Categories
Breakdown Marvel MCU

Moon Knight Teaser Breakdown

တနေ့က Disney+ ရဲ့ DisneyPlusDay မှာကြေညာသွားတဲ့ moon knight ရဲ့ Teaser Trailer လေးကို Breakdown လုပ်ပေးလိုက်ပါတယ်။ အရင်ဆုံး teaser အကြောင်းမပြောခင် Moon Knight ဆိုတာ ဘယ်သူလဲ အရင်မိတ်ဆက်ပေးပါမယ် ။

Character Info

Moon Knight ရဲ့ နာမည်အရင်းက Marc Spector ဖြစ်ပြီး CIA agent ဟောင်းတစ်ယောက်ဖြစ်ပါတယ် ။ Moon Knight ဘယ်လိုဖြစ်လာသလဲ ဆိုတာကတော့ Marc Spector ဟာ CIA အလုပ်ကထွက်ပြီး နိုင်ငံလှည့် ကြေးစားလုပ်နေတုန်း Raul Bushman ဆိုသူနဲ့တွေ့ကာ Egypt က ဘုရင်တစ်ပါးရဲ့ အုတ်ဂူကို တူးဖော်ရှာဖွေဖို့ mission ပေးခံခဲ့ရပါတယ် ။

ဒါပေမယ့် Raul Bushman ဟာ အဖွဲ့ကို သစ္စာဖောက်ကာ သုတေသနပညာရှင် Peter Alraune ကိုလည်း သတ်ပစ်လိုက်တဲ့အပြင် Marc ကိုလည်း မသေရုံတမယ် အုတ်ဂူထဲမှာထားထားခဲ့ပါတယ် ။ အဲ့ချိန်မှာပဲ Marc ဟာ သူမျောနေတုန်း အီဂျစ်လဘုရား Khonshu နဲ့တွေ့ဆုံပြီး အပေးအယူတစ်ခုပြုလုပ်ကာ Moon Knight ဖြစ်လာပါတော့တယ် ။

ဒီဘဲကို တော်တော်များများက Marvel Batman လို့ ခေါ်ကြပေမယ့် origin ရော ဇာတ်ကောင်စရိုက်ရောအပြင် abilities တွေကအစ အကွာကြီးပါ ။ Moon Knight ရဲ့ abilities တွေအားဖြင့်တော့ Healing factor ကိုပိုင်ဆိုင်ထားသလို Khonshu ရဲ့ အစွမ်းနဲ့လည်း သေသွားရင်တောင် အသက်ပြန်ရှင်
လာနိုင်ပါတယ် ။ ပြီးတော့ Moon knight ဟာ လရောင်အောက်ညဖက်မှာဆို ပိုကြမ်းပြီး Moon knight ဟာ
Taskmaster တိုက်ကွက် copy ကူးမရတဲ့ လူတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

Multiple Personalies Concept

Teaser ရဲ့ ပထမဆုံး scene မှာတော့ Marc Spector ဟာ အိပ်မက်တစ်ခုကနေ နိုးထလာတဲ့ပုံပေါ်ပြီး background voice အနေနဲ့ ” ငါ နိုးထနေရတာနဲ့ အိပ်မက်မက်နေတာက ဘာကွာလဲဆိုတာတောင် မပြောနိုင်တော့ဘူး ‘ လို့ ပြောလိုက်ပါတယ် ။

ဒီနောက် သူ မှန်ထဲကို ကြည့်လိုက်တဲ့အချိန် သူ့ရဲ့ reflection တွေက နှစ်ခုကွဲထွက်နေတဲ့အပြင် သူတစ်ဖက်ကို လမ်းလျှောက်သွားတဲ့တိုင်အောင် အဲ့ reflection တွေက သူ့ကို လိုက်ကြည့်နေတုန်းပါ ။

ဒါတွေက ဘာကို ရည်ညွန်းသလဲဆို moon knight ရဲ့အထင်ကရ အချက်တစ်ခုဖြစ်တဲ့ DID စိတ်ရောဂါကို ညွန်းထားတာဖြစ်ပါတယ် ။ DID ဆိုတာကတော့ လူတစ်ကိုယ်ထဲနဲ့ စိတ်တွေအများကြီးကွဲထွက်နေတဲ့ mental illness တစ်မျိူးဖြစ်ပြီး ဒီ show ဟာလည်း moon knight ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို focus လုပ်သွားဖို့ များပါတယ် ။

Moon knight နေရာသရုပ်ဆောင်တဲ့ Oscar Isaac ကတော့ Moon knight show ဟာ MCU ထဲမှာ တော်တော်လေး dark and wild အဖြစ်ဆုံး တစ်ခုဖြစ်မယ်လို့ ပြောထားပြီး Moon knight ကို ရိုက်ကူးရတာကလည်း သူ့အနုပညာလမ်းကြောင်းမှာ အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံး လို့ပါ ပြောထားပါသေးတယ် ။

Teaser မှာ ပြသွားတာတွေအရတော့ moon knight ဟာ DC ဆန်ပြီး deep and dark မယ့် ပုံစံမျိူး သွားဖို့ရှိနေပါတယ် ။ အဲ့ပြင် black swan နဲ့ shutter island တို့လို psychological thriller vibes မျိူးလည်း ရပါသေးတယ် ။ ဒါပေမယ့် marvel ကဆိုတော့ pg-13 ပါပဲ ။ :3

အဲ့နောက် marc ဟာ ဗီရိုမှန်ကို ဆွဲကြည့်လိုက်တဲ့အခါမှာလည်း နောက်ထပ်ကွဲထွက်နေတဲ့ personalities တွေကို ထပ်မြင်တွေ့ရပြန်ပါတယ် ။ Moon knight တစ်နည်းအားဖြင့် marc မှာ personality တွေ ဆယ်ခုကျော်ရှိပေမယ့် ဒီ series အတွင်း ဖော်ပြသွားမယ်လို့လည်း မျှော်လင့်ရသလို marc spector ရဲ့ အထင်ရှားဆုံး persona 5 ခုရှိပါတယ် ။

ပထမကတော့ ကြေးစား CIA agent ဟောင်း Marc Spector သူကိုယ်တိုင်ပါ ။ နောက်တစ်ယောက်က Jake Lockley အမည်ရ taxi ကားမောင်းသမားတစ်ယောက်ဖြစ်ပြီး ဘယ်နေရာမှာ ဘာဖြစ်နေလဲ စသဖြင့် မှုခင်းသတင်းတွေကို ရယူပါတယ် ။ Steven Grant ဆိုသူကတော့ Tony Stark လို billionarie တစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုရှိသလို smart ကျကျဝတ်စားတတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ် ။

နောက်ထပ် persona တစ်ခုကတော့ သူ့ကို အစွမ်းပေးခဲ့တဲ့ Khonshu ဖြစ်ပြီး marc ရဲ့ personalities တွေတိုင်းကို အကြံဉာဏ်တွေပေးတဲ့အပြင် မကောင်းတဲ့အရာ တစ်ခုခုကို လုပ်ဖို့ တိုက်တွန်းလေ့ရှိတဲ့ သူတစ်ယောက်ပါ ။ နောက်ဆုံးကတော့ အဓိက ဇာတ်ကောင်ကြီးဖြစ်တဲ့ Anti-hero ကြီး Moon Knight ပါပဲ ။

ကိုယ့်ရဲ့ မသိစိတ်ကနေ ထွက်ပြေးနေရတဲ့ Marc Spector

နောက် scene တစ်ခုမှာ marc ဟာ အဖြူရောင်လက်အိတ်ကြီးဝတ်ပြီး ကားပြတင်းပေါက်ကို လှမ်းထိလိုက်တာတွေ့ရပါတယ်။ အနောက်မှာရှိနေတဲ့ လူတွေကလည်း marc ဒီလိုဖြစ်သွားတာကို ကြောက်လန့်နေကြတာကြောင့် ဒါဟာ marc တစ်ယောက် moon knight အဖြစ် အသွင်ပြောင်းဖို့ သူ့ရဲ့ အသိစိတ်နဲ့ မသိစိတ်ကြား ရုန်းကန်နေရပုံပေါ်ပါတယ် ။ အပေါ်မှာ marc ပြောခဲ့တဲ့ စကားအရ marc ဟာ သူ moon knight ဖြစ်သွားတဲ့အချိန် လုပ်ခဲ့သမျှကို အိပ်မက်လို့ ထင်မှတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကွဲထွက်နေတဲ့ စိတ်တွေနဲ့ သူ့သိစိတ်ကြား အိပ်မက်လား reality လားမခွဲခြားနိုင်ဖြစ်နေတာပါ ။

အဲ့နောက် ပြတိုက်တစ်ခုထဲမှာ အသံမထွက်မိသွားအောင် ပါးစပ်ကို ပိတ်ထားပြီး တစ်ခုခုလက်ထဲက ပုန်းနေတာကို မြင်ရပါတယ်။ ပုံစံကလည်း တော်တော်ကြောက်နေပုံပေါ်တော့ moon knight အဖြစ် သောင်းကျန်းတုန်းက သောင်းကျန်းထားပြီး marc ပြန်ဖြစ်သွားတဲ့အချိန်မှာ villain လက်ထဲက ပုန်းရှောင်နေရတာဖြစ်နိုင်သလို သူ့ကိုယ်တိုင်ရဲ့ ပုံရိပ်တွေ အသံတွေကနေ ထွက်ပြေးနေရတာလည်းဖြစ်နိုင်ပါတယ်။

