Categories
Comic fact Marvel

လက်ရှိ Marvel comic တွေထဲမှ မြင်တွေ့ရတဲ့အကြောင်းအရာများ

လက်ရှိ Marvel comic အသစ်များထဲမှာ မြင်တွေ့ရတဲ့အကြောင်းအရာများ, ထူးခြားတဲ့ဇာတ်လမ်းများနဲ့အတူ လူသိနည်းတဲ့factအချို့ကိုတင်ဆက်ပေးလိုက်ပါတယ်.

#Zzerk #ZEUS

Celestialတည်ဆောက်နေတဲ့ Tony Stark

ကမ္ဘာပေါ်ကGeniusအဖြစ်ဆုံးစာရင်းထဲမှာပါဝင်သူတစ်ယောက်ဆိုရင်လည်းမမှားပါဘူး.MCUမှာဆိုရင်လည်း Nano techတို့ Hulk Busterတို့ထိမြင်တွေ့ခဲ့ရပါတယ်.Comicထဲမှာတော့ comicဆိုတဲ့အတိုင်းပဲ LAထက်ကိုပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ မထင်မှတ်ထားလောက်တဲ့အရာတွေထိကိုရှိခဲ့ပါတယ်.New Asgardကိုပြန်လည်တည်ဆောက်ရာမှာလည်း Advance cityကြီးတစ်ခုဖြစ်အောင် အရာရာဦးဆောင်ပြီး techတွေဖြည့်ကာတည်ဆောက်ပေးခဲ့ပါတယ်.Helios Laser – UV Drone ဆိုပြီးတော့ Hulkကိုအရိုးပဲကျန်တော့ထိဖြစ်စေတဲ့လက်နက်မျိုးတွေကိုတီထွင်ခဲ့ပါသေးတယ်.အခုပြောပြသွားမဲ့အရာက ဒီအရာတွေထက်ကိုပိုမိုသာလွန်တယ်.လက်ရှိထွက်နေတဲ့ Hulk 2021 comicမှာစတွေ့ရတာဖြစ်ပါတယ်. Celestail Armorကြီးတစ်ခုကိုတည်ဆောက်နေတာဖြစ်ပါတယ်. ဒါပေမဲ့ ဒီCelestial Armorမှာ အရာရာအားလုံးကသူ့ဖန်တီးမှုတွေကြီးပဲတော့မဟုတ်ပါဘူး.အသေးစိတ်ပြောပြပေးသွားပါမယ်.

ဖြစ်ပုံကတော့ Knullဆိုတဲ့ Symbiote Godကြီးက Symbioteစစ်တပ်ကြီးနဲ့အတူ ကမ္ဘာကိုတိုက်ခိုက်ဖို့universeထဲမှဆင်းချလာပါတယ်.Knullရဲ့ symbioteစစ်တပ်တွေထဲမှာ Celestialတွေပါဝင်လာခဲ့ပါတယ်.KnullကCelestialတွေကိုပါ symbioteတွေနဲ့ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်.ဒီbattleမှာတော့Earth Mightiest Heroesတွေ Avengersတွေက Knullကိုနှိမ်နင်းနိုင်မဲ့နည်းလမ်းကိုရှာတွေ့ခဲ့ပြီး battleကိုအဆုံးသတ်ကာအနိုင်ရခဲ့ပါတယ်.Knullရဲ့symbioteတွေရှင်းသွားတဲ့အခါ battleအတွင်းမှာပါဝင်လာခဲ့တဲ့ Celestialရဲ့bodyကို Tony Starkကရရှိသွားတာဖြစ်ပါတယ်.

ထိုမှနေပဲ ဒီCelestial bodyကိုဖြည့်စွက်မွမ်းမံပြီး Iron Manကို ကိုယ်စားပြုတဲ့ပုံစံအဖြစ် ပြောင်းလဲတည်ဆောက်နေတာဖြစ်ပါတယ်.သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ Celestial Bodyရဲ့ရင်ဘက်က လက်ကျန်energy coreကို pocket dimensionအဖြစ်ပြောင်းလဲချင်တာဖြစ်ပါတယ်.ကမ္ဘာပေါ်မှာအရမ်းအထိအခိုက်အပျက်အစီးများနိုင်မဲ့battleမျိုးတွေမှာ ပြည်သူပြည်သားတွေအရပ်သားတွေထိခိုက်မှုမရှိလေအောင် Celestial bodyရဲ့energy coreထဲက pocket dimensionထဲမှာ လုံခြုံစွာခိုလှုံခွင့်ရနိုင်ဖို့ဖြစ်ပါတယ်.Celestial Armorကိုတော့သူcontrolလုပ်ပြီး ရန်သူတွေကို အေးဆေးဝိုက်မယ်ပေါ့ဗျာ.

Hulk 2021 issue 1မှာမြင်တွေ့ခဲ့ရပုံအရ Celestial Armorကတည်ဆောက်မှုပြီးစီးခါနီးနေပါပြီ.ဒါပေမဲ့ အနှောက်အယှက်အဟန့်အတားတွေလည်းရှိနေခဲ့တယ်. Bruce Bannerက Celestial power coreကိုလိုချင်တဲ့အတွက် Iron Manကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်.ဘာဆက်ဖြစ်မလဲဆိုတာကတော့ အတိအကျမသိရသေးပါဘူး issueအသစ်ထွက်မဲ့အချိန်ကိုစောင့်နေရသေးလို့ပါ.

Iron Manတစ်ယောက် comicထဲမှာ pocket dimensionပါဝင်မဲ့ Celestial Armorတည်ဆောက်နေပြီပေါ့ဗျာ. အခုမှfirst timeလားဆိုတော့ မဟုတ်ဘူးဗျ.အဲ့မတိုင်ခင် Giant Size Busterတစ်ခုကို ကိုယ်တိုင်အစအဆုံးတီထွင်နိုင်ခဲ့ပါသေးတယ်. Godkiller Armor MK IIလို့အမည်ရပါတယ်.Dark Celestial(Aspirants)တွေကိုယှဥ်ချဖို့လုပ်ခဲ့ပေမဲ့လည်း ကိုယ်ပိုင်technologyတွေနဲ့အကောင်းဆုံးဖြစ်နေပေမဲ့လည်း Dark Celestialတွေကိုမယှဥ်နိုင်ခဲ့ပဲ battleမှာနယ်နယ်ရရဘာမှကိုမလုပ်လိုက်နိုင်ပဲ Godkiller Armor MK IIကိုဆုံးရှုံးခဲ့ရပါတယ်.တစ်ဖက်ကရန်သူတွေက Dark Celestialတွေဖြစ်နေတာကြောင့်လည်းပါပါတယ်. Tonyကလက်မလျှော့သေးဘူးပေါ့ဗျာ အခုပိုမိုကောင်းမွန်မဲ့ Celestial Armorကိုတည်ဆောက်နေပါပြီ.

