Categories
Comic fact Marvel MCU

The Multiverse Of Madness မှာ X-Men တွေနဲ့ချိတ်ဆက်ဖို့ရှိ မရှိ?

Doctor Strange: The Multiverse Of Madness trailer ထွက်ပြီးတဲ့နောက် Wanda ရဲ့ multiverse နဲ့ reality အပေါ်ဝင်ရောက်စွက်ဖက်မှုကြောင့်ဖြစ်လာမယ့်အကျိုးဆက်တွေကို Dr. Strange တစ်ယောက်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာလူအများစိတ်ဝင်စားနေကြတာအသိပါပဲ။

ပိုအရေးကြီးတာက Marvel movies တွေရဲ့ထုံး‌စံအတိုင်းတစ်ကားနဲ့တစ်ကားအချိတ်အဆက်မိမိလက်တွဲသွားမှာဖြစ်တဲ့အတွက် ဘယ်သူတွေနဲ့ဘယ်လိုချိတ်ဆက်သွားမလဲဆိုတာပါ။ အစပိုင်းကို No Way Home နဲ့ချိတ်ဆက်ထားပြီးနောက်အဆုံးပိုင်းနဲ့ credit scene တွေမှာကော ဘယ်သူတွေကိုမြင်ရပါ့မလဲ?

Cameo တွေအတွက်သတင်းကတော့အတော်လေးထွက်နေပြီး Loki, Professor X, Agatha တို့ကတော့အတော်လေးပါဝင်နိုင်ချေမြင့်တဲ့ character တွေပဲဖြစ်ပါတယ်။

ဒါ့အပြင် အသိသာဆုံးအချက်ကတော့ Fox ရဲ့ X-Men တွေနဲ့ချိတ်ဆက်ဖို့ဖြစ်ပြီး mutant နှစ်ယောက်ဖြစ်တဲ့ Quicksilver နဲ့ Wanda ကိုတော့ MCU မှာမိတ်ဆက်ခဲ့တာကြာခဲ့ပါပြီ။

ဒါနဲ့ပတ်သက်ပြီးဟိုးအရင်ကကျွန်တော်ပြန်လည်ဝေမျှဘူးတဲ့ theory တစ်ခုကိုပြန်ပြီးသတိရလာတဲ့အတွက်ထပ်ပြီးဖော်ပြလိုက်ရပါတယ်။

X-Men တွေကိုချိတ်ဆက်သွားမယ်ဆိုရင် Wanda နဲ့ပတ်သက်ပြီးဆက်စပ်သွားရမှာဖြစ်တဲ့အတွက် Multiverse Of Madness ဟာ X-Men တွေကို MCU ထဲထည့်သွင်းဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲ။

MCU ဟာ detail အသေးစားတွေမှာကအစ Pixar လိုအမြဲဂရုတစိုက်ထားတတ်တဲ့အတွက် fan တွေရဲ့မျက်စိဒေါက်ထောက်ရှာဖွေမှုတွေကြား Wolverine နဲ့ Wanda ရဲ့ဆက်သွယ်မှုတစ်ခုကိုတွေ့ခဲ့ပါတယ်။

House Of M event မှာ Wanda ရဲ့ No more mutants ဆိုတဲ့စကားတစ်ခွန်းကြောင့် reality တစ်ခုလုံးဇောက်ထိုးဖြစ်ခဲ့ကာ mutant တွေအကုန်ဒုက္ခရောက်ခဲ့ရတာသိကြမယ်ထင်ပါတယ်။

Multiverse Of Madness မှာလည်း Wanda ဟာသူ့ရဲ့သားနှစ်ယောက်ကိုအာရုံခံမိရာက multiverse ကိုပြောင်းပြန်လှန်တဲ့အခါ House Of M ထဲကလို Professor X ကများလာတားမလား?

ဒါ့အပြင် House of M event မှာ Wanda reality warp တာကြောင့် Logan တစ်ယောက်မှတ်ဉာဏ်ပြန်ရလာပြီးသူ့ရဲ့နာမည်အရင်းကိုမှတ်မိခဲ့တာပါ။

Live-action Logan ဟာလည်းအတိတ်မေ့နေသူဖြစ်ပေမယ့် Days Of The Future Past ထဲမှာဆိုရင် time travel လုပ်ပြီးပြီးချင်း 1973 မှာကောင်မလေးတစ်ယောက်ဘေးနိုးလာတာမှတ်မိကြဦးမှာပါ။

အဲ့ကောင်မလေးကသူ့ကို Logan လို့မခေါ်ဘဲနာမည်အရင်းဖြစ်တဲ့ James Howlett ကိုအဖျားဆွတ်ကာ Jimmy လို့ခေါ်ခဲ့တာပါ။ ဒါဆို Logan ကအဲ့ကောင်မလေးကိုသူ့နာမည်ပြောပြခဲ့တာဖြစ်ပြီး နာမည်အရင်းကိုမှတ်မိနေပြီဖြစ်ကာ ဒါဟာ Wanda နဲ့ Logan တွေ့ဆုံပြီးခဲ့တာဖြစ်ကြောင်း 2020 June လတုန်းက reddit မှာအတော်လေးရေပန်းစားခဲ့ပါတယ်။

အခုဆိုရင်တော့အချက်အလက်တွေအကုန်ပေါင်းကြည့်လိုက်ရင် Multiverse Of Madness မှာ X-Men တွေကိုမြင်ရဖို့အတော်လေး chance များနေတာပဲဖြစ်ပါတယ်။

#Takezō #ZEUS

Leave a Reply

Your email address will not be published.