Wong in Trouble

Blip ကြောင့် Strange ပျောက်ကွယ်နေစဥ် မှော်ပညာဆိုင်ရာ အရေးကိစ္စတွေကို တာဝန်ယူဖိုအတွက် Strange အစား Sorcerer Supreme ဖြစ်လာခဲ့တဲ့ Wong ကတော့ ဒီရုပ်ရှင်မှာ အသက်ဘေးနဲ့ ကြုံရမယ့်ပုံပါပဲ ။ Wong ကို ကြည့်ရတာ အတော်လေး ထိခိုက်ဒဏ်ရာရထားပြီး တစ်ခုခုကို တားဆီးနေပုံပေါ်ပါတယ် ။ ကျွန်တော့် theory အရတော့ Wong ဟာ ဒီကားမှာ သေဆုံးပြီး Sorcerer Supreme mantle ဟာ Strange ဆီ ရောက်မယ့် ပုံစံပါပဲ။

Another Strange Variant

America Chavez ရဲ့ portal နဲ့အတူ Strange variant နောက်တစ်ကောင်ကိုလည်း မြင်လိုက်ရပါတယ် ။ ဆံပင်အရှည်နဲ့ပါပဲ ။ Marvel Legends Toys ကနေ ထုတ်ထားတဲ့ Defender Strange ဖြစ်မယ်လိုတော့ ယူဆရပါတယ် ။ ဒါမှမဟုတ်လည်း တခြား reality က variant တစ်ယောက်ယောက်ပါပဲ ။ Portal ထဲက တစ်ခုခုက ဆွဲယူသွားသလို portal ထဲကို အသံနက်ကြီးနဲ့ အော်ပြီး ပါသွားတာကို တွေ့ရတဲ့အတွက် Strange varient တစ်ယောက် အဖမ်းခံလိုက်ရတာ ဖြစ်မှာပါ။

New Intro

Marvel Studios ဆိုပြီး စာတန်းထိုးတဲ့ နေရာမှာ ပြသွားတဲ့ animation က တော်တော်လှပါတယ် ။ Marvel ရဲ့ အရင် phase 1 and 2 ရုပ်ရှင်တွေတုန်းက အသုံးပြုခဲ့တဲ့ comic ပုံတွေနဲ့ Intro ရယ် phase 3 ကနေ ယခု phase 4 အထိ အသုံးပြု နေတဲ့ movie scenes တွေနဲ့ Intro ရယ် အရင်က Marvel နဲ့ In association လုပ်ထားခဲ့တဲ့ Fox တို Sony တိုရဲ့ intro ရယ် သုံးခုပေါင်းပြီး collide ဖြစ်သွားခဲ့တာပါ ။ ဖြစ်သွားပုံကလည်း what if? ထဲက intro theme လို prism တစ်ခု ကွဲအက်သွားတဲ့ multiverse concept နဲ့ ဖန်တီးထားတာပါ။

ဒါဟာ ဘာကို ဆိုလိုချင်သလဲဆို Multiverse ကို ပြချင်တာဖြစ်ပြီး Fox တို Sony တိုက ထုတ်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်ကောင်တွေအားလုံးဟာ canon ဖြစ်သွားပြီဆိုတဲ့ သဘောပါပဲ ။ X-men,Fantastic Four,Netflix’s Marvel Characters အစရှိသဖြင့် ဇာတ်ကောင်တွေအားလုံးကို မကြာခင် မြင်တွေ့ရဖို potential တွေအများကြီး ရှိလာပါပြီ