ဒီနေရာမှာတစ်ချို့အမှတ်မှားနေတဲ့အချက်အချို့ကိုလည်းထည့်ပေါင်းပြောပြပေးသွားပါမယ်. Godkiller Armor MK IIကို တီထွင်ဖို့အစပျိုးခဲ့မှုနဲ့လည်းသက်ဆိုင်နေပါတယ်. Godkiller Armor MK IIဟာ တစ်ကယ့်Godkiller Armorကြီးကိုတုပပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်. မူရင်း Godkiller Armorဟာ Dark Celestialတွေရဲ့ဖန်တီးမှုဖြစ်ပါတယ်. Universeကြီးအစ Celestialတွေနဲ့ Dark Celestialတွေbattleကြားမှာ Celestialတွေကိုဝိုက်ဖို့အတွက် Dark Celestialတွေကဖန်တီးခဲ့တာဖြစ်ပါတယ်.အဲ့ မူရင်း Godkiller Armorကိုလည်းTonyပိုင်တယ်ထင်ပြီး အမှတ်မှားနေကြတာဖြစ်ပါတယ်.

Tonyက Dark Celestialတွေရဲ့ဖန်တီးမှု Godkiller Armorကိုရှာတွေ့ခဲ့တာပါ.TonyကGodkiller Armorကို နိုးထစေခဲ့ပြီး ထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး.Auto pilot systemကြောင့် ဂြိုလ်နှစ်ခုဟာလည်းပျက်စီးခဲ့ပြီး သက်ရှိများစွာသေဆုံးခဲ့ရပါတယ်.Godkiller Armorကို Dark Celestialတွေကလွဲလို့ ဘယ်သူမှaccessမလုပ်နိုင်တာကြောင့်လက်လျှော့ခဲ့ရပါတယ်.ဒီကနေမှပဲ Tonyက ideaတစ်ခုရပြီး Giant size enemyတွေကိုယှဥ်ချဖို့ Godkiller Armorကိုမှီငြမ်းပြီး Godkiller Armor MK IIဆိုပြီးတည်ဆောက်ခဲ့တာပါ.

ဒါပေမဲ့လည်းဘယ်လောက်မှတောင်အသုံးမပြုလိုက်ရပါဘူး.Battleအတွင်းဆုံးရှုံးခဲ့ရပါတယ်.အခုလက်ရှိမှာတော့ Celestial Armorသစ်တစ်ခုကိုပြန်လည်တည်ဆောက်နေပါပြီ. Godkiller Armor MK IIရဲ့Originကတော့ ဒီလောက်ပါပဲ. Godkiller Armorနဲ့ Godkiller Armor MK IIတို့ကို ပုံမှာဖော်ပြပေးထားပါတယ်

Phoenix hostဖြစ်လာတဲ့ Echo Phoenix forceလို့ပြောလိုက်ရင် Jean Greyကိုတန်းမြင်ကြမှာပါ.X-Men movieတွေထဲမှာလည်း Phoenix forceကိုအသုံးပြုပြခဲ့တဲ့ဇာတ်ဝင်ခန်းအချို့လည်းမြင်တွေ့ခဲ့ပြီးပါပြီ. Phoenix forceဟာ comicထဲမှာတော့ ဒီထက်ပိုပြီး ရှုပ်ထွေးနက်နဲပါတယ်.Avengersတွေရှိနေတဲ့ Earth 616မတိုင်မီ (Big Bangကြောင့်လက်ရှိuniverseကြီးဖြစ်မလာခင် အရင်Universe)မှာကထဲကရှိနေခဲ့တာပါ.နောက်ပြီး Phoenix forceဟာ သက်ရှိbeingတစ်ယောက်လည်းဖြစ်နေပါတယ်.Venomလိုမျိုးပဲ သက်ရှိတွေကိုPhoenix forceပေးပြီးhostပြုလုပ်ပါတယ်.

Jean Greyဟာလည်း hostဖြစ်ခဲ့သူတွေထဲကတစ်ယောက်ပါပဲ.Phoenix forceကိုထာဝရပိုင်ဆိုင်သူတစ်ယောက်မဟုတ်ခဲ့ပါဘူး. ကမ္ဘာပေါ်ကပထမဦးဆုံးPhoenix forceကိုလက်ခံရရှိခဲ့တဲ့ hostဟာ Lady Phoenixလို့အမည်ရပြီး 100000 BC မှAvengersတစ်ယောက်လည်းဖြစ်နေပါတယ်.အရင်universeမှာလည်းPhoenix hostရှိနေနိုင်တာမို့ Lady Phoenixဟာလည်း ပထမဆုံးhostမဟုတ်လေဘူး.ဒါကြောင့်ပဲ Phoenix forceဟာ comicထဲမှာရှုပ်ထွေးနက်နဲမှုတွေရှိနေရခြင်းဖြစ်ပါတယ်.Jean Greyပိုင်ဆိုင်တဲ့အရာလည်းမဟုတ်ဘူးပေါ့ဗျာ.Phoenix forceစုပ်ယူခံရခိုးခံရတာတွေကော Phoenix hostဖြစ်ခဲ့သူတွေကောအများအပြားရှိခဲ့ပါတယ်.

လက်ရှိမှာတော့ Phoenix forceကိုပိုင်ဆိုင်ထားတဲ့ hostဟာ Maya Lopez (Echo)ဖြစ်ပါတယ်. Echoကို Hawkeye seriesမှာလည်းမြင်တွေ့ခဲ့ပြီးပြီမို့ အားလုံးလည်းရင်းနှီးပြီးကျလောက်ပါပြီ. Echoက Phoenix hostဘယ်လိုဖြစ်လာရတာလဲ? ပထမပြောခဲ့သလိုပဲ Phoenix forceဟာ Jean Greyပိုင်ဆိုင်တဲ့အရာမဟုတ်ဘူးဆိုတာ.ဒါပေမဲ့ လက်ခံရရှိထားခဲ့တဲ့hostပေါ့ဗျာ.Jean Greyဟာ Phoenix forceကိုကိုင်ဆောင်ထားရတာအရမ်းကိုပင်ပန်းလာတဲ့အတွက် Phoenix forceကိုဆက်လက်မကိုင်ဆောင်ချင်တော့ပဲ သူမကိုreleaseလုပ်ပေးဖို့ Phoenix beingကြီးကိုကိုယ်တိုင်တောင်းဆိုခဲ့တာပါ.ဒီကနေမှပဲ PhoenixဟာJean Greyထံကနေထွက်လာခဲ့ပြီးhostအသစ်တစ်ယောက်ကိုရှာဖွေနေခဲ့ပါတယ်. Moon KnightဟာPhoenix hostဖြစ်လာခဲ့ပါတယ်.

Moon Knightဟာလည်းပဲ သူနဲ့ဆိုရင်ဒီအစွမ်းအစတွေဟာအရမ်းအန္တရာယ်ကြီးပြီး ထိန်းချုပ်ဖို့ခက်ခဲနိုင်တာကြောင့် Phoenix forceကိုပြန်လည်စွန့်လွှတ်ခဲ့ပါတယ်.Phoenix beingကြီးကတော့ နောက်ထပ် host ကိုရှာရပြီး အလုပ်ရှုပ်ရတာပေါ့ဗျာ. ဒီတစ်ခါတော့ တစ်ယောက်ထဲကိုphoenix forceပေးတာမဟုတ်ပဲ heroပေါင်းစုံ villainပေါင်းစုံကိုတစ်ပြိုင်နက် အစွမ်းတွေ မျှဝေပေးခဲ့ပါတယ်.ရည်ရွယ်ချက်ကတော့ Phoenix forceနဲ့အမှန်တစ်ကယ်ထိုက်တန်သူကိုရှာတွေ့ချင်တာပါ.ဒါကြောင့်ဒီအစွမ်းတွေရခဲ့ရင်သူတို့ဘာတွေလုပ်ကြမလဲစောင့်ကြည့်ရင်း Phoenix forceရလိုက်ကြသူအချင်းချင်းကိုလည်းချခိုင်းပါတယ်.