နောက် storage ဂိုထောင်တစ်ခုထဲမှာ အိတ်ကြီးတစ်အိတ်ကိုင်ထားတဲ့ marc ကို မြင်ရပြီး သူ ဘာကြောင့် ဒီရောက်နေသလဲဆိုတာကို စိတ်ရှုပ်နေတဲ့ပုံနဲ့တူပါတယ် ။ ကျွန်တော့်ခန့်မှန်းချက်ကတော့ အဲ့အိတ်က moon knight ရဲ့ costume နဲ့ လက်နက်တွေ ထည့်ထားတဲ့အိတ်ဖြစ်ပြီး marc ဟာ သူအိပ်မက်တွေထဲ လုပ်မိလိုက်တဲ့ အရာတွေနောက်လိုက်ရင်း ဂိုထောင်ထဲ ရောက်သွားပုံပါပဲ။

ဒီနောက် သူ့ကို တစ်ခုခုက လိုက်နေလို့ အိတ်ကြီးပိုက်ကာ ဂိုထောင်ထဲမှာ သည်းကြီးမဲကြီး ထွက်ပြေးနေပုံနဲ့ တူသလိုရှိပါတယ် ။ ဒါကလည်း အပေါ်မှာပြောခဲ့တဲ့အတိုင်း ဒီ series ရဲ့ main villain က moon knight ကို လိုက်နေတာဖြစ်နိုင်သလို သူ့ရဲ့ တခြား personalities တွေဆီကနေ ကြောက်အားလန့်အားနဲ့ ထွက်ပြေးနေတာလည်းဖြစ်နိုင်ပါတယ်။

Trailer ရဲ့ နောက်တစ် scene မှာလည်း marc ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ လူတွေအများကြီးကို တိုက်ခိုက်လိုက်နိုင်တာတွေ့ရပြီး သူ့ကိုယ်သူတောင် အံ့သြနေပါတယ် ။ သူ့ဘေးက လူတွေကတော့ marc ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကြောင့် ကြောက်နေကြပါတယ်။

Hero မဆန်တဲ့ Moon Knight

ဒီနောက် ‘who’s in your head devours you’ ဆိုပြီး တခြားသူတစ်ယောက်က ပြောလိုက်တဲ့အသံကြားလိုက်ရပြီး moon knight ဟာ တစ်နေရာမှာ လူတစ်ယောက်ကို သေလောက်အောင် ရိုက်နှက်နေပါတယ် ။ ဒီနေရာမှာ ပြောလိုက်တဲ့ နောက်ကွယ်က အသံကတော့ marc ရဲ့ persona တစ်ခုသို့မဟုတ် show ရဲ့ တခြား character တစ်ခုဖြစ်လောက်မှာပါ ။ ကျွန်တော်ကတော့ သူ့စိတ်ထဲက သူဖန်တီးထားတဲ့ khonshu လို့ထင်ပါတယ်။

ရိုက်နှက်တဲ့ scene နဲ့ ပတ်သက်ပြီးက moon knight ကတော့ anti-hero ဆိုတဲ့အတိုင်းပါပဲ comic ထဲမှာ ဒီထက်ပိုကြမ်းတာတွေတောင်လုပ်ဖူးပါတယ် ။ လူတွေကို နှိပ်စက်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲ ။ လူတွေကို တစ်ချက်ထဲနဲ့ သတ်တာမဟုတ်ဘဲ စိမ်ပြေနှပြေနှိပ်စက်ညှဥ်းဆဲပြီးမှ သွေးအေးအေးနဲ့ သတ်တာပါ ။ သတ်ပြီးရင်လည်း လူတွေရဲ့ နဖူးမှာ လခြမ်းပုံအမှတ်အသားလေး ထွင်းပြီး ချန်ထားလေ့ရှိပါတယ် ။ moon knight ဟာ marvel ရဲ့ dark ဖြစ်တဲ့ ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် သူ့ဇာတ်လမ်းကတော့ mcu နဲ့တောင်မတူဘဲ dark ဖြစ်နေမှာပါပဲ ။ ဒါမှသာ Moon knight ရဲ့ theme ပေါ်လွင်မှာပါ ။

Moon Knight ဆိုတဲ့အတိုင်းပါပဲ သူ တံတားပေါ်မှာ ပြေးသွားပြီး တိုက်ပေါ်က ခုန်လိုက်တဲ့ scene တွေ ရဲ့background မှာ ရေထဲက လရဲ့ Reflection တွေ ကောင်းကင်ပေါ်က လခြမ်း background တွေလည်း ထည့်ပေးထားပါတယ်။

Main villain tease လုပ်ခြင်း

ဒီနောက် စားသောက်ဆိုင်ပေါက်ကွဲသွားတာကို မြင်ရပြီး moon knight ရဲ့ ဝတ်စုံကိုလည်း အနီးကပ်မြင်တွေ့လိုက်ရပါတယ် ။ moon knight ကတော့ သူ့အရှုပ်ထုပ်အပြင် တခြားအမှုတစ်ခုကိုပါ ရှင်းရတော့မယ့်ပုံပါပဲ ။ trailer ရဲ့ အဆုံးသတ်မှာလည်း မိန်းကလေးတစ်ယောက်ရဲ့ အော်သံနဲ့အတူ ထူးဆန်းတဲ့လူတစ်ယောက်က ဂူတစ်ဂူထဲ ဆွဲသွင်းသွားတာကိုတွေ့ရတဲ့အတွက် ဒါဟာ series ရဲ့ main villain ကို tease တာဖြစ်ပါတယ်။

Main villain နေရာ ကိုတော့ နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ Ethan hawke က သရုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ် role ဖြစ်မလဲကတော့ မကြေညာသေးပါဘူး ။ ဒါပေမယ့် moon knight လို လူမျိူးနဲ့ ယှဥ်ဖို့ကတော့ နှယ်နှယ်ရရ ဇာတ့ကောင်ထဲက မဖြစ်နိုင်ဘူး လို့ ထင်မိပါတယ် ။ သဘာဝလွန်အစွမ်းရထားတဲ့ villain တစ်ကောင်ကောင်ဖြစ်လောက်မှာပါ ။ moon knight ဆိုတာကလည်း comic ထဲမှာ Supernatural အရာတွေကို အမဲလိုက်ခြင်းအားဖြင့် လူသိများပါတယ် ။ မကြာခင် disney + မှာလာဖို့ သတင်းထွက်နေတဲ့ werewolf by the night နဲ့တောင် တိုက်ခိုက်ခဲ့ဖူးပါတယ်။

Moon Knight ရဲ့ Look ကို Teaser ထဲဘာမှမပြသွားပေမယ့် အောက်ပါပုံကတော့ Teaser မထွက်ခင်ထဲက Leaked ထားတဲ့ Moon Knight ရဲ့ Suit ပုံစံဖြစ်ပါတယ်။ အစကတော့ မသေချာသေးပေမယ့် Teaser ထဲက Scene နဲ့ တိုက်ကြည့်တဲ့အခါမှာ Background ကအစတူနေတာတွေ့ရပါတယ်။

တချို့ကတော့ ထို look ကိုသိပ်သဘောမကျပေမယ့် ကျွန်တော့်အနေနဲ့ဆိုရင်တော့ Badass ဖြစ်ပြီး သွားထားတာနဲ့ လိုက်ဖက်တယ်လို့မြင်ပါတယ်။ MCU ရဲ့ အထာကလဲ Character တွေကို Suit Upgrade လုပ်တာမျိုးတွေများတာဆိုတော့ နောက်ထပ်ပုံစံ ၁ မျိုးနဲ့လဲ ထပ်မြင်ရနိုင်သေးတာမို့ စောင့်ကြည့်ရပါမယ်။

အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒါကတော့ Moon knight teaser နဲ့ ပတ်သက်ပြီး Info နဲ့ breakdown လေးပဲ ဖြစ်ပါတယ်။ ဒီ Series ကတော့ release date အတိအကျ မသိရသေးပေမယ့် 2022 အတွင်း ထွက်ရှိသွားမှာဖြစ်ပါတယ်။

#Weasel #ZEUS

(Zeusmyanmar မှ Content များကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။)

Categories
Explain Marvel

MCU Phase 4 မှ လက်ရှိထွက်ရှိပြီးသော ရုပ်ရှင်များ၏ Timeline များ





Black Widow


Loki and What If?


