Categories
Movie Review

Christmas Eve အတွက် ရုပ်ရှင် ၇ ကား

ဒီနေ့ညဆိုရင်ပဲ Christmas Eve ရောက်နေပြီပဲဖြစ်တယ်။ Holiday လည်းဖြစ်တဲ့ အပြင် အားလုံးလည်း ပျော်ရွှင်စရာ Christmas Eve လေးကို ဇာတ်ကားလေးတွေကြည့်ပြီး ကြိုဆိုလိုအောင် Christmas Eve မှာကြည့်သင့်တဲ့ ဇာတ်ကား ၇ ကားကို ရွေးတင်ပေးလိုက်ပါတယ်။

Christmas ဆိုတာ ဆောင်းရာသီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ အပြင်ကလေးတွေဟာဆိုရင်လည်း Christmas မှာ Santa ပေးမယ့် လက်ဆောင်လေးတွေရတော့မှာဆိုပြီး ပျော်နေကြတဲ့ အချိန်လည်းဖြစ်ပါတယ်။ Christmas Eve ဆိုတာ Christian တွေသာမကပဲ ကမ္ဘာအနှံနှံက လူတွေအတွက် တကယ့်ကိုမိသားစု ဆုံစည်းဖို လတစ်ခုပဲဖြစ်ပါတယ်။ ကိုတွေလို ရုံးပိတ်ရက်များများ မရှိတဲ့ တခြားနိုင်ငံတွေမှာဆို 24 ရက်နေ့ည Christmas Eve မှာမိသားစုတွေလက်စုံ ညစာစားကြပြီးနောက်နေ့ Christmas ပွဲကို ဆင်နွဲကြပါတယ်။ ဒီနေ့မှာ ရွေးပေးလိုက်တဲ့ ဇာတ်ကားတွေကတော့ တကယ့် Christmas ရဲ့ အနှစ်သာရကို ပေါ်လွင်စေမယ့် ဇာတ်ကားတွေချည့်ပဲဖြစ်ပါတယ်။

၁။ The Klaus (2019)
2019 မှာထွက်ရှိခဲ့တဲ့ ဒီ ရုပ်ရှင်ဟာဆိုရင် တကယ့်ကို ရင်ထဲ အသဲထဲ ထိသွားမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ Animated Film တစ်ခုဖြစ်ပြီး CGI တွေကလည်း ပုံစံကွဲပြီးထူးခြားနေတဲ့အတွက် ထူးခြားတဲ့ ခံစားချက်ကို ခံစားရမှာဖြစ်ပါတယ်။

❄️ Story line ❄️
Jesper ဆိုတဲ့ကောင်လေးက အကြောင်းအမျိုးအမျိုးကြောင့်ပဲ အရမ်းအေးတဲ့ အန္တာတိက စက်ဝန်းနားက မြိုလေးမှာ တာဝန်လာကျပါတယ်။ သူရဲ့တာဝန်က တစ်နှစ်အတွင်းမှာ စာပေါင်း ၆ ထောင်ကို တာဝန်ယူရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် မြိုထဲက လူတွေက နှစ်ဖွဲကွဲနေပြီး မတည့်ကြပါဘူး။ သူကလည်း Klaus ဆိုတဲ့ လူကြီးဆီသွားပြီး အကူအညီသွားတောင်းပါတော့တယ်။ သူတို နှစ်ယောက်ပေါင်းပြီး ဒီမြိုလေးကို ဘယ်လိုစည်းလုံးအောင်ပြန်လုပ်ပေးမလဲ ဆိုတာကြည့်ရမှာပါ။

၂။ Angela’s Christmas and Angela’s Christmas Wish (2017&2020)
ဒီဇာတ်ကားလေးက မိနစ်အနည်းငယ်ပဲ ရှိပေမယ့်တကယ့်ကို အနှစ်သာရရှိတဲ့ ဇာတ်ကားလေးကို ရွေးပေးလိုက်ရခြင်းဖြစ်ပါတယ်။ Animated Film ဖြစ်ပေမယ့် အရမ်းရသမြောက်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