Wanda ဆီ အကူအညီသွားတောင်းတဲ့ Strange

Strange ကတော့ ဒီလို ပြဿနာတွေ ဖြစ်လာတာကြောင့်
သူတစ်ယောက်ထဲ မနိုင်တော့လို Wanda ဆီ သွားအကူအညီ
တောင်းပါတော့တယ် ။ Wanda ကတော့ အဖြူရောင်သစ်တောအုပ်တစ်ခုထဲမှာ ရှိနေတာကို တွေ့ရပါတယ် ။ ဒီ သစ်ပင်တွေနဲ့ ပတ်သက်ပြီး ပြောရရင် ဒီလို အဖြူရောင် သစ်ပင်တွေဟာ Spiritualism ပိုင်းအရ ကစဥ့်ကလျားဖြစ်စဥ်တွေနဲ့ ပျက်စီးမှုတွေရဲ့ ဆန့်ကျင်ဘက် တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပါတယ်။

တစ်နည်းအားဖြင့် ဆိုရရင် Wanda ဟာ Strange မရောက်လာခင်အထိ သူ့ဟာသူ ကိုယ်ပိုင် ငြိမ်းချမ်းမှုကို ရှာတွေ့ပြီး နေနေခဲ့တာပါ ။ ဒါပေမယ့် Strange ရဲ့ အကူအညီတောင်းတာကို ကူညီပေးရာကနေ Multiverse က သူ့ကလေးတွေကို အာရုံခံမိပြီး သောင်းကျန်းမယ်ထင်ပါတယ် ။ Trailer ထဲမှာ ဒီလိုပြနေလို Wanda ကို villain မဟုတ်ဘူးလို ပြောမရပါဘူး ။ Marvel က သိတဲ့အတိုင်း fan တွေကို ဂျင်းထည့်နေကျပါ ။ ဒီတော့ Evil Strange က main villain မဟုတ်နိုင်ဘဲ Wanda က villain ဖြစ်လာမယ်ထင်ပါတယ် ။

Nexus of All Realities

Strange,America Chavez နဲ့ Christine တိုဟာ တံခါးတစ်ခုကို ဖွင့်လိုက်ရာကနေ အပျက်အစီးတွေနဲ့အတူ ထူးခြားတဲ့ နေရာကြီးတစ်ခုကို မြင်တွေ့လိုက်ရပါတယ် ။ ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ် ။ ပထမတစ်ခုက Strange တိုဟာ ပျက်စီးသွားပြီဖြစ်တဲ့ Realm တစ်ခုထဲ ရောက်သွားတာဖြစ်နိုင်သလို ဒါဟာ America Chavez လာခဲ့တဲ့ Utopian Realm လည်း ဖြစ်နိုင်ပါတယ် ။

နောက်တစ်ချက်ကတော့ Nexus of All Realities ပါပဲ ။ ဒါဟာ Multiverse ကြီးတစ်ခုလုံးမှာ ရှိနေသမျှ Realities တွေ Dimensions တွေအားလုံးနီးပါးကြားက gateway တစ်ခုဖြစ်ပြီး Dimension တွေအားလုံးနဲ့လည်း ချိတ်ဆက်ထားပါတယ် ။

Karl Mordo

Doctor Strange ပထမ ရုပ်ရှင်တုန်းက Strange ရဲ့ တွဲဖက်နဲ့ ဆရာဖြစ်ခဲ့ဖူးတဲ့ Mordo ကို ပြန်မြင်ရပါတယ် ။ Mordo ဟာ Doctor Strange (2016) movie ရဲ့ credit scene အရ villain ဖြစ်လာမှာဖြစ်ပြီး sorcerer တွေကို လိုက်သုတ်သင်နေတာလည်းဖြစ်ပါတယ် ။ ဒါပေမယ့် အခုတွေ့ရတဲ့ Mordo ကတော့ Strange ကို တောင်းပန်ကြောင်း ပြောနေပြီး သူ့လုပ်ရပ်တွေကို နားလည်ဖို ပြောနေပါတယ် ။ ဒါက variant Mordo လည်းဖြစ်နိုင်သလို main reality က Mordo လည်းဖြစ်နိုင်ပါတယ် ။