Wandavision


The Falcon and the Winter Soldier and Shang Chi



Far From Home and Eternals



No Way Home and Hawkeye










#Weasel #ZEUS


————————————————–

 

[ZawGyi]

2008 ခုနှစ် Iron Man နဲ့ စတင်လာခဲ့တဲ့ MCU ကြီးဟာ ဆိုရင် phase သုံးခုကို ကျော်ဖြတ်ကာ saga ကြီးတစ်ခုကိုလည်း အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီးပါပြီ ။ ယခုချိန်မှာတော့ ဇာတ်ကောင်အသစ် hero အသစ်တွေနဲ့ saga အသစ်တစ်ခုကို အစပြုရန် စတုတ္ထမြောက် phase ကို ချပြနေပြီဖြစ်ပြီး ယနေ့အထိဆိုရင် movie 3 ကားနှင့် tv show 3 ခုလည်း ထုတ်လွှင့် ပြသခဲ့ပြီးဖြစ်တဲ့အပြင် လက်ရှိမှာလဲ hawkeye show ကို disney + ကနေ အပတ်တိုင်း ပြသနေလျက်ရှိပါတယ်။

သိပ်မကြာမီက ပြုလုပ်ခဲ့တဲ့ Disney + day မှာ ကြေညာသွားတာတွေအရ marvel studios ကနေ နောက်ထပ် shows အသစ်တွေ ရုပ်ရှင်အသစ်တွေလည်း အများကြီးလာဖို့ ရှိနေပါသေးတယ် ။ marvel fan တွေအတွက်တော့ အားရစရာပါပဲ။

ဒီလို တစ်စထက်တစ်စ ကျယ်ပြန့်လာနေတဲ့ marvel cinematic universe ကြီးမှာ fan တွေ မကြာခဏ အမှတ်မှားလေ့ရှိပြီး နားလည်ရခက်နေတဲ့ အရာတစ်ခုရှိနေပါတယ် ။ အဲ့ဒါကတော့ timeline ပြဿနာပါပဲ ။ ဒါကတော့ အရမ်းကြီးလည်း အဆန်းမဟုတ်ပါဘူး ။ Hollywood ရဲ့ တစ်ကားတည်းသီးသန့်မဟုတ်တဲ့ cinematic universe တွေတိုင်းမှာ ဒီ timeline ပြဿနာက ရှိတတ်စမြဲပါ ။ Hollywood ရဲ့နာမည်ကြီး franchise တွေဖြစ်တဲ့ Star Wars တို့ The Conjuring universe တို့ DCEU တို့မှာတောင် timeline ရှုပ်ထွေးမှုတွေက ရှိပါတယ်။

Iron Man ကနေ Endgame အထိ Infinity Saga တစ်လျှောက် timeline ကိုတော့ အားလုံးနီးပါးသိပြီးလောက်မယ်ထင်လို့ တစ်ကူးတစ်ကတော့ မရှင်းပြနေတော့ပါဘူး။ လက်ရှိ phase 4 က ထွက်ရှိပြီးခဲ့တဲ့ ရုပ်ရှင်တွေရဲ့ timeline ကိုပဲ ပြောပြပေးသွားပါမယ်။

Black Widow

Phase 4 အတွင်း ပထမဆုံး ထွက်ရှိခဲ့တဲ့ movie တစ်ခုဖြစ်ပြီး Original Six Avengers ထဲက Black Widow (Natasha Romanoff) ရဲ့ ဘဝနောက်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ။ phase 4 ရဲ့ ရုပ်ရှင် တော်တော်များများက Endgame အပြီးကို ဇာတ်အိမ်တည်ထားတယ်ဆိုတာ fan တွေလည်း သိကြမှာပါ ။ ဒါပေမယ့် black widow ကတော့ ဒီ new saga timeline နဲ့ အရမ်းကြီး မသက်ဆိုင်ပါဘူး ။ Endgame အတွင်း ကြွေလွင့်ခဲ့ရတဲ့ black widow ဇာတ်ကောင်ရဲ့ fan တွေတောင်းဆိုမှုကြောင့်သာ solo movie တစ်ခုထုတ်ပေးခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်အတွင်း new saga အတွက် အရေးကြီးလာမယ့် ဇာတ်ကောင်အသစ်တစ်ယောက်ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ် ။ သူကတော့ new black widow (yelena belova) ပါ ။ Black widow ရဲ့ timeline ကတော့ Civil war အပြီးဖြစ်ပါတယ် civil war အတွင်း စာချူပ်ကိုဖောက်ဖျက်ကာ tony တို့နဲ့ အစိုးရကို သစ္စာဖောက်ပြီး cap တို့ကိုကူညီခဲ့တာကြောင့် ထွက်ပြေးနေရတာကိုလည်း ဇာတ်လမ်းအစမှာတင် မြင်တွေ့ခဲ့ရမှာပါ။

Loki and What If?

Loki ကတော့ Endgame အတွင်း ဖြစ်ပျက်သွားခဲ့တာပါ။ Avengers တွေရဲ့ အချိန်ခရီးသွားမှုမှာ Loki tessaract ကို ယူပြေးဖို့ အခွင့်အရေးရသွားပြီး ထွက်ပြေးရာကနေ tva နဲ့ သွားငြိပြီး Loki series ဖြစ်ပေါ်လာခဲ့ပါတယ်။ What if..? ကတော့ Loki series အပြီး timeline ခွဲဖြာမှုတွေကြောင့်
ဖြစ်တည်လာတဲ့ တခြားသော alternate timeline တွေကို ပြသွားတာပါ။ ဒီထဲမှာတင် mcu ရဲ့ multiverse ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။

Wandavision

MCU ရဲ့ သွားနေကျ လမ်းကြောင်းကနေ စတင်ခွဲထွက်ခဲ့ပြီး sitcom series တစ်ခုအနေနဲ့ fan တွေကို မိတ်ဆက်ပေးခဲ့တဲ့ Wandavision ကတော့ phase 4 ရဲ့ ပထမဆုံး show အဖြစ် ထွက်ရှိလာခဲ့ပါတယ် ။ timeline အားဖြင့်တော့ wandavision ဟာ Endgame အပြီး သုံးပတ်အကြာ ဖြစ်တာကြောင့် November 2023 လောက် ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်သလဲဆို Infinity War စဖြစ်ခဲ့တာက 2018 မှာ ဖြစ်ပြီး Endgame ဟာ IW အပြီး ငါးနှစ်အကြာကို ဇာတ်အိမ်တည်ထားတာကြောင့် 2023 မှာ ဖြစ်ပါတယ်။ အဲ့အပြင် insider တွေ confirm ထားတာအရ Endgame ဟာ October 2023 မှာ ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကို ပိုသေချာသွားစေတာကတော့ Far from home ကြောင့်ပါပဲ။ ဒါကို အောက်မှာ ဆက်ပြောပြပေးပါမယ်။

The Falcon and the Winter Soldier and Shang Chi

Wandavision အပြီးမှာတော့ TFATWS လာပါတယ်။ TFATWS ဟာ Endgame အပြီး 5 လအကြာဖြစ်တဲ့အတွက် March 2024 မှာ ဖြစ်ပွားသွားခဲ့တာပါ။

သူ့နောက်မှာတော့ Shang Chi and the Legend of Ten Rings ဟာ တစ်လအကွာနဲ့ ရှိနေပြီး Shang Chi ကတော့ April 2024 မှာ ဖြစ်သွားခဲ့ပါတယ် ။ အစကတော့ Shang chi ဟာ IW နဲ့ Endgame ကြား blip ကာလအတွင်း ဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်း ရုပ်ရှင်ထွက်လာတဲ့အခါမှာတော့ Endgame အပြီးဆိုတာ သိခဲ့ရပါတယ်။ အဲ့အပြင်ကိုမှ Disney + ကနေ MCU ကြီးတစ်လျှောက် official timeline ကို ထုတ်ပြခဲ့ရာမှာတော့ Shang chi ဟာ TFATWS နောက်မှ ဖြစ်မှန်းသိခဲ့ရပါတယ် ။ Shang Chi ရဲ့ timeline ဟာ Endgame အပြီး 6 လအကြာဖြစ်တာကြောင့် April 2024 ပါ။

Far From Home and Eternals

Endgame အပြီးကို ဇာတ်အိမ်တည်ထားပေမယ့်လည်း phase 4 ထဲ ပါမလာဘဲ phase 3 infinity saga ရဲ့ အပိတ်ဖြစ်ခဲ့ရတဲ့ Far From Home ကတော့ Endgame ဖြစ်ရပ်တွေအပြီး 8 လအကြာ summer ကာလမှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။ သူတို့ western က summer ဆိုတာက June ကနေ စတာဖြစ်ပြီး September မှာ အဆုံးသတ်တာပါ ။ Endgame ကနေ စတွက်မယ်ဆိုလည်း 8 လအကြာက June လပါပဲ ။ ဒီတော့ Far From Home က June 2024 မှာ ဖြစ်နေတာပါ ။

Far From Home နဲ့ တစ်ချိန်တည်းမှာပဲ Eternals event ကလည်း တစ်ဖက်မှာ ဖြစ်ပျက်နေတာဖြစ်ပါတယ် ။
ဒါကိုတော့ Eternals Interview တစ်ခုမှာ confirm ထားခဲ့တာပါ ။ ဒီအတွက်ကြောင့် Eternals ကလည်း Far From Home နဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းပါပဲ ။

No Way Home and Hawkeye

လက်ရှိမှာ Fan တွေ အမျှော်လင့်ရဆုံးဖြစ်နေတဲ့ No Way Home ကတော့ Far From Home အပြီး Spider-man identity ဖော်ခံရတဲ့အချိန်ကနေ အစပြုသွားမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် No way home ဟာ Summer 2024 ကနေ Winter 2024 အထိ ရောက်သွားမှာဖြစ်ပြီး christmas ကာလအတွင်း No way home ဖြစ်ပွားသွားမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မေးခွန်းတစ်ခုရှိနေတာကတော့ No Way Home အပြီးမှ Hawkeye က လာတာပါပဲ ။ No Way Home ရော Hawkeye ရောရဲ့ ရိုက်ကွင်းက new york မှာဖြစ်သလို အချိန်ကလည်း christmas ပါပဲ ။