❄️story line❄️
1910 ခုနှစ် အိုင်ယာလန်ကို အခြေတည်ထားတဲ့ ဒီဇာတ်ကားလေးက ကလေးလေးတစ်ယောက်ဖြစ်တဲ့ Angela လေးရဲ့ ထူးဆန်းတဲ့ အတွေးလေးကိုပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ တစ်နေ့သူမအမေနဲ့ Church ကိုသွားရင်း Baby Jesus အရုပ်လေးကိုတွေ့ပြီး Baby Jesus လေးအေးနေမှာစိုးလို အိမ်ကိုတိတ်တိတ်လေးယူလာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူမဘာလို ဒီလိုလုပ်ရတယ်ဆိုတာကို ပုံဖော်ပြထားက ရသမြောက်လွန်းလို မျက်ရည်မခိုင်တဲ့ သူတွေအလွယ်တကူထိရှစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

၃။ A Christmas Carol (2009)
ဒီဇာတ်ကားကတော့ တကယ့်ကိုဘယ် Christmas Eve ရောက်ရောက်မရိုးနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ကိုယ်ဆိုရင် Christmas Eve ရောက်တိုင်းဒီဇာတ်ကားကိုကြည့်ဖြစ်ပါတယ်။ 2009 CGI တွေနဲ့တောင်တကယ်အသက်ဝင်အောင် လုပ်ထားတဲ့ Animated ဇာတ်ကားမိုလိုအားလုံးအတွက် Heart Touching ဖြစ်စေမယ့် ဇာတ်ကားအဖြစ်ရွေးပေးလိုက်ပါတယ်။

❄️story line ❄️
Ebenezer Scrooge ဆိုတဲ့အဘိုးကြီးက အသက်အရွယ်နဲ့မလိုက်အောင်ကပ်စေးကုတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Christmas ဆိုတာကို အဓိပ္ပါယ်မရှိဘူးလို ခံယူထားပြီး Christmas ကိုလည်းအရမ်းမုန်းတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ Christmas Eve ညမှာဆုံးပါးသွားတဲ့သူ့သူငယ်ချင်းကလာလည်ပြီး သူ့လိုGhost မဖြစ်အောင်အသိပေးခဲ့ပါတယ်။ ဇာတ်တိုက်ဆိုသလိုပဲ နောက်ထပ် အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတဲ့သရဲ၃ ယောက်ရောက်လာပြီး Ebenezer Scrooge ကို Christmas အပေါ်ထားတဲ့ စိတ်ထားကိုပြောင်းလဲပေးခဲ့ကြပါတယ်။

၄။ How the Grinch Stole The Christmas (2000)
အသစ်ထွက်ထားတဲ့ ဇာတ်ကားထက်စာရင် ဒီဇာတ်ကားလေးကပိုပြီးနွေးထွေးတဲ့ ခံစားချက်ကိုပေးတယ်လို ခံစားရလို ဒီဇာတ်ကားကို ဒီ List ထဲထည့်ခဲ့ပေးတာဖြစ်ပါတယ်။

❄️story line ❄️
Grinch ဆိုတဲ့လူကြီးက အမြဲဒေါသတကြီးနေတတ်တဲ့ သူဖြစ်ပါတယ်။ သူက Whoville ကလူတွေကိုကြည့်မရတာကြောင့် မြိုအပြင်ကဂူထဲမှာပဲနေပါတယ်။ တစ်နေ့မှာတော့ မြိုထဲက Christmas ကျင်းပနေတဲ့ နေရာကို ဖျက်ဆီးဖိုရောက်သွားပါတယ်။ အဲ့ဒီမှာပဲ အသက်၆ နှစ်အရွယ် Cindy ဆိုတဲ့ကလေးမလေးကြောင့် သူရဲ့ခံယူချက်တွေဘယ်လိုပြောင်းလဲ သွားမလည်းဆိုတာကြည့်ရမှာပဲဖြစ်ပါတယ်။

၅။ The Nightmare Before Christmas (1993)
ဒီဇာတ်ကားကတော့ တကယ့်ကို Classic Movie တစ်ခုပဲဖြစ်ပါတယ်။ 90s stop motion တွေထဲ ထိပ်တန်းက ဇာတ်ကားတစ်ကားလိုလည်းပြောလိုရပါတယိ။ Christmas ရော Halloween မှာရောကိုယ်အမြဲကြည့်ဖြစ်တဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး။

