Categories
Comic fact Marvel

Surtur ကိုသတ်လိုက်ပြီဖြစ်တဲ့ Beta Ray Bill

(comic fact) #skullmask 

Surtur ကတော့ MCU မှာလည်းပါပြီးသားဖြစ်ပါတယ်။ Ragnarok ရဲ့ ထိပ်စီး , Asgard ကိုဖျက်စီးမဲ့ ကံတရားပါလာတဲ့ Fire Gaint ကြီးပေါ့။

သူက Demonic God တစ်ပါးပါပဲ။ သူအုပ်ချုပ်တဲ့ Relam က Ten Realm ထဲကတစ်ခုဖြစ်တဲ့ Muspelheim ဆိုတဲ့ hell realm ကိုအုပ်ချုပ်တဲ့ ပထမဆုံး မီးဘီလူးကြီးပါ။

Asgard နှင့် Odin , Thor တို့ရဲ့အကြီးမားဆုံးရန်သူတော်ကြီးဆိုလည်းမမှားပါဘူး။Odin Ten Relamကိုထိန်းချုပ်ပြီးနောက်မှ Guardian of Universe ‌ဆိုတဲ့ God တွေက Relam တွေကြားကိုသူတို့ခွင့်ပြုချက်ပါမှသွားလို့ရအောင်လုပ်ခဲ့ပါတယ်။ Fire Realm ဆိုတာ အဆိုးရွားဆုံး realm တွေထဲကတစ်ခုပါပဲ။

Beta Ray Bill ဟာလည်း Fire Demon Godကြီး Surturနဲ့ ရန်ငြိုးရှိတဲ့သူဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Beta Ray Bill ရဲ့ ဂြိုလ်နဲ့ သူ့ရဲ့ မျိုးနွယ်တွေဟာ Surtur ကြောင့်ပျက်စီးသေကြေပျက်သုန်းခဲ့ရပါတယ်။

Thor နဲ့ Beta Ray Bill ရဲ့ The Great Battle အပြီးမှာ Thor ဟာ Beta Ray Bill ရဲ့ Strom breaker ကိုဖျက်စီးခဲ့ပါတယ်။ Strom breakerဟာ Beta Ray Bill ရဲ့အရေးအပါဆုံးလက်နက်ပဲဖြစ်ပါတယ်။ သူ့ကိုThor စွမ်းအားတွေ ပေးသလို Form လည်းပြောင်းပေးနိုင်ပါတယ်။Beta Ray Bill ဟာ Form တင်ရင် Horse Face နဲ့ badass ဖြစ်ပြီး သာမန်ပုံစံ humanoid form နဲ့လည်းနေလို့ရပါတယ်။

ဒါပေမဲ့ Strom breakerမရှိတော့ သာမန်ပုံစံပြန်ပြောင်းမရပါဘူး။ဒီတော့ Lady Sif နဲ့ သူနဲ့ ချစ်ကြည်နူးမဲ့အချိန်မှာ Horse Face ကနေသာမာန်ပုံစံမပြောင်းတော့ဘူးလားဆိုတဲ့အပေါ်စိတ်ဒဏ်ရာရပြီး Beta Ray Bill ဟာ Asgard ကနေထွက်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာ Odin နှင့်တွေ့ပြီးနောက်မှာသူ့ကို သာမန်ပုံစံပြန်ပြောင်းပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့ Odin ဟာလည်း War Of The Realm Comic event ကြီးပြီးတဲ့နောက်မှာ Odin Force နဲ့ All-Father Title ကို Thor ကိုပေးခဲ့တာကြောင့် သူ့အနေနှင့်ဘာအစွမ်းအစမှမရှိ‌သည်ဖြစ်၍ဘာမှမလုပ်ပေးနိုင်ကြောင်းပြောခဲ့ပါတယ်။ ဒါပေမဲ့ Fire Realm မှာရှိတဲ့ Twilight Sword ( Surtur ရဲ့ဓား) ကတော့ သူ့ကို သာမန်ပုံစံပြန်ပြောင်းနိုင်ကြောင်းကိုပြောခဲ့ပါတယ်။