Hawkeye ရဲ့ timeline ကို marvel ဖက်က အတိအကျ မ confirm သေးပေမယ့် Endgame အပြီး နှစ်နှစ်အကြာ 2025  လို့တော့တရားဝင်ပြောထားပါတယ်။

ဒါဆို No way home အပြီး တစ်နှစ်အကြာမှပါပဲ ။ No Way home လို Endgame နီးနီးပြင်းထန်တဲ့ Multiversal threat ကြီး တစ်ခုဟာ ဘာတစ်ခုမှ မဖြစ်ခဲ့သလို လေထဲပျောက်ကွယ်သွားမှာတော့ မဟုတ်လောက်ပါဘူး။

ဒါပေမယ့် Hawkeye ထဲမှာလည်း clint အပါအဝင် လူတွေအားလုံးက Endgame ကိုသာ event အကြီးကြီးလို သတ်မှတ်ထားကြပြီး ပွဲတွေဘာတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ဘယ်သူ့မှ No Way Home အကြောင်း မပြောကြသလို သတင်းတွေထဲလည်း မပါလာခဲ့ပါဘူး။ ဆိုတော့ Hawkeye ရဲ့ 2025 timeline ဆိုတာဟာ 2024 ရဲ့ Christmas ဖြစ်ပြီး 2025 ကိုကူးတဲ့ Timeline မျိုးလဲ ဖြစ်နိုင်ပါတယ်။

ဘာတွေဖြစ်နေသလဲ ဘာတွေဖြစ်သွားသလဲ ဆိုတာကတော့ No Way Home ထွက်မှပဲ သေချာသိရမှာပါ။

ဆိုတော့ Endgame အပြီး Timeline တွေကိုစီလိုက်ရင် အခုလိုထွက်လာပါတယ်။ Hawkeye ကတော့မသေချာသေးပေမယ့် ကျွန်တော်ကတော့ Hawkeye ရဲ့ timeline ကို 2024 christmas နဲ့ No Way home နဲ့ တစ်ပြိုင်တည်း သို့မဟုတ် No way home ထက်အရင်လို့ထင်တဲ့အတွက် သူတို့ ၂ ယောက်ကို အတူတူဖြစ်လောက်တယ်လို့ list ထဲထည့်ထားပါတယ်။ သေတော့မသေချာပါဘူး။ No way home ထွက်လာမှသာ အဖြေသိရမှာဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် MCU ကတော့ Fan တွေအကြိုက်လိုက်ပြီး project တွေအများကြီး ချပြနေပြီဖြစ်ပါတယ် ။ အခုချိန်မှာ
မရှင်းသေးတဲ့ မေးခွန်းတွေဟာလည်း နောက် movie တွေ ထွက်လာတဲ့အခါ ရှင်းသွားမယ်လို့ ထင်ပါတယ်။

Fan တွေကို မေးခွန်းတွေ fan theory တွေနဲ့ အကျပ်ရိုက်စေမယ့် Multiverse of Madness အစပြုရာ No Way Home ကတော့ December 17 မှာ စတင်ပြသသွားတော့မှာဖြစ်ပြီး Digital release ကတော့ သုံးလအကြာလောက်မှ ထွက်ရှိလာမှာလည်းဖြစ်ပါတယ်။

#Weasel #ZEUS

(Zeusmyanmar မှ Content များကို ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါခင်ဗျာ။)

Categories
Movie Review

I know what you did in the last summer [2021] Review

I know what you did in the last summer လို့ပြောလိုက်တာနဲ့တင် 20s Horror movies fans တွေအနေနဲ့ မသိသူမရှိလောက်ဘူးလို့ ပြောလို့ရမှာပါပဲ။ ကိုယ်လည်းငယ်ငယ်တုန်းက တော်တော်ကြိုက်ခဲ့တာ။ Remake ပြန်လုပ်တဲ့ဇာတ်ကားတွေလည်းအများကြီး ရှိခဲ့သလိုပဲ Teenage Horror Films တွေထဲမှာ ဒီဇာတ်ကားကလည်း အတော်အသင့် နာမည်ကြီးပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။

1997 ခုနှစ်မှာကတည်းက 1973 ခုနှစ်မှာနာမည်အရမ်းကြီးခဲ့တဲ့ ဝတ္တုကိုပြန်ရိုက်ပြီးနာမည်ရခဲ့ဇာတ်ကားတစ်ကားပါ။ အဲ့ဒါကိုပဲ 2016 မှာပြန်လည်ရိုက်ကူးခဲ့ပေမယ့် Low Budget Movie လိုမျိုးဖြစ်နေလို့ Fail တယ်လို့ပြောလို့ရပါတယ်။ ကိုယ်လည်း Original Movie ကိုအကြိုက်ဆုံးပါ သူ့နောက်ကထွက်တဲ့ Squeal တွေကိုလည်းသဘောမကျခဲ့ပါဘူး။ ဒါပေမယ့် Remake Series တွေပြန်လုပ်တာများတဲ့ 2021 မှာ Chucky Series ပါထွက်ခဲ့ရုံသာမကပဲ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ I know what you did in last summer ကလည်း Series အနေနဲ့ ထွက်ခဲ့ပါတယ်။ စုစုပေါင်း ၈ ပိုင်းပါဝင်ပြီး Teenage Horror films တွေလိုမျိုး အနှစ်သာရ အပြည့်အဝနဲ့ ကြည့်ရမှာပါ။

ဇာတ်လမ်းအကျဉ်း
လန်နွန်နဲ့ အယ်လီဆင်ဆိုတဲ့ အမွှာလေးနှစ်ယောက်က တကယ့်ကိုရုပ်တူပြီး ဘယ်လိုမှခွဲမရပါဘူး။ ဒါပေမယ့် သူတို့ရဲ့ Personality တွေကတော့ကွဲပြားပါတယ်။ လန်နွန်က တကယ့်ကို Bitchy ကျပြီး စားစော်ကြီး လိုက်လုပ်နေတဲ့သူပါ။ သူမရဲ့ Depression တွေကို ပြေပျောက်အောင် လုပ်နေတယ်ဆိုပေမယ့် သူ့ညီမ အယ်လီဆင်နာမည်နဲ့ Only Fans ဖွင့်ပြီးပိုက်ဆံရှာရတဲ့အထိ အောက်တန်းကျပါတယ်။

ဒါပေမယ့်လည်း လူတွေရဲ သဘောတရားအရ အဲ့လို Bitchy ကျတဲ့လူတွေကိုမှ ပေါင်းချင်တာတို့ အားကျတာတို့ သဘောကျတာတို့လည်းရှိပါတယ်။ အဲ့တာကြောင့် လန်နွန်က အက်လီဆင်ထက်ပိုပြီး သူငယ်ချင်းလည်း ပိုများသလို ချစ်ခင်တဲ့သူလည်းများပါတယ်။ အယ်လီဆင်ကတော့ အပယ်ခံလေးပေါ့။ ဘယ်သူမှလည်း အပေါင်းအသင်းမလုပ်ချင်တဲ့အပယ်ခံလေးပေါ့။ ဒါပေမယ့် အယ်လီဆင်ကိုငယ်ငယ်လေးကတည်းကချစ်တဲ့ ဒီလန်ဆိုတဲ့ ကောင်လေးကလည်း သူမအတွက် Virginity ကိုသိမ်းထားရလောက်တဲ့အထိချစ်ပါတယ်။

ဒါပေမယ့် လန်နွန်သူငယ်ချင်းဖြစ်တဲ့ မက်ဂေါ့ဆိုတဲ့ ကောင်မလေးရဲ့ အထက်တန်းပြီးလို့ ပါတီလုပ်တဲ့ညမှာ လန်နွန်က ဒီလန်ရဲ့ Virginity ကိုယူလိုက်လို့ လန်နွန်နဲ့ အက်ဒီဆင်တို့ နှစ်ယောက်စကားများကြပါတယ်။ အဲ့တာနဲ့ပဲ အက်ဒီဆင်ကလည်း စိတ်တိုပြီး လန်နွန်အနွေးထည်ဝတ်ပြီး လန်နွန်ကားပေါ်သွားထိုင်နေခဲ့ပါတယ်။ အဲ့ဒီမှာပဲ လန်နွန်သူငယ်ချင်းတွေရောက်လာပြီး သူမကိုလန်နွန်အထင်နဲ့ တနေရာကိုသွားဖို့ ကားနဲ့ထွက်လာခဲ့ကြပါတယ်။