❄️story line ❄️
Jack Skellington ဆိုတဲ့ Halloween မြိုရဲ့ ဘုရင်တစ်ပါးက သူ့ရဲ့မြိုမှာနေရတာအရမ်းစိတ်ညစ်လာတဲ့အတွက် ခြေဦးတည့်ရာထွက်လာရင်းနဲ့ Christmasမြိုကိုရောက်တဲ့ တံခါးကနေ Christmas ရဲ့ ပျော်ရွင်စရာတွေကိုကြည့်ပြီး Christmas မြိုကို ခိုးယူဖိုကြံစည်ခဲ့ပါတယ်။ သူ့ရဲ့ အကြံအစည်အထ မြောက်မမြောက်ကို ဆက်ပြီးကြည့်ရမှာပဲဖြစ်ပါတယ်။

၆။ Scrooged (1988)
ဒီဇာတ်ကားက Christmas Carol နဲ့ ဇာတ်ကျောခြင်းဆင်ပေမယ့်မတူညီတဲ့ ရသနဲ့ မင်းသားကြီး Bill Murray ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်ချက်တွေကိုကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ 90s ဇာတ်ကားတွေက တကယ့်ကိုရွှေခေတ်က ကားတွေလိုပြောရလောက်အောင် ဇာတ်လမ်း ဆက်တင်အကုန်အရမ်းကောင်းပြီး ကြည့်လိုလည်းကောင်းပါတယ်။

❄️Story Line ❄️
Frank Cross ဆိုတဲ့ Television Executive တစ်ယောက်က တစ်ကိုယ်ကောင်းအရမ်းဆန် ကပ်စေးနည်းပြီး Christmas ကိုလည်းအလေးမထားတဲ့သူတစ်ယောက်ပါ။ Christmas Eve ဖြစ်တဲ့ ၂၄ ရက်နေ့ညမှာပဲ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတဲ့သရဲ၃ ယောက်ရောက်လာပြီး Frank ကိုပြောင်းလည်းအောင်ပြုလုပ်ပေးခဲ့ပါတယ်။

၇။ Home Alone (1990)
Home Alone ကတော့ တစ်ကမ္ဘာလုံးရဲ့ Christmas Eve အတွက် Classic Movie တစ်ခုပါ။ နှစ်တိုင်းလည်း လူတော်တော်များများကဒီဇာတ်ကားကိုကြည့်ရတာနှစ်သက်ကြပါတယ်။ တကယ်လည်း Classic Movie လိုပြောရလောက်အောင် ဒီဇာတ်ကားကို ဘယ် Christmas Movie မှမမှီနိုင်သေးပါဘူး။ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်မယ့် Christmas Eve ဇာတ်ကားမိုလို List ထဲထည့်ပေးလိုက်ပါတယ်။

❄️Story Line❄️
အသက် ၈ နှစ်ပဲရှိသေးတဲ့ ကလေးလေး Kelvin ကသူ့ရဲ့ မောင်နှမ ၅ ယောက်ထဲမှာအငယ်ဆုံးဖြစ်ပါတယ်။ တစ်နေ့မှာ သူတိုမိသားစု ခရစ်စမတ်အတွက် ပြင်သစ်ကိုသွားတဲ့နေ့မှာပဲ မိသားစုများတဲ့ Kevin တို မိသားစုမှာ အကြောင်းအမျိုးအမျိုးကြောင့်ပဲ Kevin လေးကိုတစ်ယောက်ထဲ ချန်ခဲ့သလိုဖြစ်သွားပါတယ်။ ထိပ်တန်းသူခိုး ၂ယောက်ကလည်း Kevin တိုအိမ်မှာဘယ်သူမှ မရှိဘူးအထင်နဲ့ Christmas Eve ညမှာ လာပြီးဖောက်ထွင်းပါတော့တယ်။ Kevin လေးက သူ့ရဲ့ နည်းလမ်းတွေနဲ့ ဘယ်လိုတားမလည်းဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။

#Thor #ZEUS

Leave a Reply

Your email address will not be published.