Phoenix forceရလိုက်ကြသူတွေကတော့ Captain America, Doctor Doom, Black Panther, Namor, Moon Girl, Man Thing, Maya Lopez, She Hulk, Red Widow, Shang Chi, Jane Foster, Hyperion, Logan, Black Knight, Howard the Duck, American Eagle, Shanna, … စသည်ဖြင့် Phoenix forceကိုရလိုက်ကြသူတွေ အများအပြားပါပဲ. Phoenix forceရလိုက်သူတွေ သူတို့ကိုယ်တိုင်ဟာလည်းpermanent hostတွေဖြစ်လာဖို့ကြိုးစားလာကြပြီး forceရသူအချင်းချင်း1by1တွေချကြပါတော့တယ်.

Phoenix forceကိုအသည်းအသန်လိုချင်ကြတဲ့လောဘတွေနဲ့အတူ ယှဥ်ပြိုင်တိုက်ခိုက်ခြင်းတွေကြောင့် အပျက်အစီးအဆုံးအရှုံးတွေအတော်ကြီးမားခဲ့ပါတယ်.ထိုbattleတွေကြားထဲမှာမှပဲ Namorကြောင့် Echoတစ်ယောက်သေဆုံးခဲ့ရပါတယ်.Echoဟာဒီအရာတွေကြားမှာဝင်ရောက်ပါချင်သူတစ်ယောက်မဟုတ်သလို အစွမ်းအစတွေလိုချင်တပ်မက်မှုမရှိတာကြောင့်ပဲ Phoenix beingကြီးဟာ တစ်ခြားသူတွေစီက Phoenix forceတွေအကုန်ပြန်လည်စုပ်ယူပြီး Maya Lopez (Echo)ကိုပြန်လည်အသက်သွင်းကာ အစွမ်းအစတွေအကုန်ပေးပြီး Phoenix hostဖြစ်လာစေပါတော့တယ်.

Echoဟာလည်းပဲ Phoenix hostအဖြစ်ဆက်ခံပြီး forceရဖို့အချင်းချင်းချနေတဲ့heroတွေရဲ့battleတွေကိုလည်းရပ်တန့်ပေးခဲ့ပါတယ်. Phoenix hostဖြစ်နေတဲ့Echoအကြောင်းကဒီလောက်ပါပဲ. Echoအတွက် Phoenix songဆိုတဲ့comic seriesတစ်ခုကလည်းongoingအဖြစ်runလျက်ရှိပါတယ်.လက်ရှိeventတွေအတွက်အရေးပါတဲ့characterတစ်ယောက်အဖြစ်ရှိနေပါတယ်.

Sorcerer Supremeဖြစ်လာတဲ့ Bruce Bunner
Earth 11638

ဒီversionကတော့Marvel comicရဲ့main earth 616က Bruce Bannerတော့မဟုတ်ပါဘူး.What ifလိုမျိုးလည်းမဟုတ်ပဲ Another possibilityနဲ့ Multiverseက Bruce Bannerဖြစ်ပါတယ်.

Bruceဟာ သူ့စိတ်သူမထိန်းနိုင်သလို Hulkဖြစ်တဲ့အချိန်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေသာရှိစေတဲ့အတွက် ဒီအခြေအနေတွေကနေလွတ်မြောက်နိုင်မဲ့အဖြေတွေကိုရှာဖွေနေခဲ့ပါတယ်.တစ်နေ့မှာတော့ Doctor Strangeနဲ့ဆုံတွေ့ခဲ့ပါတယ်. Doctor Strangeရဲ့magicအစွမ်းတွေနဲ့သူ့ကိုကူညီနိုင်မယ်ထင်မိတဲ့အတွက် Doctor Strangeကိုအကူအညီတောင်းရင်းနဲ့ပဲ ပညာတော်သင်တစ်ယောက်ပါဖြစ်လာခဲ့ပါတယ်. Meditationအတူပြုလုပ်ကြရင်းနဲ့ပဲ Bruceဟာသူ့စိတ်ကိုထိန်းလာနိုင်ခဲ့ပါတယ်.Magic spellပိုင်းတွေနဲ့ပတ်သတ်ပြီးလည်း အတော်ကိုတတ်ကျွမ်းလာခဲ့ပါတယ်.

အခြေအနေအတိုင်းအတာတစ်ခုထိရောက်ပြီး ပညာတွေပြည့်စုံလာတဲ့အခါ Bruceဟာ သူ့ခန္ဓာကိုယ်ထဲကနေ Hulkကိုခွဲထုတ်နိုင်ခဲ့ပါတယ်.ဒါတင်မကသေးပဲ Hulkကို ငရဲပြည်ထိပို့လွှတ်ပြီးအပြစ်တွေခံယူစေပါတော့တယ်. Bruceနဲ့Hulkဟာ ခန္ဓာတစ်ခုထဲဆိုပေမဲ့လည်း Avengers End Gameမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း Smart Hulkကိုယ်ထဲက Bruceကိုခွဲထုတ်လိုက်သလို ဒီComicထဲမှာတော့ Bruceကိုယ်ထဲကနေHulkကိုခွဲထုတ်ခဲ့တာပါ.Hulkအဖြစ်လုံးဝမပြောင်းလဲတော့တဲ့ Sorcererတစ်ယောက်ဖြစ်လာခဲ့ပါတယ်.

အချိန်တစ်ခုကြာပြီးနောက် Doctor Strangeက တစ်ခြားrealityတွေ planeတွေကိုလေ့လာဖို့ရှိတဲ့အတွက် သူ့ရဲ့bodyကြီးကိုထားခဲ့ပြီး Astral formနဲ့ journeyလုပ်ဖို့ရှိလာခဲ့ပါတယ်.ဒါကြောင့်ပဲ Doctor Strangeက သူ့ရဲ့mantleကို Bruceကိုလွှဲပေးခဲ့ပြီး Bruce Bannerတစ်ယောက် Sorcerer Supremeတစ်ယောက်ဖြစ်လာခဲ့တော့တာပါပဲ.Doctor Strangeလောက်မကြမ်းပေမဲ့လည်း သူ့အနေအထားနဲ့သူ နီးစပ်သူမို့ Sorcerer Supremeဘွဲ့နဲ့ထိုက်တန်သူဖြစ်လာခဲ့ပါတယ်.

Sorcerer Supremeဖြစ်လာတဲ့Bruceအကြောင်းကတော့ ဒီလောက်ပါပဲဗျ. ဒါပေမဲ့ပြောလက်စနဲ့ပဲ ဒါဆိုHulkကဘာဖြစ်သွားလဲဆိုတာကိုပါ ထည့်ပေါင်းပြောသွားပါမယ်. Hulkကတော့ Mephistoရဲ့ငရဲပြည်ကိုရောက်သွားပြီး ငရဲသားတွေရဲ့ဒဏ်ပေးမှုကိုခံနေခဲ့ရပါတယ်.Hulkကလည်းမခေသူမို့လို့ ပြန်လည်တိုက်ခိုက်ရင်း Hell demonတွေကိုသတ်ဖြတ်စားသောက် ပါဝါတွေရလာပြီး Infernal Hulkဆိုတဲ့ Evil Monsterကြီးတစ်ကောင်ဖြစ်သွားပါတော့တယ်. Bruceကသူ့ခန္ဓာနဲ့ပြန်မပေါင်းမစည်းမချင်း ငရဲပြည်မှာပဲပိတ်မိနေမှာဖြစ်ပါတယ်

Ghost Spider

Ghost Riderဖြစ်လာခဲ့တဲ့ Peter Parker!
ဒီPeterကလည်း 616ကမဟုတ်ပဲ တစ်ခြားearthကပါ.အရှေ့မှာပြောခဲ့တဲ့ Sorcerer Supreme Bruceရှိနေတဲ့universeနဲ့အတူတူပါပဲ.ဆိုတော့ အဲ့universeကအဆန်းတွေကြီးပဲပေါ့ဗျာ.