အဲ့ဒီမှာပဲ လမ်းမတစ်နေရာမှာဘယ်ကမှန်းမသိပေါ်လာတဲ့ လန်နွန်က သူမတို့ကားရှေ့ရောက်လာခဲ့ပြီး အက်ဒီဆင်ကလည်း အရှိန်မလျော့ပဲ တိုက်သတ်ခဲ့ပါတယ်။ လန်နွန်သူငယ်ချင်းတွေကလည်း သေသွားတဲ့သူက အယ်လီဆင်ပဲလို့ထင်ကြပါတယ်။ အဲ့တာနဲ့ပဲ ကမ်းခြေနားက ဂူတစ်ခုထဲမှာ သူတို့သူငယ်ချင်း ၆ ယောက်အလောင်းကိုဖျောက်ဖျက်ခဲ့ကြပါတယ်။ တနှစ်ကြာတဲ့ အချိန်မှာတော့ သူတို့လုပ်နေတာတွေကိုသိတဲ့ သူတစ်ယောက်က သူ့တို့ဆီကိုစပြီး မက်ဆေ့တွေပို့ပြီး လူတွေလိုက်သတ်နေခဲ့ပါတယ်။

သူတို့ သူငယ်ချင်းတွေတယောက်ပြီးတစ်ယောက်အသတ်ခံနေရတဲ့ အချိန်မှာပဲ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လိုကာကွယ်ကြမလဲ နဲ့ သူတို့သူငယ်ချင်းတွေထဲက တယောက်ကပဲ လိုက်သတ်နေတာလား ဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။

Review ( Spoiler Alert)

ဒီဇာတ်ကားကို စကြည့်ကတည်းက Expectation တွေဘာမှမထားပဲ ပေါ့ပေါ့ပါးပါးပဲကြည့်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ နာမည်ကြီးဇာတ်ကားတွေရဲ့ Remake/ Reboot တော်တော်များများက Fail ကျတာများလို့ပါပဲ။ ဒါပေမယ့် Episode အစကနေအလယ်လောက်ထိ တော်တော်ကို စိတ်ဝင်စားစရာကောင်းအောင်ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။

Plot Twist တွေလည်းများသလို ဘယ်သူက လူတွေသတ်နေတာလည်းဆိုတာ လုံးဝခန့်မှန်းလို့မရနိုင်ခဲ့ပါဘူး။ ဇာတ်လမ်းရဲ့ ရှု့ထောင်တွေကလည်း ဟိုလူပဲ သတ်သလိုလို ဒီလူကပဲ သတ်သလိုလိုတွေပြသွားတာမို့လို့ပါပဲ။ လာပါပြီ ဇာတ်သိမ်းပိုင်း ကိုယ်ထင်နေသလိုသာ ပြသွားမယ်ဆိုရင် ဇာတ်သိမ်းကတော်တော်လှမှာ ဖြစ်ပေမယ့် မထင်မှတ်တဲ့သူကို သူသတ်သမား ဖြစ်အောင်လုပ်သွားတာက Plot hole ကြီးဖြစ်သွားပါတယ်။

ချန်ထားခဲ့တဲ့ Plots တွေလည်းအများကြီးကျန်ခဲ့သလိုပဲ ကိုက်ညီမှုမရှိတာတွေလည်းတွေ့ရတယ်။ အဲ့ဒါကတော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။ သူသတ်သမားရဲ့ Intentions ကိုလည်း အပြည့်အစုံချပြသွားတာမရှိသလို ဘာသာရေးအဖွဲ့အစည်းရဲ့ အကြောင်းကိုလည်း မပြသွားတာ တော်တော်ဆိုးပါတယ်။

၂၀၂၁ ရဲ့ ကြည့်ခဲ့ဖူးသမျှဇာတ်ကားတွေထဲမှာ ဇာတ်သိမ်းအဆိုးဆုံးကားလို့ပြောလို့ရပါတယ်။ အက်လီဆင်ရဲ့ ရွေးချယ်ခဲ့မှူအကြောင်းကတော့ ပြောစရာကိုမလိုပါဘူး။ အကုန်အမှားတွေချည့်ပါပဲ။ ဇာတ်လမ်းအစကနေ ဇာတ်သိမ်းနားအထိ ကောင်းအောင်ဆွဲခေါ်နိုင်ခဲ့ပေမယ့် ဇာတ်သိမ်းကတော့ Plot Hole တွေအများကြီးနဲ့ စိတ်ပျက်စရာကောင်းတယ်လို့ပြောပါရစေ။ ကျန်တာ Production နဲ့ Scenes တွေကတော့ Low Budgets နဲ့မတူပဲ အဆင်မြင့်မြင့် ရိုက်ထားတာကိုတွေ့ရပါတယ်။

Casts တွေကလည်း တကယ့်နာမည်ကြီးပြီးသား လူငယ်သရုပ်ဆောင်တွေ ပါဝင်ထားတာမလို့ Acting ပိုင်းကတော့ပြောစရာမရှိအောင်ကောင်းပါတယ်။ မလိုအပ်တဲ့ အပြာခန်းတွေအများကြီးထည့်တာ နဲ့ ကွက်ကွက်ကွင်းကွင်းပြထားတာတွေကတော့ 20s Teenage Films ပုံစံမျိုးဖန်တီးထားတယ်လို့ မြင်ပါတယ်။

အကျဥ်းချုပ်ပြောရရင် ဇာတ်သိမ်းကလွဲလို့ ကျန်တာအကုန် ကြည့်ကောင်းတယ်။ သည်းထိတ်ရင်ဖို ဖြစ်ရတယ်လို့ပဲပြောချင်ပါတယ်။ IMDb 5.3 နဲ့ Rotten Tomatoes 40% ရထားပါတယ်။ ကိုယ့်အနေနဲ့ကတော့ 5.7 လောက်အထိပေးချင်ပါတယ်။ Ashley Moore နဲ့ Jumanji မင်းသမီး Madison Iseman ရဲ့ မျက်နှာကိုထောက်ပြီးတော့ပေါ့။

သည်းထိတ်ရင်ဖိုဖြစ်ရတဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ လူကြီးကြည့်ခန်း များများပါတဲ့အတွက် ကြည့်ချင်သူများကြည့်ဖို့အတွက် အညွှန်းရေးပေးလိုက်ပါတယ်။

#Zeus #Thor

Categories
Uncategorized

MCU ရဲ့ ပထမဆုံး Deaf  hero ၂ ယောက် Makkari နဲ့ Echo

အခုဆိုရင်လဲ Deaf သရုပ်ဆောင်တွေကိုပါ စတင်ပွဲထုတ်နေပြီဖြစ်ပြီး သိပ်မကြာခင်က MCU မှာစတင်ပါဝင်လာတဲ့ Deaf Hero တွေဖြစ်တဲ့ Makkari နဲ့ Echo တို့နေရာ သရုပ်ဆောင်တွေအကြောင်းအကျဥ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Makkari

Makkari ကတော့ Eternals ထဲက ၁ ယောက်ဖြစ်ပြီး Superhuman speed နဲ့ hero ၁ ယောက်ပါ။ Makkari နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကတော့ Lauren Ridloff ဖြစ်ပြီး သူမဟာ မွေးရာပါနားမကြားတဲ့ American Actress ၁ ယောက်ဖြစ်ပါတယ်။ The Walking Dead series ကနေ စတင်လူသိများခဲ့တာဖြစ်ပြီး Eternals ရုပ်ရှင်ထဲမှာလဲ သူ့နေရာ ၁ ခုကို ပေါ်လွင်အောင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ တကယ်ချီးကျူးလောက်တဲ့ Actress ၁ ယောက်ပါ။

Eternals ရုပ်ရှင်ရိုက်ကူးတုန်းကလဲ သူမအတွက် အခက်အခဲတွေရှိခဲ့ပြီး ရုပ်ရှင် crew တွေရဲ့ကြိုးပမ်းပေးမှုကြောင့် အဆင်ပြေခဲ့တယ်လို့လဲ သိရပါတယ်။ Eternals ရဲ့ Set တစ်ခုမှာဆိုရင် နံရံကို မျက်နှာမူရမယ့် Scene ၁ ခုပါလာခဲ့ပြီး သူမအတွက် Timing ကို အခက်အခဲဖြစ်နေချိန် မမ Angelina Jolie က သူမအတွက် အချက်ပြဖို့ လေဆာ dot လေးသုံးပြီး ရိုက်ကူးဖို့ Idea ပေးခဲ့ပြီး crew တွေကဖန်တီးပေးခဲ့ကြတယ်လို့ သိရပါတယ်။

Echo

Echo ကတော့လက်ရှိ #Hawkeye series မှာ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး သူမဟာ Kingpin ကြီးရဲ့ မွေးစားသမီးဖြစ်ပါတယ်။ Echo ဟာ Deaf character ၁ ယောက်ဖြစ်ပြီး သူမနေရာကို သရုပ်ဆောင်သွားမယ့်မင်းသမီးကတော့ Alaqua Cox ဖြစ်ပါတယ်။ Alaqua ဟာလဲ Deaf Native American သရုပ်ဆောင် ၁ ယောက်ဖြစ်ပြီး ညာဘက်ခြေထောက်မရှိသူ ဖြစ်ပါတယ်။ နားမကြားတာကတော့ မွေးရာပါဖြစ်ပြီး ညာခြေထောက်ကတော့ ဘာကြောင့်ဖြစ်တာလဲဆိုတာကို သူမဘက်ကထုတ်ဖော်မပြောကြားထားပါဘူး။