ဒါကြောင့် Beta Ray Bill ဟာ Fire Realm ကိုသွားဖို့ဆုံးဖြတ်ပြီး Odin ကိုနှုတ်ဆက်ခဲ့ပါတယ်။ Fire Relam ကိုဝင်မည့်လမ်းမှာ Guardian of the universe တွေနှင့်တွေ့ပြီး Beta Ray Bill ကို Odin စေလွှတ်သည်ဖြစ်လို့ Fire Realmကို ဝင်ခွင့်ပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာ Beta Ray Bill နှင့် Skurge, Pip the troll တို့ဟာ fire realm ကို beta Ray Bill ရဲ့ living ship ကြီ skuttlebuttနှင့်အတူဝင်ပြီး Twilight Swordကို ယူဖို့လုပ်ကြပါတော့တယ်။

Surtur နဲ့ Beta Ray Bill တို့ Battle ဟာအင်အားချင်းမမျှခဲ့ပါဘူး။ အကောင်အကြီးကြီးနဲ့ ပိစိလေး လက်သီးချင်းထိုးနေသလိုပါပဲ။အဲ့နောက်မှာ Beta Ray Bill ဟာ Surtur ကို ‌coward လို့ပြောပြီး fight like a mortal ဆိုပြီးစိန်ခေါ်လိုက်ပါတယ်။
Surtur ဟာလည်း human size ကိုပြောင်းပြီး Beta Ray Bill ကိုချပါတယ်။ human size form မှာ beta Ray Bill ကပိုသွက်နေတော့ Surturဟာ Gaint Size ပြန်ပြောင်းပြီးအနိုင်ကျင့်ပါတော့တယ်။

Skuttlebutt ဟာ living ship ဖြစ်တာကြောင့် ယာဉ်တစ်ခုလုံး အမြှောက်ပုံစံပြောင်းပြီး Skurgeက Surturကိုချိန်ပြီးပစ်ထည့်လိုက်ပါတယ်။Power Blast ကပြင်းလွန်းတော့ Surtur ဟာ လဲကျသွားပါတယ်။

ထိုအချိန်မှာပဲ Beta Ray Bill ဟာ Twilight Swordကို ဆွဲနှုတ်ပြီး ဓားကိုအားကုန်လွှဲကာ လဲကျနေတဲ့ Surturခေါင်းကိုဖြတ်ထည့်လိုက်ပါတယ်။

Beta Ray Bill အနိုင်ရပြီး Humanoid Form ကိုပြန်လည်ရရှိခဲ့တာပေါ့။
Beta Ray Bill ရဲ့ဘဝဟာကြမ်းတမ်းပါတယ်။Thor နဲ့ယှဉ်ရင်အမြဲဒုတိယဖြစ်နေခဲ့တာပါပဲ။odin ကသူ့ကို Thor power ပေးပေမဲ့လည်း ခဏတာအသုံးချခဲ့တာပါပဲ။ Thor ကလည်း သူ့ရဲ့ hammer ကိုဖျက်စီးပစ်တယ်။ အကြာကြီး သူ့မှ နဂိုပုံစံမပြောင်းနိုင်ခဲ့ပါဘူး။အခုမှပဲ သာမန်ပုံစံလေးရရှိနိုင်ခဲ့ပါတယ်။

Humanoid Formပြောင်းပြီးတာတောင် မြင်းမျက်နှာကိုသူမှန်ရဲ့တစ်ခြမ်းမှာပြန်မြင်ရတုန်းပါ။ သူ့ရဲ့မြင်းနဲ့တူတဲ့မျက်နှာကိုလည်း သဘောမကျခဲ့ပါဘူး။

အခုလက်ရှိတော့ Surtur ကို Beta Ray Bill ကသတ်နိုင်ခဲ့ပါတယ်။
Fire God ကြီးကတော့ထုံးစံအတိုင်းပြန်ရှင်မလား twilight sword ကြောင့်လုံးဝပျောက်ကွယ်ပြီလားဆိုတာတော့အနာဂတ်မှာသိလာပါလိမ့်မယ်။

(Beta Ray Bill#5) 2021

#skullmask #ZEUS

(zeusmyanmar.com မှ Content များကို ပြင်ပ Social media platform များသို့ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ။)

Leave a Reply

Your email address will not be published.