Mordo က villain သာဆိုပေမယ့် ပထမကားထဲက Ancient One ရဲ့ အတော်ဆုံးနဲ့ စည်းကမ်းအလိုက်နာဆုံး တပည့်တစ်ယောက်ပါ ။ သူလည်း လမ်းမှားကို ရောက်သွားခဲ့ပေမယ့် Multiverse madness ဖြစ်တဲ့ ကိစ္စကြီးကိုတော့ မလိုလားဘူးထင်ပါတယ် ။ ဒါပေမယ့် သူ Strange ဆီ ရောက်လာတဲ့ အချိန်မှာ သူ အမှားတစ်ခုခုကို လုပ်ခဲ့ပြီးပါပြီ ။ ဒါကြောင့် Strange ကို သူ့ plan မှာ ပူးပေါင်းဖို လာပြောတာဖြစ်နိုင်ပါတယ် ။ နောက် scene တစ်ခုမှာ Strange နဲ့ Mordo တို fight နေတာလည်း တွေ့ရတော့
Strange ဟာ Mordo ရဲ့ အကြံကို ငြင်းလိုက်တာကြောင့် fight ကြတာလည်း ဖြစ်နိုင်ပါတယ် ။ သိုမဟုတ်လည်း Strange ဟာ တခြား reality က Mordo နဲ့ တွေ့ပြီး သဘောထားမတိုက်ဆိုင်တာကြောင့် battle ဖြစ်တာလည်း ဖြစ်နိုင်ပါသေးတယ် ။ ဘာပဲဖြစ်ဖြစ် Mordo ရဲ့ uniform ကတော့ အရင်ကားထက်စာရင် comic accurate အတော်လေး ဖြစ်လာပါတယ် ။

အတိုက်ခိုက်ခံနေရတဲ့ Kamar Taj

Kamar Taj ကို မြူခိုးတွေ ဖုံးအုပ်သွားပြီး Wong တိုတွေလည်း ပေါက်ကွဲမှုတွေကြားထဲ အသားကုန် တိုက်ခိုက်နေကြပါတယ် ။ အပေါ်မှာပြောခဲ့တဲ့အတိုင်း ဒီ scene ရဲ့ background ဟာ Wong ဒဏ်ရာရပြီး တစ်ခုခုကို အံ့သြစွာ ကြည့်နေတဲ့ scene ရဲ့ background နဲ့ အတူတူဖြစ်ပါတယ် ။ ဒီတော့ Strange တို အုပ်စု Multiverse ကို ပတ်ကာ ခရီးထွက်နေတုန်း Kamar Taj အတိုက်ခံရပြီး Wong သေမှာ ဖြစ်နိုင်ပါတယ် ။

Rintrah

Kamar Taj ကို တိုက်နေတဲ့ အခန်းမှာ Rintrah အမည်ရ minotaur ကြီးကိုလည်း တစ်ဖျတ်လောက် မြင်လိုက်ရပါတယ် ။ Rintrah ဟာ extradimensional being တစ်ကောင် ဖြစ်ပြီး လူဆိုးတော့ မဟုတ်ပါဘူး ။ Strange ကိုလည်း mission တစ်ချိူမှာ ကူညီပေးခဲ့ဖူးပါတယ် ။ အခုကြည့်ရတာလည်း Rintrah ကို Strange က Kamar Taj ကို ကာကွယ်ဖို ဆင့်ခေါ်ထားခဲ့တာဖြစ်နိုင်သလို multiverse က ရောက်လာတဲ့ villain လည်း ဖြစ်သွားနိုင်ပါတယ် ။ MCU က ဘာလုပ်မလဲ ပြောမရပါဘူး။

Chaos Magic သုံးနေတဲ့ Strange

Multiverse of Madness ဟာ What If? Episode 4 နဲ့ အတော်ကို ဆင်ပါတယ် ။ What If? မှာလည်း Strange ဟာ Christine ကို ပြန်ခေါ်ဖို Chaos Magic ကို သုံးခဲ့ဖူးပါတယ် ။ Strange တို သုံးနေကျက Eldritch Magic ပါ ။