#DisneyPlusDay မှာတုန်းက ကြေညာသွားတဲ့ သူမရဲ့ နာမည် #Echo Title နဲ့ own series ၁ ခုကလဲ လာဦးမှာဖြစ်ပါတယ်။ ဒါကိုတော့ သူမက… “အဲ့ဒါကတကယ်ရူးချင်စရာပဲ.. ကျွန်မက Hawkeye လဲရိုက်ပြီးရော ကျွန်မအတွက် ကိုယ်ပိုင် show ၁ ခုကိုရလိုက်တယ်။ ဒါကအခုမှ ကျွန်မရဲ့ ပထမဦးဆုံး သရုပ်ဆောင်ရတဲ့ role ၁ ခုပါ” ဆိုပြီး Variety နဲ့ Interview မှာပြောသွားပါတယ်။

သူမရဲ့ သရုပ်ဆောင်ခရီးစဥ်အစကတော့ Echo ဖြစ်ပြီး #Hawkeye series ထဲမှာတော့ ညာခြေထောက်အတုတပ်ကာ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Daredevil ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ Echo ကိုသိကြမှာပါ။ Supervillain ကြီး Kingpin ဟာ Echo(Maya) လေးရဲ့အဖေကိုသတ်ပြီး ကျန်ခဲ့တဲ့ Echo လေးကိုမွေးစားခဲ့ပါတယ်။ မွေးစားခဲ့တာဟာ Echo အတွက်နာကျည်းစရာပါပဲ ဘာလို့ဆို သူမအဖေအသတ်ခံရတာကို သူမမြင်ခဲ့လို့ပါ။ Kingpin ကြီး ဘာကြောင့်မွေးစားခဲ့လဲဆိုတော့ Echo ရဲ့ photographic reflexes Ability ကို သဘောကျသွားလို့ပါ။ သူမရဲ့ Ability ကြမ်းတာကလဲ အရာ ၁ ခုကို ၁ ကြိမ်တည်းကြည့်ယုံနဲ့ အတုယူနိုင်လို့လဲ ဖြစ်ပါတယ်။ (ဟုတ်ပါတယ်… Taskmaster လိုပါပဲ! ဘယ်သူပိုကြမ်းလဲဆိုတာကတော့ ကျွန်တော့်အမြင် comic ထဲမှာတော့ Taskmaster ကပိုကြမ်းပါတယ်။ ဘာလို့ဆို Echo ဟာ deaf ၁ ယောက်ဖြစ်ပြီး Taskmaster ဟာလဲပိုပြီး fight တာတွေကို copy နိုင်လို့ပါ။)

ထို Echo လိုဇာတ်ကောင်အတွက်လဲ Alaqua ဟာ Training တွေတော်တော်လုပ်ခဲ့ပြီး သူမရဲ့ ပြင်းထန်စွာ body building  လုပ်နေတဲ့ Video ကိုလဲချပြခဲ့ပါသေးတယ်။ သူမဟာ Marvel Studios မှ Deaf American actress တွေရှာတယ်နေလို့ သူငယ်ချင်းလာပြောလို့ Audition ဝင်ခဲ့တာဖြစ်ပြီး Hawkeye series ရဲ့ casting ကိုမတွေ့သေးခင်အထိ သရုပ်ဆောင်တာစိတ်မဝင်စားခဲ့ဖူးဘူးလို့ ဆိုပါတယ်။ Entertainment Weekly နဲ့ Zoom မှာတော့ Alaqua ဟာ…”ကျွန်မလို မသန်မစွမ်းသူတွေလဲ ဘာမဆို လုပ်နိုင်ပါတယ်။ ကျွန်မတို့ ချနိုင်တယ်၊ လှန်နိုင်တယ်၊ လဲနိုင်ပါတယ်။ လူတွေက ‘ဝိုး၊ သူမ ဒါကိုလုပ်နိုင်ပါလား’ ဆိုပြီး ပြောကြမှာကို စိတ်လှုပ်ရှားမိပါတယ်။” ဆိုပြီး ပြောခဲ့ပါတယ်။

တကယ့်ကို Honor အပြည့်နဲ့ပါပဲ။ လက်ရှိ MCU ရဲ့ နှစ်ယောက်တည်းသော Deaf သရုပ်ဆောင်တွေဆိုပြီး Alaqua ဟာ Eternals ထဲက Lauren Ridloff နဲ့အတူ ပုံလေး ၁ ပုံကိုလဲ သူမရဲ့ IG acc မှာတင်ခဲ့ဖူးပါတယ်။ MCU ရဲ့နောင်လာမယ့် project တွေမှာလဲ ဆက်လက်ပါဝင်သွားကြဦးမှာမို့ သူတို့ရဲ့ကြိုးစားချပြမှုတွေကိုလဲ စောင့်ကြည့်သွားရပါဦးမယ်။

#ZEUS

Categories
Breakdown Marvel

2D World ထဲမှာချခဲ့ကြတဲ့ Miles Morales နဲ့ SpiderMan 2099

Spider-Man Across The Spider-Verse teaser trailerဟာ ယနေ့မှာထှကျရှိလာခဲ့ပါတယျ.























#Zzerk #ZEUS

————————————————————————————

[ZawGyi]

Spider-Man Across The Spider-Verse teaser trailerဟာ ယနေ့မှာထွက်ရှိလာခဲ့ပါတယ်.

Teaser trailerအတွင်းမှာဆိုရင်လည်း titleနဲ့လိုက်အောင်ပင် Dimensionတွေကိုဖြတ်သန်းသွားလာပြီး တိုက်ခိုက်နေကြပုံတွေကိုလည်းတွေ့ခဲ့ရပါတယ်.

ဒီpostမှာပြောပြသွားမဲ့အရာကတော့ trailerအတွင်းမှာတွေ့ခဲ့ရတဲ့ Milesနဲ့2099တို့တိုက်ခိုက်နေခဲ့ကြတဲ့နေရာဖြစ်တဲ့ 2 Dimensional Worldအကြောင်းဖြစ်ပါတယ်.

Trailerရဲ့အစပိုင်းမှာဆိုရင် Miles Moralesစီ Gwen Stacyက portalတစ်ခုဖွင့်ပြီးရောက်ရှိလာခဲ့တာကိုမြင်ခဲ့ရပါတယ်. ပထမ Spider-Man Into The Spider-Verseနဲ့မတူညီတဲ့အချက်ကတော့ trailerအရဆိုရင် ဒီAcross The Spider-Verse movieမှာတော့ Gwenက watchတစ်ခုကိုအသုံးပြုပြီး Milesရဲ့Realityကိုရောက်ရှိလာခဲ့တဲ့ပုံပါပဲ.

Comicအရဆိုရင်တော့ Gwen Stacyစီမှာတွေ့ရတဲ့watchက Dimensional Travel Watchလို့အမည်ရပါတယ်. ဒီDimensional Travel Watchကို Earth 50101က Spider-Man (Pavitr Prabhakar)က တီထွင်ခဲ့တာပါ. ဒီWatchကြောင့်ပဲ တစ်ခြားRealityတွေ Earthတွေ Dimensionတွေကိုဖြတ်သန်းသွားလာနိုင်ကြတယ်လို့ယူဆပါတယ်.

Across The Spider-Verse animated movieမှာတော့ ဒီWatchရဲ့Originကဘယ်လိုလာမလဲဆိုတာကိုတော့movieထွက်လာမှပဲသေချာသိရမှာပါ.

Miles Moralesနဲ့ Spider-Man 2099တို့ရဲ့fight sceneမှာဆိုရင်လည်း Spider-Man 2099စီမှာ Watchတစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်.comicအရဆိုရင်တော့ ဒီWatchတွေကြောင့်ပဲSpider-Gwen, Miles Moralesတို့ Spider-Man 2099တို့ဟာ Dimensionတွေကိုကူးသန်းသွားလာနိုင်ကြတာဖြစ်ပါတယ်.

Across The Spider-Verseမှာသူတို့Dimensionတွေကိုဘယ်လိုဖြတ်သန်းသွားလာကြမလဲ ရှင်းပြပြီးတဲ့နောက်မှာတော့ postရဲ့လိုရင်းဖြစ်တဲ့ Mile Moralesနဲ့ Spider-Man 2099တို့ရဲ့ Battle sceneမှာမြင်တွေ့ခဲ့ရတဲ့ 2 dimensional worldအကြောင်းကိုဆက်လက်ပြီးပြောပြပေးသွားပါမယ်.

Dimensional Travel Watchကိုcomic refrenceယူထားသလို trailerအတွင်းမြင်တွေ့ခဲ့ရတဲ့ 2 Dimensional Worldဟာလည်းပဲ Spider-Man comicအတွင်းမှပဲ refrenceယူထားတာဖြစ်ပါတယ်.

Dimensional Travel Watchကို Spider-Man(Pavitr Prabhakar)က တီထွင်ခဲ့တာဖြစ်ပြီး Web Warriors 2015 comicမှာစတင်ပါလာခဲ့တာဖြစ်ပါတယ်.ဒီcomicအတွင်းမှာပဲ Different realityက Spider-Manတွေစုံတွေ့ခဲ့ကြပြီး Web-Warriors teamကိုဖွဲ့စည်းခဲ့ကြပါတယ်.ဒီcomicအတွင်းမှာပဲ Web-Warriors teamက Dimensional Travel Watchကိုအသုံးပြုပြီး different realityက Spider-Man villainတွေကိုလိုက်ရှင်းရင်းနဲ့မှပဲ 2 Dimensional Worldထဲကို ရောက်ခဲ့ရတာကိုပါမြင်တွေ့ခဲ့ရပါတယ်.