ဒီuniverseမှာလည်း Peterက Spider-Manအရင်ဖြစ်ခဲ့ပါတယ်.ဒါပေမဲ့ တစ်ခြားSpideyတွေနဲ့မတူတာကတော့ သူ့ရဲ့Uncle Benကမသေဆုံးခဲ့တဲ့အပြင် ပြည့်စုံတဲ့Heroတစ်ယောက်ဖြစ်လာအောင် အကြံဉာဏ်တွေပေး trainပေးခဲ့ရင်း အတူယှဥ်တွဲနေထိုင်ခဲ့ကြတာပါပဲ.Amazing Spiderဆိုတဲ့အမည်တွင်လာခဲ့ပါတယ်.Iqမြင့်တဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီ Parker Technologyဆိုတဲ့ companyတစ်ခုကိုပါတည်ထောင်နိုင်ခဲ့ပါတယ်. Multiverseတွေခုန်ကူးနိုင်တဲ့ transportation deviceကိုပါထွင်နိုင်ခဲ့တဲ့အထိပါပဲ.

ဒါပေမဲ့Uncle Benနဲ့ Amazing Spiderတို့ဟာ တွေးခေါ်ကြံဆမှုတွေမှားခဲ့ကြပြီး လမ်းလွဲတစ်ခုပေါ်လျှောက်လှမ်းရင်း မကောင်းတဲ့အရာတွေဖြစ်လာစေခဲ့ပါတယ်.ဒါကတော့ transportation deviceကိုသုံးပြီး Multiverseက Spider-Manတွေကိုရှာဖွေကြတာဖြစ်ပါတယ်.ရည်ရွယ်ချက်ကတော့ အဲ့Spider-Manတွေကိုဖမ်းစီးပြီး Spideyပါဝါတွေကိုစုပ်ယူပြီး Amazing Spiderစီလွှဲပြောင်းပြီး ပါဝါတွေတိုးမြှင့်လာစေဖို့ပဲဖြစ်ပါတယ်.

ဒီလိုလုပ်ခြင်းဖြင့် Amazing Spiderကပိုstrongဖြစ်လာပြီး သူတို့universeကိုပိုမိုထိရောက်စွာနဲ့ တိုက်ခိုက်စောင့်ရှောက်ပေးနိုင်မယ်ထင်နေတာကြောင့်ပဲဖြစ်ပါတယ်. Uncle Benနဲ့ Amazing Spiderတို့ဟာသူတို့ကိုယ်တိုင်သတိမထားမိပဲ Evilဆန်လာကြတာဖြစ်ပါတယ်.MultiverseကSpider-Manတွေတော်တော်များများကိုအယုံသွင်းပြီးဖမ်းစီးနိုင်ခဲ့သလို powerတွေကိုလည်းDeviceတစ်ခုထဲမှာစုပေါင်းထားခဲ့ပါတယ်.

ဒါပေမဲ့သူတို့ရည်မှန်းချက်အတိုင်းဖြစ်မလာခဲ့ပါဘူး.ဖမ်းစီးပြီးစုပ်ယူထားသမျှenergyတွေpowerတွေကို Amazing Spiderစီလွှဲပြောင်းဖို့လုပ်ဆောင်ကြတဲ့အခါ ချို့ယွင်းချက်တွေရှိနေခဲ့ပြီး ဒဏ်မခံနိုင်ခဲ့တာကြောင့် Amazing Spiderတစ်ယောက် သေခါနီးစဲစဲဖြစ်ခဲ့ပြီး comaဝင်သွားခဲ့ပါတယ်.ဒီအခြေအနေမှာပဲ သူလုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့် မျောလွင့်နေချိန်သူ့soulက Mephistoရဲ့ငရဲကိုရောက်သွားခဲ့ပါတော့တယ်.Amazing Spiderတစ်ယောက် တော်တော်ကြီးကိုအပြစ်ဒဏ်တွေခံခဲ့ရပါတယ်.Bodyကြီးကလည်းcomaအခြေအနေနဲ့အချိန်တစ်ခုထိကြာမြင့်ခဲ့ပါတယ်.

ဒီလိုအခြေအနေတွေကြားကမှပဲ သူ့ကိုကယ်တင်ဖို့ လူတစ်ယောက်ကငရဲထိလိုက်လာခဲ့ပါတယ်.Yes သူကတော့ Sorcerer Supreme Bruce Banner ပဲဖြစ်ပါတယ်.မင်းအသက်ပြန်လည်ရှင်သန်နေထိုင်နိုင်ဖို့ second chanceပေးမယ်ပေါ့. Amazing Spiderကလည်း ဘယ်တတ်နိုင်မလဲ လာကယ်တာပဲအတော်ကျေးဇူးတင်ရမှာပေါ့.ငရဲပြည်ရောက်နေတာမို့ Amazing Spider Peter Parkerရဲ့soulကို Mesphitoကပိုင်ဆိုင်နေချိန်လည်းဖြစ်ပါတယ်.ဒါကြောင့် Amazing Spider, Sorcerer Supreme, Mephistoတို့သုံးယောက်သားဆွေးနွေးခဲ့ရပါတယ်.ပြန်လည်ရှင်သန်နိုင်ဖို့ရွေးချယ်စရာတစ်ခုပဲရှိခဲ့ပါတယ်.

Mesphistoရဲ့အစေခံ Ghost Riderအဖြစ်ပြောင်းလဲခံရဖို့ပါ. Peterလည်းရွေးချယ်စရာမရှိတဲ့အဆုံး Deal with the devil လုပ်ရင်း Ghost Riderဖြစ်သွားတော့ပါတယ်. သူ့ရဲ့ idကိုတော့ Ghost Spiderဆိုပြီးပြောင်းလဲမှည့်တွင်ခဲ့ပါတယ်. Ghost Spiderဟာ သာမာန်Ghost Riderတွေထက်အဆင့်မြင့်တဲ့ Angel Riderဖြစ်ပါတယ်.

Ghost Spiderကို Spider-Men Across The Spider-Verseမှာမြင်တွေ့ရဖို့အလားအလာရှိပါတယ်.teaserတွေအရlogoကိုပြသတဲ့sceneမှာGhost Spiderကိုကိုယ်စားပြုတယ်လို့ထင်ရတဲ့momentတစ်ခုပါဝင်ခဲ့လို့ပါဗျ

Ghost Spiderအကြောင်းကတော့ဒီလောက်ပါပဲဗျ.အချက်အလက်အပိုအဖြစ် Ghost Spiderဆိုပြီးနာမည်တူတွေရှိနေကြောင်းလည်းပြောဦးပါမယ်. Spider Gwen (Gwen Stacy)ကိုလည်း Ghost Spiderလို့ခေါ်ဆိုကြပါတယ်.