ဒီတော့ Strange Chaos Magic ထုတ်သုံးရတဲ့ အချက်နှစ်ချက် ရှိပါတယ် ။ ပထမတစ်ချက်က Chaos Magic အသုံးပြုတဲ့ Wanda ကို တိုက်ရာမှာ Eldritch Magic ပဲ သုံးနေရင် မနိုင်နိုင်မှန်းသိလို level တူသွားအောင် တန်းညှိလိုက်တဲ့ သဘောပါ ။ ဒါမှမဟုတ် တစ်ခုခုကို ပြန်ပြင်ချင်လို Strange တစ်ယောက် Chaos Magic သုံးပြီး Reality ကို ပြောင်းလဲမယ့် ပုံပါ ။

What If? ထဲက နဂါးများ

ပြောခဲ့တဲ့အတိုင်း What If? နဲ့ တော်တော့်ကို တူပါတယ် ။ What If? တုန်းကလည်း Strange ကိုယ်ထဲကနေ နဂါးတွေကို ထုတ်ပြီး တိုက်ခိုက်ခဲ့သလို ဒီမှာလည်း အဲ့အကွက်ကို ပြန်သုံးထားပါတယ်။

No Way Home တုန်း က Ned နဲ့ MJ တို Sanctum ရောက်နေတုန်း Strange ရဲ့ ရေခဲသေတ္တာကို ဖွင့်လိုက်ရာမှာ အထဲမှာ alien တွေ monster တွေကို တွေ့ခဲ့ရပါတယ် ။ လူတစ်ယောက်ဟာ မှော်စွမ်းအားတအားကြီးလာရင် သာမန်အစားအစာတွေက အားအင်တွေမပေးစွမ်းနိုင်တော့တဲ့အတွက်
monster တွေကို စားနေရတာပါ ။ ဒါကလည်း comic reference တစ်ခုပါပဲ။ ဒီအတွက်ကြောင့်လည်း Strange ဟာ သူ့ကိုယ်ထဲကနေ monster တွေကို ထုတ်နိုင်တာဖြစ်ပါတယ် ။

Gargantos

New York မြိုလယ်ခေါင်မှာ ရေဘဝဲပုံစံ Interdimensional monster ကြီးရောက်ချလာပြီး Strange နဲ့ America Chavez တို ရင်ဆိုင်တိုက်ခိုက်နေရပါတယ် ။ ဒီကောင်ကြီးကို Shuma-Gorath လို ထင်ကြပေမယ့် မဟုတ်ပါဘူး။ Shuma က ဒီထပ် ပိုကြမ်းပြီး ပိုကြီးပါတယ်။ ဒီကောင်ကြီးဟာ Gargantos အမည်ရ sea monster ကြီးတစ်ကောင်ပါ ။ ကြည့်ရတာတော့ Wanda ရဲ့ darkhold ritual ကြောင့် ရောက်လာပုံရပါတယ်။

Comic ထဲမှာတော့ Gargantos ဟာ Namor ရဲ့ ရန်သူပါ ။ Endgame မှာထဲက easter egg ပါခဲ့တဲ့ Namor ကို Rumor တွေထွက်ထားတဲ့အတိုင်း ဒီဇာတ်ကားမှာ debut လုပ်သွားမလားကတော့ စိတ်ဝင်စားစရာပါပဲ ။

Strange Supreme or Evil Variant?

ဒီ scene ကတော့ တကယ်ကြက်သီးထစရာကြီးပါ ။ What If? ထဲက Strange Supreme ပြန်လည်ပါဝင်လာတယ်လိုတော့ ပြောကြပါတယ် ။ ကျွန်တော်ကတော့ Strange Supreme လို မထင်ပါဘူး ။ Strange Supreme က လူကောင်းတစ်ယောက်ပါ ။ ဟိုးအပေါ်မှာ ရှင်းထားခဲ့တဲ့
အတိုင်း absolute point of time ကို တစ်ယောက်ယောက်က ချိူးဖောက်လိုက်မိတဲ့အတွက် Evil Doppelgänger တစ်ခု ကွဲထွက်သွားတယ်လိုပဲ ထင်ပါတယ် ။ ဒီဇာတ်ကားအတွင်း Strange ရဲ့ variant များစွာ မြင်တွေ့
ရမှာဖြစ်တဲ့အတွက် ဒါဟာ Evil Variant တစ်ကောင်ဖြစ်နိုင်ပါ
တယ် ။