Trailerထဲမှာမြင်တွေ့ခဲ့ရတဲ့ 2 Dimensional Worldဟာcomicထဲမှာလည်းတည်ရှိနေတာဖြစ်ပြီး Across The Spider-Verse animated movieဟာ Web-Warrior comicကိုrefrenceများစွာယူထားတယ်လို့မြင်မိပါတယ်.

comicအတွင်းမှာတော့ 2 Dimensional Worldဟာထင်တာထက်ပိုရှုပ်ပါတယ်. comicတွေဟာ 2Dအဖြစ်ရေးဆွဲပုံဖော်ထားကြတယ်,ကျွန်တော်တို့တစ်ကယ့်ပြင်ပလူတွေရဲ့အမြင်မှာ2Dတွေဖြစ်နေတယ်ဆိုပေမဲ့လည်း သူတို့comic worldအတွင်းမှာပဲ အလျားအနံသာရှိတဲ့ ပြင်ညီ 2 Dimensional Worldတွေရှိနေသေးတာကိုဆိုလိုပါတယ်.

Web-Warriors comicအရဆိုရင်တော့ Different realityတွေကSpider-Manတွေဟာ Dimensional Travel Watchကိုအသုံးပြုပြီး 2 Dimensional World ကိုအလွယ်တကူaccessပြုလုပ်ခဲ့တာကိုမြင်တွေ့ရပါတယ်.ဒါဟာလည်းဒီwatchရဲ့ abilityအရမ်းကောင်းလွန်းလို့ထင်ပါတယ်.

အစောပိုင်းMarvel Comicတွေအရဆိုရင် 2 Dimensional World ကိုaccessပြုလုပ်နိုင်တာက Nexus Of All Realitiesလို့ခေါ်တဲ့ နေရာတစ်ခုသာရှိခဲ့ပါတယ်. ဒီNexus Of All Realities ဆိုတာဟာ Multiverse, Alternate Reality, Dimension, planeတွေအကုန်လုံးကိုချိတ်ဆက်ထားတဲ့ ကြားခံနယ်မြေ inter-dimensionတစ်ခုဖြစ်ပါတယ်.

ဒီNexus Of All Realities Dimension ကနေ အထက်ကပြောခဲ့တဲ့ Multiverse တွေ,Different Universe တွေ, တစ်ခြား Dimension တွေ ကြိုက်တဲ့နေရာကိုကြိုက်သလိုဝင်ထွက်လို့ရပါတယ်.

Comic ထဲမှာဖော်ပြချက်အရဆိုရင် Nexus Of All Realities ကြောင့် Marvel Universe အတွင်းမှာ 2 Dimensional world တင်မကပဲ marvel universe နဲ့ဘာမှကိုမဆိုင်တဲ့universeတွေ, multiverse တွေဟာ possibilities ပေါင်းစုံနဲ့ အဆုံးအစမရှိပဲ infinite ဖြစ်နေတာကို သိရှိနိုင်ပါတယ်.

ဒီ Nexus Of All Realityကို Living Tribunal လို Cosmic Entiry တွေနဲ့ အစွမ်းအစအလွန်ကြီးမားသူတွေသာ access ပြုလုပ်နိုင်ပါတယ်. တစ်ကယ်တော့ Nexus Of All Realities ကို ကျွန်တော်တို့အားလုံးလိုလိုရင်းရင်းနှီးနှီးမြင်တွေ့ခဲ့ကြပြီးဖြစ်ပါတယ်.

ဘာကြောင့်ဆို Nexus Of All Realitiesဟာ Disney plusရဲ့ What If seriesမှာပါဝင်လာခဲ့ပြီးပြီဖြစ်လို့ပါ.

ဟုတ်ပါတယ်ဗျ.What If seriesမှာ UATU The Watcherကြီးတည်ရှိနေတဲ့နေရာက Nexus Of All Realities Dimensionဖြစ်ပါတယ်.

ဒီDimension ကနေပဲ မတူညီတဲ့ဖြစ်ရပ်တွေနဲ့ Multiverse ပေါင်းစုံက What If event တွေကိုထိုင်ကြည့်နေခဲ့တာဖြစ်ပါတယ်. ဒီ Dimension ကြောင့်ပဲ Reality ပေါင်းစုံကိုမြင်တွေ့နိုင်ခဲ့တာပေါ့. အဲ့ Dimension ကိုပဲ Infinity Stone တွေရဲ့အစွမ်းကြောင့်သတိထားမိခဲ့တဲ့ Ultron က access ပြုလုပ်နိုင်ခဲ့တယ်. Ultron နဲ့ UATU တို့  Battle ဖြစ်ခဲ့ကြပြီး Multiverse ရဲ့အကာအရံတွေပါကျိုးပေါက်ခဲ့ပြီး reality ပေါင်းစုံဖြတ်သန်းတိုက်ခိုက်ကြတာကိုမြင်တွေ့ခဲ့ရပါတယ်.

ယနေ့ထွက်ရှိလာခဲ့တဲ့ Spider-Man Across The Spider-Verse first look teaser trailerမှ Mile Moralesနဲ့ Spider-Man 2099တို့ရဲ့ Dimensional fight sceneဟာလည်း What Ifက UATU နဲ့ Ultron တို့ရဲ့battle ကို ပြန်လည်အမှတ်ရစေပါတယ်.

Nexus Of All Realities နဲ့ချိတ်ဆက်မှုရှိမယ်လို့တော့မထင်မိဘူးဗျ. တူညီတဲ့ concept တစ်မျိုးမျိုးနဲ့မြင်တွေ့နိုင်မယ်လို့တော့ထင်မိပါတယ်.

Spider-Man Across The Spider-Verse first look teaser trailerမှာမြင်တွေ့ခဲ့ရတဲ့ Miles Moralesနဲ့ Spider-Man 2099တို့ရဲ့battleအတွင်းမြင်တွေ့ခဲ့ရတဲ့ 2 Dimensionalအကြောင်းကို comicနဲ့ဆက်စပ်ပြီး ရှင်ူပြပေးခဲ့တာဖြစ်ပါတယ်.အတုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးပါ.
#Zzerk #ZEUS

Categories
Marvel MCU News

Marvel ရုပ်ရှင်တွေမှာ စစ်တပ်ပါဝင်မှုနဲ့ ပတ်သက်ပြီး ရှင်းလင်းလိုက်တဲ့ James Gunn

Marvel Cinematic Universe တစ်နည်းအားဖြင့် MCU ကြီးဟာဆိုရင် 2008 ခုနှစ်ထွက် Iron Man ကစလို့ အခုလက်ရှိအထိ phase 4 ခုမြောက်ရှိခဲ့ပြီဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေ tv shows တွေလည်း အမြောက်အမြားထွက်ရှိခဲ့ပါတယ် ။ ဒီထွက်ခဲ့သမျှ ရုပ်ရှင်တော်တော်များများမှာ တူညီတဲ့ အချက်တစ်ချက်ကတော့ စစ်တပ်ရဲ့ လွှမ်းမိုးပါဝင်နေမှုပါပဲ ။

စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေ ပစ္စည်းတွေ ဝတ်စုံတွေကို MCU ထဲ မကြာခဏ မြင်တွေ့ရတဲ့အပေါ် detail က အစလိုက်ကြည့်ထားတဲ့ တစ်ချိူ့သော fan တွေကတော့ ဒီအရာတွေအတွက် တရားဝင်ခွင့်ပြုချက်ရထားသလားဆိုတဲ့ မေးခွန်းတွေထုတ်လာကြပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး GOTG director James Gunn ပြန်လည်ဖြေရှင်းထားတာကတော့

‘ Marvel ရုပ်ရှင်တိုင်းရဲ့ ဇာတ်ညွန်းတွေအတွက် စစ်တပ်ရဲ့ ခွင့်ပြုချက်ကို ငါတို့ မယူခဲ့ပါဘူး ။ လူတွေ ဘာကြောင့် ဒီလို ပေါက်တတ်ကရတွေကို ပြောနေကြလဲ ငါအံ့သြမိတယ် ။ ဒါပေမယ့် စစ်တပ်အခြေခံတဲ့ အထူးဇာတ်ညွန်းတွေမှာတော့ ခွင့်ပြုချက်ကို ယူရတာအမှန်ပါပဲ ။ ဒါကလည်း တော်တော်ကို ကြုံတောင့်ကြုံခဲပါ ။ ငါသိသလောက် စစ်တပ်ဖက်ကလည်း အနုပညာလောကနဲ့ ပတ်သက်ပြီး အရမ်းကြီး မတင်းကျပ်ထားပါဘူး ။ Marvel ရုပ်ရှင်တွေ အားလုံးဟာ စစ်တပ်ခွင့်ပြုချက်ကို အမြဲ မဖြစ်မနေယူရတယ်လို့ လူတွေပြောနေကြတာက တကယ့်ကို အဓိပ္ပါယ်မရှိတာပဲ။ ငါရိုက်ခဲ့သမျှ ရုပ်ရှင်တိုင်းမှာလည်း ဘယ်တော့မှ ခွင့်ပြုချက် ယူခဲ့တာမဟုတ်ဘူး ။ ‘ လို့ twitter မှာ ပြောကြားထားခဲ့ပါတယ် ။