Cosmic Ghost Rider

ဖြစ်တည်မှုတွေဆန်းဆန်းပြားပြားနဲ့ နောက်ထပ်characterတစ်ယောက်အကြောင်းပါ.Cosmic Ghost Riderလို့အမည်ရပါတယ်.ဒါပေမဲ့ ဒီကောင်ကGhost Riderဖြစ်မလာခင်က Frank Castle (Punisher)ဖြစ်ပါတယ်.Earth TRN666ကဖြစ်ပါတယ်.

သူ့universeက Thanos versionဟာအလွန်ကြမ်းတမ်းပါတယ်.Thanosက ကမ္ဘာကိုinvadeလုပ်လာတဲ့အခါမှာ ရှိသမျှheroတွေအကုန်ကျရှုံးပြီး Punisherတစ်ယောက်သာကျန်ရှိခဲ့ပါတယ်.ဒါပေမဲ့Punisherလည်းအတော်ထိခိုက်ခဲ့ပြီး သေမလိုဖြစ်ခဲ့ရပါတယ်.ဒီအချိန်မှာပဲPunisherက ဘာတွေပဲပေးဆပ်ရဆပ်ရ Thanosကိုပြန်လက်စားချေချင်တယ်.ဒီအတိုင်းမသေဆုံးသွားချင်ဘူးဆိုပြီး universeကိုတိုင်တည်ခဲ့ပါတယ်.အဲ့မှာပဲ Mephistoကြီးကအရာရာပေးဆပ်မှာလားဆိုပြီး အပေးအယူတွေလုပ်ခဲ့ကြပြီး Punisherကို Ghost Riderအဖြစ်ပြောင်းလဲခဲ့ပါတယ်.

Thanosကြီးကတော့ သူ့questပြီးသွားလို့ပြန်ထွက်သွားခဲ့ပါတယ်.Punisherက Ghost Riderဖြစ်လာတဲ့အတွက် သူ့ရဲ့taskတွေကအရင် စတင်ဖို့လုပ်ဆောင်ရပါတယ်.ဒါပေမဲ့ ဒီကမ္ဘာအတွက် Ghost Rider(Punisher)ကအဓိပ္ပာယ်မဲ့တဲ့အရာတစ်ခုလိုဖြစ်နေပါတယ်.ဘာကြောင့်ဆို သူ့အတွက်punishလုပ်ဖို့avengeလုပ်ဖို့ ရာဇ၀တ်သား,သက်ရှိဆိုလို့ဘာမှကိုမရှိတော့လို့ပါ.Thanosကအကုန်သတ်သွားခဲ့တာကြောင့်ဖြစ်ပါတယ်.ဒါကြောင့် ကမ္ဘာတစ်ခုလုံးပေါ်မှာ Ghost Rider(Punisher)တစ်ယောက်ထဲ နှစ်ပေါင်းထောင်သောင်းချီအောင်နေထိုင်ခဲ့ရပါတယ်.

တစ်နေ့မှာတော့ Dead Planetဖြစ်နေတဲ့ ကမ္ဘာကြီးစီကို Galactusရောက်ချလာပါတယ်.သူရောက်ချလာတာကလည်း စားစရာဘာဂြိုလ်မှမတွေ့တော့လို့ ဆာလောင်မွတ်သိပ်မှုအပြည့်နဲ့ပါ.ကမ္ဘာကလည်းပျက်စီးပြီးသားပေမဲ့ဘာတွေများရှိဦးမလဲလာကြည့်တဲ့ပုံပါပဲ.အဲ့မှာပဲ Ghost Rider (Frank Castle)နဲ့ဆုံတွေ့ခဲ့ပါတယ်.Galactusကလည်း ကမ္ဘာဟာThanosကြောင့်ပျက်စီးခဲ့တာကိုသိလိုက်ရပါတယ်.

Thanosကိုလက်စားချေဖို့ Galactusနဲ့Ghost Rider(Punisher)တို့ပေါင်းစည်းခဲ့ကြပါတယ်.နှစ်ယောက်သားအပေးအယူတွေရှိခဲ့ပါတယ်. Ghost Rider(Punisher)ကသူ့ကို cosmic powerတွေပေးပြီး Heraldတစ်ယောက်ဖြစ်ခွင့်ပေးပါပေါ့ အဲ့အတွက်ကြောင့်အလဲအလှယ်အနေနဲ့ ကမ္ဘာကြီးကိုစားလိုက်ပါပေါ့.အပေးအယူမျှခဲ့ကြပြီး Ghost Rider (Punisher)မှ Cosmic Powerတွေရလာပြီး Cosmic Ghost Riderဆိုပြီး ပေါ်ထွက်လာခဲ့တော့တာဖြစိပါတယ်.

နောက်ဆက်တွဲအနေနဲ့ကတော့ Galactusနဲ့ Cosmic Ghost Riderတို့ Thanosကိုသတ်ဖို့ထွက်လာခဲ့ကြပါတယ်.ဒါပေမဲ့battleကမရှုမလှနဲ့ Galactusတစ်ယောက်သေဆုံးခဲ့ရပါတယ်.အချိန်ကာလအရမ်းကြာမြင့်နေပြီဖြစ်သလို စွမ်းအားတွေလည်းကြီးမားနေပြီဖြစ်တဲ့King Thanosဖြစ်နေပြီမို့ အလွယ်တကူသတ်နိုင်ခဲ့တာပါ. Cosmic Ghost Riderက သူ့သခင်Galactusလည်းရှောနဲ့ ဘာဆက်လုပ်ရမှန်းမသိတာနဲ့ပဲ King Thanosထံမှာပဲ Black Right Hand Guardတစ်ယောက်အနေနဲ့သာ အခစားဝင်လိုက်ပါတော့တယ်.လက်စားချေမဲ့planကနေ Cosmic Ghost Riderဖြစ် King Thanosရဲ့လူရုံဖြစ်နဲ့ … Cosmic Ghost Riderအကြောင်းလည်းဒီလောက်ပါပဲဗျာ

Marvel universeကို မြေလှန်ကြမယ့် Master of Evil team

တစ်ခေတ်တစ်ခါက Secret Warဆိုတဲ့comic eventဟာ multiverse crossoverပေါင်းစုံနဲ့ Marvel universeကိုကြီးကြယ်ခမ်းနားစေခဲ့ပါတယ်.Secret Warဟာလည်း MCUအတွက်Hitဖြစ်နေပါတယ်.Comicအတွင်းမှာဆိုရင်လည်း Secret Warကဲ့သို့ကြီးကြယ်ခမ်းနားမဲ့eventအသစ်တွေ setupလုပ်နေတာမျိုးကိုမြင်တွေ့ရပါတယ်.ဒီလိုအရာတွေကိုဖြစ်လာစေတော့မဲ့အကြောင်းအရင်းကတော့ Master of evilဆိုတဲ့ teamကြောင့်ပါ.Marvelရဲ့Multiverseတွေအကုန်လုံးကိုရစရာမရှိအောင်ကိုပျက်စီးမှုတွေခေါ်ဆောင်လာကြတော့မှာပါ.Master of evil teamအကြောင်းကိုပြောပြပေးသွားပါမယ်.