သိုမဟုတ်လည်း ပါမယ်လို Rumors တွေထွက်နေတဲ့ Nightmare သိုမဟုတ် Mephisto လို Evil being တစ်ကောင်ကောင်က Strange ယောင်ဟန်ဆောင်ပြီး chaos တွေ ဖြစ်အောင် လိုက်မွှေနေတာပေါ့ဗျာ ။

စာအရှည်ကြီးကို အချိန်ပေးဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ် ။ နောက်လည်း ဒီလို Superhero တွေနဲ့ ပတ်သက်တဲ့ content တွေ breakdown တွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ ZEUS ကို follow လုပ်ထားဖို ပြောချင်ပါတယ် ။

ဒါဟာ Teaser သာရှိသေးတဲ့အတွက် ဇာတ်လမ်းကို ခန့်မှန်းဖို
တော့ တော်တော်ခက်ပါတယ် ။ ဒါပေမယ့်လည်း teaser မှာတင် စိတ်ဝင်စားဖို တအားကောင်းနေပါပြီ ။ Multiverse of Madness ကတော့ No Way Home ထက်တောင် ပို hype ရမှာ အမှန်ပါပဲ ။

ကျွန်တော်တို No Way Home တုန်းက တခြားနိုင်ငံတွေနဲ့
တန်းတူ ရုံမှာ ကြည့်ရှုခွင့်ကို ဆုံးရှုးခဲ့ရပါတယ် ။ နိုင်ငံခြားက တခြားသူတွေ တအား hype နေကြတဲ့အချိန် ကျွန်တော်တိုကတော့ အိမ်မှာပဲ ရုံခိုးရိုက်လေးကြည့်ပြီး ကျေနပ်ခဲ့ရပါတယ် ။ ဒါကြောင့် Multiverse of Madness ကို ရုံမှာ ကြည့်ပြီး hype ချငိတယ်ဆိုရင်တော့ များများ click ပေးကြပါ ။ ကျွန်တော်တို page က click တွေ တင်သာမက တခြားသော click to donate page တွေအားလုံးကို click ပေးခြင်းဖြင့် support ပေးကြပါ ။ ကျွန်တော်တို နိုင်မှ ဖြစ်ပါမယ် ။

ဒီအတွက် အားလုံးလည်း ဒီတော်လှန်ရေးကြီးမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်တတ်နိုင်တဲ့ဖက်က ပါဝင်ကြပါ ။ Multiverse of Madness ကို ရုံမှာ မပြခင် အချိန် 5 လကျော်ရှိပါတယ် ။ ဒီအချိန်အတွင်းမှာ ကျွန်တော်တို စိတ်ဓာတ်ကျမနေဘဲ အကောင်းဆုံးရှင်သန်ရှေ့ဆက်ပြီး ဒီတော်လှန်ရေးကြီးကို အောင်မြင်အောင် ပံ့ပိုးပေးမှ ရပါမယ် ။ တစ်နေ့တော့ ကျွန်တော်တို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ Endgame ကြည့်ခဲ့ရတုန်းကလို ရုံထဲမှာ ပြန်ဆုံချင်ပါတယ် ။ ဒီကာလအတွင်း အားလုံးလည်း ဂရုစိုက်ကြပါ။

#Weasel #ZEUS

(Zeusmyanmar.com မှ Content များကို
ပြန်လည်ကူးယူဖော်ပြခွင့် မပြုပါ။)

Leave a Reply

Your email address will not be published.