Categories
Marvel MCU News

Doja Cat , The Weeknd , Solange , Stormzy တို့ ပါဝင်လာတဲ့ Black Panther 2 soundtrack

Black Panther (2018) ရဲ့ soundtrack ကိုလည်း award-winning rapper တစ်ယောက်ဖြစ်တဲ့ Kendrick Lamar ကိုယ်တိုင် producer အဖြစ်ပါဝင်ခဲ့ပီး The Weenknd , Travis Scott , Khalid , SZA တို့ featured ပါဝင်ခဲ့ပါတယ်။

Kendrick Lamar ရဲ့ Black Panther soundtrack ထဲက ” All the Stars ” “Pray for me” “King’s Dead စတဲ့ သီချင်းတွေကလည်း Top Charts တွေမှာ ရက်ပေါင်းများ ထိပ်ဆုံးထိရောက်ဆီခဲ့ပီး အောင်မြင်မှုရရှိခဲ့ပါတယ်။

အခုလည်း 2022 November မှာ ရုံတင်ပြသမဲ့ Black Panther : Wakanda Forever ရဲ့ soundtrack မှာ သီဆိုဖို့ Top Rapper Artists တချို့ကို စုစည်းနေတယ်လို့ သိရပါတယ်။

Metro news ရဲ့ report တွေကအရ အရင် Album မှာ ပါဝင်ခဲ့တဲ့ The Weeknd လည်းပြန်လည်ပါဝင်ခဲ့ပီး Line up မှာတော့
The Weeknd
Doja Cat
Solange
Stormzy တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ Kendrick Lamar ကတော့ သူရဲ့ နောက်ထပ်album အသစ်ကြောင့် အခုထိ မပါဝင်လာသေးဘူးလို့သိရပါတယ်။

အစောပိုင်းသတင်းတွေအရ Canadian rapper တစ်ယောက်ဖြစ်တဲ့ Tory Lanez လည်းပါဝင်လာနိုင်ပီး အရင် Album မှာ singer 24 ယောက်အထိ team up လုပ်ခဲ့တာကြောင့် နောက်ထပ် rapper တွေကိုလည်း စုစည်းနေတယ်လို့သိရပါတယ်။

Black Panther: Wakanda Forever soundtrack ကိုတော့ ရုံတင်ပြသတဲ့ November 11, 2022 ကျမှသာ release လုပ်မှာပဲဖြစ်ပါတယ်။

#Normage #ZEUS

Leave a Reply

Your email address will not be published.