Master of evil teamမှာပါဝင်သူတွေကတော့
– Doom Above All (Doom Supreme)
– Dark Phoenix
– Black Skrull
– Young Thanos
– King Killmonger
– Ghost Goblinတို့ပါ.
Mesphitoနဲ့Doomတို့ကဦးဆောင်ပြီးဖွဲ့စည်းခဲ့တာပါ.Young Thanosကလွဲရင် ကျန်တဲ့သူတွေကMultiverseကပါ.

Doom Above Allကတော့သူ့universeမှာSupremeဖြစ်ပြီးတော့ Dark Phoenixကတော့ နာမည်နဲ့အညီPhoenix forceရှိထားပြီး Lady Deathနဲ့ဆင်တူမှုရှိပါတယ်.သူuniverseကWolverine(Berserker)ကိုအိမ်မွေးတိရစ္ဆာန်ပုံစံ Guardအနေဖြင့်ထားပါတယ်.

Black Skrullကတော့ Red Skrullကိုမှ Symbioteနဲ့ပေါင်းစပ်ထားတဲ့Versionပါ.King Killmongerကတော့ သူ့universeမှာ Wakandaကိုကော Asgardကိုကောတက်သိမ်းပြီးပါပြီ.Destroyer Armorကို Vibraniumနဲ့ပေါင်းစပ်ပြီး Panther Armorပုံစံသစ်တစ်မျိုးအဖြစ်မြင်ရပါတယ်.

Ghost Goblin – သူကတော့ Green Goblinနဲ့ Ghost Riderတို့ပေါင်းစပ်ထားတဲ့versionပါ.Ghost Riderဖြစ်လာခဲ့တဲ့Green Goblinပေါ့.ဒီကောင်ကြီးရဲ့ထူးခြားချက်ကတော့ သူ့ရဲ့Goblin mine/bombတွေက သာမာန်မဟုတ်ပဲ Ghost Riderဦးခေါင်းတွေဖြစ်နေပါတယ်.Multiverseက Ghost Riderတွေကိုလိုက်သတ်ပြီး Ghost Riderဦးခေါင်းတွေဖြုတ်ယူပြီး Gobline bombအဖြစ်ပြောင်းလဲအသုံးပြုတာဖြစ်ပါတယ်.

နောက်ဆုံးတစ်ယောက်ကတော့ Young Thanos, သူကတော့ Marvel main timeline Earth 616ပဲဖြစ်ပါတယ်.timetravelစက်တစ်မျိုးကိုတီထွင်ပြီးRobotစစ်တပ်ကိုပိုင်ဆိုင်ပါတယ်.

Master of Evil teamကိုမိတ်ဆက်ပြီးပြီဆိုတော့teamရဲ့ရည်ရွယ်ချက်ကိုပြောပြပေးပါမယ်.Villainတွေဆိုတဲ့အတိုင်းပဲ ပျက်စီးဆုံးရှုံးမှုသာဖြစ်စေပြီး အဓိကက Earth Mightiest Heroesတွေ Avengersတွေကို အမြစ်ဖြုတ်ချင်တာပါ.ဒါကြောင့် modern age Avengersတွေမရှိခင်ကာလ ဟိုးနှစ်ပေါင်းထောင်သောင်းချီ အတိတ်ကာလထိကိုtime travelသွားပြီး ကမ္ဘာကိုစုတ်ပျက်သတ်အောင်ကိုသမပါတယ်.ရည်ရွယ်ချက်ထက်ကိုပိုပြီး လုပ်ဆောင်ကြတာပေါ့ဗျာ.အဲ့ကမ္ဘာတစ်ခုလုံးပျက်စီးသွားပြီဆိုရင်တောင် ရပ်တန့်မသွားပဲ နောက်ထပ်Multiverseတစ်ခုကိုထပ်ကူး အဲ့universeရဲ့အတိတ်ကာလကိုထပ်ဒိုး အတိတ်မှာရှိတဲ့ကောင်တွေကိုသမနဲ့ အနာဂတ်တွေကိုပြောင်းလဲပြီး destructionတွေဖြစ်လာစေပါတယ်. Master of Evilအဖွဲ့ဟာ ဒီလိုမျိုး Multiverseတွေတစ်ခုပြီးတစ်ခုကိုလိုက်ဖျက်စီးနေကြတာဖြစ်ပါတယ်.

နောက်ဆုံးMarvelရဲ့ main timeline Earth 616ကိုလည်းရောက်လာကြပြီး 100000 BCက Odinဦးဆောင်တဲ့ Avengersတစ်ဖွဲ့လုံးကိုသတ်ဖြတ်ခဲ့ပါတယ်.ကမ္ဘာပေါ်က ပထမဆုံးphoenix hostဖြစ်ခဲ့သူ Lady Phoenixဟာ Master of Evil teamကြောင့်သေဆုံးခဲ့ရတာဖြသ်ပါတယ်.Odinတစ်ယောက်ထဲသာလွတ်မြောက်ခဲ့ပါတယ်.အနာဂတ်ကာလtimelineပေါ်သက်ရောက်မှုတွေရှိလာမှာပါ.ဒါဟာလက်ရှိMarvel comicအတွင်းမှာဖြစ်ပျက်နေတဲ့အရာတွေဖြစ်ပါတယ်.Master of Evil teamအကြောင်းကဒီလောက်ပါပဲဗျ.

Odin vs Galactus

Galactusက Asgard cityထိရောက်ချလာပြီး Odinနဲ့ချခဲ့ကြတာဖြစ်ပါတယ်.အတော်ကြီးမားတဲ့battleတစ်ခုဖြစ်ခဲ့ပါတယ်.Battleကလည်း ကမ္ဘာမြေပေါ်ကနေစခဲ့ပါတယ်.ဘာကြောင့်ဆို Ragnarokကြောင့် Asgardကပျက်စီးပြီး ကမ္ဘာမြေပေါ်ပြောင်းရွှေ့ခဲ့ကြလို့ဖြစ်ပါတယ်.

Galactusနဲ့ရင်မဆိုင်မီ Dark Sentryကြောင့် Asgardက ကျေမွသွားခဲ့ပါသေးတယ်.ထိုအဖြစ်အပျက်တွေကြားမှပဲ Asgardရှိ World Treeကြီးကနေ Worldheartလို့ခေါ်တဲ့ Power Source Seedတစ်မျိုးပေါ်ထွက်လာခဲ့ပါတယ်.ဒီအရာကို Galactusက အာရုံခံမိခဲ့တာဖြစ်ပါတယ်.

Worldheartဆိုတဲ့အရာဟာ စွမ်းအားအများအပြားကိုသိုလှောင်ထားတဲ့sourceတစ်ခုဖြစ်ပြီး Eternityကဖန်တီးခဲ့တာဖြစ်ပါတယ်. Worldheartရဲ့အစွမ်းတွေကိုအသုံးပြုပြီး universeတစ်ခုတောင်ဖန်တီးနိုင်ပါတယ်. Odinရဲ့အဖေ Borဟာ ဒီWorldheartကိုအသုံးပြုပြီး Ten Realmsကိုဖန်တီးခဲ့တာဖြစ်ပါတယ်.