#ZEUS #Weasel

Categories
Movie News

Army Of The Dead Sequel ရဲ့ Title Planet Of The Dead

Zack Snyder ရဲ့ Army Of The Dead ဟာ May လမှာထွက်ရှိခဲ့တာဖြစ်ပြီးအားပေးမှုတစ်ခဲနက်ရရှိခဲ့ကာ Snyderverse အသစ်တစ်ခုအဖြစ်လူတွေလက်ခံခဲ့ကြပါတယ်။

DC အတွက် Snyderverse ဟာမရေရာမသေချာပေမယ့် Army Of The Dead အတွက် Snyderverse ကတော့အရှိန်အဟုန်မြင့်လျက်ရှိပါတယ်။

Inverse နဲ့ Interview တစ်ခုမှာ Zack Snyder ဟာသူ့ရဲ့ Army Of The Dead Sequel အကြောင်းပြောပြခဲ့ပါတယ်။ Title ကတော့ Planet Of The Dead ပဲဖြစ်ပါတယ်။

Army Of The Dead ရဲ့ Prequel ဖြစ်တဲ့ Army Of Thieves ဟာဆိုရင်သန်ဖက်ခါ သောကြာနေ့မှာ Netflix မှာဖြန့်ချီတော့မှာပဲဖြစ်ပါတယ်။

Zack Snyder ဟာ Movie genre မျိုးစုံကိုသူ့ရဲ့ zombie-infected universe ကြီးထဲမှာချပြသွားမှာဖြစ်လို့ဘယ်လိုပုံစံတွေမြင်ရဦးမလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲ။

#Takezō #ZEUS

Categories
Review

Just Beyond (2021)

Halloween အတွက် Disney + ကနေပြီးတော့ Halloween အမှီဇာတ်လမ်းတွဲတစ်ခုထွက်လာပါတယ်။ Comedy/ Horror အမျိုးအစားဖြစ်ပြီးတော့ Creeped out တို့ Creep show တို့ကိုကြိုက်တဲ့ သူတွေအတွက် သဘောကျစေမယ့် ဇာတ်လမ်းလို့ပဲ ထင်ပါတယ်။

Creeped out လိုပဲ အပိုင်းတစ်ပိုင်းစီမှာ မတူညီတဲ့ ဇာတ်လမ်းလေးတွေနဲ့ ကလေးတွေရဲ့ Adventure တွေကို ပြထားပါတယ်။ အားလုံးပဲ Halloween မှာ စိတ်ဝင်စားဖွယ် ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုအဖြစ်မိတ်ဆက်ပေးပါတယ်။

ဇာတ်လမ်းမှာ အပိုင်း၈ ပိုင်းပါဝင်ပါတယ်။
1. Leave them kids alone
2. Parents are from Mars, kids are from Venus
3. Which witch ?
4. My Monster
5. Unfiltered
6. We’ve got spirits, yes we do
7. Standing up for yourself
8. The treehouse
Episode တစ်ခုချင်းစီရဲ့ ခေါင်းစဉ်တွေက Sci Fi, Thriller ကြိုက်တဲ့သူတွေအတွက်တောင် စိတ်ဝင်စားစရာကောင်းနေမှာပါ။ ကိုယ့်အနေနဲ့ကတော Leave them kids alone, My Monster နဲ့ Unfiltered တို့ကိုအကြိုက်ဆုံးပဲ။ ကလေးတွေရဲ့ Adventure တွေကိုပဲပြတာ မဟုတ်ပဲ တချို့ Episode တွေမှာ တကယ်ရင်ထဲထိအောင် ပြနိုင်တာမျိုးတွေလည်းပါပါတယ်။

၁ ပိုင်းကို မိနစ် 30 လောက်ပဲ ပါတာမို့ အချိန်လည်း သိပ်မကုန်ပါဘူး။ 90s show တွေကို အခုခေတ်မှာကြည့်ရသလို Vibe ရတယ်။ ယုတ္တိမရှိတာတွေကိုက ကြည့်လို့ကောင်းနေတာမျိုးဖြစ်နေတယ်။ 90s show တွေကလည်း အဲ့လိုအထာတွေချည့်ပါပဲ။

IMDb Rating က 5.9 သာရထားပေမယ့် Rotten Tomatoes ကတော့ 100% အထိရထားပါတယ်။ ကလေးတွေရော လူလတ်ပိုင်းအထိ ကြည့်လို့ကောင်းမယ့် Series မို့လို့ Review ပေးထားပါတယ်။ Halloween မှာ Just Beyond လေးကြည့်ပီး Creeped out ဖြစ်ကြပါစေ ။

#Zeus #Thor

Categories
Marvel MCU News

Tom Holland ပြောတဲ့ No Way Home ရဲ့အမိုက်ဆုံး scene တစ်ခု

Tom Holland ဟာ Empire Magazine နဲ့ interview တစ်ခုမှာသူ့အတွက်အရမ်း special ဖြစ်လွန်းတဲ့ဇာတ်ဝင်ခန်းတစ်ခုအကြောင်းပြောပြခဲ့ပါတယ်။

“ကျွန်‌တော် အဲ့တုန်းကကျွန်တော့်ညီနဲ့အတူအဲ့တာကိုကြည့်နေတာဗျ ကြည့်ရင်းနဲ့ညီအစ်ကိုနှစ်ယောက်လုံးပါးစပ်အဟောင်းသားဖြစ်ခဲ့ပါသေးတယ် ဇာတ်ဝင်ခန်းကတော့ ကျွန်တော်ရယ်၊Aunty May ရယ်၊ Happy ရယ် ပြီးတော့နောက်ထပ်စတုတ္ထမြောက်လူတစ်ယောက်ရယ် စားပွဲတစ်ခုမှာဝိုင်းထိုင်ပြီး superhero တစ်ယောက်ဖြစ်ရတဲ့အကြောင်းကိုဆွေးနွေးကြတာပါ တကယ်အဓိပ္ပာယ်ရှိပြီး တစ်ကယ်မိုက်ပါတယ် အဲ့စတုတ္ထလူအကြောင်းကိုတော့ကျနော်ပြောပြလို့မရဘူးလေ” လို့ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးကတော့”စတုတ္ထလူ”ပါပဲ Dr. Strange လား? ဒါမဲ့ Dr ဆိုရင်သူလျှို့ဝှက်နေစရာမလိုဘူးလေ။ ဒါဆို Dr. Octopus လား? ဒါလဲလူတွေသိပြီးသားပဲ။
ဒါဆိုလျှို့ဝှက်ထားစရာဘယ်သူရှိသေးလဲ…..?

Spoiler Man လေးကတော့ဇာတိပြနေပါပြီ။ ဘယ်သူလဲဆိုတာသာပြောလိုက်ရင်တော့ Kevin Feige ကြီး အိမ်တိုင်ရာရောက်ပါးလာရိုက်မှာစိုးလို့ထင်ပါတယ်။ စတုတ္ထလူကဘယ်သူဖြစ်မလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲ။

#Takezō #ZEUS

Categories
Game News

Super Smash Bros လိုမျိုးဂိမ်းတစ်ခုထုတ်မယ့် WB

WB ဟာ Netherrealm ဆိုတဲ့ဂိမ်းတစ်ခုထုတ်လုပ်ဖို့စီစဉ်နေပြီးထိုဂိမ်းဟာ Super Smash Bros လိုပုံစံလာမယ်လို့သိရပါတယ်။

ဒီ idea ဟာ Shaggy (from Scooby Doo) ကိုတခြား character တွေနဲ့ချခိုင်းတဲ့ meme တွေကနေအကောင်အထည်ပေါ်လာတာဖြစ်ပြီး ဒီဂိမ်းမှာဆိုရင် WB ရဲ့ character တွေအချင်းချင်း battle လုပ်နိုင်မှာပါ။

ကြားရတာကြောင်တောင်တောင်နိုင်ပေမယ့်သေချာစဉ်းစားကြည့်ရင်တကယ်ကိုမိုက်ပါတယ်။ Space Jam 2 မှာဆိုရင်လဲ WB ဟာသူတို့ရဲ့ Multiverse တွေကိုရှယ်ကြီး crossover လုပ်ပြသွားတာပါ။

ဂိမ်းထဲမှာပါဖို့ confirm ပြီးသား character တွေကတော့

-Shaggy (Scooby Doo)
-Gandalf (Lord Of The Rings)
-Tom and Jerry
-Batman
-Fred Flinstone
-Mad Max
-Harry Potter and Ron
-Johnny Bravo တို့ပဲဖြစ်ပါတယ်။

နောက်ကျရင်တခြား character တွေရာနဲ့ချီ ထောင်နဲ့ချီထပ်ထည့်လို့ရပါသေးတယ်။ တကယ်ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်လာမှာပါ။

Harry Potter ကိုဆရာဘတ်နဲ့ခေါင်းရိုက်ခွဲချင်လား? Shaggy ကို Gandalf နဲ့ချခိုင်းမလား? ဂိမ်းထွက်လာရင်လုပ်ချင်တာလုပ်လို့ရပါပြီ။ (Tom vs Jerry ဆိုရင်တော့အဲ့ပွဲပြီးမယ်မထင်)

#Takezō #ZEUS