Categories
News

Martin Scorsese နဲ့ Leonardo တို့ရဲ့ Series တစ်ခုမှာ ပါဝင်လာဖို့ ဆွေးနွေးနေတဲ့ Keanu Reeves

မင်းသား Keanu Reeves ဟာ Martin Scorsese, Leonardo DiCaprio, Todd Field နဲ့ San Shaw တို့ရဲ့ ‘ The Devil in the White City ‘ Hulu Series adaption မှာ သရုပ်ဆောင်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

The Devil in the White City ကတော့ Architect တစ်ယောက်နဲ့ Serial killer တစ်ယောက်တို့ရဲ့ True Story တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ Timeline အရတော့ 1893, The Chicago World’s Fair မှာဖြစ်ပြီး Murder, Romance နဲ့ mystery genres မျိုးအဖြစ်နဲ့ လာမှာဖြသ်ပါတယ်။

အဆိုပါ Project ဟာ Reeves ရဲ့ ပထမဆုံး Major U.S TV role တစ်ခုလည်းဖြစ်လာပါလိမ့်မယ်။

2010 ခုနှစ်မှာ Leonardo DiCaprio ဟာ အဆိုပါ စာအုပ်ရဲ့ Film Rights တွေကိုဝယ်ယူခဲ့ပြီး Martin Scorsese ဟာ Paramount နဲ့အတူ ရိုက်ကူးသွားဖို့ရှိခဲ့ပါတယ်။

2019 မှာတော့ အဆိုပါ Project က Big Project series အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး Leonardo DiCaprio နဲ့ Martin Scorsese တို့ဟာ Exce Producer များအနေနဲ့ တာဝန်ယူသွားမှာဖြစ်ကြောင်း Hulu ကနေ Announce လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဝါရင့် အတတ်ပညာရှင်အချို့ဖြစ်တဲ့ Rick Yorn, Sam Shaw, Jennifer Davidson နဲ့ Stacey Sher တို့လည်း Production ထဲပါဝင်လာခဲ့ပါတယ်။

Keanu Reeves ပါဝင်ထားတဲ့ The Matrix Resurrection ဟာ အရင်နှစ်ရဲ့ နှစ်ကုန်မှာ ထွက်ရှိသွားခဲ့ပြီး John Wick: Chapter 4 အတွက်လည်း ရိုက်ကူးလျက်ရှိပါတယ်။ 2023 မှာ ထွကိရှိလာမယ့် DC League of Super-pets animation မှာလည်း Voice actor အဖြစ်ပါဝင်ထားပါသေးတယ်

#Ray #ZEUS

Leave a Reply

Your email address will not be published.