Galactusသာဒီအရာကိုရခဲ့ရင် သူ့ရဲ့ဆာလောင်မှုကို နှစ်ပေါင်းအတော်ကြာမြင့်အောင်ထိန်းထားနိုင်မှာဖြစ်ပါတယ်.Silver Surferကိုအရင်စေလွှတ်ပြီး Odinထံမှတောင်းခံခဲ့ကြည့်ပေမဲ့ Odinကတော့သူတို့ရဲ့အထွတ်အမြတ်ထားရာအရာဖြစ်နေတဲ့အတွက် မပေးနိုင်ကြောင်းနဲ့ Thorနဲ့နှစ်ယောက်ပေါင်းပြီး Silver Surferကိုတိုက်ခိုက်ခဲ့ကြပါတယ်.အဲ့မှာပဲတင်းမာမှုတွေရှိလာခဲ့ပါတယ်.Galactusကလည်း Worldheartကိုမရရအောင်ကိုယူချင်တဲ့အတွက် ကမ္ဘာပေါ်ကAsgard cityအထိကိုဆင်းချလာခဲ့ပါတယ်.

Ten Realmsရဲ့All fatherကြီး Odinနဲ့ Galactusတို့ရဲ့တိုက်ပွဲကြီးစတင်ခဲ့ပါတယ်.သာမာန်Asgardianတွေရဲ့တိုက်ခိုက်မှုကိုတော့Galactusကမဖြုံခဲ့ပါဘူး.Mystical powerတွေနဲ့ပြည့်စုံနေတဲ့Odinကတော့Galactusကိုယှဥ်ချဖို့ Body sizeကိုပါကြီးလိုက်ပြီး Hand to Hand combatနဲ့ချခဲ့ကြပါတယ်.ဘာကြောင့်ဆို သူတို့နှစ်ယောက်စလုံးသာ seriouslyချကြရင် powerတွေစင်ရင်းနဲ့ ကမ္ဘာပါစုတ်ပျက်သတ်သွားနိုင်လို့ပါ.ဒါကြောင့်နေရာကိုspaceထဲထိပြောင်းရွှေ့လိုက်ကြပါသေးတယ်.Hand to Handတင်မကပဲ နှစ်ယောက်သား mind controlလုပ်ရင်း တစ်ယောက်စိတ်ထဲတစ်ယောက် အကြောက်တရားတွေထည့်ပြီး ယှဥ်ပြိုင်တိုက်ခိုက်ကြပါတယ်.

နောက်ဆုံးbattleကဘယ်လိုအဆုံးသတ်သွားသလဲဆိုရင် Odinက Galactusကို အားနဲ့ခေါင်းတစ်ချက်တိုက်ပြီး မှောက်လဲသွားစေခဲ့ပါတယ်.ဒီbattleမှာOdinအသာရခဲ့ပါတယ်.ခေါင်ူတစ်ချက်သာတိုက်ပြီး Galactusကိုအမှောက်သိပ်ခဲ့တာဖြစ်ပါတယ်.ဒါပေမဲ့လည်း ဒီလုပ်ရပ်ကြောင့်Odinကိုယ်တိုင်ဟာလည်း မေ့မျောပြီးလဲကျသွားခဲ့ပါတယ်.ဆိုတော့ နှစ်ယောက်စလုံးအမှောက်ပါပဲ.Battleအပြီးမှာတော့ Galactusကဒီဖြစ်ရပ်ကိုလက်ခံခဲ့ပြီး လက်လျှော့ခဲ့ပါတော့တယ်. Odinနဲ့Galactusရဲ့ battleအကြောင်းကတော့ဒီလောက်ပါပဲ.

Galactusမတိုင်ခင် အရင်ရှိခဲ့ကြတဲ့Devourerများ

Galactus The Devourer Of Worldဆိုရင် မသိတဲ့သူမရှိပါဘူး.သူအသက်ဆက်ရှင်သန်နိုင်ဖို့ ဂြိုလ်တွေရဲ့ပါဝါတွေကိုစုပ်ယူစားသောက်နေရတဲ့ကောင်ကြီးပေါ့.တချို့ Galactusရဲ့Originကိုတော့မသိကြသေးတာတွေရှိနိုင်ဦးပါမယ်.

Galactusဆိုပြီး ဖြစ်မလာခင်က Galanလို့ခေါ်တဲ့ လူသားနဲ့ဆင်တူတဲ့alienတစ်ယောက်သာဖြစ်ပါတယ်.ယခုMarvel comicတွေrunနေတဲ့universeမတိုင်ခင် ယခင်universeမှာကထဲကရှင်သန်နေထိုင်ခဲ့သူပါ.သူတို့ရဲ့universeကြီးပျက်စီးချိန်မှာ Metatronလို့ခေါ်တဲ့Cosmo Beingကြီးရဲ့ကယ်တင်မှုကိုခံခဲ့ရပြီး Galanနဲ့Metatron နှစ်ယောက်သားအသက်ဓာတ်စွမ်းအင်တွေပေါင်းစပ်ရင်းမှ Galactusဆိုပြီးဖြစ်လာခဲ့တာပါ.

Galanရဲ့universeက 6th cosmoပါ. 6th cosmoပျက်စီးပြီး ယခုAvengersတွေရှိနေတဲ့ 7th cosmoရဲ့ Big Bangအချိန်ကာလမှာ Galactusအဖြစ်ပြန်လည်မွေးဖွားလာခဲ့တာဖြစ်ပါတယ်.

ယခုcosmoမှာ Galan – Galactusဆိုပြီးရှိနေသလို ယခင်cosmoတွေမှာလည်း Galactusနဲ့ဆင်တူ Devour of Worldတွေရှိခဲ့ပါတယ်. Galan-Galactusရဲ့ Home planetဟာလည်း သူတို့universeမှ Devourer of Worldကြောင့် အပျက်အစီးအဆုံးအရှုံးတွေရှိခဲ့ရပါတယ်.လက်ရှိuniverseမှာတော့ Galan-Galactusကိုယ်တိုင်က Devourerကြီးပြန်ဖြစ်လာခဲ့တာပေါ့ဗျာ.

Galan-Galactusရဲ့ universeမှ Devorerရဲ့အမည်က Omnimaxဖြစ်ပါတယ်. Omnimaxရဲ့ဖြစ်တည်မှုကလည်း Galactusအတိုင်းပါပဲ. သူရဲ့cosmoပျက်စီးပြီး Galan-Galactusရဲ့cosmoမှာ Devourerအဖြစ်ပြန်လည်မွေးဖွားလာခဲ့သူပါ. Galanရဲ့cosmoက 6th cosmoဖြစ်ပြီးတော့ သူလာခဲ့တာက 5th cosmoကပါ. သူရဲ့cosmoမှာ အမည်က Moridumဖြစ်ပြီးတော့ Sorcerer Supremeတစ်ယောက်လည်းဖြစ်ပါတယ်.သူတို့cosmoကြီးအဆုံးသတ်တော့မှာကိုသိနေခဲ့တဲ့အတွက် Big Bangနဲ့အသစ်ဖြစ်လာမဲ့Galanရဲ့ 6th cosmoမှာ Devourer of worldအဖြစ်ပြန်လည်မွေးဖွားလာအောင်လုပ်ခဲ့တာပါ.Sorcerer Supremeတစ်ယောက်ဖြစ်နေတာကြောင့်လည်း Devourerကြီး Omnimaxအဖြစ်အောင်မြင်စွာပြန်လည်မွေးဖွားနိုင်ခဲ့တာပါ.

ဒါဆိုOmnimaxလာခဲ့တဲ့ 5th cosmoမှာကော? ဆိုရင် အဖြေကyesပါ. Omnimaxလာခဲ့တဲ့ fifth cosmoမှာလည်း Devourer of worldတစ်ကောင်ရှိနေခဲ့ပါတယ်.သေချာrevealမလုပ်ထားသေးတဲ့အတွက် ဒီအကြောင်းအရာကတော့အသစ်ထွက်မဲ့comicတွေကိုထပ်စောင့်ရပါဦးမယ်.

5th cosmoအပြင် 4th cosmoမှာကောပဲ ထပ်ရှိနေပါသေးတယ်.သူ့ရဲ့အမည်က What-Must-Be ဖြစ်ပါတယ်.နောက်ပိုင်းcosmoသစ်တွေရဲ့Devourerတွေထက်ပိုကြမ်းပါတယ်.

လက်ရှိmain timeline cosmoရဲ့ Galactus The Devourer Of Worldမတိုင်မီ ယခင်cosmoမှာကထဲကရှိခဲ့ကြတဲ့ ဂြိုလ်တွေရဲ့ပါဝါတွေစုပ်ယူစားသောက်ဖျက်စီးခဲ့ကြတဲ့ Devourerကြီးများအကြောင်းဖြစ်ပါတယ်. Cosmoများအကြောင်းကိုလည်းPageမှာတင်ပေးခဲ့ပြီးဖြစ်ပါတယ်.

4th cosmo : What-Must-Be
5th cosmo : Unknown
6th cosmo : Omnimax (Moridun)
7th cosmo : Galactus (Galan)

Shanghai ကို British တွေနဲ့အတူ တက်သိမ်းခဲ့တဲ့ Dormammu

1860ခုနှစ် British တွေဟာ Material tradingပိုင်းမှာ Chineseတွေနဲ့ကတောက်ကစဖြစ်ပြီးငြိခဲ့ကြပါတယ်.Britishတွေထဲမှာ Baron Harknessလို့ခေါ်တဲ့ Wizardတစ်ယောက်လည်းပါဝင်လေတယ်.ထိုစဥ်အခါကလည်းChinaမှာက Five Weaponsလို့ခေါ်တဲ့ Kinesisပိုင်းတွေenergyပိုင်းတွေတတ်ကျွမ်းတဲ့ Martial fighter teamကလည်းရှိနေလေတယ်. Shang Chiရဲ့ ဦးလေးတွေဖြစ်ကြတဲ့ Zheng Yiနဲ့ Zheng Zhuတို့လည်းပါဝင်ပါတယ်

ဒါ့ကြောင့် Britishတွေဘက်က အင်အားချင်းမျှသလို အရေးနိမ့်လာခဲ့ရပါတယ်.ဒါကြောင့် British Wizard – Baron Harknessက Dark Dimension portalကိုဖွင့်ချလိုက်ပြီး Dormammuကိုဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်.Dormammuနဲ့အတူ Mindless oneခေါ်တဲ့ Dark Dimension Creature စစ်တပ်ကြီးပါ ပါလာခဲ့ပါတယ်. ဒါကြောင့် Shang Chiရဲ့ဦးလေး Zheng Zhuအပါအဝင် Five Weaponsတစ်ဖွဲ့လုံးလည်းလျှော CNတွေအရေးနိမ့်ခဲ့ကြပါတယ်.

Shang Chiရဲ့ နောက်ထပ်ဦးလေးတစ်ယောက်ဖြစ်တဲ့ Zheng Yiတစ်ယောက်သာရှင်သန်လွတ်မြောက်ခဲ့ပါတယ်.Dormammuနဲ့Mindless Oneစစ်တပ်ကြီးကတော့ Shanghaiကိုဖျက်စီးခဲ့ကြပါတယ်.Battleကနောက်ဆက်တွဲဘာဆက်ဖြစ်ကြသလဲကိုမသိရသေးပါဘူး.issueအသစ်တွေစောင့်ရဦးမှာမို့ပါ.ဒီအကြောင်းအရာအတွက်ကလည်း ဒီလောက်ပါပဲခဗျ

ပထမဦးဆုံး Scarlet Witch မဟုတ်တဲ့ Wanda

Wanda Maximoffဟာ MCUမှာဆိုရင် Darkholdကိုပိုင်ဆိုင်ထားသလို Chaos Magicနဲ့အတူ Ruinတွေပါတတ်ကျွမ်းလာတဲ့ Scarlet Witchတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်. Scarlet Witchလို့ပြောလိုက်တာနဲ့ Wandaကိုပဲပြေးမြင်မိမှာပါပဲ

Comicအရဆိုရင် Wandaဟာ Scarlet Witchဖြစ်ခဲ့တဲ့ပထမဆုံးလူသားမိန်းကလေးမဟုတ်ပါဘူး.Scarlet ဆိုတဲ့အမည်နာမကလည်း သူမရဲ့မျိုးရိုးကနေအဆင့်ဆင့်ဆင်းသက်လာခဲ့တာဖြစ်ပါတယ်.Wandaရဲ့မိဘမျိုးရိုးစဥ်ဆက်တစ်ခုလုံးလိုလိုဟာMagicianတွေဖြစ်ကြပါတယ်.Wandaရဲ့အမေကိုယ်တိုင်ဟာလည်း Magicပိုင်းတွေအတော်တတ်ကျွမ်းသူဖြစ်ပါတယ်. Wandaမတိုင်ခင်မှာ Scarlet Witchဖြစ်ခဲ့သူဟာ သူမအမေကိုယ်တိုင်ပါပဲ. Natalya Maximoffလို့အမည်ရပါတယ်.သူမတို့Scarletမျိုးရိုးရဲ့ Magic abilityတွေဟာ Witchcraftလို့ခေါ်တဲ့ Entityကြီးစီကနေဆင်းသက်လာတာဖြစ်ပါတယ်.ဒါအပြင့်Scarletတွေဟာ သေဆုံးသွားရင်တောင် Astral formနဲ့ဆက်လက်အသက်ရှင်နေနိုင်တဲ့ eternal lifeကိုလည်းပိုင်ဆိုင်ထားကြပါတယ်.

Wandaရဲ့အမေ Natalyaဟာလည်း သူမရဲ့အဖေ/Wandaရဲ့အဖိုး Scarlet Warlockထံမှတစ်ဆင့်အစွမ်းအစတွေလက်ခံရင်း Scarlet Witchဖြစ်လာခဲ့တာပါ. Scarlet Warlockမှ Natalya, NatalyaမှWanda အဆင့်ဆင့်ဆင်းသက်လာခဲ့တာဖြစ်ပါတယ်.Scarlet Warlockရှေ့ကသမိုင်းကြောင်းကိုတော့သေချာဖော်ပြထာခြင်းမရှိသေးပါဘူး.

မွေးဖွားစဥ်အချိန်အခါထဲက High Evolutionကြောင့်mutateတစ်ယောက်ဖြစ်လာတာရယ် Darkholdပိုင်ရှင်Chthonရဲ့hostလုပ်ခြင်းကိုခံရတာရယ် Scarletမျိုးနွယ်ရဲ့Magicတွေကိုဆက်ခံထားတာကြောင့် လက်ရှိအချက်အလက်တွေအရ Scarletမျိုးရိုးထဲမှာတော့ Wandaကအစွမ်းအထက်ဆုံးသူတစ်ယောက်ဖြစ်ပါတယ်

အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးပါ။ နောက်ထပ် Comic fact အသစ်တွေနဲ့ ပြန်လာခဲ့ပါဦးမယ်။

#Zzerk #ZEUS

Leave a Reply

Your email address will not be published.